Thursday, January 26, 2012

၂ဝ၁၂ လန်ဒန် အိုလံပစ်လာ လူများကြောင့် ရောဂါ ကူးစက်မှု ဖြစ်နိုင်ဟု သတိပေး


 ၂ဝ၁၂ ခုနှစ်တွင် ပြုလုပ် ကျင်းပမည့် လန်ဒန် အိုလံပစ် ပွဲတော်ကြီးသည် ကမ္ဘာပေါ်ရှိ နိုင်ငံ အသီးသီးမှ အားကစားသမားများနှင့် လာရောက် လည်ပတ် ကြည့်ရှုသူများ သည် တိုတောင်းလှသော ကာလ အတွင်း သန်းချီ၍ လာရောက် ကြမည် ဖြစ်သည်။
၎င်းတို့တွင် များပြားလှသော ရောဂါများကို သယ်ဆောင် လာကြသော ကူးစက် နယ်မြေ တစ်ခုအဖြစ် ကျရောက် သွားနိုင်ကြောင်း လန်ဒန်ရှိ ပြည်သူ့ ကျန်းမာရေး ကျွမ်းကျင် ပညာရှင် များကသတိပေးနေကြသည်။
အိမ်ရှင်နိုင်ငံသား များအဖို့ ဧည့်သည်များ ပြန်သွားပြီးနောက် ကျန်ရစ်ခဲ့သော ရောဂါများသည် လူပေါင်း များစွာကို ဆက်လက် ကူးစက်စေ ပြီးနောက် ကျန်နေ ခဲ့သော ရောဂါ အဖြစ် သတိပြု ရမည် ဖြစ်ပြီး အတူတကွ လာရောက် နေထိုင်ကြပြီး ဆိုးရွားစွာ ကျန်နေခဲ့သော ရောဂါများ ပြန့်ပွားမှု ဖြစ်စေသည်။ The Lancet Infectious Disease Journal က အထူးအသားပေး ဖော်ပြခဲ့သည်။
East Anglia တက္ကသိုလ်၏ ပါမောက္ခ Ibrahim Abubakar ၏ ရေးသား ဖော်ပြချက်မှာ ၂ဝဝ၈ ခုနှစ် သြစတြေးလျ နိုင်ငံတွင် World Youth Day ပွဲတော် ပြု လုပ်သော ကြောင့် တုပ်ကွေး ရောဂါ ဖြစ်ပွား ကျန်ခဲ့သည်ဟု ဖော်ပြထားသည်။
ဂျာမနီ နိုင်ငံ၏ 2010 Love Parade ပွဲတော်တွင်လည်း လူအုပ် ကြီး နင်းမိ၍ လူ (၂၁) ဦး သေဆုံး ခဲ့ပြီး ၅ဝဝ ကျော် ဒဏ်ရာ ရရှိခဲ့ကြသည်။
ဆော်ဒီအာရေဗျ တွင် နှစ်စဉ် ကျင်းပသော ဘုရားဝတ်ပြုပွဲ ဘာသာရေး ပွဲတော်သို့ ရောက်ရှိလာသည့် နှစ်သန်းမျှသော လူအုပ်ကြီးကြောင့် နှစ်စဉ် သေဆုံးမှုများ ကြုံကြ ရကြောင်းသတိပေးအ ကြံပြု ထားသည်။
လာရောက် လည်ပတ်သူများ ကြောင့် လူအုပ်ကြီး ပြိုနင်းမိ ခြင်းနှင့် အချင်းချင်း ကူးစက် တတ်သော ရောဂါများကြောင့် လက်ခံ ကျင်းပသော အိမ်ရှင် နိုင်ငံသားများ အဖို့ ကျန်းမာရေး ထိခိုက်မည်ကို သတိထား စောင့် ကြပ်ကြည့်ရှုရန် လိုအပ်သည် ဟု  ဗြိတိန်နိုင်ငံ ကျန်းမာရေး ဝန်ကြီး ပါမောက္ခ Ziad Memish က အကြံပြုထားသည်။
Unknown at 4:45 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မူဘာရက်ဆန့်ကျင်မှုတော် လှန်ရေး တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် အီဂျစ်တို့ ဆန္ဒပြ


အီဂျစ်သမ္မတဟောင်း ဟိုစနီမူဘာရက်ကို ပြုတ်ကျစေခဲ့သော တော်လှန်ရေးတစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အီဂျစ်တို့က ဇန်န၀ါရီလ ၂၅ ရက်နေ့တွင် တဟီရာရင်ပြင်သို့ သွားရောက်စုဝေးဆန္ဒပြခဲ့ကြသည်။
အစ္စလာမ်မစ်များ၊ လစ်ဘရယ်များ၊ လက်ဝဲများနှင့် သာမန်အီဂျစ်ပြည်သူထောင်ပေါင်းများစွာသည် ဆန္ဒပြမှုများ၏ ဗဟိုချက်ဖြစ်ခဲ့သော တဟီရာရင်ပြင်တွင်စုဝေးကာ အလံများ ဝှေ့ယမ်းဆန္ဒပြခဲ့ကြသည်။ အီဂျစ်ပါလီမန်သစ် တွင် လွှမ်းမိုးထားသော မွတ်စလင်ဘရားသားဟုဒ်က ဆန္ဒပြမှုများ တစ်နှစ်ပြည့်အထိမ်းအမှတ် ကျင်းပခဲ့ပြီး တော်လှန်ရေးနောက်ကွယ်မှ ဒီမိုကရေစီလိုလားသည့် အဖွဲ့များက မပြီးဆုံးသေးသည့် တော်လှန်ရေးကို ဆက်လက်ဆင်နွှဲသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အာဏာရစစ်ကောင်စီကို နုတ်ထွက်ရန် တောင်းဆိုခဲ့သည်။
ထို့ပြင် အာဏာရစစ်ဦးစီးကောင်စီက ရေတပ်စစ်ရေးပြမှုဆောင်ရွက်ရန်စီစဉ်ထားသည့် အလက်ဇန္ဒရီယားမြို့တွင် အီဂျစ်တို့က ကမ်းခြေသို့ သွားရောက်ကာ ဆန္ဒပြခဲ့ကြသည်။ စူးအက်တူးမြောင်းရှိသည့် စူးအက်မြို့တွင်လည်း ဆန္ဒပြသူ ၅၀၀၀ ခန့်က သွားရောက်စုဝေး ဆန္ဒပြခဲ့ကြသည်။ အာဏာရစစ်ဦးစီးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးတန်တာဝီက ဆန္ဒပြသူများကိုချွေးသိပ်ရန် ကြိုးပမ်းသည့်အနေဖြင့် ဆယ်စုနှစ်များစွာကြာပြီဖြစ်သည့် အရေးပေါ်အခြေအနေဥပဒေကို တစ် စိတ်တစ်ပိုင်း ရုပ်သိမ်းကြောင်း ကြေညာခဲ့သည်။
Unknown at 4:45 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဘန်ကီမွန်း မြန်မာပြည် လာမည်


