Thursday, March 22, 2012

Bounden Duty

 
We, students of Burma have fought n fought gallantly against military rule in Burma with untiring effort. Finally it bring, though not completely yet , about an end to that rule ,and, happiness to every nook and corner of the country.
But each and every of us are still responsible to watch more closely and much carefully every and each nefarious action of their own,especially for the upcoming election.
Nay, we should not allow ourselves to be pawn in their game of politics and to lose our sight of goal to genuine Democracy for which many people and students had been sacrificed.
This is, i believe, bounden duty given to us historically and inevitably.Only then,we can march to free , happy and united Burma with the head held up high.
Kyaw Swa Shwe 
(ဘကြီးသက်)
Unknown at 10:49 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ငါးထောင်တန်ဖုန်းသတင်း ဆင်ဆာထိ


ကျပ်ငါးထောင်တန် တယ်လီဖုန်းလိုင်းအကြောင်း ရေးထားတဲ့ သတင်းတပုဒ် အပိတ်ခံရပါတယ်။
အများပြည်သူဖတ်ရှုဖို့ မသင့်လျော်လို့ ဆင်ဆာဖြတ်လိုက်ပုံရပါတယ်။ မူရင်းက ဟောဒီလိုပါ -

ကျပ် ၅၀၀၀ ထက်မပိုသော တန်ဖိုးနည်းဖုန်း အမြန်ဖြစ်လာရန် မုံရွာ၌လှုပ်ရှားမှုတစ်ရပ်ပြုလုပ်
သက်စမ်းရေ၊ The Weekly Express Times ဂျာနယ်
မုံရွာ၊ မတ် ၁၄

မုံရွာမြို့ပေါ်ရှိ လူစည်ကားရာနေရာများတွင် ကျပ် ၅၀၀၀ ထက်မပိုသော တန်ဖိုးနည်းဖုန်းလိုင်း အမြန်ဖြစ်လာဖို့ရန် နှိုးဆော်သည့်စတစ်ကာ စက္ကူများကိုလက်ကမ်းဖြန့်ဝေပေးသည့် လှုပ်ရှားမှုတစ်ရပ်အား ယခုလ ၁၄ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း မုံရွာတက္ကသိုလ် ကျောင်းသားတစ်ဦးက ပြောကြားသည်။

“လူစည်ကားတဲ့နေရာတွေမှာ စတစ်ကာစက္ကူတွေဖြန့်ဝေပေးသွားတာပါ။ လက်ကမ်းစနစ်နဲ့ပေးတာလို့ ပြောတယ်။ လက်ဖက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေ၊ ဈေးတွေနဲ့ ကားဂိတ်တွေမှာဖြစ်တယ်လို့ ကြားရတယ်။ မနေ့ကတော့ ကွေ့ ကြီးစက်သုံးဆီဆိုင်မှာ ဆီတိုးနေတဲ့ လူတွေကိုပေးသွားတာ” ဟု ကျောက္ကာလမ်းရှိ လက်ဖက်ရည်ဆိုင်ကြီးမှ စားပွဲထိုးဝန်ထမ်းတစ်ဦးက ဆိုသည်။

“အခုပေးတဲ့စတစ်ကာတွေက အရင်တုန်းက ပေးတဲ့ စတစ်ကာတွေ နဲ့ အရွယ်အစားတူတယ်။ စာသားတွေကမတူဘူး။ လူတိုင်းက တန်ဖိုးနည်းဖုန်းလိုင်းတွေကို ငှားရမ်းအသုံးပြုလိုတယ်။ လူတန်းစားအသီးသီး အသုံးပြုနိုင်ခြင်းဟာ တိုင်းပြည်ရဲ့ ဂုဏ်သိက်္ခာတိုးမြင့်လာခြင်းဖြစ်တာ ကြောင့် အမြန်ဆုံးလုပ်ပေးသင့်တာပေါ့” ဟု ဆယ်တန်းစာမေးပွဲဖြေဆို ရာတွင် ကျောင်းပြင်ပလုံခြုံရေး တာဝန် ထမ်းဆောင်နေသူတစ်ဦးက Weekly Express Times သို့ ပြောကြားသည်။

အဆိုပါကျပ် ၅၀၀၀ တန်ဖုန်းလိုင်း အများသုံးစွဲလာနိုင်ရေးအတွက် စတစ်ကာစက္ကူ လက်ကမ်း ဖြန့်ဝေခဲ့ခြင်း လှုပ်ရှားမှုတစ်ရပ်ကို ပြီးခဲ့သည့်လက တစ်ကြိမ် ယခုလတွင် တစ်ကြိမ် လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ဧရာဝတီ..
Unknown at 10:08 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

NLD အတွက် မကွေးတိုင်းမှာ မဲဆွယ်ဟောပြောနေတဲ့ သရုပ်ဆောင် ရဲထိုက်


NLD အတွက် မကွေးတိုင်းမှာ မဲဆွယ်ဟောပြောနေတဲ့ သရုပ်ဆောင် ရဲထိုက် (ဓါတ်ပုံ-
အဂ္ဂမဟာ ဒီမိုဖက်တီး Facebook )
မကွေးတိုင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ အောင်နိုင်ရေးစည်းရုံးရေးခရီးစဉ်အဖြစ် NLDမှ ဦးမောင်မောင်ဦး ခေါင်းဆောင်ပြီး NLDပါတီဝင်ရုပ်ရှင်သရုပ်ဆောင်မင်းသားရဲတိုက် နဲ့ အဖွဲ့ ဝင်
၁၁ ဦး ပခုက္ကူခရိုင်မှာ မတ်လ ၂၀ ရက်နေ့ ကစတင်ကာ စည်းရုံးရေးဆင်းနေကြောင်းသိရပါတယ်။
အဆိုပါခရီးစဉ်မှာ ပခုက္ကူ ၊ မြစ်ခြေ၊ မြိုင် နှင့် ရေစကြိုမြို့ နယ်တွေကို သွားရောက်ခဲ့ပြီး ဒေသခံပြည်သူများ ကလှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ပါတယ်။
မြိုင်မြို့ နယ်ခရီးစဉ်မှာ ဗဟင်းကျေးရွာက ရွာလုံးကျွတ်ထွက်ကြိုတာတွေ့ ရကြောင်း ဒေသခံများက
Myamar News Now ကိုပြောပါတယ်။

