Thursday, April 5, 2012

နေပြည်တော်-ရန်ကုန်လမ်းပိုင်းနှင့် ရန်ကုန်-မန္တလေးလမ်းပိုင်း၌ သင်္ကြန်အထူးရထားများ အစုန်/အဆန် ပြေးဆွဲမည့်အစီအစဉ် ကြိုတင်အသိပေး ကြေညာ




မြန်မာ့မီးရထားမှ သင်္ကြန်ကာလအတွင်း ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် နေပြည်တော်-ရန်ကုန် လမ်းပိုင်းနှင့် ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် သင်္ကြန်အထူးရထားများ ပြေးဆွဲပေးမည်ဖြစ်သည်။ ဧပြီလ ၅ ရက်တွင် သင်္ကြန်အစုန် အထူးရထားတစ်စင်းသည် မန္တလေးဘူတာမှ ရန်ကုန်ဘူတာသို့ ပြေးဆွဲမည်ဖြစ်ပြီး ၆ ရက်မှ ၈ ရက်အထိ သင်္ကြန်အထူးရထား နှစ်စင်းသည် ရန်ကုန်ဘူတာနှင့် မန္တလေးဘူတာတို့မှ တစ်နေ့လျှင် အစုန်တစ်စင်း၊ အဆန်တစ်စင်း ပြေးဆွဲသွားမည်ဖြစ်သည်။ ရန်ကုန်-မန္တလေး အဆန်ရထားသည် ရန်ကုန်ဘူတာမှ ညနေ ၄ နာရီတွင် စတင်ထွက်ခွာ၍ မန္တလေးဘူတာသို့ နောက်တစ်နေ့ နံနက် ၈ နာရီ မိနစ် ၄၀ တွင် ဆိုက်ရောက်မည်ဖြစ်ပြီး မန္တလေး-ရန်ကုန် အစုန်အထူးရထားသည် မန္တလေးဘူတာမှ ညနေ ၄ နာရီတွင် စတင်ထွက်ခွာ၍ ရန်ကုန်ဘူတာသို့ နောက်တစ်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်တွင် ဆိုက်ရောက်မည်ဖြစ်သည်။ ထို့ပြင် သင်္ကြန်ကာလအတွင်း နေပြည်တော်မှ ဝန်ထမ်းများနှင့် မိသားစုများ အပါအဝင် ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် လက်ရှိ နေပြည်တော်-ရန်ကုန် ပြေးဆွဲနေသော အမှတ် (၃၂) အစုန်၊ အမှတ် (၈) အစုန် အမြန်ရထား နှစ်စင်းအပြင် အဆိုပါ အထူးရထားနှစ်စင်းကို ဧပြီလ ၁၀ ရက်တွင် နေပြည်တော်-ရန်ကုန် ခရီးစဉ်အဖြစ် တိုးချဲ့ပြေးဆွဲပေးမည်ဖြစ်ရာ အစုန်အထူးရထား(၁)သည် နေပြည်တော်မှ ည ၇ နာရီခွဲတွင် ထွက်ခွာ၍ ရန်ကုန်သို့ နောက်တစ်နေ့ နံနက် ၅ နာရီတွင် ရောက်ရှိမည်ဖြစ်ပြီး အစုန်ရထား(၂) သည် နေပြည်တော်မှ ည ၈ နာရီခွဲတွင် ထွက်ခွာ၍ ရန်ကုန်သို့ နောက်တစ်နေ့ နံနက် ၆ နာရီတွင် ရောက်ရှိမည်ဖြစ်သည်။ သင်္ကြန်အလွန်ကာလအတွက် ဧပြီလ ၁၈ ရက်တွင် အထူးရထားတစ်စင်းသည် ရန်ကုန်ဘူတာမှ မန္တလေးဘူတာသို့လည်းကောင်း၊ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် အထူးရထားနှစ်စင်းသည် ရန်ကုန်ဘူတာနှင့် မန္တလေးဘူတာတို့မှလည်းကောင်း၊ ၂၁ ရက်တွင် အထူးရထားတစ်စင်းသည် မန္တလေးဘူတာမှ ရန်ကုန်ဘူတာသို့လည်းကောင်း အထက်ဖော်ပြပါ ရန်ကုန်နှင့် မန္တလေးမှ ထွက်ခွာမည့် အချိန်များအတိုင်း ပြေးဆွဲသွားမည်ဖြစ်သည်။ အလားတူ နေပြည်တော်မှ ဝန်ထမ်းများနှင့် မိသားစုများအပါအဝင် ခရီးသွားပြည်သူများအတွက် ရန်ကုန်မှ နေပြည်တော်ခရီးစဉ်အဖြစ် လက်ရှိအမှတ်(၃၁) အဆန်၊ အမှတ်(၇) အဆန် အမြန်ရထားနှစ်စင်းအပြင် နောက်ထပ် အထူးရထားနှစ်စင်းကို ၂၂ ရက်တွင် ပြေးဆွဲပေးမည်ဖြစ်ရာ အဆန်ရထား(၁)သည် ရန်ကုန်မှ ည ၇ နာရီတွင် ထွက်ခွာ၍ နေပြည်တော်သို့ နောက်တစ်နေ့ နံနက် ၄ နာရီခွဲတွင်လည်းကောင်း၊ အဆန်အထူးရထား(၂) ရန်ကုန်မှ ည ၈ နာရီတွင် ထွက်ခွာ၍ နေပြည်တော်သို့ နောက်တစ်နေ့ နံနက် ၅ နာရီခွဲတွင်လည်းကောင်း ရောက်ရှိမည်ဖြစ်သည်။ အထက်ပါ ရန်ကုန်-မန္တလေး သင်္ကြန်အထူး (အစုန်/အဆန်) ရထားများကို ပဲခူး၊ တောင်ငူ၊ နေပြည်တော်၊ သာစည်ဘူတာများတွင် ရပ်တန့်ပေးမည်ဖြစ်ပြီး နေပြည်တော်-ရန်ကုန် အထူး (အစုန်/အဆန်) ရထားများကို တောင်ငူ၊ ပဲခူး၊ တိုးကြောင်ကလေး ဘူတာများတွင်သာ ရပ်တန့်သွားမည်ဖြစ်သည်။ သင်္ကြန်ကာလအတွင်း ဧပြီလ ၁၁ ရက်မှ ၁၇ ရက်အထိ အဆိုပါ အထူးရထားများ ပြေးဆွဲခြင်းကို ရပ်နားထားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ ကြိုတင်အသိပေး ကြေညာထားကြောင်း သိရှိရသည်။
Unknown at 9:52 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.