Irrawaddy — ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းသည် မကြာမီ မြန်မာနိုင်ငံသို့ လာရောက်ရန် စီစဉ်နေပြီး ၎င်း၏ အထူးအကြံပေး မစ္စတာ ဗီဂျေ နမ်ဘီးယားကိုလည်း အချိန်ပြည့် မြန်မာပြည်ဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်ထားတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။
“မြန်မာအာဏာပိုင်တွေနဲ့ ထပ်မံဆွေးနွေးဖို့ ကျနော် သိပ်မကြာခင်မှာ မြန်မာနိုင်ငံကိုသွားဖို့ စီစဉ်နေပါတယ်” မစ္စတာ ဘန်ကီမွန်းက အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် သတင်းထောက်များကို ပြောသည်။
ကုလသမဂ္ဂသည် မြန်မာနိုင်ငံ ဒီမိုကရေစီပြောင်းလဲမှု ဖြစ်စဉ်တွင် အရေးပါသည့်ကဏ္ဍမှ ပါဝင်နေကြောင်း မစ္စတာ ဘန်ကီမွန်းက ဆိုသည်။
“သမ္မတ ဦးသိန်းစိန်ဦးဆောင်တဲ့ မြန်မာအစိုးရရဲ့ နိုင်ငံရေးအကျဉ်းသား လွှတ်ပေးတာတွေ အပါအဝင် လက်ရှိလုပ်ဆောင်နေတာကို အလွန်ပဲ ကျေနပ်အားရပါတယ်” ဟု မစ္စတာ ဘန်ကီမွန်းက ပြောကြားသည်။
မစ္စတာ ဘန်ကီမွန်းသည် မြန်မာနိုင်ငံသို့ နှစ်ကြိမ် လာရောက်ခဲ့ပြီးဖြစ်ပြီး ၎င်း၏ အထူးကိုယ်စားလှယ်အပါအဝင် ကုလသမဂ္ဂ ထိပ်တန်းအရာရှိများလည်း သီးခြားစီ လာရောက်ခဲ့ကြပြီးဖြစ်သည်။
မစ္စတာ ဘန်ကီမွန်းက “နိုင်ငံတကာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စေ့စပ်ညှိနှိုင်းမှု ပေါ်ပေါက်လာစေဖို့ သူတို့တွေက အခြေခံအခင်းအကျင်းတွေ လုပ်ပေးနေတယ်လို့ ကျနော် ယုံကြည်ပါတယ်။ မြန်မာ့မိတ်ဆွေများအဖွဲ့ကို လွန်ခဲ့တဲ့ ငါးနှစ်အတွင်းမှာ ကျနော်ဦးဆောင်ပြီး မြန်မာ့ဒီမိုကရေစီဖြစ်စဉ်ကို ထောက်ခံအားပေးဖို့၊ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေ အားကောင်းစေဖို့ အဲဒီအခြေခံတွေပေါ်မှာ လုပ်ဆောင်ခဲ့ပါတယ်” ဟု ပြောသည်။
ယခု ရလဒ်များသည် ပူးပေါင်းပါဝင်သူအားလုံး၏ စုစည်းစွာ လုပ်ဆောင်မှု ရလဒ်ဖြစ်ကြောင်း၊ ဂုဏ်ယူစွာ ပြောလိုသည်မှာ လူသိနည်းသည့် သံတမန်နည်းဖြစ်စေ၊ လူသိရှင်ကြား သံတမန်နည်းနှင့် ဖြစ်စေ နည်းနှစ်ရပ်စလုံးကို အဆက်မပြတ် စိတ်ရှည်ရှည်ဖြင့် တချိန်လုံး အသုံးပြုခဲ့ကြောင်း မစ္စတာ ဘန်ကီမွန်းက ဆိုသည်။
မြန်မာအာဏာပိုင်များနှင့် တချိန်လုံး တိုက်ရိုက် ပြောဆို ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး ဤချဉ်းကပ်မှုဖြင့် ရလဒ်ထွက်ပေါ်လာကြောင်းလည်း မစ္စတာ ဘန်ကီမွန်းက ဆက်လက်ပြောသည်။
ထို့အပြင် ၎င်း၏ အထူးအကြံပေး မစ္စတာ ဗီဂျေ နမ်ဗီးယားကိုလည်း သူ၏ မြန်မာပြည်ဆိုင်ရာ အချိန်ပိုင်း ကိုယ်စားလှယ်အဖြစ်မှ အချိန်ပြည့် အထူးကိုယ်စားလှယ်အဖြစ်သို့ ပြောင်းလဲခန့်ထားတော့မည်ဟု ကြေညာသွားသည်။
ဤကာလအတောအတွင်းတွင်ပင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကလင်တန်သည် အသစ်ခန့်အပ်လိုက်သော အမေရိကန်ဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး နီရူပါမာ ရာအိုနှင့် ဝါရှင်တန်တွင် တွေ့ဆုံရာ၌ မြန်မာ့အရေးကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့သည်။
အိန္ဒိယသံရုံးမှ ပြောခွင့်ရပုဂ္ဂိုလ် ဗီရန်ဒါ ပေါလ်က “နိုင်ငံခြားရေးဝန်ကြီး ကလင်တန်နဲ့ သံအမတ်ကြီး ရာအိုတို့ တွေ့ဆုံရာမှာ အာဖဂန်နစ္စတန် အခြေအနေ၊ အီရန်နိုင်ငံ၊ မြန်မာနိုင်ငံတို့နဲ့ ပတ်သက်လို့ ဖြစ်ထွန်းမှုအခြေအနေတွေအပေါ် ဒေသတွင်းက နှစ်ဖက် အကျိုးစီးပွားကိစ္စတွေကို အမြင်ဖလှယ်ခဲ့ကြပါတယ်” ဟု ပြောသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောခွင့်ရ အမျိုးသမီး ဗစ်တိုးရီးယား နုလန်းကလည်း ကလင်တန်နှင့် ရာအို တွေ့ဆုံရာတွင် မြန်မာနိုင်ငံအရေး ဆွေးနွေးခဲ့သည်ဟု သတင်းထောက်များကို အတည်ပြု ပြောကြားသည်။
Unknown at 4:44 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရန်ကုန်မြို့တော်တွင်မြေအောက် မီးရထားလမ်းများ ဖောက်လုပ် မည်


 ရန်ကုန်မြို့တော်တွင် မြေအောက်မီးရထားလမ်းများ ဖောက်လုပ်သွားမည် ဖြစ်ကြောင်း ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးအောင်မင်းက နေပြည်တော်၌ ပြောကြားသည်။
ရန်ကုန်မြို့အား စီပွားရေးမြို့တော် အဖြစ် အဆင့်မြှင့်တင်ရန် မြေပေါ်မြေအောက် မီးရထားလမ်းများကို ဖောက်လုပ်သွားမည် ဖြစ်ပြီး ယင်းစီမံကိန်းအတွက် နိုင်ငံခြား ပညာရှင်များမှ ရေးဆွဲနေပြီ ဖြစ်ကြောင်းကို ဇန်နဝါရီ ၂၆ ရက်နေ့က ပြုလုပ် သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေး၌ ကိုယ်စား လှယ်တစ်ဦး၏ မေးမြန်းချက်ကို  ရထားပို့ဆောင်ရေး ဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
Unknown at 4:43 PM 1 မှတ်ချက်ကလေးရေးပေးနော်.
Share

ငါးရှဉ့်ပြည်ပ ၀ယ်လိုအားမြင့်၊ဈေးနှုန်းမြင့်

ပြည်တွင်းငါးရှဉ့်ဈေးကွက်တွင်း ငါးရှဉ့်ဝင်ရောက်မူကျဆင်းနေသော်လည်း ပြည်ပ ၀ယ်လိုအားမြင့် တက်လျက်ရှိပြီး ဈေးနူန်းမှာလည်း သိသိသာသာမြင့်တက်လျက်ရှိကြောင်းသိရှိရသည်။
 
“တရုတ်က အ၀ယ်လိုက်တယ်။ မနှစ်ကဆိုရင် တစ်တန်ကို အမေရိကန်ဒေါ်လာ ၃၅၀၀- ၄၀၀၀ လောက်ပဲရတာ။ အခု နှစ်စ မှာကို တစ်တန်ကို အမေရိကန်ဒေါ်လာ ၅၀၀၀ လောက်အထိဈေးတက် လာတယ်” ဟု ပြည်ပသို့ (Export) ငါးရှဉ့်တင်ပို့ရောင်းချနေသူ ဦးသိန်းထွန်းက ပြောသည်။
 
မူဆယ် ၁၀၅ မိုင်စခန်းတွင် ၂၀၁၀ ခုနှစ်တွင်း ငါကြမ်းခင်းလေလံဈေးသည် ပုံမှန်အားဖြင့် တစ်တန်လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ ၃၀၀၀ ၀န်းကျင့်ခဲ့ရှိပြီး၊ ၂၀၁၁ ခုနှစ်တွင် တစ်တန်လျှင် ပျမ်းမျှ အမေရိကန်ဒေါ်လာ ၄၀၀၀ ၀န်းကျင်သို့ဈေးနူန်းများမြင့်တက်လာခဲ့ပြီး ယခုနှစ် (၂၀၁၂ခုနှစ်) ဆန်းပိုင်းတွင် တစ်တန်လျှင် အမေရိကန်ဒေါ်လာ  ၅၀၀၀ ၀န်းကျင်သို့ဈေးနူန်းများမြင့်တက်လာခဲ့ ကြောင်းသိရှိရသည်။
 
“ပြီးခဲ့တဲ့ ငါးရှဉ့်ရာသီကဈေးကောင်းမရခဲ့ဘူး။ အထွက်နူန်းကလည်းကောင်းတယ်။ ဈေးကွက်ထဲ ပေါ နေတယ်။ အခုဈေးထွက်ထဲအ၀င်လည်းနည်းတယ်။ ၀ယ်လိုအားလည်းမြင့်တယ်။ အဲဒါကြောင့် ဈေးတွေတက်လာတာ” ဟု ပဲခူးမြို့မှ ငါးရှဉ့်ရောင်းဝယ်ရေးလုပ်ကိုင်နေသူ ကိုမင်းဝေ ကပြောသည်။
 
ပြီးခဲ့သော ငါးရှဉ့်ရာသီ ဇွန်လမှ ဇူလိုင်လတွင် ငါးရှဉ့်များပေါလျက်ရှိပြီး ဈေးကျခဲ့ကြောင်း၊ ယခုအချိန်တွင် ငါးရှဉ့်အ၀င်နည်းနေသောကြောင့် ဈေးမြင့်နေခြင်းဖြစ်ကြောင်း သူက သုံးသပ်ပြောဆိုသည်။
 
 
ပြည်ပသို့ငါးရှဉ့်တင်ပို့မူလုပ်ငန်းများအားလွတ်လပ်စွာရောင်းချခွင့်ပြုလိုက်ပြီး  ငါးရှည့်လေလံအာမခံ နူန်းထားများအား ယခင်နှစ်များတွင် ၄ ရာခိုင်နူန်းကောက်ခံနေရာမှ ယခုနှစ်ဆန်းပိုင်းမှစတင်၍ ၂ရာခိုင် နူန်းသို့ ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း ငါးရှဉ့်ရောင်းဝယ်ရေးလုပ်ငန်းရှင်များ ပြောပြချက် အရ သိရှိရသည်။
 
“ခုလို ငါးရှဉ့်ရောင်းသူတွေကို လွတ်လပ်စွာရောင်းချခွင့်ပေးတာတော့ကောင်းပါတယ်။ ဈေးကွက်ထဲ သူထက်ငါ့ အလုအယက်ရောင်းချလာမယ်ဆိုရင်တော့ ဈေးနိမ့်ပြီး ၀ယ်တာတို့ ညစ်တာတို့ တွေကြုံတွေလာ နိုင်တယ်” ဟု ငါးရှဉ့်ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်ခဲ့သူ ဦးဝင်းသောင်း ကပြောသည်။
Unknown at 4:38 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဇန်န၀ါရီလ ၂၆ ရက်နေ့ သတင်းထုတ်ပြန်ချက်



Unknown at 4:35 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မရေးချင်သော အရေးအသား


လူ့အခွင့်အရေးလှုပ်ရှားသူများက ဆန္ဒပြပွဲများတွင် ကလေးငယ်များအား အသုံးချခြင်းသည် human shield သဖွယ်ဖြစ်၍ ကလေးအခွင့်အရေးနှင့် ငြိ

“မြန်မာဟာ မြန်မာပဲ။ မြန်မာဟာ မြန်မာပြည်မှာ နေရမယ်။ မြန်မာပြည်မှာ သေရမယ်” ဟု ဆိုခဲ့သူ ကုလသမ္မဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း New York မြို့တွင် ကွယ်လွန်

မြန်မာအမျိုးသားများက မြန်မာ အမျိုးသမီးများအား ရိုက်နှက်နေခြင်းအား ကြည့်၍ မြန်မာ ဆိုလျှင် ထိုကဲ့သို့ မလုပ်ကြောင်း မြန်မာတဦးက ပြောဆို