ရေစကြိုသို့ ရုပ်ရှင်မင်းသား ရဲတိုက် လာပြီး စည်းရုံးရေးဆင်းပြီ

၂၂.၃.၁၂ နေ့နံနက် ၉နာရီတွင် ပခုက္ကူမှထွက်လာခဲ့သော ရုပ်ရှင်မင်းသာ ရဲတိုက်သည်  ရေစကြိုသို့ ၁၀နာရီခွဲခန့်တွင်ရောက်ရှိခဲ့ပြီး အဖွဲ့ချုပ်ရုံးရှေ့တွင် စည်းရုံးရေးတရားများကိုဟောပြောပေးခဲ့ပါသည်။
မင်းသားရဲတိုက်သည် စူပါကပ်စတန်ကားပေါ်မှ မတ်တပ်ရပ်လျှက်လိုက်ပါခဲ့ပြီး အဖွဲ့ချုပ်အလံကို ကိုင်ဆောင်ကာ လမ်းတလျှောက်တွင် စောင့်ကြိုနေကြသော လူထုပရိတ်သပ်ကြီးအား လက်ဝှေ့ရမ်းပြကာ နှုတ်ဆက်လာခဲ့သည်။ပခန်းကြိး၊ တမာတန်း၊ ရေစကြိုဈေး၊ အမှတ်တစ်ထင်းတန်းရပ်ကွက် စသည်ဖြင့် လှည့်လည်ကာ အဖွဲ့ချုပ်ရုံးသို့ ၀င်ရောက်ခဲ့ခြင်းဖြစ်သည်။
နေ့လည်စာ စားပြီးသော် မင်းသားရဲတိုက်သည် မြို့နယ်အနောက်ပိုင်းရှိ ကုက္ကိုစု၊ ရွာထောင်၊ ကျက်ဆူကျင်း၊ မြေဖြူကျင်း၊ဖူလုံ၊ စသည့်ကျေးရွာများသို့ဆက်လက်ထွက်ခွာကာ ကားပေါ်မှပင် အောင်နိုင်ရေးတရားများကို ဟောပြောပေးခဲ့သည်ဟုသိရသည်။
 ACj(NYS)
Unknown at 9:54 PM 2 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒါလားဟဲ့ စတုတ္ထမဏ္ဍိုင် ( ၂ )

ထိုင်းနိုင်ငံအခြေစိုက် Asia Network for Free Elections (ANFREL) ရဲ့အမှုဆောင်ဒါရိုက်တာ Ms.Somsri Hananuntasuk ကို ဒီလ ၂၀ ရက်နေ့ ညနေ ငါးနာရီမှာ မြန်မာအာဏာပိုင်တွေက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ထိုင်းနိုင်ငံကို ပြန်ပို့လိုက်တဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပါတယ် ။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ပြည်ပမီဒီယာတစ်ခုဖြစ်တဲ့ RFA က ဒီလိုဖေါ်ပြပါတယ် ။



ပြည်တွင်းက ထမီနားခိုစားနေတဲ့ YPI လို့သူတို့ကိုယ်သူတို့နာမည်ပေးထားတဲ့ သတင်းဌာနက ဒီလိုရေးပါတယ် .............။



အမှတ်တမဲ့ ဖတ်ကြည့်လိုက်ရင်တော့ မြန်မာနိုင်ငံရွေးကောက်ပွဲတရားမျှတဘို့လာပြီးသင်တန်းပေးနေတဲ့ Asia Network for Free Elections (ANFREL) လိုအဖွဲ့အစည်းက အမှုဆောင်ဒါရိုက်တာအဆင့်ရှိတဲ့သူကို မြန်မာအစိုးရကပဲ ရွေးကောက်ပွဲတရားမျှတသွားမှာစိုးလို့ တမင်ဖမ်းပြီးပြန်လွှတ်လိုက်သလိုလို ဖြစ်နေပါတယ် ။

အမှန်ကတော့ အဲဒီ Ms.Somsri Hananuntasuk ဆိုတဲ့ အမျိုးသမီးနဲ့ အပေါင်းပါ ထိုင်း ၄ယောက်ဟာ မြန်မာနိုင်ငံကို အလည်အပတ် ဗီဇာနဲ့လာတာပါ ။ ဟိုတစ်ခါ ဂျပန်ကပါးရိုက်သွားတဲ့ ဟိုတယ်မှာတည်းတယ် ၊ အလည်အပတ်ဗီဇာရဲ့ သဘောကိုက လည်ဘို့ပဲရပါတယ် ၊ ဗီဇာစည်းကမ်းမှာဒီအတိုင်းပဲပါပါတယ် ။ ဘာသင်တန်းမှပေးခွင့်မရှိသလို ၊ ဒီရောက်ပြီးမှလည်း ဘာမှတောင်းဆိုစရာအခွင့်အရေးမရှိပါဘူး ။ သူတို့ထိုင်းနိုင်ငံမှာလည်း မြန်မာတွေ အလည်အပတ်ဗီဇာနဲ့သွားပြီး သင်တန်းဖွင့်လို့မရပါဘူး ခုလိုနိုင်ငံရေးနဲ့ ဆိုင်တဲ့ သင်တန်းမျိုးပိုဆိုးပါတယ် ။ ဘာမှလုပ်လို့မရပါဘူး ။

ခုတော့သူတို့က အလည်အပတ်ဗီဇာနဲ့လာတယ် ၊ ဒီရောက်တော့လုပ်ချင်ရာလုပ်တယ် ။ ပေးချင်တဲ့သင်တန်းပေးတယ် ဆိုတာ မြန်မာပြည်ကိုလာပြီး ဒီယိုးဒယားတွေလာ လူပါးဝတဲ့ကိစ္စသာဖြစ်ပါတယ် ။ဒီတော့ အစိုးရက လူဝန်မှုကြီးကြပ်ရေးဥပဒေအရ ဗီဇာစည်းကမ်းဖေါက်ဖျက်မှုနဲ့ ပြည်နှင်ဒဏ်ပေးတယ် ...။ဘာဖြစ်လဲ ဒီထိုင်းတွေဘက်က ဘာနာစရာအကြောင်းရှိလည်း နာချင်းနာ ကိုယ့်တိုင်းပြည်ဘက်က နာရမှာမဟုတ်ဘူးလား ဒီ မိန်းမတွေက ခုတစ်ခါလည်းမဟုတ်ဘူး ၂၀၁၀ ရွေးကောက်ပွဲတုန်းကလည်း ဒီလိုအချိုးလာချိုးလို့ ပြန်လွှတ်လိုက်ရပြီးပြီ ။

ဒီလိုဖြစ်တဲ့ကိစ္စ  ယိုးဒယားတွေ မြန်မာပြည် လူပါးလာဝတဲ့ကိစ္စကို ဘယ်မီဒီယာမှလည်းအမှန်မရေးရဲဘူး ဘယ်ရေးရဲမလည်း ထိုင်းအစိုးရအထောက်အပံ့နဲ့ မီဒီယာ Trip တွေဘာတွေသွားဘို့ကစီစဉ်ပြီးနေပြီလေ လာမယ့် ၂၆ ရက်နေ့ဆိုသွားကြဦးမှာ အဲဒီမှာဒေသတွင်းက နာမည်ကြီးမီဒီယာတွေနဲ့ တွေ့ရ ဆုံရမှာ မြန်မာပြည်က အစိုးရမီဒီယာတွေအပါအ၀င် ပေါ်ပြူလာဖြစ်တဲ့ ဂျာနယ်တွေကို တစ်ယောက်စီဖိတ်ထားတယ် ... ဒီတော့ ဒီထိုင်းမတွေအကြောင်းမကောင်းမရေးရဲဘူး ....မရေးရဲတဲ့အပြင် အဲဒီမီဒီယာ တွေ့ဆုံပွဲကပြန်လာရင် ဒီယိုးဒယားမှာ မီဒီယာက ဘယ်လိုကောင်းနေတာ မြန်မာပြည်မှာက ဘယ်လို လိုနေတာ ဆိုပြီးရေးပေးရဦးမှာ ။ဒေသတွင်းမီဒီယာတွေနဲ့မိတ်ပျက်ရင် သူတို့ စားပေါက်ပိတ်မှာကြောက်လို့ ယိုးဒယားတွေစော်ကားတာကိုခံနေတယ် ၊ စိတ်ကုန်တယ် စိတ်ပျက်တယ် ဗျာ.....


