Thursday, March 22, 2012

ရန်ကုန်မြို့အတွင်း မြေစိုက် ကြောငြာဘုတ်များ စိုက်ထူခွင့်မပြုတော့



ရန်ကုန်မြို့အတွင်း လူသွားစင်္ကြံများပေါ်ရှိ မြေစိုက်ကြော်ငြာဘုတ်များအား စိုက်ထူခြင်းအား ဆက်လက်ခွင့်ပြုသွားမည် မဟုတ်ဘဲ မကြာမီ ဖြုတ်သိမ်းသွားကြရတော့မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။ ထိုသို့ လူသွားစင်္ကြံပေါ်တွင် စိုက်ထူထားသော ကြော်ငြာဘုတ်များကြောင့် အများပြည်သူ သွားလာရာတွင် အနှောင့်အယှက် ရှိစေသည့်အတွက် ဆက်လက်ခွင့်မပြုတော့ခြင်းဖြစ်ကြောင်း သိရှိရသည်။ လူသွားစင်္ကြံပေါ်ရှိ အဆိုပါ မြေစိုက်ကြော်ငြာ ဘုတ်များအား ခွင့်မပြုတော့သော်လည်း နံရံကပ်ကြော်ငြာဘုတ်များ၊ LED ကြော်ငြာဘုတ်များကိုမူ ခွင့်ပြုပေးသွားမည်ဖြစ်ကာ အဆိုပါ ကန်သတ်ချက်ကြောင့် မြို့တော်အလှကိုလည်း ပိုမိုပေါ်လွင်စေလာမည်ဖြစ်ကြောင်း သိရသည်။ ‘နိုင်ငံတကာက မြို့ကြီးတွေမှာလည်း မြို့အင်္ဂါရပ်နဲ့ လျော်ညီအောင် စင်္ကြံပေါ် ကြော်ငြာဘုတ်တွေကို စိုက်ထူတာမျိုး မကျင့်သုံးကြတော့ပါဘူး။ အခု ကျွန်တော်တို့ဆီမှာလည်း ကြော်ငြာဘုတ်တွေနဲ့ ပတ်သက်လို့ ညွှန်ကြားချက် ထုတ်တော့မယ်ဆိုတာ ကောင်းပါတယ်။ စင်္ကြံလမ်းပိတ်တာမျိုး အခက်အခဲတွေ မရှိတော့ဘူးပေါ့’ ဟု ရန်ကုန်မြို့တွင်း နေထိုင်သူတစ်ဦးက မှတ်ချက်ပြု ပြောကြားသွားခဲ့သည်။ ရန်ကုန်မြို့အနေဖြင့်လည်း ယခုနှစ်များအတွင်း LED ကြော်ငြာဘုတ်များ တပ်ဆင်အသုံးပြုမှုများ ပိုမိုတွင်ကျယ်လာပြီး ထိုသို့သာ အဆင့်မီ တပ်ဆင်ထားမှုများကြောင့် မြို့တော်၏ အင်္ဂါရပ်ကိုလည်း ပိုမိုပြည့်စုံလာစေသည်ဟု သုံးသပ်ပြောဆိုနေမှုများလည်း ရှိသည်။ အချို့သော LED ကြော်ငြာဘုတ်များအနေဖြင့် ကြော်ငြာအား လူအများ အာရုံစိုက်မှု ပိုမိုရှိလာစေရန် ရုပ်သံအစီအစဉ်အချို့အား တိုက်ရိုက်ထုတ်လွှင့် ပြသမှုများအား နှစ်သက်သူ များပြားကြောင်း သိရှိရသည်။
Unknown at 8:26 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.