ဒီမိုကရေစီနှင့် လွတ်လပ်ခွင့် လိုလားသူ ဆိုသူ တဦးက လွတ်လွတ်လပ်လပ် ဝတ်ဆင်လာသူ မော်ဒယ်တဦးအား ဆဲဆို ရှုတ်ချ

မြန်မာ့ယဉ်ကျေးမှု အကြောင်းနှင့် ပတ်သတ်၍ မြန်မာအချို့ ဝိဝါဒ ကွဲပြားကြကာ ရုန့်ရင်း ကြမ်းတမ်းစွာ ဆဲဆို

မြန်မာ့ ရိုးရာ ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်လိုသူ တဦးက မြန်မာ့ရိုးရာ နတ်ကိုးကွယ်မှုအား အပြင်းအထန် တိုက်ခိုက်

ကျွန်ပညာရေး စနစ် တက္ကသိုလ်မှ သခင်အောင်ဆန်း၊ သခင် သိန်းဖေ တို့အား မွေးထုတ်

မြန်မာနိုင်ငံလုံးဆိုင်ရာ ဘာဘာညာညာ အသင်း သမ္မဂ္ဂ အား ၃ ဦးသဘောတူ ဖွဲ့စည်း

မယ်တော်မာရီ အပျိုစင် ဘဝမှ နေ၍ ခရစ်တော်အား မွေးဖွားလာသည် ဆိုခြင်းကို အပြင်းအထန် တိုက်ခိုက်ခဲ့သူ တဦးက သုဝဏ္ဏသာမ ဇာတ်တော်တွင် ချက်တော်ကို လက်တော်နှင့် ရစ်ယုံနှင့် ကိုယ်ဝန်ရှိလာသည် ဆိုခြင်းကိုမူ ယုတ္တိနှင့် တိုင်း၍ မရစကောင်းသော Supernatural ကိစ္စရပ်များ ရှိနိုင်သည်ဟု အကြောင်းပြ

မလိမ်ညာရန် ဆုံးမသည့် စကားများတွင် မုသားများ ပါဝင်နေ

သတိ! ဘုရားသခင်မရှိကြောင်း ဘုရားသခင် ကိုယ်တိုင် ရုပ်ဖျက်ပြီး လာပြောခဲ့ရင်တောင်မှ ကိုးကွယ်လိုသူများက လက်ခံကြလိမ့်မည် မဟုတ်။
(ကောင်းကင်ကို)
Unknown at 4:12 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

သံပြိုင်ဂီတ


မျက်လုံးပိတ်
သံပြိုင်ဆဲလည်း
အုပ်စုဆိုတဲ့စကားအရ အများဆန္ဒတော့ ဖြစ်မယ်။

ဒါပေမဲ့…
ရိုင်းစိုင်းကြတာလား
ကိုင်းရှိုင်းကြတာလား
တို့ နိုင်ငံရေးမှာ
ထိလို့မရတဲ့ ဘုရားတွေရယ်
ညှိလို့မရတဲ့ ငဖားတွေရယ် များတယ်။
(ကောင်းကင်ကို)
Unknown at 4:06 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

သက်ဆိုင်သူတွေ ဖတ်စေဖို့.....Management နဲ့ Leadership ရဲ့အဓိကကွာခြားချက်

 Management နဲ့ Leadership ရဲ့အဓိကကွာခြားချက်ကတော့ Management ဟာလေ့ကျင့်ထားတဲ့ ကျွမ်းကျင်မှုနဲ့ သက်ဆိုင်ပြီး Leadership ကတော့ အနုပညာ ဒါမှမဟုတ် အတတ်ပညာနဲ့သက်ဆိုင်ပါတယ်။များသောအားဖြင့် The skill of management and the art of leadership လို့ ပြောလေ့ရှိကြပါတယ်။ Management Skills လို့ပြောတဲ့အခါ လုပ်ငန်းအဖွဲ့အစည်းအတွက် မဟာဗျူဟာ (Strategy) ချမှတ်နိုင်စွမ်းရှိတာ ၊ ၀န်ထမ်းတွေကို စနစ်တကျ စုစည်းပြီး ဖွဲ့စည်းပုံ (structure) ချမှတ်ထားနိုင်တာ၊ ငွေကြေးနဲ့ဘဏ္ဍရေးကိစ္စတွေ၊ နေ့စဉ်လုပ်ငန်းဆောင်တာတွေအပေါ်စနစ် (System) ကျကျ ထိန်းသိမ်းနိုင်စွမ်းရှိတာကိုဆိုလိုပါတယ်။
ဒါပေမယ့်စဉ်ဆက်မပြတ် အရှိန်အဟုန်နဲ့ ပြောင်းလဲနေတဲ့စီးပွားရေးပါတ်ဝန်းကျင်မှာ မန်နေဂျာတွေအဖို့ Management Skill နဲ့တင်မလုံလောက်တော့ပါဘူး။ အနာဂါတ်မှာ ကြုံတွေ့ရမည့် စိန်ခေါ်မှုတွေကို ကျော်လွားနိုင်ဖို့ ၊ အခွင့်အလန်းတွေ ရယူနိုင်ဖို့နဲ့ မိမိအဖွဲ့အစည်းကို အားထည့်ထားဖို့တွက် ခေတ်သစ်မန်နေဂျာတွေဟာအမြင်ကျယ်ပြီး ဥာဏ်ပညာအမျှော်အမြင်ပြည့်စုံဖို့ လိုအပ်လာပါတယ်။ ဒါကြောင့်လုပ်ငန်းတွေအောင်မြင်ဖို့အတွက် Management တခုတည်းသာမက Leadership ပါလိုအပ်လာပါတယ်။ Leadership မှာတော့ ကျိုးကြောင်းဆင်ခြင်မှု ပါရှိပြီး လုပ်ငန်းလုပ်ဆောင်တဲ့အခါ ရည်ရွယ်ချက် (Purpose) ၊ စဉ်ဆက်မပြတ်လှုပ်ရှားနေတဲ့ ဖြစ်စဉ်တွေ (Process) နဲ့ ကျွမ်းကျင်ပြီးစွမ်းရည်ပြည့်တဲ့သူတွေ (People) တို့ကို အဓိကထားပြီး စူးစိုက်ဆုံးဖြတ် လုပ်ဆောင်ပါတယ်။

Mangement နဲ့ Leadership ရဲ့အဓိကကွာခြားချက်သုံးခုကတော့

၁။ Management က Planning နဲ့ strategy ကိုဇောင်းပေးပြီး Leadership က Organization Purpose ကိုဦးစားပေးပါတယ်။

၂။ Management ကလုပ်ငန်းအဖွဲ့အစည်းရဲ့ Formal Structural Design ကိုအာရုံစူးစိုက်ထားပြီး Leadership က Effective Management Process ကိုအာရုံစူးစိုက်ထားပါတယ်။

၃။ Management က၀န်ထမ်းတွေကို ထိန်းချုပ်ကြပ်မတ်ဖို့တာဝန်ယူပြီး Leadership က လုပ်ငန်းမှာရှိတဲ့လူတွေရဲ့ ကျွမ်းကျင်မှူနဲ့ စွမ်းဆောင်ရည်တိုးတက်မှုကို တာဝန်ခံဆောင်ရွက်ပါတယ်။ Management နဲ့ Leadership ကွာခြားမှုရှိပေမယ့် တစ်ခုနဲ့တစ်ခု သီးခြားသတ်မှတ်လို့မရနိုင်သလို တစ်ခုနဲ့တစ်ခု ကင်းကွာလို့ မရနိုင်ပါဘူး။Management ရဲ့မူလလုပ်ဆောင်ချက် လုပ်ငန်းတာဝန်တွေကိုလည်း ပစ်ပယ်လို့မရပါဘူး။ Management နဲ့ Leadership ပေါင်းစပ်နိုင်မှသာ လုပ်ငန်းအောင်မြင်နိုင်ပြီး အဲဒီအောင်မြင်မှူကို ဆက်လက်ထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်။လုပ်ငန်းမှာ ရည်မှန်းချက်နဲ့ အလုပ်အစီအစဉ်တွေသတ်မှတ်ဖို့နဲ့ သတ်မှတ်ထားတဲ့အလုပ်တွေ သတ်မှတ်ထားတဲ့အချိန်အတွင်း သတ်မှတ်ထားတဲ့ဘတ်ဂျက်အတိုင်း ပြီးဖို့ Management ဟာမရှိမဖြစ်လိုအပ်ပါတယ်။ Management ဟာ အလုပ်အစီအစဉ်တွေ Planning ရေးဆွဲသတ်မှတ်ရသလို သတ်မှတ်ချက်တွေနဲ့အညီ ကိုက်ညီမှုရှိမရှိကို Controlling ပြန်လုပ်ရပါတယ်။ Management ဟာလုပ်ငန်းရဲ့ အမြတ်ရရှိနိုင်စွမ်းကို ထိန်းချုပ်လုပ်ဆောင်ရုံသာမက ဘတ်ဂျက်ဘောင်အတွင်း အချိန်ကာလသတ်မှတ်ချက် ဘောင်အတွင်း ပြီးစီးလုပ်ဆောင်နိုင်မှုကိုပါထိန်းချုပ်ရပါတယ်။