ဒေါက်တာဆိတ်ဖွား
Unknown at 9:54 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကျန်ရစ်သူတို့ လွတ်မြောက်စေရန် ဆုတောင်းပွဲ



မေးသမျှ နေပူထဲမှာ ဖြေပေးနေသော ဆရာတော်...။
 
ကျန်ရစ်သူများပြန်လည်လွတ်မြောက်လာစေရန် ဆုတောင်းပွဲကျင်းပ။ 22.3.12 နေ့၊ နေ့လည် ၁း၁၅ နာရီတွင် မန္တလေး မဟမြတ်မုနိဘုရား အတွင်း တောင်ဘက်ခြမ်းတွင် ဆရာတော် အရှင်ဝီရသူ ဦးဆောင်သော သံဃာတော်များ၊ အကျဉ်းကျဆဲသူတို့၏ မိသားစုများနှင့် ဗကသများအဖွဲ့ချုပ်မှကျောင်းသားများက အကျဉ်းထောင်အတွင်းလွတ်မြောက်ရန် ကျန်ရှိနေသူတို့အား လွတ်မြောက်စေရန် ဆုတောင်းပွဲကို ကျင်းပခဲ့ပါသည်။ ဆုတောင်းပွဲ အပြီးတွင် မဟာမုနိ ကိုယ်တော်မြတ်ကြီးအားလက်ယာရစ် ပတ်၍ အရှေ့မုဒ်လမ်းမှ တဆင့် ဘုရားကြီးလိပ်ကန် သို့ သွားရောက်လျက် ငှက်များလွတ်ပေးခဲ့သည်။ ထိုအချိန်တွင် ကျန်ရစ်သူ အကျဉ်းသားစာရင်းများ၊ ကျန်ရစ်သူတို့ ပုံများ၊ ဆန္ဒများရေးသားထားသော စာများ စသည့် ဗီနိုင်းများ အသီးသီးကိုင်ဆောင်ထားကြသည်။ ထို့နောက် သိလိုသည်များကို ဆရာတော်က ဖြေကြားပြီးနောက် ၂း၃၅ နာရီတွင် အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။ သတင်းနှင့် ဓါတ်ပုံ- ကိုဝိုင်ဝိုင်ကေ ဗကသများ အဖွဲ့ချုပ် (အထက်ဗမာပြည်) 22.3.12 ============================================= ရဟန်းတပါး၏ နိုင်/ကျဉ်းလွတ်မြောက်ရေး ဆုတောင်ပွဲ အခြေအနေ။ 22.3.2012-ရက်နေ့ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီး ရှေ့တော်မှောက်တွင် ကျင်းပမည့် ၀တ်ပြု ဆုတောင်းပွဲနှင့် ပတ်သက်၍ 21.3.2012-ရက်နေ့ မွန်းလွဲ(၂)နာရီတွင် မြို့နယ်သံဃနာယကအဖွဲ့မှ ညွှန်ကြားလာပါသည်။ နိုင်ငံတော်သံဃမဟာနာယက ဥက္ကဋ္ဌဆရာတော်ကြီး (သို့)သာသနာရေးဌာနပြည်ထောင်စုဝန်ကြီးထံ တင်ပြပြီးမှ ပြုလုပ် ရန်နှင့် မဟာမြတ်မုနိဘုရားကြီး သြဝါဒါစရိယဆရာတော်ကြီးများ၏ ခွင့်ပြုချက်ရပြီးမှ ပြုလုပ်ရန် စာဖြင့်ညွှန်ကြားခြင်းဖြစ်ပါသည်။ ညွှန်ကြားစာ ရသည်နှင့် တစ်ပြိုင်နက် ဘုရားကြီးသြဝါဒါစရိယ ဆရာတော်ကြီးများထံ ခွင့်တောင်းဖို့သွားရာ ဘုရားကြီးတိုက် လယ်ပေါ်ကျောင်းဆရာတော်ကြီး ဘဒ္ဒန္တကာရုညက“လုပ်လို့လည်းမတိုက်တွန်းဘူး မလုပ်နဲ့လို့လည်း မတားမြစ် ဘူး”ဟု မိန့်တော်မူပါသည်။ မြတောင်ကျောင်းတိုက် ရွှေဝါဝင်းဆရာတော်ကြီး ဘုဒ္ဒန္တသာသနာဘိဝံသက “ဆန္ဒမစောဖို့နှင့် အချိန်သင့်က ခွင့်ပြုမည်” ဖြစ်ကြောင်း မိန့်တော်မူပါသည်။ ဘုရားကြီးသြဝါဒါစရိယ အများစုမှာ သက်တော်ရှည်ဆရာတော်ကြီးများ ဖြစ်သည့်အားလျှော်စွာ ကျန်းမာရေးမကောင်း ကြတော့ပါ။ အိပ်ရာထက်မှာ ပက်လပ်လဲနေတော်မူရှာသော ဆရာတော်ကြီး များကိုလည်း တွေ့မြင်ခဲ့ရပါသည်။ သို့ဖြစ်၍ ဆရာတော်ကြီးများအား ဒုက္ခပေးသလို ဖြစ်နေမည် စိုးသောကြောင့် “ကိုယ့်ဒုက္ခကိုယ်ခံမည်” ဆရာတော်ကြီးများ စိတ်အနှောက်ရှက်အဖြစ်မခံနိုင်ဟု နှစ်လုံးသွင်းကာ ဝတ်ပြုဆုတောင်းပွဲကို မပျက်မကွက် ဆက်လက် ကျင်းပတော့မည်ဟု ဆုံးဖြတ်ချက်ချလိုက်ပါသည်။ နိုင်ငံတော်သံဃမဟာနာယက ဥက္ကဋ္ဌဆရာတော်ကြီးနှင့် သာသနာရေးဌာန ပြည်ထောင်စုဝန်ကြီးထံသို့ တင်ပြဖို့ဆိုလျှင် ဘုရားကြီးသြဝါဒါစရိယ ဆရာတော်ကြီးများ၏ ခွင့်ပြုချက်ရမှသာ တင်ပြသင့် သည် ဖြစ်သောကြောင့်၊ ထိုသို့ လျှောက်ထားတင် ပြခြင်း ကိစ္စလည်း မဖြစ်နိုင်တော့ပါ။ 22.3.2012-ရက်နေ့ မနက်(7:00)ခန့်တွင် တိုင်းဒေသကြီး သာသနာရေးမှူးကိုယ်တိုင် ရောက်ရှိလာပါသည်။ စာနှစ်စောင်ပါလာပါသည်။ တစ်စောင်မှာ- တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးမှူး ဦးအုန်းလွင်မှ- အရှင်ဝီရသူ ထံ ပြန်ကြားစာဖြစ်၍၊ ကျန်တစ်စောင်မှာ ၎င်းဦးအုန်းလွင်က- တိုင်းဒေသကြီး သာသနာရေးမှူး ထံ ပေးပို့သောစာဖြစ်ပါသည်။ နှစ်စောင်စလုံးမှာ- ဝတ်ပြုဆုတောင်းပွဲ ခွင့်မပြုရေးကိစ္စပင် ဖြစ်ပါသည်။ ဝတ်ပြုဆုတောင်းပွဲ ဆက်လက်ကျင်းပပါမည်။ ရွှေညဝါဆရာတော်လို အရေးယူခံရမည်မှာ သေချာပါသည်။ ဒီမိုကရေစီအရေး သက်သက်ဆိုလျှင် ယခုလို အတိုက်အခံလုပ်မည် မဟုတ်ပါ။ ဒေါ်အောင်ဆန်းစုကြည် လို ဘောင်အတွင်းမှသာ ဆောင်ရွက်မည်ဖြစ်ပါသည်။ ယခုမှာမူ အကျဉ်းသားအရေးဖြစ်သောကြောင့်လည်းကောင်း၊ အကျဉ်းသားလွတ်မြောက်ရေးကို အင်တိုက် အားတိုက်ဆောင်ရွက်သူ နည်းပါးလှသောကြောင့်လည်းကောင်း၊ လက်ကျန်ယုံကြည်ချက်အကျဉ်းသားတို့၏ အနာဂတ်မရေမရာ ဖြစ်နေသောကြောင့်လည်းကောင်း၊ ကန့်ကွက်မှုများကြားမှ အတိုက်အခံ လုပ်၍ဆောင် ရွက်ရခြင်းဖြစ်ပါသည်။ မြို့နယ်သံဃနာယက၊ တိုင်းသံဃနာယကတို့က တားမြစ်ပိတ်ပင်ခြင်းမဟုတ်ပါ။ တိုင်းဒေသကြီး အစိုးရက သာ တားမြစ်ပိတ်ပင်ခြင်းဖြစ်ပါသည်။ ဘုရားသားတော်များ၊ ဘုရားသာဝကများ လွတ်မြောက်ရေးအတွက် ဘုရားရှေ့မှာ ဝတ်ပြုဆုတောင်းသောကြောင့် တစ်စုံတစ်ရာ အရေးယူမည်ဆိုလျှင် ကျေကျေနပ်နပ်ကြီး ခံယူမည်သာဖြစ်ပါသည်။ သံဃာတော်များအနေဖြင့် ဘုရားသားတော်များပီပီ ဘုရားလမ်းစဉ်ဖြစ်သည့် အကြမ်းမဖက်မူ၍ ငြိမ်းချမ်း သည့် နည်းလမ်းများဖြင့် သံဃာ့အခွင့်အရေးကို အရ ယူစေလိုပါသည်။ ယုံကြည်ချက်အကျဉ်းသားများ လွတ်မြောက်ရေးအတွက် အစဉ်တစ်စိုက် ကြိုးစားဆောင်ရွက်နေသူ ဝီရသူ(မစိုးရိမ်) ဓမ္မသဟာယကျောင်း၊မစိုးရိမ်တိုက်သစ် မဟာအောင်မြေမြို့နယ် မန္တလေးတိုင်းဒေသကြီး။ 22.3.2012
By: ကိုဝိုင် ဝိုင်ကေ
Unknown at 9:48 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာပြည်သွားလိုသူများ အွန်လိုင်းမှ ဗီဇာ လျှောက်နိုင်တော့မယ်



