Thursday, March 22, 2012

စွပ်စွဲပုတ်ခတ်တဲ့ နိုင်ငံရေးစရိုက်ဆိုးမျိုး မြန်မာနိုင်ငံမှာ မရှိစေချင်ပါ



(ဓါတ်ပုံ - 7Day News Journal)

မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် သွားလေရာ ပြည်သူတွေ အုံအုံးကျွက် ဖြစ်နေကြတာ မြန်မာပြည်အတွက် အဆန်းမဟုတ်တော့တဲ့သတင်း ဖြစ်နေပေမယ်လည်း လူထုက တဝုန်းဝုန်းနဲ့ ဆက်ပြီး အားပေး ထောက်ခံနေကြဆဲပါပဲ။

(ဓါတ်ပုံ - မိုး သူ - အင်တာနက်)
အနောက်နိုင်ငံ အသိုင်းအဝိုင်းသာမက အာဆီယံ တခွင်လုံးမှာလည်း အစိုးရဖြစ်ဖြစ်၊ အစိုးရနဲ့ ဆက်နွယ်ရာတွေပဲဖြစ်ဖြစ်၊ မီဒီယာတွေမှာပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည် အကြောင်း၊ မြန်မာပြည်အကြောင်းက လွှမ်းမိုးလာနေပါတယ်။ အစိုးရခေါင်းဆောင်တွေဆိုလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တဲ့ နိုင်ငံရေး ဒီဇိုင်း ဖြစ်လာနေပါတယ်။ ရုပ်ရှင် ဂီတ ကျောင်းသား (scholar) တွေမှာလည်း ဒေါ်စုနဲ့ ဆက်စပ်နိုင်ကြတာကို ဂုဏ်ယူလာကြပါတယ်။
(ဓါတ်ပုံ - မိုး သူ - အင်တာနက်)
(ဓါတ်ပုံ - မိုး သူ - အင်တာနက်)
(ဓါတ်ပုံ - မိုး သူ - အင်တာနက်)
ဒီလိုအချိန်မှာ ကိုယ့်မြန်မာနိုင်ငံသားတွေထဲက  တချို့လူတွေက ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးမှာ ညံ့ဖျင်း အသုံးမကျသယောင်ယောင်၊ ကိုယ်ကျင့်တရားမှာ ပျက်ပြားသယောင်ယောင် အခြေအမြစ် ခိုင်ခိုင်မာမာ မရှိဘဲ ပုတ်ခတ် ပြစ်တင်လာနေတာ သတိပြုမိပါတယ်။ တချို့ဆိုရင် ဘယ်သူဘယ်ဝါမှန်း တာဝန်ခံနိုင်လောက်တဲ့ ပုဂ္ဂိုလ်ရေးအကြောင်းအရာ (Profile) တချက်လေးတောင် မရှိဘဲ စွပ်စွဲ ပုတ်ခတ်တာကတော့ တရားလွန်လွန်းသလို မြန်မာနိုင်ငံသားတွေရဲ့ ဂုဏ်သိက္ခာကိုတောင် ညှိုးနွမ်း ကျဆင်းစေပါတယ်။ မီဒီယာ ကျင့်ဝတ်ကို နားမလည်၊ မီဒီယာ လွတ်လပ်ခွင့်ကို တလွဲဆံပင်ကောင်း အသုံးချနေသလို ဖြစ်နေပါတယ်။
ငါလုပ်တာ ဘယ်သူမှ မသိဘူး၊ လုပ်ကြံ ဝါဒဖြန့်တာ အောင်မြင်ရင် ပြီးရော ဆိုတဲ့ စိတ်ဓါတ်မျိုး မရှိကြဖို့ လိုပါတယ်။ ဒါဟာ ဘဝမှာ ကိုယ့်ကိုယ်ကို အောက်ပြန်ဆွဲချတဲ့ စရိုက်မျိုး ဖြစ်ပါတယ်။ ဒီစရိုက်မျိုး စွဲသွားရင်၊ အကျင့်ပါသွားရင် လူတောမတိုးတဲ့အဖြစ်ကို ရောက်တတ်ပါတယ်။ “ရိုးရိုးကျင့် မြင့်မြင့်ြ့ကံ” ဆိုတဲ့ စရိုက်ကောင်းမျိုးနဲ့ ဆန့်ကျင်ဘက် ဖြစ်နေသမျှ လူ့ဘဝမှာ ရေရှည်အောင်မြင်မှုကို ရမှာမဟုတ်တဲ့အကြောင်း မြန်မာနိုင်ငံသားအချင်းချင်း စေတနာ အရင်းခံပြီး ရေးသား သတိပေးလိုက်ရပါတယ်။   
လွင်အောင်စိုး
၂၂-၃-၂ဝ၁၂
(ဓါတ်ပုံ - 7Day News Journal)
Unknown at 8:55 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.