လုပ်ငန်းမှာရှိတဲ့ ၀န်ထမ်းတွေ၊ လူတွေကို စနစ်တကျဖွဲ့စည်းဆောင်ရွက်တဲ့အခါမှာ စီမံခန့်ခွဲမှု (Management) သာမက ဦးဆောင်မှု (Leadership) ပါလိုအပ်လာပါတယ်။ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနဲ့ အလုပ်စံတွေသတ်မှတ်ပေးဖို့ တဖက်မှာလိုအပ်သလို တဖက်မှာလည်း ၀န်ထမ်းတွေကို စနစ်တကျဆောင်ရွက်တတ်အောင် ပံ့ပိုးမှု၊ သင်ကြားမှု နဲ့ အားပေးမှုတွေပေးရပါမယ်။ခေတ်သစ်အဖွဲ့အစည်းတွေမှာ ၀န်ထမ်းတွေကိုယ်တိုင်ပါဝင်ပြီး စီမံကိန်းအစီအစဉ် တွေ ရေးဆွဲစေတဲ့ အစီအစဉ်တွေပေးထားပါတယ်။ဝန်ထမ်းတွေဆီကအဖွဲ့အစည်းရဲ့မျှော်မှန်းချက်နဲ့ အဖွဲ့အစည်းပေါ် ၀န်ထမ်းကမျှော်မှန်းနိုင်မှုကိုလည်း ပွင့်ပွင်လင်းလင်း အသိပေး ထားပါတယ်။အမိန့်နဲ့ ထိန်းချုပ်မှုဟာ နေ့စဉ်လုပ်ငန်းလုပ်ဆောင်မှုအတွက် လိုအပ်ပြီးရေရှည်မှာတော့ ၀န်ထမ်းတွေမှာ ကောင်မွန်တဲ့ အလေ့အထနဲ့ အပြုအမူတွေရှိလာအောင် လေ့ကျင့်ပေးဖို့ လိုအပ်ပါတယ်။သင်ယူလိုစိတ်၊ ပူးပေါင်းဆောင် ရွက်လိုစိတ်တွေ ရှိလာ အောင်နဲ့ ၀န်ထမ်းတွေတိုးတက်အောင်ဆောင်ရွက်ပေးရပါမယ်။

လုပ်ငန်းတွေမှာ Management နဲ့ Leadership နှစ်မျိုးစလုံးပြည့်စုံတဲ့ ဦးဆောင်မှုမျိုးလိုအပ်ပါတယ်။ ရိုးသားမှုနဲ့ သမာဓိရှိတဲ့ ၊ ပိုင်ပိုင်နိုင်နိုင်ဆုံးဖြတ်မှုနဲ့ လုပ်ရဲကိုင်ရဲရှိတဲ့ ၊ပူးပေါင်းမှုနဲ့ ညှိုနှိုင်းဆောင်ရွက်နိုင်စွမ်းရှိတဲ့ ၊လိုက်လျှောညီထွေဖြစ်ပြီး အလိုက် သင့်ပြုပြင်နိုင်စွမ်းရှိတဲ့ အရည်အချင်းတွေအပြင် ဥာဏ်ရည်မြင့်တဲ့ ၊အင်အားရှိတဲ့ ၊ ဇွဲရှိတဲ့ ၊အမြော်အမြင်ရှိတဲ့ ခေါင်းဆောင်ကောင်းတွေ အဖွဲ့အစည်းမှာ စံနမူနာယူစရာအဖြစ် ရှိနေဖို့ လိုအပ်ပါတယ်။

တကယ်တော့ Management နဲ့ Leadership ရဲ့ ကွာခြားမှုကို သတ်မှတ်လို့မရနိုင်ပါဘူး။ Management ပဲရှိပြီး Leadership မရှိရင်မပြည့်စုံသလို Leadership ပဲရှိပြီး Management မရှိရင်လည်း မပြည့်စုံပါဘူး။အားကောင်းတဲ့ Management သာရှိပြီး Leadership ကောင်းကောင်းမရှိတဲ့ အဖွဲ့အစည်းမှာ အမိန့်ညွန်ကြားချက်တွေများပြီး အမိန့်ညွန်ကြားချက်အတိုင်း အလုပ်ပြီးရုံ သာလုပ်တဲ့ သဘောမျိုးရှိလာနိုင်ပါတယ်။ဒီလိုအဖွဲ့အစည်းမျိုးကို Bureaucratic အဖွဲ့အစည်းမျိုးအဖြစ် သတ်မှတ်လေ့ရှိပါတယ်။ အားကောင်းတဲ့ Leadership သာရှိပြီး Management ကောင်းကောင်းမရှိတဲ့ အဖွဲ့အစည်းတွေမှာတော့ Leadership ကိုကိုးကွယ်မှု ရှိလာနိုင်ပါတယ်။ဒါကြောင့်လုပ်ငန်းအဖွဲ့အစည်းတွေမှာ စနစ်တကျစီမံခန့်ခွဲနိုင်စွမ်း (Management) နဲ့ ဦးဆောင်နိုင်စွမ်း (Leadership) နှစ်မျိုးစလုံးရှိဖို့ လိုအပ်ပါတယ်။

ဘကြီးသက်
Unknown at 2:57 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

သင့် သွင်ပြင်က ညွှန်းဆိုနေ သော သင့်ကျန်းမာရေး


သင့်ရဲ့ဆွဲဆောင်မှုရှိတဲ့ဟန်ပန် ငယ်ရွယ်နုပျိုတဲ့အသွင်ဟာ သင့်ကျန်းမားရေးကောင်းနေတယ်ဆို တာကို ညွှန်ပြနေပါတယ်။ အသက်အရွယ်အိုမင်းလာမှု အပေါ် အပြစ်တင်မိတာတွေ မျက်နှာပေါ်ကရေးအကြောင်းတွေ လက်သည်းခြေသည်းပျက်စီးဒါတွေ၊ ဆံပင်ကျွှတ်တာတွေကြောင့် စိတ်ဖိစီး မှုတွေ ဖြစ်ကောင်းဖြစ် လာနိုင်ပါတယ်။ တကယ်တော့ အဲဒီအပြစ်အနာအဆာတွေဟာ ပုန်းကွယ်နေတဲ့ကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်ပါတယ်။
အဲဒါတွေကို သတိမမူမိဘဲ ထားလိုက်ရင် မလိုလားအပ်တဲ့ကျန်းမာရေးပြဿနာတွေနဲ့ ရင်ဆိုင်ရမှာ အသေအချာပါပဲ။
အရေးအကြောင်းများ
အသက်အရွယ်ရလာရင် အရေးအကြောင်းတွေပေါ်ပေါက်လာတတ်တာ မှန်ပေမယ့်၊ ဒါဟာအရိုးပွရောဂါရဲ့ လက္ခဏာလည်းဖြစ်နေနိုင်ပါတယ်။ အရေးအကြောင်းတွေနဲ့ စောစီးစွာသွေးဆုံးတဲ့ အမျိုးသမီးတွေရဲ့ အရိုးကျန်းမာရေးဆက်စပ်နေတယ်ဆိုတာက သုတေသနအသစ်တစ်ခုက အံ့သြဘွယ်ဖော်ထုတ်နိုင်ခဲ့ပါတယ်။ အရေးအကြောင်းပိုများလေလေ အရိုးသိပ်သည်းဆ နည်းပါးမှု အန္တရာယ်ပိုများလေလေ။ အရေးအကြောင်းဖြစ်ပေါ် ရတဲ့အကြောင်းအရင်းဟာ အသက်အရွယ်ကြောင့်ဆိုပေမဲ့ ဆေးလိပ်သောက်လွန်တာနဲ့ နေရောင်ခြည်ဒဏ်ခံလွန်းရင်လည်း အရေးအကြောင်း တွန့်ခြင်းကို ပိုမိုဖြစ်လွယ်စေပါတယ်။
ခြေထောက်ရောင်ခြင်း
ခြေထောက်ရောင်ခြင်းဟာ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ အဆစ်လွဲခြင်း၊ ပင်ပန်းမှုဒဏ်၊ ဒဏ်ရာအနာတရ၊ ပိုးဝင်ခြင်း စတာတွေကြောင့်ဖြစ် နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်၊ အ၀လွန်ခြင်းနှင့် အခြားကျန်းမာရေးအခြေအနေတွေမှာ ခြေဖျားလက်ဖျားတွေမှာ အရည်ကိုထိန်းချုပ် ထားတဲ့ ဖြစ်စဉ်ဖြစ်ပေါ်လာပြီး ခြေထောက်ရောင်ရမ်းနိုင်ပါတယ်။
ခြေသည်းလက်သည်းတွေပုံစံမမှန်ခြင်း
ခြေသည်းလက်သည်းတွေ ချိုင့်ဝင်နေခြင်း၊ ရွဲ့စောင်းနေခြင်း၊ ၀ါညိုရောင်သန်းနေခြင်း၊ ဒါမဟုတ် ခြေသည်းလက်သည်းတွေပုံမှန်မဟုတ်ပဲ ထူထဲနေခြင်း၊ လက်သဲခွံဟခြင်းတို့ဟာ ကျန်းမာရေးပြဿနာအများအပြားကို ညွှန်ပြနေပါတယ်။
မျက်နှာနီရဲခြင်း
ရှက်စရာကိစ္စတခုမှမရှိဘဲ သင့်မျက်နှာဟာ နီရဲနေတာမျိုးဖြစ်ဘူးပါသလား။ မျက်နှာတခုလုံးနီရဲပြီး စပ်လာတာမျိုးဟာ နာတာရှည်အရေပြားဝေဒနာ တစ်မျိုးရဲ့လက္ခဏာဖြစ်ပါတယ်။ ဘာကြောင့်ဖြစ်တယ်ဆိုတာ အတိအကျ မည်သူမျှမသိပေမဲ့ အဲဒီလိုဝေဒနာရှိတဲ့သူတွေရဲ့မျက်နှာဟာ နီရဲနေတတ် ပါတယ်။ ဖြစ်နိုင်တာကတော့ မျက်နှာအောက်မှာ ရှိတဲ့သွေးကြောတွေကြီးထွားတာကြောင့်လို့ သုတေသနပညာရှင်တွေက ဆိုပါတယ်။
အရေပြားအပေါ်က အနက်ရောင်အကွက်များ
လည်ပင်းနောက်ဖက်က အနက်ရောင်အကွင်းတွေဟာ တစ်ကိုယ်ရေသန့်ရှင်းရေးအားနည်းမှုကို ညွှန်းဆိုနေသလိုပါပဲ၊ ဒါပေမဲ့အမှန်ကတော့ Acanthosis Nigricans အခြေအနေကြောင့်ဖြစ်ပါတယ်။ အဲဒီအနေအထားရောက်ရင် အရေပြားဟာ ထူထဲသွား၊မည်းသွားပြီး ခန္ဓာကိုယ်အတွန့်ကြောင်း တစ်လျှောက်မှာ ရှိတတ်ပါတယ်။ ဒီအနေအထားဘာကြောင့်ဖြစ်ရသလဲ ဆိုရင် သွေးချိုဆီးချိုဝေဒနာရှင်တွေ၊ အ၀လွန်သူတွေနဲ့ တခြားကင်ဆာဝေဒနာ ရှင်တွေမှာ အဲဒီလို အနက်ရောင်းအကွက်တွေ ဖြစ်ပေါ်တတ်ပါတယ်။
ဆံပင်ကျွှတ်ခြင်း
ဆံပင်ကျွှတ်ခြင်းဟာ ကိုယ်ဝန်ဆောင်နေချိန်၊ စိတ်ဖိစီးမှုရောဂါတစ်ခုခု၊ ဆေးဝါးကုသမှုတစ်ခုခုနှင့် ဟောမုန်းပြောင်းလဲမှုတွေကြောင့် ဖြစ်နိုင်ပါတယ်။
အထူးသဖြင့်အမျိုးသမီးတွေမှာ ဆံပင်ခြောက်သွေ့ခြင်း၊ ပါးခြင်းတို့ဟာ သိုင်းရွိုက်လုပ်ငန်း ပုံမှန်မဟုတ်ခြင်းကြောင့်ဖြစ်ပါတယ်။ ကိုယ့်ဆီမှာ
သိုင်းရွိုက်ဟော်မုန်းပုံမှန်ရှိ မရှိကို သွေးစစ်ဆေးခြင်းဖြင့် သိနိုင်ပါတယ်။
နုတ်ခမ်းကွဲခြင်း
သင့်နုတ်ခမ်းဟာ သင့်ကျန်းမာရေးနဲ့ပတ်သက်ပြီး အများကြီးပြောပြနိုင်ပါတယ်။ နုတ်ခမ်းကွဲခြင်းနဲ့ ခြောက်သွေ့ခြင်းဟာ ဆေးကုသမှုကိုတုန့်ပြန်ခြင်းတစ်မျိုးလည်းဖြစ်ပါတယ်။ ဒါမဟုတ် ဓာတ်မတည့်ခြင်း၊ ပိုးဝင်ခြင်းနှင့် တခြားအခြေအနေတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ နုတ်ခမ်းထောင့်နားမှာ
ကွဲအက်တာမျိုးကတော့ ကိုယ်ခံစွမ်းအားစနစ် ချို့တဲ့မှုရဲ့ လက္ခဏာတခုဖြစ်ပါတယ်။
မှဲ့
တချို့မှဲ့တွေက သိပ်ပြဿနာမရှိပေမယ့် တချို့မှဲ့တွေကတော့ အရေပြားကင်ဆာရဲ့ရောဂါ လက္ခဏာဖြစ်နေတတ်ပါတယ်။ မှဲ့ရဲ့ကြီးထွားနှုန်းကိုကြည့်မယ်ဆိုရင် အချိုးမညီတာ၊ အရောင်ကွဲပြားပြီး အနားသတ်မညီိတာ၊မှဲ့ရဲ့အချင်းဟာ ၆ မီလီမီတာ( တစ်လက်မ၏ လေးပုံတစ်ပုံခန့်) ရှိတာစ တဲ့ ပြောင်းလဲမှုတွေဆိုရင် သတိထားသင့်ပါတယ်။
မျက်စိဝါခြင်း
ခန္ဓာကိုယ်ရဲ့ ပြတင်းပေါက်လို့တင်စားကြတဲ့ မျက်လုံးဟာလည်း သင့်ကျန်းမာရေးအနေအထားကို ဖော်ပြနိုင်ပါတယ်။ သင့်မျက်လုံးဟာ မူလအဖြူရောင် ကနေ အ၀ါရောင်းကိုပြောင်းလဲသွားခဲ့မယ်ဆိုရင် ဒါဟာသံသယရှိဘွယ်အခြေအနေဆိုတာ မေ့မထားသင့်ပါဘူး။ အရွယ်ရောက်ပြီးတဲ့သူတွေမှာဆိုရင် ဒါဟာ အသည်းဝေဒနာလက္ခဏာ ဖြစ်ပါတယ်။
Unknown at 2:22 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မန္တလေးတွင်ကျင်းပမည့်ရန်ပုံငွေ ပန်းချီပြပွဲသို့ဒေါ်အောင်ဆန်းစု ကြည် တက်ရောက်မည်

— အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရန်ပုံငွေအဖြစ် “ပွင့်သစ်လွင်ပြင်” အမည်ရှိပန်းချီပြပွဲကို လာမည့်ဖေဖော်ဝါရီလ ဆန်းတွင် မန္တလေးမြို့၌ ကျင်းပရန်စီစဉ်ထားရာ ဖွင့်ပွဲအခန်းအနားသို့ အမျိုးသားဒီမိုကရေစီိအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မည်ဖြစ်ကြောင်း၊ ပန်းချီပြပွဲဖြစ်မြောက်ရေးကော်မတီမှ သိရသည်။
အဆိုပါ ပန်းချီပြပွဲကို ဖေဖော်ဝါရီ ၄ ရက်မှ ၇ ရက်နေ့အထိ ၊ မန္တလေးမြို့ ၈၄ လမ်းနဲ့ ၃၁ လမ်းထောင့်ရှိ ဓမ္မသာလာခန်းမတွင်ပြုလုပ်မည်ဖြစ်ရာ မန္တလေးမြို့မှ ပန်းချီဆရာအယောက် ၃၀ ၏ ပန်းချီကား ၉၀ ၀န်းကျင်နှင့် ရန်ကုန်မြို့မှ ပန်းချီဆရာများ၏ပန်းချီကားများအပါအ၀င် ရေဆေး၊ ဆီဆေး၊ အခရိုင်းလစ် စုစုပေါင်းကား ၁၀၀ ကျော်ပါဝင်ပြသ ရောင်းချမည်ဟု ကော်မတီဥက္ကဌ ဆရာကျော်မိုးသာက ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မန္တလေးတိုင်းဒေသကြီး၏ ပထမအကြိမ်ကာတွန်းပြပွဲကိုလည်း၊ ဇန်န၀ါရီ ၂၁ ရက်ကနေ၊ ၂၂ ရက်အထိ ပဒုမ္မာခန်းမတွင် ကျင်းပခဲ့ရာ ကားတွန်းပုံများပါဝင်သောအခွေတချပ်လျှင် ကျပ် ၅၀၀ ဖြင့်ရောင်းချပေးပြီး လာရောက်ကြည့်ရှု့သူများဖြင့် အထူးစည်ကားခဲ့ကြောင်းသိရသည်။
Unknown at 2:22 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဘုရားမီး ပူဇော်ရာမှတစ်ဆင့် ဖြစ်ပွားခဲ့သည့်စမ်းချောင်းမြို့နယ် မင်္ဂလာလမ်း မီးလောင်မှု


ယနေ့နံနက် ၆နာရီ၊ ၁၀မိနစ်က ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် မင်္ဂလာလမ်းရှိ တိုက်အမှတ် ၄၄၊ ၆လွှာ ၀ဲဘက် အခြမ်းအခန်းမှာ ဘုရားမီးပူဇော်ရာမှတစ်ဆင့် မီးလောင်ကျွမ်းမှု တစ်ခုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ မီးလောင် ကျွမ်းမှုမှာ နံနက် ၆နာရီ ၁၀မိနစ်က စတင်လောင်ကျွမ်းခဲ့တာ ဖြစ်ပြီး နံနက် ၆နာရီ ၄၂မိနစ်မှာ မီးငြိမ်းသွား ခဲ့ပါတယ်။ မီးလောင်မှုဖြစ်ပွားစဉ်အတွင်း နေအိမ်မှာ ကလေးငယ်များသာ ကျန်ရှိခဲ့တဲ့ အချိန်ဖြစ်ပါတယ်။
အဆိုပါ မီးလောင်ကျွမ်းမှုမှာ အထပ်မြင့် အဆောက်အဦအခန်းက မီးလောင်ကျွမ်းမှုဖြစ်တာကြောင့် လှေကားတင်ယာဉ်နဲ့ မီးငြှိမ်းသတ်ခဲ့ ရတယ်လို့ သိရပါတယ်။ အဲ့ဒီလို လှေကားတင်ယာဉ် နဲ့မီးငြှိမ်း သတ်ရာမှာ လမ်းအတွင်းရှိ ဓာတ်တိုင်တွေမှ သွယ်တန်းထား တဲ့ ကေဘယ်ကြိုးများ ရှုပ်ထွေးမှု ရှိနေတာကြောင့် နှောင့်နှေး ကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့တယ်လို့ မီးသတ်ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။
အဲ့ဒီလို ဘုရားမီး ပူဇော်ရာမှတစ်ဆင့် ဖြစ်ပွားခဲ့တဲ့ မီးလောင် ကျွမ်းမှုမှာ ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၁၆သိန်းဖိုး ရှိတယ်လို့ သတင်းရရှိပါတယ်။ အဲ့ဒီ မီးလောင်ကျွမ်းမှုကို စမ်းချောင်း၊ အလုံ၊ ကြည့်မြင့်တိုင်၊ လှိုင်၊ ကျောက်တံတားမြို့နယ် မီးသတ်ဌာနများမှ မီးသတ်ယာဉ် ၁၀စီး၊ လှေကားတင် ယာဉ်တစ်စီး၊ အုပ်ချုပ်ရေး မှူးယာဉ် ၃စီးတို့ မီးငြှိမ်းသတ်ခဲ့ကြတယ်လို့ သိရပါတယ်။
Unknown at 2:21 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အသုံးပြု သူများအား ဝက်ဆိုက်များ မှတစ်ဆင့် Google တို့ ခြေရာခံမည်