20120319 E Visa - Burma

http://www.myanmarevisa.gov.mm/ မြန်မာပြည်ကို ခရီးသွားဗီဇာနဲ့ အလည်အပတ် သွားရောက်မယ့်သူများအတွက် လာမယ့် ဧပြီလမှ စတင်ကာ အွန်လိုင်းမှတဆင့် ဗီဇာ လျှောက်ထားနိုင်တော့မှာ ဖြစ်ကြောင်း သိရှိရပါတယ်။ အွန်လိုင်းက ဗီဇာ လျှောက်ထားလိုသူများအနေနဲ့ လာမယ့် ဧပြီ ၁ ရက်နေ့မှ စတင်ကာ လျှောက်ထားနိုင်ကြောင်း အလဲဗဲန်းမီဒီယာ (http://www.weeklyeleven.com/index.php?option=com_content&view=article&id=12849:---e-visa-----&catid=42:2009-11-10-07-36-59&Itemid=112) တွင် မတ်လ ၁၈ ရက်နေ့ နေ့စွဲနဲ့ ဖော်ပြထားပြီး အွန်လိုင်းဗီဇာအကြောင်း ဖော်ပြထားတဲ့ ဖေ့စ်ဘွတ် စာမျက်နှာ (http://www.facebook.com/pages/Myanmareasenet/270445326354301) မှာတော့ ဧပြီ ဒုတိယပတ်မှ စတင်ကာ လျှောက်ထားနိုင်မယ်လို့ ရေးထားပါတယ်။ ထို သတင်းနဲ့ ပတ်သက်ပြီး ဗီဇာလျှောက်နိုင်တဲ့ အင်တာနက်စာမျက်နှာ (http://www.myanmarevisa.gov.mm/) တွင် ဖော်ပြထားတဲ့ တယ်လီဖုန်းအမှတ်များကို ၂၀၁၂ မတ်လ ၁၉ ရက်နေ့တွင် ဆက်သွယ်ကြည့်ရာမှာတော့ ဆက်သွယ်လို့ မရခဲ့ပါဘူး။မြန်မာပြည်ကို သွားရောက်မယ့် ခရီးသွားများအနေနဲ့ အွန်လိုင်းမှ ဗီဇာ လျှောက်ထားနိုင်တဲ့အကြောင်း ဖော်ပြထားတဲ့ အလဲဗဲန်းမီဒီယာသတင်းတွင် ဗီဇာ လျှောက်ထားခြင်းကို ၂၀၁၂ ဧပြီ ၁ ရက်နေ့မှ ၃၀ ရက်နေ့အထိ စမ်းသပ်ကာလအနေနဲ့ စတင်သွားမှာ ဖြစ်ကြောင်း ရေးသားထားပါတယ်။ မြန်မာပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားလိုသူများအနေနဲ့ http://www.myanmarevisa.gov.mm/ က သက်ဆိုင်ရာ ပုံစံတွင် ကိုယ်ရေးအချက်အလက်များကို ဖြည့်စွက်ပြီး ဓါတ်ပုံကိုပါ တပါတည်း တင်သွင်းကာ ဗီဇာ လျှောက်ထားနိုင်ကြောင်း၊ လျှောက်နိုင်တဲ့ ဗီဇာ အမျိုးအစားကတော့ ခရီးသွားဗီဇာ (Tourist Visa) တမျိုးထည်း ဖြစ်ကြောင်း၊ ဗီဇာကြေးကို ခရက်ဒစ်ကဒ် (သို့) Paypal နဲ့ ပေးချေနိုင်ကြောင်း၊ ဗီဇာ ရ၊ မရကို သက်ဆိုင်ရာ အင်တာနက်စာမျက်နှာတွင် ဖော်ပြမှာ ဖြစ်သလို အီးမေးလ်နဲ့လည်း အကြောင်းကြားမှာ ဖြစ်ကြောင်း http://www.myanmarevisa.gov.mm/faqs.html တွင် ရေးသားထားပါတယ်။ ဗီဇာခ ပေးသွင်းငွေကိုတော့ ဗီဇာ ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ပြန်အမ်းမှာ မဟုတ်ကြောင်း၊ ဗီဇာ ရရှိသူများအနေနဲ့ အီးမေးလ်က တဆင့် ရရှိတဲ့ ဗီဇာ ရရှိကြောင်း အကြောင်းကြားစာကို ပုံနှိပ်ကာ ရန်ကုန်လေဆိပ်အ၀င်တွင် သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးဌာနကို ပြသပါက ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေးမှာ ဖြစ်ကြောင်း၊ လျှောက်ထားသူထံက အချက်အလက်တွေ ရယူနိုင်ဖို့အတွက် နှစ်ပတ်ခန့်အထိ ကြာနိုင်ကြောင်း http://www.myanmarevisa.gov.mm/faqs.html တွင် ဖော်ပြထားပါတယ်။ ဗီဇာ လျှောက်ထားမှုအဆင့်အဆင့်နဲ့ ပတ်သက်ပြီး ဖော်ပြထားတဲ့ http://www.myanmarevisa.gov.mm/howtoapply.html မှာ လျှောက်ထားပြီးနောက် ဗီဇာလျှောက်လွှာ ချောချောမောမော လက်ခံရရှိကြောင်း အကြောင်းကြားတဲ့ အီးမေးလ်နဲ့တကွ လျှောက်လွှာတင်တဲ့ နံပါတ်တခု ရမှာ ဖြစ်ကြောင်း၊ လျှောက်လွှာအတွက် အလုပ်လုပ်တဲ့ ရက် ၂ - ၃ ရက် ကြာတဲ့အခါ အတည်ပြုကြောင်း အကြောင်းကြားစာ ရရှိမှာဖြစ်ကြောင်း ရေးသားထားပါတယ်။ ဒါ့ကြောင့် ဗီဇာ လျှောက်ထားပြီး ၂ ရက်မှ ၂ ပတ်အတွင်း ဗီဇာ ရ၊ မရ သိနိုင်တယ်လို့ ယူဆရပါတယ်။ အခု သတင်းရေးသားချိန်အထိ ဗီဇာကြေး မည်ရွေ့မည်မျှ ပေးရမှာ ဖြစ်ကြောင်းကိုတော့ ဖော်ပြထားတာ မတွေ့ရသေးပါဘူး။အမေရိကန်နိုင်ငံ
