Thursday, March 22, 2012

ဒါလားဟဲ့ စတုတ္ထမဏ္ဍိုင် ( ၂ )

ထိုင်းနိုင်ငံအခြေစိုက် Asia Network for Free Elections (ANFREL) ရဲ့အမှုဆောင်ဒါရိုက်တာ Ms.Somsri Hananuntasuk ကို ဒီလ ၂၀ ရက်နေ့ ညနေ ငါးနာရီမှာ မြန်မာအာဏာပိုင်တွေက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ထိုင်းနိုင်ငံကို ပြန်ပို့လိုက်တဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့ပါတယ် ။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ပြည်ပမီဒီယာတစ်ခုဖြစ်တဲ့ RFA က ဒီလိုဖေါ်ပြပါတယ် ။



ပြည်တွင်းက ထမီနားခိုစားနေတဲ့ YPI လို့သူတို့ကိုယ်သူတို့နာမည်ပေးထားတဲ့ သတင်းဌာနက ဒီလိုရေးပါတယ် .............။



အမှတ်တမဲ့ ဖတ်ကြည့်လိုက်ရင်တော့ မြန်မာနိုင်ငံရွေးကောက်ပွဲတရားမျှတဘို့လာပြီးသင်တန်းပေးနေတဲ့ Asia Network for Free Elections (ANFREL) လိုအဖွဲ့အစည်းက အမှုဆောင်ဒါရိုက်တာအဆင့်ရှိတဲ့သူကို မြန်မာအစိုးရကပဲ ရွေးကောက်ပွဲတရားမျှတသွားမှာစိုးလို့ တမင်ဖမ်းပြီးပြန်လွှတ်လိုက်သလိုလို ဖြစ်နေပါတယ် ။

အမှန်ကတော့ အဲဒီ Ms.Somsri Hananuntasuk ဆိုတဲ့ အမျိုးသမီးနဲ့ အပေါင်းပါ ထိုင်း ၄ယောက်ဟာ မြန်မာနိုင်ငံကို အလည်အပတ် ဗီဇာနဲ့လာတာပါ ။ ဟိုတစ်ခါ ဂျပန်ကပါးရိုက်သွားတဲ့ ဟိုတယ်မှာတည်းတယ် ၊ အလည်အပတ်ဗီဇာရဲ့ သဘောကိုက လည်ဘို့ပဲရပါတယ် ၊ ဗီဇာစည်းကမ်းမှာဒီအတိုင်းပဲပါပါတယ် ။ ဘာသင်တန်းမှပေးခွင့်မရှိသလို ၊ ဒီရောက်ပြီးမှလည်း ဘာမှတောင်းဆိုစရာအခွင့်အရေးမရှိပါဘူး ။ သူတို့ထိုင်းနိုင်ငံမှာလည်း မြန်မာတွေ အလည်အပတ်ဗီဇာနဲ့သွားပြီး သင်တန်းဖွင့်လို့မရပါဘူး ခုလိုနိုင်ငံရေးနဲ့ ဆိုင်တဲ့ သင်တန်းမျိုးပိုဆိုးပါတယ် ။ ဘာမှလုပ်လို့မရပါဘူး ။

ခုတော့သူတို့က အလည်အပတ်ဗီဇာနဲ့လာတယ် ၊ ဒီရောက်တော့လုပ်ချင်ရာလုပ်တယ် ။ ပေးချင်တဲ့သင်တန်းပေးတယ် ဆိုတာ မြန်မာပြည်ကိုလာပြီး ဒီယိုးဒယားတွေလာ လူပါးဝတဲ့ကိစ္စသာဖြစ်ပါတယ် ။ဒီတော့ အစိုးရက လူဝန်မှုကြီးကြပ်ရေးဥပဒေအရ ဗီဇာစည်းကမ်းဖေါက်ဖျက်မှုနဲ့ ပြည်နှင်ဒဏ်ပေးတယ် ...။ဘာဖြစ်လဲ ဒီထိုင်းတွေဘက်က ဘာနာစရာအကြောင်းရှိလည်း နာချင်းနာ ကိုယ့်တိုင်းပြည်ဘက်က နာရမှာမဟုတ်ဘူးလား ဒီ မိန်းမတွေက ခုတစ်ခါလည်းမဟုတ်ဘူး ၂၀၁၀ ရွေးကောက်ပွဲတုန်းကလည်း ဒီလိုအချိုးလာချိုးလို့ ပြန်လွှတ်လိုက်ရပြီးပြီ ။

ဒီလိုဖြစ်တဲ့ကိစ္စ  ယိုးဒယားတွေ မြန်မာပြည် လူပါးလာဝတဲ့ကိစ္စကို ဘယ်မီဒီယာမှလည်းအမှန်မရေးရဲဘူး ဘယ်ရေးရဲမလည်း ထိုင်းအစိုးရအထောက်အပံ့နဲ့ မီဒီယာ Trip တွေဘာတွေသွားဘို့ကစီစဉ်ပြီးနေပြီလေ လာမယ့် ၂၆ ရက်နေ့ဆိုသွားကြဦးမှာ အဲဒီမှာဒေသတွင်းက နာမည်ကြီးမီဒီယာတွေနဲ့ တွေ့ရ ဆုံရမှာ မြန်မာပြည်က အစိုးရမီဒီယာတွေအပါအ၀င် ပေါ်ပြူလာဖြစ်တဲ့ ဂျာနယ်တွေကို တစ်ယောက်စီဖိတ်ထားတယ် ... ဒီတော့ ဒီထိုင်းမတွေအကြောင်းမကောင်းမရေးရဲဘူး ....မရေးရဲတဲ့အပြင် အဲဒီမီဒီယာ တွေ့ဆုံပွဲကပြန်လာရင် ဒီယိုးဒယားမှာ မီဒီယာက ဘယ်လိုကောင်းနေတာ မြန်မာပြည်မှာက ဘယ်လို လိုနေတာ ဆိုပြီးရေးပေးရဦးမှာ ။ဒေသတွင်းမီဒီယာတွေနဲ့မိတ်ပျက်ရင် သူတို့ စားပေါက်ပိတ်မှာကြောက်လို့ ယိုးဒယားတွေစော်ကားတာကိုခံနေတယ် ၊ စိတ်ကုန်တယ် စိတ်ပျက်တယ် ဗျာ.....


ဒေါက်တာဆိတ်ဖွား
Unknown at 9:54 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.