Thursday, March 22, 2012

NLD အတွက် မကွေးတိုင်းမှာ မဲဆွယ်ဟောပြောနေတဲ့ သရုပ်ဆောင် ရဲထိုက်


NLD အတွက် မကွေးတိုင်းမှာ မဲဆွယ်ဟောပြောနေတဲ့ သရုပ်ဆောင် ရဲထိုက် (ဓါတ်ပုံ-
အဂ္ဂမဟာ ဒီမိုဖက်တီး Facebook )
မကွေးတိုင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ အောင်နိုင်ရေးစည်းရုံးရေးခရီးစဉ်အဖြစ် NLDမှ ဦးမောင်မောင်ဦး ခေါင်းဆောင်ပြီး NLDပါတီဝင်ရုပ်ရှင်သရုပ်ဆောင်မင်းသားရဲတိုက် နဲ့ အဖွဲ့ ဝင်
၁၁ ဦး ပခုက္ကူခရိုင်မှာ မတ်လ ၂၀ ရက်နေ့ ကစတင်ကာ စည်းရုံးရေးဆင်းနေကြောင်းသိရပါတယ်။
အဆိုပါခရီးစဉ်မှာ ပခုက္ကူ ၊ မြစ်ခြေ၊ မြိုင် နှင့် ရေစကြိုမြို့ နယ်တွေကို သွားရောက်ခဲ့ပြီး ဒေသခံပြည်သူများ ကလှိုက်လှိုက်လှဲလှဲကြိုဆိုခဲ့ပါတယ်။
မြိုင်မြို့ နယ်ခရီးစဉ်မှာ ဗဟင်းကျေးရွာက ရွာလုံးကျွတ်ထွက်ကြိုတာတွေ့ ရကြောင်း ဒေသခံများက
Myamar News Now ကိုပြောပါတယ်။

ရေစကြိုသို့ ရုပ်ရှင်မင်းသား ရဲတိုက် လာပြီး စည်းရုံးရေးဆင်းပြီ

၂၂.၃.၁၂ နေ့နံနက် ၉နာရီတွင် ပခုက္ကူမှထွက်လာခဲ့သော ရုပ်ရှင်မင်းသာ ရဲတိုက်သည်  ရေစကြိုသို့ ၁၀နာရီခွဲခန့်တွင်ရောက်ရှိခဲ့ပြီး အဖွဲ့ချုပ်ရုံးရှေ့တွင် စည်းရုံးရေးတရားများကိုဟောပြောပေးခဲ့ပါသည်။
မင်းသားရဲတိုက်သည် စူပါကပ်စတန်ကားပေါ်မှ မတ်တပ်ရပ်လျှက်လိုက်ပါခဲ့ပြီး အဖွဲ့ချုပ်အလံကို ကိုင်ဆောင်ကာ လမ်းတလျှောက်တွင် စောင့်ကြိုနေကြသော လူထုပရိတ်သပ်ကြီးအား လက်ဝှေ့ရမ်းပြကာ နှုတ်ဆက်လာခဲ့သည်။ပခန်းကြိး၊ တမာတန်း၊ ရေစကြိုဈေး၊ အမှတ်တစ်ထင်းတန်းရပ်ကွက် စသည်ဖြင့် လှည့်လည်ကာ အဖွဲ့ချုပ်ရုံးသို့ ၀င်ရောက်ခဲ့ခြင်းဖြစ်သည်။
နေ့လည်စာ စားပြီးသော် မင်းသားရဲတိုက်သည် မြို့နယ်အနောက်ပိုင်းရှိ ကုက္ကိုစု၊ ရွာထောင်၊ ကျက်ဆူကျင်း၊ မြေဖြူကျင်း၊ဖူလုံ၊ စသည့်ကျေးရွာများသို့ဆက်လက်ထွက်ခွာကာ ကားပေါ်မှပင် အောင်နိုင်ရေးတရားများကို ဟောပြောပေးခဲ့သည်ဟုသိရသည်။
 ACj(NYS)
Unknown at 9:54 PM
Share

2 comments:

  1. kyawsoemMarch 23, 2012 at 7:35 AM

    ဒီကောင့်ကို သတိထားကြပါ။ နိုင်ငံရေးကို အခွင့်ကောင်းယူပြီး ဗုဒ္ဓဘာသာကို စော်ကားမယ့်ကောင်ဆိုတာ မမေ့ကြပါနှင့်

    ReplyDelete
    Replies
      Reply
  2. kyawsoemMarch 23, 2012 at 7:37 AM

    ဒီကောင်ကို သတိထားကြပါ ရွှေမြန်မာတို့။ နိုင်ငံရေးကို ခုတုံးလုပ်ပြီး ဗုဒ္ဓဘာသာကို စော်ကားမယ့်ကောင်ပါ။ သူ့ရဲ့နောက်ကွယ်မှာ မွတ်ဆလင်တွေက မသိမသာ ထောက်ခံနေပြီး နောင်တချိန် အခွင့်ရတာနှင့် ပထမ သူတို့ မွတ်ဆလင်အတွက် တောင်းဆိုမယ် ပြီးရင် ဗုဒ္ဓဘာသာကို စော်ကားမယ့်ကောင်ပါ.

    ReplyDelete
    Replies
      Reply
Add comment
Load more...

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.