သားအဖြစ် ခံယူထားကြတဲ့ မြန်မာပြည်ဖွားများအနေနဲ့ မြန်မာပြည်ကို အလည်အပတ် ပြန်လေ့ရှိကြရာ အခုလို အွန်လိုင်းကနေ ဗီဇာ လျှောက်နိုင်မယ်ဆိုရင် အရင်ကလို မြန်မာသံရုံးကို သွားရောက်ဖို့ မလိုအပ်တဲ့အတွက် ပိုမို လွယ်ကူ အဆင်ပြေနိုင်ကြောင်း လွန်ခဲ့တဲ့ ရက်အတွင်းက တွေ့ခဲ့တဲ့ နယူးယောက်နေ မြန်မာတဦးက အလွတ်သဘော စကားပြောဆိုစဉ် ပြောကြားသွားခဲ့ပါတယ်။ http://www.myanmarevisa.gov.mm/ ဟာ မြန်မာအစိုးရရဲ့ တခုထည်းသော အွန်လိုင်း ဗီဇာ လျှောက်ထားနိုင်တဲ့ အင်တာနက်စာမျက်နှာ ဖြစ်ပြီး အွန်လိုင်းဗီဇာ လျှောက်ထားတဲ့ ကိစ္စများနဲ့ ပတ်သက်ပြီး MYANMAR EASE NET CO.,LTD. ကို ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။
Unknown at 9:46 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာ့လွှတ်တော် နိုင်ငံတကာ လွှတ်တော်သမဂ္ဂ ၀င်ရန် ဆုံးဖြတ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံတကာလွှတ်တော်များနှင့် တွင်ကျယ်စွာ ဆက်ဆံနိုင်၊ အမြင်ချင်း၊ အတွေ့အကြုံ ချင်း ဖလှယ်နိုင်ခွင့် ပိုမိုရရှိလာစေရန် နိုင်ငံတကာပါလီမန်ဆိုင်ရာ သမဂ္ဂ (Int'l Parliamentary Union:- IPU) သို့ ၀င် မည်ဟု ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး ၂၁ ရက် မြောက်နေ့ (၁၆-၃-၂၀၁၂) တွင် ဆုံးဖြတ် အတည်ပြုခဲ့သည်။
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ (ဓါတ်ပုံ-Google Images)
"နိုင်ငံတကာပါလီမန်အဖွဲ့အစည်း ဖြစ်တဲ့ အိုင်ပီယူ (IPU) သို့ မြန်မာနိုင်ငံ က အဖွဲ့ဝင်အဖြစ် ၀င်ရောက်ပါက နိုင်ငံ တကာပါလီမန် များနဲ့ ထိတွေ့ဆက်ဆံမှု တွင် ကျယ်နိုင်ပြီး အတွေ့အကြုံ၊ အမြင် ချင်းဖလှယ်ခွင့် ပိုမိုရရှိနိုင်မှာ ဖြစ်ပါတယ်။ ယင်းသို့ ထိတွေ့ ဆက်ဆံခြင်းဖြင့် လွှတ် တော်ကိုယ်စားလှယ်များရဲ့ လုပ်ငန်း ဆောင်ရွက်မှုအတွက် များစွာအထောက် အကူပြုနိုင်ပြီး မြန်မာနိုင်ငံရဲ့ ဖြစ်ပေါ် တိုးတက်မှုများကိုလည်း နိုင်ငံတကာ လွှတ်တော်များမှတစ်ဆင့် ကမ္ဘာသို့အသိ ပေးနိုင်မှာဖြစ်သလို နိုင်ငံတကာဆက်ဆံ ရေးနယ်ပယ်ကိုလည်း တိုးချဲ့ဆောင်ရွက် နိုင်မှာဖြစ်ကြောင်း သုံးသပ်တင်ပြလိုပါ တယ်"ဟု ၎င်းနေ့အစည်းအဝေး၌ ပြည် ထောင်စု လွှတ်တော်နာယက ဦးခင် အောင်မြင့်က ပြောကြားအပြီး လွှတ် တော်၏ ဆန္ဒသဘောထားကို မေးမြန်း ကာ ကန့်ကွက်သူမရှိ သဘောတူ ဆုံးဖြတ် အတည်ပြုခဲ့ကြောင်း တွေ့ရသည်။
ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် အခြေ စိုက်သော နိုင်ငံတကာပါလီမန်ဆိုင်ရာ သမဂ္ဂ (IPU) ၏ အတွင်းရေးမှူးချုပ်ဦး ဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ပြီးခဲ့သည့် မတ်လ ၆ ရက်တွင် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းထံသို့ သွားရောက်တွေ့ဆုံခဲ့သည်။
နိုင်ငံတကာလွှတ်တော်များနှင့် ထိ တွေ့ဆက်ဆံမှုများ ပိုမိုတွင်ကျယ်လာ ပြီဖြစ်ရာ ပြည်ထောင်စုလွှတ်တော် နာယကသည် ကမ္ဘော ဒီးယားနိုင်ငံတွင် ကျင်းပမည့် အာဆီယံနိုင်ငံခေါင်းဆောင် များနှင့်ပါလီမန်အမတ်များ ညီလာခံ ခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်မည်ဖြစ်သည်။
မြန်မာ့တိုင်းမ်
သစ်ထူးလွင်
Unknown at 9:44 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