Google နှင့် ဆက်နွယ်သည့် ဝက်ဆိုက်များကို သုံးစွဲသူများ အတွက် သတိထား ရမည့် အချက် တစ်ခု ထွက်ပေါ် လာခဲ့ပြီ ဖြစ်သည်။ လာမည့် မတ်လမှ စတင်ကာ Google ကုမ္ပဏီမှ လည်ပတ် ထားသည့် ဝက်ဆိုက် အားလုံးနီးပါးကို ဝင်ရောက် ကြည့်ရှု့သူများကို ခြေရာကောက် စုံစမ်းတော့မည် ဖြစ်ကြောင်း အင်္ဂါနေ့က ကြေငြာ လိုက်ကာ You Tube , G mail  နှင့်အခြား လူသုံး များသော ဆိုက်များ အားလုံးတို့တွင် ဝင်ရောက် သူများ အနေဖြင့်Google တို့၏ နောက်ကွယ်မှ စောင့်ကြည့်မှု များကို ရင်ဆိုင်ရ တော့မည် ဖြစ်သည်။

ဥပမာ အနေဖြင့် Google ၏ ဝန်ဆောင်မှု တစ်ခုခုတွင် မှတ်ပုံတင် ထားသူများ အနေဖြင့် ယင်းအစီအစဉ် တစ်ခုသို့ ဝင်ပြီး နောက်ပိုင်းတွင် မိမိသဘောဖြင့် ထွက်သွား သော်လည်း Google မှာဆက်လက်ပြီး ၎င်း၏ အွန်လိုင်း အတွင်း လုပ်ဆောင်ချက် သမိုင်းကြောင်းကို ဆက်လက် စောင့်ကြည့် နေမည် ဖြစ်သည်။ ထို့အပြင် ယင်းသို့ ပြုလုပ်ပြီးနောက် အဆိုပါ သုံးစွဲသူ ကြိုက်နှစ်သက် နိုင်သည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး ကြော်ငြာများ ပြသပေး သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
Unknown at 2:12 PM 1 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာမလေးများနှင့် ယမကာ ယဉ်ကျေးမှု


ဒီနေ့ ကျွန်တော် တစ်ယောက်ထဲ အားအား၇ှိတာနဲ့  East Point Ocean ဘက်ရောက်တော့ အထဲဝင်ပြီး window shopping လေးလုပ်၊ ပြီးတော့ အောက်ထပ်က မှန့် ဆိုင်မှာ ဂျာနယ်လေးဖတ် ၊မုန့် လေးစား နဲ့  တစ်ယောက်ထဲ အေးအေးဆေးဆေးနေနေတုန်း "အကို "ဆိုတဲ့ ခေါ်သံကြားလို့ ခေါင်းထောင်ကြည့်မိတော့ကျောင်းတုန်းက သူငယ်ချင်း မလေးတစ်ယောက်ဖြစ်နေတယ်။ သူငယ်ချင်းသာဆိုပေမဲ့  ကျွန်တော်ကသူတို့ ထက် ၂ နှစ်လောက်ကြီးတော့ အကိုလို့ ပဲခေါ်ကြတာပေါ့၊ မောင်နှမတွေလိုပါပဲ ။ အဲ့ ဒါနဲ့  ကျွန်တော်လဲ အေးဘာလဲညာလဲ နဲ့ နှုတ်ဆက်ပြီး စကားပြောတော့ အဲ့ ဒိ မမက ဘာမပြောညာမပြောနဲ့  ကျွန်တော့်ဘေးနား ဘုန်းခနဲ့ ပစ်ထိုင်လိုက်ပြီး ကျွန်တော့် ပုခုံးပေါ် သူ့ ခေါင်းကို ပစ်စလတ်ခတ်ကိုမှီထဲ့ လိုက်လေရဲ့ ။အစကတော့ ကျွန်တော် လဲကြောင်သွားတယ် ။ ဟုတ်တယ်လေဗျာ ကျွန်တော်က သူ့ ရည်းစားလဲ မဟုတ် ၊ မောင်နှမလိုခင်တယ်ဆိုပေမဲ့  သူ့ အကိုလဲမဟုတ်ဘူး။ဒါနဲ့  ကျွန်တော်ကြာကြာ မအံ့သြ လိုက်ရပါဘူး သူ့ ဆီကအနံ့ စူးစူးတစ်ချက်ရလိုက်တော့ ကျွန်တော်ကောင်းကောင်းသဘောပေါက်သွားတယ် ။အရက်နံ့ လေ ။
အရက်နံ့ ပေါ့ ။
အကျင့်စုံ ၊ စရိုက်စုံနဲ့  လူတော်တော်များများပေါင်းဘူးတဲ့ ကျွန်တော့်အတွက်ကတော့ ဒါမျိုးကရိုးနေပါပြီ ။စိတ်လဲပျက်မိပါရဲ့  ။

ကျွန်တော့် အပေါင်းအသင်းကိုမပြောနဲ့ ဦး ၊ကျွန်တော်နဲ့  မဆိုင်တဲ့  တခြားမြန်မာမိန်းကလေးတစ်ယောက်ကိုတောင် ကျွန်တော်ဒီလိုမျိုးမမြင်ချင်ဘူးလေ။ဒါနဲ့ဘာလို့သောက်လာတာလဲလို့မေးကြည့်ရသေးတယ်။(သိတယ်မှတ်လားအခုခေတ်မြန်မာမိန်းကလေးတော်တော်များများ က စတိုင်လားဘာလားတော့မသိဘူး အသဲကွဲတာတို့ ဘာတို့ ဆို သောက်တတ်နေတော့)။မေးကြည့်တော့ လဲ ဘားမှ ရေရေ ရာရာ မရှိဘူး

"သူငယ်ချင်းတွေလာခေါ်လို့ တဲ့  ဒီကိုလဲအကြောင်း၇ှိလို့ တစ်ယောက်ထဲထွက်လာတာတဲ့ ၊ အခု အကိုနဲ့ တွေ့ တာ အတော်ပဲတဲ့  မပြန်နိုင်တော့ဘူး လိုက်ပို့ ပါ တဲ့ " ။ ပွင့်ခဲ့  ပြီးသော ဘုရားအဆူဆူသာ ကျွန်တော်တမိပါရဲ့ ဗျာ ။ဒီလို ငမူးက ဘယ်လိုတစ်ယောက်ထဲထွက်လာခဲ့ လဲ ကျွန်တော်စဉ်းစားမိတယ် ။ တော်သေးတာပေါ့ ဘားမှမဖြစ်လို့  ဆိုတဲ့ နှမချင်းစာနာတဲ့ စိတ်လေးနဲ့ တွေးမိသေးတယ် ။

ဒါပေမဲ့  သိပ်တော့ကြည့်မရ ။နောက်အဲ့ဒိ မမ နဲ့ ချိန်းထားတဲ့  သူတွေရောက်လာတော့ ကျွန်တော်ဒုတိယအကြိမ် ဘုရားတမိတယ် ။

လားလား ယောကျာ်း မှ ယောကျာ်းတွေးကြီးပဲ ။ ဒါနဲ့ ကျွန်တော်လဲ အဲ့ လူတွေကိုမေးကြည့်တော့ မေးခွန်းစာရွက်ဆိုလာဘာဆိုလား လာပေးတာတဲ့ ။ထားပါ ဒါက ။ ကျွန်တော်တွေးမိတယ် ဒီနေ့ သာကျွန်တော် ဒီနေရာကိုမရောက်ခဲ့ရင်ဒီမိန်းကလေး ဘယ်လိုစခန်း သွားမလဲမသိ။နောက်တစ်ခု ကျွန်တော်သာ အကျင့်ပျက် တဏှာရူး ကောင်ဆို ဘယ်လိုလုပ် မလဲ ။ နောက်တော့ ကျွန်တော်ပဲ သူ့ ကိုတွဲပြီး ကားဌား ၊ သူပြောတဲ့  ဘီယာဆိုင် ကို ကိုယ်တိုင်လိုက်ပို့  လိုက်တယ် ။ ဟိုရောက်တော့ မြင်ရတဲ့  မြင်ကွင်းက မလှ ။ သူ့ သူငယ်ချင်း ဆိုသော(ကျွန်တော်သိသူများပါ ပါ၏) တခြားမိန်းကလေးများကို ပါ မူးမူးရူးရူး တွေ့ ရ၏ ။ သူတို့ ချည်းပဲ လားဆိုတော့ မဟုတ်။ ယောကျာ်းလေးနှစ်ယောက် သုံးယေ.ာက် လောက်ကိုပါတွေ့ ရ၏ ။

ကျွန်တော်လဲ ထိုမိန်းကလေးကို ပို့ ပြီး ထို နေရာမှအမြန်ဆုံးပြန်ထွက် လာခဲ့ မိသည် ။အပြန်လမ်းမှာ ကျွန်တော်အတွေးများခဲ့ ၏ ။ ဒီလိုမူးရူးနေတဲ့  မိန်းကလေးတွေ ကို ကျွန်တော် နေရာတော်တော်များများ မှာမြင်ဘူးသည်။ ရှိုးပွဲတွေ ၊ ပါတီတွေ ၊ ဘီယာဆိုင်တွေ ၊ တစ်တလေ အခါကြီးရက်ကြီးများမှာပင် ပန်းခြံ ၊ကန်တော်ကြီး၊ တိရိစ္ဆာန်ရုံ ကဲ့ သို့ သော လူအများရှိသောနေရာတွင် မြင်ဘူးတွေ့ ဘူးသေးသည်။ ကျွန်တော်ငယ်ငယ်က ကျွန်တော်တို့  နိုင်ငံမှာ မိန်းမတစ်ယောက် မူးနေ တယ်ဟေ့  ဆိုတာနဲ့  တအံ့ တသြ ကိုပြေးကြည့်ခဲ့ ဘူး၏ ။ အခုတော့ ထို မြင်ကွင်းက မဆန်းသလိုပင် မြင်သူများက ပင် လျှစ်လျှူရှူ့  နေရတဲ့ အနေအထားရောက်နေကြပြီ ။

