Thursday, April 5, 2012

စာရေးဆရာ၊ သတင်းစာဆရာ အသင်းဖွဲ့ဖို့ မန်းစာနယ်ဇင်းသမားတွေ ညှိနှိုင်း


Photo

စာရေးဆရာ၊ သတင်းစာဆရာ အသင်းဖွဲ့ဖို့ မန်းစာနယ်ဇင်းသမားတွေ ညှိနှိုင်း

ပြင်ဦးလွင်၊ ဧပြီလ ၅ ရက်။    ။ ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်က ရန်ကုန်မြို့မှာ ကျင်းပတဲ့ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ အရေးပေါ် ညီလာခံကို တက်ရောက်ခဲ့တဲ့ မန္တလေး (၇) မြို့နယ် စာပေနှင့် စာနယ်ဇင်းအဖွဲ့ဝင်တွေက စာရေးဆရာ၊ သတင်းစာဆရာ အသင်း ပြန်လည် ဖွဲ့စည်းနိုင်ရေး အတွက် ညှိနှိုင်းပွဲတစ်ခုကို အခုလ ၂ ရက်နေ့က မြမန္တလာဟိုတယ် စာကြည့်တိုက်မှာ ကျင်းပခဲ့ပါတယ်။

သူတို့အနေနဲ့ နောက် (၃) လအကြာမှာ ဖွဲ့စည်းမယ့် မြန်မာနိုင်ငံ စာရေးဆရာအသင်း၊ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း၊ မြန်မာနိုင်ငံ ပုံနှိပ်ထုပ်ဝေသူ လုပ်ငန်းရှင်များအသင်းတွေ အတွက် မြို့နယ်အဆင့်၊ တိုင်းဒေသကြီးအဆင့် ပြန်လည် ဖွဲ့စည်းနိုင်ဖို့အတွက် အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ အမရပူရမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်က မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ဝင်တွေ ညှိနှိုင်းတိုင်ပင် ခဲ့ကြတာပါ။

အဲဒီလို ညှိနှိုင်းတိုင်ပင်ခဲ့ကြရာမှာ အရင် စာပေနှင့် စာနယ်ဇင်းအဖွဲ့လို အသင်းသားအဖြစ် လစဉ်ကြေး ပုံမှန်သွင်းပြီး မည်သည့်အကာအကွယ် အစောင့်အရှောက်မှ မရသည့် အသင်းအဖွဲ့ မဖြစ်စေရေး၊ လွတ်လပ်တဲ့ လူမှုရေး အဖွဲ့အစည်း အမှန်တကယ်ဖြစ်ရေး၊ စတုတ္ထမဏ္ဍိုင် ခိုင်မာအောင် ရပ်တည်နိုင်ရေးအတွက် မီဒီယာဥပဒေမှာ ထည့်သွင်းသင့်တဲ့ အချက်တွေကို ညှိနှိုင်းတိုင်းပင် ခဲ့ကြပါတယ်။ နောက် (၃) လအကြာ မြန်မာနိုင်ငံ စာရေးဆရာအသင်း၊ မြန်မာနိုင်ငံ သတင်းစာဆရာအသင်း၊ မြန်မာနိုင်ငံ ပုံနှိပ်ထုပ်ဝေသူ လုပ်ငန်းရှင်များ အသင်းတွေ ဖွဲ့စည်းပြီးတာနဲ့ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ကို ဖျက်သိမ်းသွားမယ်လို့ သိရပါတယ်။

ရတနာပုံသတင်း
Unknown at 7:19 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.