စွပ်စွဲပုတ်ခတ်တဲ့ နိုင်ငံရေးစရိုက်ဆိုးမျိုး မြန်မာနိုင်ငံမှာ မရှိစေချင်ပါ



(ဓါတ်ပုံ - 7Day News Journal)

မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် သွားလေရာ ပြည်သူတွေ အုံအုံးကျွက် ဖြစ်နေကြတာ မြန်မာပြည်အတွက် အဆန်းမဟုတ်တော့တဲ့သတင်း ဖြစ်နေပေမယ်လည်း လူထုက တဝုန်းဝုန်းနဲ့ ဆက်ပြီး အားပေး ထောက်ခံနေကြဆဲပါပဲ။

(ဓါတ်ပုံ - မိုး သူ - အင်တာနက်)
အနောက်နိုင်ငံ အသိုင်းအဝိုင်းသာမက အာဆီယံ တခွင်လုံးမှာလည်း အစိုးရဖြစ်ဖြစ်၊ အစိုးရနဲ့ ဆက်နွယ်ရာတွေပဲဖြစ်ဖြစ်၊ မီဒီယာတွေမှာပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည် အကြောင်း၊ မြန်မာပြည်အကြောင်းက လွှမ်းမိုးလာနေပါတယ်။ အစိုးရခေါင်းဆောင်တွေဆိုလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တဲ့ နိုင်ငံရေး ဒီဇိုင်း ဖြစ်လာနေပါတယ်။ ရုပ်ရှင် ဂီတ ကျောင်းသား (scholar) တွေမှာလည်း ဒေါ်စုနဲ့ ဆက်စပ်နိုင်ကြတာကို ဂုဏ်ယူလာကြပါတယ်။
(ဓါတ်ပုံ - မိုး သူ - အင်တာနက်)
(ဓါတ်ပုံ - မိုး သူ - အင်တာနက်)
(ဓါတ်ပုံ - မိုး သူ - အင်တာနက်)
ဒီလိုအချိန်မှာ ကိုယ့်မြန်မာနိုင်ငံသားတွေထဲက  တချို့လူတွေက ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးမှာ ညံ့ဖျင်း အသုံးမကျသယောင်ယောင်၊ ကိုယ်ကျင့်တရားမှာ ပျက်ပြားသယောင်ယောင် အခြေအမြစ် ခိုင်ခိုင်မာမာ မရှိဘဲ ပုတ်ခတ် ပြစ်တင်လာနေတာ သတိပြုမိပါတယ်။ တချို့ဆိုရင် ဘယ်သူဘယ်ဝါမှန်း တာဝန်ခံနိုင်လောက်တဲ့ ပုဂ္ဂိုလ်ရေးအကြောင်းအရာ (Profile) တချက်လေးတောင် မရှိဘဲ စွပ်စွဲ ပုတ်ခတ်တာကတော့ တရားလွန်လွန်းသလို မြန်မာနိုင်ငံသားတွေရဲ့ ဂုဏ်သိက္ခာကိုတောင် ညှိုးနွမ်း ကျဆင်းစေပါတယ်။ မီဒီယာ ကျင့်ဝတ်ကို နားမလည်၊ မီဒီယာ လွတ်လပ်ခွင့်ကို တလွဲဆံပင်ကောင်း အသုံးချနေသလို ဖြစ်နေပါတယ်။
ငါလုပ်တာ ဘယ်သူမှ မသိဘူး၊ လုပ်ကြံ ဝါဒဖြန့်တာ အောင်မြင်ရင် ပြီးရော ဆိုတဲ့ စိတ်ဓါတ်မျိုး မရှိကြဖို့ လိုပါတယ်။ ဒါဟာ ဘဝမှာ ကိုယ့်ကိုယ်ကို အောက်ပြန်ဆွဲချတဲ့ စရိုက်မျိုး ဖြစ်ပါတယ်။ ဒီစရိုက်မျိုး စွဲသွားရင်၊ အကျင့်ပါသွားရင် လူတောမတိုးတဲ့အဖြစ်ကို ရောက်တတ်ပါတယ်။ “ရိုးရိုးကျင့် မြင့်မြင့်ြ့ကံ” ဆိုတဲ့ စရိုက်ကောင်းမျိုးနဲ့ ဆန့်ကျင်ဘက် ဖြစ်နေသမျှ လူ့ဘဝမှာ ရေရှည်အောင်မြင်မှုကို ရမှာမဟုတ်တဲ့အကြောင်း မြန်မာနိုင်ငံသားအချင်းချင်း စေတနာ အရင်းခံပြီး ရေးသား သတိပေးလိုက်ရပါတယ်။   
လွင်အောင်စိုး
၂၂-၃-၂ဝ၁၂
(ဓါတ်ပုံ - 7Day News Journal)
Unknown at 8:55 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရန်ကုန်မြို့အတွင်း မြေစိုက် ကြောငြာဘုတ်များ စိုက်ထူခွင့်မပြုတော့



ရန်ကုန်မြို့အတွင်း လူသွားစင်္ကြံများပေါ်ရှိ မြေစိုက်ကြော်ငြာဘုတ်များအား စိုက်ထူခြင်းအား ဆက်လက်ခွင့်ပြုသွားမည် မဟုတ်ဘဲ မကြာမီ ဖြုတ်သိမ်းသွားကြရတော့မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။ ထိုသို့ လူသွားစင်္ကြံပေါ်တွင် စိုက်ထူထားသော ကြော်ငြာဘုတ်များကြောင့် အများပြည်သူ သွားလာရာတွင် အနှောင့်အယှက် ရှိစေသည့်အတွက် ဆက်လက်ခွင့်မပြုတော့ခြင်းဖြစ်ကြောင်း သိရှိရသည်။ လူသွားစင်္ကြံပေါ်ရှိ အဆိုပါ မြေစိုက်ကြော်ငြာ ဘုတ်များအား ခွင့်မပြုတော့သော်လည်း နံရံကပ်ကြော်ငြာဘုတ်များ၊ LED ကြော်ငြာဘုတ်များကိုမူ ခွင့်ပြုပေးသွားမည်ဖြစ်ကာ အဆိုပါ ကန်သတ်ချက်ကြောင့် မြို့တော်အလှကိုလည်း ပိုမိုပေါ်လွင်စေလာမည်ဖြစ်ကြောင်း သိရသည်။ ‘နိုင်ငံတကာက မြို့ကြီးတွေမှာလည်း မြို့အင်္ဂါရပ်နဲ့ လျော်ညီအောင် စင်္ကြံပေါ် ကြော်ငြာဘုတ်တွေကို စိုက်ထူတာမျိုး မကျင့်သုံးကြတော့ပါဘူး။ အခု ကျွန်တော်တို့ဆီမှာလည်း ကြော်ငြာဘုတ်တွေနဲ့ ပတ်သက်လို့ ညွှန်ကြားချက် ထုတ်တော့မယ်ဆိုတာ ကောင်းပါတယ်။ စင်္ကြံလမ်းပိတ်တာမျိုး အခက်အခဲတွေ မရှိတော့ဘူးပေါ့’ ဟု ရန်ကုန်မြို့တွင်း နေထိုင်သူတစ်ဦးက မှတ်ချက်ပြု ပြောကြားသွားခဲ့သည်။ ရန်ကုန်မြို့အနေဖြင့်လည်း ယခုနှစ်များအတွင်း LED ကြော်ငြာဘုတ်များ တပ်ဆင်အသုံးပြုမှုများ ပိုမိုတွင်ကျယ်လာပြီး ထိုသို့သာ အဆင့်မီ တပ်ဆင်ထားမှုများကြောင့် မြို့တော်၏ အင်္ဂါရပ်ကိုလည်း ပိုမိုပြည့်စုံလာစေသည်ဟု သုံးသပ်ပြောဆိုနေမှုများလည်း ရှိသည်။ အချို့သော LED ကြော်ငြာဘုတ်များအနေဖြင့် ကြော်ငြာအား လူအများ အာရုံစိုက်မှု ပိုမိုရှိလာစေရန် ရုပ်သံအစီအစဉ်အချို့အား တိုက်ရိုက်ထုတ်လွှင့် ပြသမှုများအား နှစ်သက်သူ များပြားကြောင်း သိရှိရသည်။
Unknown at 8:26 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒေါ်အောင်ဆန်းစုကြည်ကို ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်ပြည်သူ သောင်းနဲ့ချီကြိုဆို