ဒီလိုတွေဖြစ်နေရတာ ဘာကြောင့်လဲ ဆိုတာ ကျွန်တော်စဉ်းစားမိသလောက်ကို ပြောပြချင်တယ် ။
(၁)အရက်၊ဘီယာ ကို လွယ်လွယ်ဝယ်ယူရနေခြင်း
(၂)နိုင်ငံခြား ရုပ်သံမှ အတုခိုးမှားခြင်း
(၃)မိဘ ပြည်သူများက လျှစ်လျှူ ရှူ့  လွန်းခြင်း
(၄)နိုင်ငံအစိုးရက အရက်၊ ဘီယာများကို အခွန်မတင်းကျပ် ခြင်း
(၅)မိန်းကလေးများ မှ ယောကျာ်းလေးများ ကို ခွာယာတိုင်းခြင်း တို့ ကြောင့်ဖြစ်နိုင်ခြေရှိပါတယ်။

အထက်ပါကျွန်တော်ပြောခဲ့ သလို ပဲ အရက်၊ဘီယာကို လွယ်လွယ်ဝယ်ယူရနေခြင်းဆိုတဲ့ အချက်က ကျွန်တော်တို့ နိုင်ငံရဲ့  စည်းမဲ့ ကမ်းမဲ့  ပြယုဒ်တစ်ခုပါ ။ နိုင်ငံ တကာမှာ အသက် ၁၈ နှစ်မပြည့် သေးသူ မည်သူ့ ကိုမှ အရက် ဘီယာ ဆေးလိပ် မရောင်းရဆို တဲ့  စည်းကမ်းကိုတစ်နိုင်ငံလုံး တစ်တိုင်းပြည် သူ တပြည်သားလုံး လေးလေးစားစား လိုက်နာကြပါတယ် ။ ကလေးတွေက လာဝယ်ရင်တောင် ဆိုင်ရှင်းကဟောက်လွှတ် ၊ ဆူလွှတ်လေ့ရှိပါတယ် ။ငါ့စီးပွားရေး ပိုကောင်းတယ်ဆိုပြီး ဘယ်သူက မှလက်သိပ်ထိုးမရောင်းပါဘူး ။အရက်ရောင်းနေတဲ့သူတောင် စည်းကမ်း မမဲ့  ပါဘူး ။ အတုယူသင့်ပါတယ် ။ အရက် ၀ယ်ဖို့ ဆိုရင်တောင် လူ ကို အကဲခတ်သေးတာပါ ။ အရက်ဆိုင်ထဲ ၀င်ရင် လဲ အသက်ပြည့်မပြည့် အကဲ ခတ်သေးတာပါ ။ပြောမရဆိုမရ အသက်မပြည့်သူတွေ ဆိုင်ထဲရောက်နေပြီဆိုရင် ပိုင်၇ှင်ကိုယ်တိုင်က ရဲတိုင်းလေ့ ရှိပါတယ် ။

ကဲ ကျွန်တော်တို့ နိုင်ငံ ရော ဘယ်လိုလဲ အသက်မပြည်သူတွေ ဘီယာဆိုင်မှာ ၊ နိုက်ကလပ်မှာ ၊ ပါတီတွေမှာ ခွက်ကိုင်နေတာ ရှိုးပွဲတွေမှာ ခွက်ကိုင်နေတာ လူတိုင်းမြင် လူတိုင်းလျှစ်လျှူ ရှု့ နေကြတာပဲ ။ရောင်းတဲ့  သူတွေကလဲ ရောင်းတာပဲ ။အင်မတန် ရှက်ဖို့ ကောင်းတယ်နော် ။ရှက်တတ်ရင်ပြောပါတယ် ။ နောက်တစ်ချက်ဖြစ်တဲ့  နိုင်ငံခြားရုပ်သံတွေကနေအတုခိုးမှားတာကတော့ ဘယ်သူမပြုမိမိမှု့ ပါပဲ ။မိန်းကလေးတွေ ကိုယ့်ကိုကိုယ်အမျိုးကောင်းသမီးလို့ ခံယူရင် အရက်ကို သောက်ဖို့ မပြောနဲ့  အရက်ဆိုင်ရှေ့ ကလျှောက်ရမှာတောင်ရှက်ကြပါတယ် ။ နိုင်ငံခြားကားမှာ၊ကိုရီးယားကားမှာ မင်းသမီးတွေ အသဲကွဲလို့ အရက်သောက်တာ သူတို့ နိုင်ငံမှာပဲ ကောင်းတယ် ။သူတို့ နိုင်ငံ ရဲ့  ရာသီဥတု အရ ၊ ဓလေ့ အရ သူ တို့ လူမျိုးချင်အမြင်မှာ မရိုင်းဘူး ။အဲ့ မိန်းကလေးကို တန်ဖိုးမရှိဘူးလို့ မမြင်ဘူး ။ ဒီနိုင်ငံမှာ အသဲကွဲလို့ အရက်မူးပြနေရင်တော့
ဒီနိုင်ငံရဲ့ ယဉ်ကျေးမှု့ အ၇ ၊ ဒီနိုင်ငံရဲ့  အဓိက ကိုးကွယ်မှု့ ဘာသာတရားအရ ၊ဒီနိုင်ငံရဲ့  ဓလေ့ အရ အင်မတန် အဆင့်အတန်း နိမ့် ပါးသော မိန်းမပျက် စာရင်းဝင်းသွားကြတာ သူတို့ မသိကြလေရော့ သလား။ ရှက်တတ်ရင်တော့ရှက်ဖို့ ကောင်းတယ်နော် ။

အခုခေတ်က လူကြီးမိဘတွေ အလွန်လျှစ်လျှူ ရှု့ လွန်းတယ်လို့ ကျွန်တော်မြင်တယ် ။ ငါတို့ ကဘာလို့ အမုန်းခံရမှာလဲ ၊ ကိုယ့်ထမင်းကိုယ်စားပြီးအရိုင်းခံ ရမှာလား လို့  ပြောကောင်းပြောပါလိမ့် မယ် ။ဒါဆို ကျွန်တော် တစ်ခုပဲမေးမယ် ။အဲ့ နေရာမှာ လူကြီးမင်းတို့ ရဲ့ သားသမီးတွေဆိုရင်ရော ဘယ်လိုလဲ ။ တခြားနိုင်ငံတွေက လူကြီးမိဘတွေကရော သူတို့ ရှေ့ မှ လူငယ်တွေ လမ်းမှားနေရင် ဘာကြောင့် အမုန်းခံလဲ ။ ဘာကြောင့် အရိုင်းခံပြီးပြောလဲ ။ ရှင်းတယ် သူတို့ နိုင်ငံကိုသူတို့ ချစ်တယ် ဒါကြောင့် နိုင်ငံအတွက် အနာဂါတ် မျိုးဆက်သစ်တွေကို ပျက်ဆီးမခံဘူး ။ ကိုရီးယား အရက်ဘယ်လောက်သောက်လို့ ရတဲ့  နိုင်ငံ ဖြစ်ဖြစ် ၁၈ နှစ်မပြည်တဲ့  ဘယ်ကလေးမှ သောက်ခွင့် မပြုဘူး ။ မိဘပြည်သူက တွေ့ ရင် တွေ့ တဲ့ နေရာမှာဆုံးမတယ် ပြောမရရင် ရဲတိုင်တယ် ရဲတွေကလဲ ဒါလောက်ကို အလုပ်ရှုပ်အောင်လာလုပ် တယ်လို့  မပြောဘူး ချက်ချင်း လာဖမ်းတယ် အရေးယူတယ် ။
ကျွန်တော် တစ်ခြားတိုင်းပြည်ကို အထင်ကြီးလို့ ပြောနေတာမဟုတ်ဘူး ။ ကိုယ့်နိုင်ငံက လူကြီးတွေကိုလဲ ဖြစ်စေခြင်လို့ ပြောပြတာ ။
မှားသွားရင် ကန်တော့တယ် ။နိုင်ငံကြီးသားပီသ ကြပါဆို့ ပေါ့ဗျာ။

နောက်တစ်ခုကတော့ ကျွှန်တော်တို့ နိုင်ငံမှာ အရက်တွေ အင်မတန်ဈေးပေါ်တယ် ၊ စာအုပ်တွေ အင်မတန် ဈေးကြီးတယ်။ ဘီယာ တစ်လုံး တစ်ထောင်ကျော်ပဲ၇ှိတယ် ၊ စာအုပ်တစ်အုပ် နှစ်ထောင်နားကပ်တယ် ။ အရက် တစ်ပါတ်ကို ၁၀၀ ၊ ၂၀၀ နဲ့ ရတယ် ။ တရားစာအုပ် အနည်းဆုံး ၄ရာကျော်တယ် ။အဲ့ ဒါပဲ ။ ဒီနိုင်ငံမှာ ဒါတွေကို မပေါ်စေချင်ရင် အစိုးးရက အခွန်း တင်းကျပ်လိုက် ။
အရက်တွေဈေး ကြီးသွားလိမ့် မယ် ၊ ဘီယာတွေဈေးကြီးသွားလိမ့် မယ် ။အဲ့ အခါကြရင် ဒီလိုလူငယ်တွေက မုန့် ဖိုးလောက်ရတာ ဘယ်လိုလွယ်လွယ်ဝယ်သောက်နိုင်တော့မှာလဲ ။ဖြေရှင်းနည်းက၇ှင်းရှင်းလေး ။ကျွန်တော် ကတော့ သိပ်မပြောချင်ဘူး ။(admin က ဘမ်းမှာ ကလဲကြောက်ရတယ်။)

