Thursday, March 22, 2012

ငါးထောင်တန်ဖုန်းသတင်း ဆင်ဆာထိ


ကျပ်ငါးထောင်တန် တယ်လီဖုန်းလိုင်းအကြောင်း ရေးထားတဲ့ သတင်းတပုဒ် အပိတ်ခံရပါတယ်။
အများပြည်သူဖတ်ရှုဖို့ မသင့်လျော်လို့ ဆင်ဆာဖြတ်လိုက်ပုံရပါတယ်။ မူရင်းက ဟောဒီလိုပါ -

ကျပ် ၅၀၀၀ ထက်မပိုသော တန်ဖိုးနည်းဖုန်း အမြန်ဖြစ်လာရန် မုံရွာ၌လှုပ်ရှားမှုတစ်ရပ်ပြုလုပ်
သက်စမ်းရေ၊ The Weekly Express Times ဂျာနယ်
မုံရွာ၊ မတ် ၁၄

မုံရွာမြို့ပေါ်ရှိ လူစည်ကားရာနေရာများတွင် ကျပ် ၅၀၀၀ ထက်မပိုသော တန်ဖိုးနည်းဖုန်းလိုင်း အမြန်ဖြစ်လာဖို့ရန် နှိုးဆော်သည့်စတစ်ကာ စက္ကူများကိုလက်ကမ်းဖြန့်ဝေပေးသည့် လှုပ်ရှားမှုတစ်ရပ်အား ယခုလ ၁၄ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း မုံရွာတက္ကသိုလ် ကျောင်းသားတစ်ဦးက ပြောကြားသည်။

“လူစည်ကားတဲ့နေရာတွေမှာ စတစ်ကာစက္ကူတွေဖြန့်ဝေပေးသွားတာပါ။ လက်ကမ်းစနစ်နဲ့ပေးတာလို့ ပြောတယ်။ လက်ဖက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေ၊ ဈေးတွေနဲ့ ကားဂိတ်တွေမှာဖြစ်တယ်လို့ ကြားရတယ်။ မနေ့ကတော့ ကွေ့ ကြီးစက်သုံးဆီဆိုင်မှာ ဆီတိုးနေတဲ့ လူတွေကိုပေးသွားတာ” ဟု ကျောက္ကာလမ်းရှိ လက်ဖက်ရည်ဆိုင်ကြီးမှ စားပွဲထိုးဝန်ထမ်းတစ်ဦးက ဆိုသည်။

“အခုပေးတဲ့စတစ်ကာတွေက အရင်တုန်းက ပေးတဲ့ စတစ်ကာတွေ နဲ့ အရွယ်အစားတူတယ်။ စာသားတွေကမတူဘူး။ လူတိုင်းက တန်ဖိုးနည်းဖုန်းလိုင်းတွေကို ငှားရမ်းအသုံးပြုလိုတယ်။ လူတန်းစားအသီးသီး အသုံးပြုနိုင်ခြင်းဟာ တိုင်းပြည်ရဲ့ ဂုဏ်သိက်္ခာတိုးမြင့်လာခြင်းဖြစ်တာ ကြောင့် အမြန်ဆုံးလုပ်ပေးသင့်တာပေါ့” ဟု ဆယ်တန်းစာမေးပွဲဖြေဆို ရာတွင် ကျောင်းပြင်ပလုံခြုံရေး တာဝန် ထမ်းဆောင်နေသူတစ်ဦးက Weekly Express Times သို့ ပြောကြားသည်။

အဆိုပါကျပ် ၅၀၀၀ တန်ဖုန်းလိုင်း အများသုံးစွဲလာနိုင်ရေးအတွက် စတစ်ကာစက္ကူ လက်ကမ်း ဖြန့်ဝေခဲ့ခြင်း လှုပ်ရှားမှုတစ်ရပ်ကို ပြီးခဲ့သည့်လက တစ်ကြိမ် ယခုလတွင် တစ်ကြိမ် လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ဧရာဝတီ..
Unknown at 10:08 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.