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မဲဆွယ်စည်းရုံးရေး ခရီးစဉ်အဖြစ် ဒီကနေ့ ညနေက ရန်ကုန်၊ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်ကို သွားရောက်ပြီး၊ NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအတွက် ဒေသခံတွေကို စည်းရုံးဟောပြောခဲ့ပါတယ်။

Photo courtesy of NLD
၂၀၁၂ ခုနှစ် မတ်လ ၂၁ ရက်က ရန်ကုန်၊ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်၊ မဲဆွယ်စည်းရုံးရေးခရီးစဉ်၌ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒေသခံပြည်သူများကို မိန့်ခွန်းပြောကြားနေစဉ်။
ဒေါ်အောင်ဆန်းစုကြည်ကို သောင်းနဲ့ချီတဲ့ ပြည်သူတွေက ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။ ဒီဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံအတွင်း အဂတိလိုက်စားမှုတွေနဲ့ ပတ်သက်ပြီး အခုလို ပြောကြားခဲ့ပါတယ်။
"ကျွန်မတို့နိုင်ငံမှာ ဆိုလို့ရှိရင် အကျင့်တွေပျက်နေတာ ကြာပြီ၊ အခြေခံအားဖြင့် ကြည့်မယ်ဆိုရင်တော့ ကျွန်မတို့ နိုင်ငံမှာ ပြုပြင်ဖို့ဆိုတာ လွယ်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်မတို့ ယုံကြည်တယ်။ ကျွန်မတို့ ပြည်သူဟာ သန့်သန့်ရှင်းရှင်းနဲ့ မှန်မှန်ကန်ကန် လုပ်ချင်တယ်။ အဲဒါကြောင့်မို့လို့ ကျွန်မတို့နဲ့အတူ လက်တွဲပြီးတော့ လုပ်မယ်လို့ ကျွန်မတို့ ယုံကြည်တယ်"
ဒီကနေ့ မွန်းလွဲပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ တာမွေမြို့နယ်၊ အလိုတော်ပြည့်ကျောင်းတိုက်ကို ရောက်ရှိခဲ့ပြီး ရခိုင်ရှေးဟောင်းသမိုင်းဝင် မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီးကို ဖူးမျှော် ကြည်ညိုခဲ့တယ်လို့ သိရပါတယ်။
မနေ့က ညနေခင်းကလည်း အင်းစိန်ရွာမ၊ ပရိယတ္တိ စာသင်တိုက်ကို သွားရောက်ခဲ့ပြီး ဆရာတော် ဦးတိလောကကို တွေ့ဆုံ ဖူးမျှော်ခဲ့ပါတယ်။ အဲဒီလို သွားရောက်ရာမှာ အများပြည်သူကို အသိပေး ကြေညာခြင်း မရှိခဲ့ပေမယ့် အင်းစိန်နဲ့ မရမ်းကုန်းမြို့နယ်က ပြည်သူတွေနဲ့ ကျောင်းသူ၊ကျောင်းသား အများအပြား အင်းစိန်ရွာမ စာသင်တိုက်မှာ စောင့်ကြိုခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဆရာတော်ကြီးကို ဖူးမြော်ကန်တော့အပြီးမှာ စောင့်ကြိုနေကြတဲ့ ကလေးငယ်တွေကို သီးသန့်တွေ့ဆုံခဲ့ပြီး ညနေ ၆ နာရီမှာ ပြန်လည်ထွက်ခွာသွားပါတယ်။
RFA
Unknown at 7:59 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒါလားဟဲ့စတုတ္ထမဏ္ဍိုင်

ကိုယ်တိုင်ဆုံးဖြတ်ပါ။(သတင်းတင်ပြမှုသာ ဖြစ်ပါသည်)

 
မြန်မာသမ္မတနဲ့ ဗီယက်နမ်ဝန်ကြီးချုပ်

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ဟာ ဗီယက်နမ်နိုင်ငံနဲ့ ၊ကမ္ဘောဒီယားနိုင်ငံတွေကို ချစ်ကြည်ရေးခရီးသွားနေပါတယ် ၊ ခုဆိုရင်ခရီးစဉ်အရ ဗီယက်နိုင်ငံခရီးပြီးဆုံးလို့ ကမ္ဘောဒီးယားနိုင်ငံကိုတောင်ရောက်သွားပါပြီ ၊ပြည်သူတစ်ယောက်အနေနဲ့ သမ္မတကြီးရဲ့ခရီးစဉ်တစ်လျှောက် ဆောင်ရွက်ချက် သတင်းတွေကို သိချင်တယ်ဆိုပါစို့ ၊ ပြည်တွင်းကဘယ်သတင်းဌာနကိုမှ အားကိုးလို့မရပါဘူး ဘယ်မှာမလည်းဖေါ်ပြတာမတွေ့ရပါဘူး  သိချင်လား သိချင်ရင် ကိုယ့်ဖာသာရှာဖတ် ဆိုတာမျိုး ဖြစ်နေပါတယ် ။ ဘာလို့လဲဆိုတော့ မြန်မာပြည်က စတုတ္ထမဏ္ဍိုင် အမည်ခံ အများစုဟာ တိုင်းပြည်အတွက် ၊ အမျိုးဘာသာ သာသနာအတွက်အလုပ်လုပ်နေတာမှမဟုတ်တာ.... အစိုးရဆန့်ကျင်ဘို့ စတုတ္ထမဏ္ဍိုင် အရေခြုံထားတဲ့ နိုင်ငံရေးသမားတွေ ကိုး...................။

 
ကမ္ဘောဒီးယားရောက်သမ္မတကြီး ဦးသိန်းစိန်

ဒီတော့  ပြည်တွင်းစတုတ္ထမဏ္ဍိုင်တွေဘာတွေများအလုပ်ရှုပ်နေသလည်းကြည့်လိုက်တော့...... ဟော..တွေ့ပါပြီ...

 
နေကြစမ်းပါဦး ဒါကြီးကဘာလုပ်နေတာလဲ ရက်စက်မှုအပေါင်းသရဖူဆောင်းနေတာလား ၊ စိတ်ကုန်တယ်ဗျာ 

ဒါကြီးနဲ့တစ်နေ့တစ်နေ့အလုပ်ရှုပ်နေပါတယ်  ဒေါ်စုနောက်လိုက် ၊ ဒေါ်စုရဲ့ ချီးပါသေးပေါက် သတင်းမဟုတ်တာတွေကို သတင်းလုပ်ရေးရင်း ထမီနားခိုစားနေတဲ့ အဆင့်ကနေ တက်ကိုမလာသေးပါဘူး ၊ မကြိုက်ရင်လဲ လဲသေကြပါလို့ပဲပြောချင်ပါတယ် ဒါပါပဲ .......။

ဒေါက်တာဆိတ်ဖွား

Unknown at 2:11 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တရုတ်-မြန်မာ ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းတွင် လုပ်ကိုင်နေသည့် ဒေသခံ နေ့စားလုပ်သားများ လုပ်အားခ လျော့ချခံရ

 
ကျောက်ဖြူမြို့နယ် ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်းတွင် နိုင်ငံခြား အလုပ်သမားများ နေထိုင်ရန် အဆောက်အဦများကို တာဝန်ယူဆောင်ရွက်နေသည့် (MGC) မြန်မာ ရွှေသရဖူကုမ္ပဏီတွင် ၀င်ရောက်လုပ်ကိုင်နေသည့် ဒေသခံ အလုပ်သမားများ နေ့စားလုပ်အားခ လျော့ချခံရကြောင်း သတင်းရရှိပါသည်။

“MGC ကုမ္ပဏီမှာ အလုပ်ဝင်ကြမလားဆိုပြီး အလုပ်လျှောက်လွှာ ခေါ်ပါတယ်။ အလုပ်လျှောက်တဲ့အခါ ရယက ထောက်ခံစာ၊ ဓာတ်ပုံလေးပုံနဲ့ ငွေကျပ် ၆၀၀၀ သွင်းရပါတယ်။ လုပ်အားခကတော့ တစ်နေ့ကို ကျပ် ၄၅၀၀ နဲ့ တစ်လကို ကျပ် ၁၃၅၀၀၀ ရမယ်လို့ ပြောတယ်။ ကျွန်တော်တို့လည်း အလုပ် လျှောက်လိုက်ပါတယ်။ အလုပ်က လက်သမားအလုပ်ကို လုပ်ရမယ် ပြောပါတယ်။ ကျွန်တော်တို့ အလုပ်သမား  ၁၀၀  ကျော်ကို MGCက အလုပ်သမား ခေါင်းဆောင်တစ်ဦးနဲ့ မတ်လ ၁၅ ရက်နေ့ကစပြီး အလုပ်ဆင်းခွင့် ရခဲ့ပါတယ်''ဟု လက်သမားတစ်ဦးက ပြောသည်။
MGC ကုမ္ပဏီတွင် အဆောက်အဦများ တိုးချဲ့ဆောက်လုပ်ရန် အလုပ်သမားများ လိုအပ်သည့်အတွက် ကျောက်ဖြူမြို့နယ်မှ ဒေသခံအလုပ်သမားများကို မတ်လ ၁၅ ရက်နေ့က အလုပ်ခန့်ခဲ့ကြောင်း သတင်းရရှိပါသည်၊ အဆိုပါ လုပ်သားများမှာ နေ့စား လုပ်အားခ ကျပ် ၄၅၀၀ မှ ၃၀၀၀ ထိ လျော့ချလိုက်မှုကြောင့်  အလုပ်သမားတချို့မှာ အလုပ်မလုပ်တော့ဘဲ ထွက်လာခဲ့ကြောင်း ဒေသခံလုပ်သားတစ်ဦးက ပြောသည်။
''ကျွန်တော်တို့ လုပ်ငန်းခွင်ကို ရောက်သွားတော့ လက်သမားအလုပ်ကို မလုပ်ရဘဲ ဘိလပ်မြေအိတ်၊ သဲအိတ်၊ သစ်လုံးများ သယ်ရပါတယ်။ အဆောက်အဦ ဆောက်ရန် အောက်ခံ ဖောင်ဒေရှင်းအတွက် မြေကျင်းတွေကို လည်း တူးရပါတယ်၊ ၁၅၊ ၁၆၊ ၁၇ ရက်အထိ အလုပ် သုံးရက် ဆင်းပြီးတဲ့အခါ ကျွန်တော်တို့ အလုပ်သမားတွေကို MGC ကုမ္ပဏီက ဆောက်လုပ်ရေး တာဝန်ခံ ကန်ထရိုက်ယူထားသူ တစ်ဦးက ကျွန်တော်တို့ အလုပ်သမားတွေ ကိုခေါ်ပြီး မင်းတို့ အလုပ်လုပ်တာ မကျွမ်းကျင်ဘူး။ ငွေ ၄၅၀၀ မပေးနိုင်ဘူး ဒီနေ့ကစပြီး ၃၀၀၀ ပဲပေးနိုင်မယ်''ဟု ဒေသခံ လုပ်သားတစ်ဦး ပြောပြချက်အရ သိရသည်။

လုပ်ငန်းခွင်အတွင်း အလုပ်အကိုင် ကွဲလွဲမှုနှင့် နေ့စားလုပ်အားခကို အဆမတန် လျော့ချလိုက်သည့်အတွက် ကျောက်ဖြူမြို့နယ် ဒေသခံ လုပ်သားအချို့မှာ  အလုပ်ကို ဆက်မလုပ်တော့ဘဲ မိမိနေအိမ်သို့ ပြန်လာခဲ့ပြီး ၁၅၊ ၁၆၊ ၁၇ ရက်နေ့မှ လုပ်အားခများကိုလည်း မရကြသေးကြောင်း သတင်းရရှိပါသည်။
အဆိုပါ လုပ်ငန်းနဲ့ ပတ်သက်ပြီး အလုပ်သမား အဖွဲ့တွင် ဦးဆောင်သူ တစ်ဦးကလည်း ''တစ်နေ့ကို ၃၀၀၀ ဆိုရင် နည်းပါတယ် ကျွန်တော်တို့က မနက်ပိုင် ၇ နာရီကနေပြီး ၁၁ နာရီ ၄၀ မိနစ်အထိ တစ်ကြိမ်၊ မွန်းလွဲပိုင်း ၁ နာရီ ၄၅ မိနစ်ကနေ ညနေ ၅ နာရီ အထိ တစ်နေကုန် လုပ်ရပါတယ်။ ငွေ ၃၀၀၀ က အလွန်းနည်းပါတယ်လို့ ကျွန်တော်က ပြောတော့  မပေးနိုင်ဘူး မလုပ်ချင်ရင် ထွက်ကြလို့ ပြောပါတယ်ဟု ဆိုသည်။
EMG
Unknown at 2:07 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.