နောက်ဆုံးအချက် ကတော့ ဘယ်အ၇ာတွေဘယ်လောက်ပေါ်နေနေ ၊ ဘယ်သူတွေဘယ်လောက် လျှစ်လျှူရှု့ ရှု့  ၊ မိန်းကလေးတွေက ကိုယ့်ဘာကို မိန်းကလေးဆိုတာသိနေရင် ပြီးပြီ ။ကိုယ် မိန်းကလေး ယောကျာ်းလေးနဲ့  တန်းတူအခွင့်အရေးရတယ် အလုပ်မှာ ၊ ကျောင်းမှာ ၊ ပညာမှာ ပြိုင်စမ်းပါ ။ဒါပေမဲ့  မကောင်းမှု့ ကိုတော့ ယောကျာ်းလေးနဲ့ ခွာယာ မတိုင်းနဲ့  ယောကျာ်းလေးဆိုတာ မကောင်းမှု့  လုပ်ဦး ။ ကြိုက်သလိုပျက်စီးဦး ။ ထောင်အပြင် တန်းမရှိဘူး ။ မိန်းကလေးတွေ အတွက် ကတော့ ထောင်အပြင်တန်း ပါရှိတယ် ။ ဘာတန်းလဲ ကျွန်တော် မပြောတော့ဘူး ။ယောကျာ်းလေးမူးနေလို့ ပါတ်ဝန်းကျင်ကမြင်ရင် တစ်ခွန်းပဲပြောမယ်။ငမူး ပေါ့ ။
မိန်းကလေးမူးနေ လို့ ပါတ်ဝန်းကျင်ကမြင်ရင် ပြောမှာ တစ်ခွန်းမ ကဘူး ။အဲ့ ဒါကြောင့် မိန်းကလေးတချို့  ပါ၊ ပြောချင်တာက
ခွာယာတော့တိုင်းပါ ဒါပေမဲ့  ပြိုင်မရိုင်းနဲ့  လို့ ..................။

(အထက်ပါအတွေးများသည် ကျွန်တော်တစ်ယောက်ထဲ၏ အမြင်သာဖြစ်ပါရု် မှန်သည်မှားသည် စိတ်ကြိုက်ဝေဖန်ခွင့်ရှိပါတယ် ။)

ဘကြီးသက်
Unknown at 11:07 AM 1 မှတ်ချက်ကလေးရေးပေးနော်.
Share

တရားနဲ့ဖြေ … ဦးရုက္ခစိုး



ဦးရုက္ခစိုး ရင်တုန်ပန်းတုန်ဖြစ်နေသည်။ သွေးဆေးပဲ ဖျော်သောက်ရမလိုလို၊ သကြားပဲ လျက်ရမလိုလို ဖြစ်နေ၏။ ကြားရသည့် သတင်းများက နတ်ပင် ရင်တုန်ပန်းတုန်ဖြစ်စရာ။ ဦးရုက္ခစိုး၏ မအီမသာဖြစ်နေသော မျက်နှာကို ကြည့်ရင်း ဖိုးရှုပ်ကော ကြွက်စုတ်ပါ တအံ့တသြ ဖြစ်နေကြသည်။
ဖိုးရှုပ်။     ။ ဘာဖြစ်နေရ ပြန်တာလဲ ဦးရုက္ခစိုးရယ်။
ကြွက်စုတ်။     ။ ဟုတ်ပါ့ဗျာ။ အရင်တပတ်ကပဲ အရမ်းအရမ်းကို ပျော်တာပါပဲရှမ် … အဲလေ … ဗျာဆို။ အခုတော့ တကယ်ပဲ နတ်ရူး ဖြစ်တော့မယ်ထင်တယ်။
ရုက္ခစိုး။     ။ ကြားရတဲ့ သတင်းတွေက ရင်တုန်စရာ ကောင်းလွန်းလို့ပါကွာ။ ငါ့ကို သကြားလေး နည်းနည်းလောက် အနံ့ပေးရှူပါလား။
ဖိုးရှုပ်။     ။ ဘာသတင်းတွေ ကြားလို့လဲ ဦးရုက္ခစိုးရဲ့။ ကျနော် အကောင်းဆုံး အကြံပေးရရင်တော့ ဦးရုက္ခစိုးအနေနဲ့ ဘာသတင်းပဲ ကြားကြား တရားနဲ့ဖြေ။
ရုက္ခစိုး။     ။ နတ်ကို တရားလာမပြစမ်းပါနဲ့။ မင်းတို့ကြားရင် မင်းတို့လည်း ရင်တုန်သွားမှာ။ မကြားသေးဘူးလား … ဟို ပြည်တွင်း မီဒီယာ တခုက ဟို မီဒီယာ အန်တီကြီးတယောက်က ဟို ဘဘကြီးကို စွတ်တင်ပေးနေတာလေ။
ကြွက်စုတ်။     ။ ဟာဗျာ … ဦးရုက္ခစိုးလုပ်ပုံကလည်း ပေါ့ပ်ဂျာနယ် ခေတ်ဦးကလို ကြာသပတေးနံနဲ့ စတဲ့ မင်းသမီးလေးက စနေနံနဲ့ စတဲ့ မင်းသားလေးနဲ့ ဗုဒ္ဓဟူးနံနဲ့ ဆုံးတဲ့ ဟိုတယ်ကြီးမှာ ဆိုတာလို ဘာပြောချင်မှန်းကို မသိဘူး။
ရုက္ခစိုး။     ။ မင်းမသိပေမယ့် စာဖတ်သူတွေ သိတယ်ကွ။ ထားစမ်းပါကွာ … မင်းပြောတာနဲ့ စကားဘယ်ရောက် သွားမှန်းတောင် မသိဘူး။
ဖိုးရှုပ်က “ဟို ဘဘကြီးကို စွတ်တင်ပေးနေတယ် ဆိုတာအထိ ရောက်သွားပြီ” ဟု ထောက်ပေးလိုက်သည်။
ရုက္ခစိုး။     ။ အေး … အဲဒါ။ ဟိုဘဘကြီးကို စွတ်တင်ပေးရင်း တင်ပေးရင်း ဘရိတ်အုတ် မရဘူး ဖြစ်နေပုံရတယ်။ အဲဒါကို ငါ ရင်တုန်တာပါကွာ။
ဖိုးရှုပ်။     ။ တရားနဲ့ ဖြေပေါ့ ဦးရုက္ခစိုးရယ်။ ဒါကတော့ ဒီလောက်တော့ ရှိမှာပေါ့။ သူ့ခမျာလည်း ကျေးဇူးခံ ကျေးဇူးစားက ရှိဖူးတာကိုး။ တင်ပေးရမှာပေါ့။
ရုက္ခစိုး။     ။ တင်ပေးတာတော့ တင်ပေးပေါ့ကွာ။ သို့သော် … ရွှေပန်းလေးတပွင့် သို့မဟုတ် ဘဘ ဆိုတာတော့ များတာပေါ့။
ကြွက်စုတ်။     ။ ဒီဘဘကြီး ခေတ်ကောင်းတုန်းက ကျောင်းသားတွေကို နှိပ်ကွပ်ခဲ့တာ၊ ထောင်ချခဲ့တာ၊ အကျဉ်းထောင်ထဲမှာ သူနှိပ်စက်လို့ လူတွေ အများကြီး သေခဲ့တာတွေ ဒီ မီဒီယာ အန်တီကြီး မသိလို့ နေမှာပေါ့ ဦးရုက္ခစိုးရယ်။ ပြီးတော့ သူက သတင်းသမားလေ။ အဲဒီအန်တီကြီး မီဒီယာတခုမှာ အင်တာဗျူးပေးထားတာ မတွေ့ဘူးလား … သူ့ကိုယ်သူ သတင်းသမားပါ ဆိုတာ အဲဒီအင်တာဗျူးထဲမှာ အကြိမ်ပေါင်း သုံးဆယ့်ခြောက်ခါလောက် ပြောထားတာ။
ရုက္ခစိုး။     ။ အင်းလေ သတင်းသမား ဆိုတော့လည်း မျှမျှတတပေါ့ …။ ၈၈ တွေနောက်ချည်း လိုက်ရေးနေရင် ၈၈ တွေပဲ နာမည်ကြီးကုန်မှာစိုးလို့ ဘဘကြီးလည်း နာမည်ကြီးပါစေဆိုပြီး ရွှေပန်းလေးနဲ့ တင်စားတာ ဖြစ်မှာပါ။ ငါပဲ တရားနဲ့ ဖြေပါ့မယ်။
ဖိုးရှုပ်။     ။ ဘဘကြီးက အခုတော့ နောင်တ တော်တော်လေး ရနေပုံပါပဲနော်။ ဒါပေမယ့် ဓာတ်ရှင်တွေ ဘာတွေ ရိုက်ဖို့များ အစီအစဉ် ရှိသလားမသိဘူး။ ဂျာနယ်မျက်နှာဖုံးတွေမှာ သူ့ပုံချည်းပဲ။
ကြွက်စုတ်။     ။ အဲဒါ ဖြစ်နိုင်တယ်။ ဟို နာမည်ကျော် ဓာတ်ရှင်မင်းသားကြီးကလည်း စုန်းစုန်း မြုပ်သွားပြီ ဆိုတော့ အဲဒီနေရာ ဝင်ချင် ဝင်လို့ရတာပဲ။ ပြောလို့မရဘူး စင်ပေါ်တက်ပြီး အာဟား အာဟားနဲ့ အော်နေတာ တွေ့ရင်တွေ့ရဦးမှာ။
ရုက္ခစိုး။     ။ အင်း … ရင်တုန်တယ် … ရင်တုန်တယ်။
ဖိုးရှုပ်။     ။ လုပ်ပြန်ပြီ ဦးရုက္ခစိုးရယ်။ အခုထိ ရင်က တုန်နေတုန်းလား။ တရားနဲ့ ဖြေပါဆို။
ရုက္ခစိုး။     ။ မရဘူးကွ။ မင်းတို့ မကြားဘူးလား။ ဟို လူရွှင်တော်ကြီး စကားတွေလွန်ပြီး ဘရိတ်အုတ်လို့မရတာနဲ့ မြန်မာပြည်က အကျဉ်းထောင်ဆိုတာ ဖိုက်စတား ဟိုတယ်လောက်နီးနီး ဖြစ်သွားတာ။
ဖိုးရှုပ်။     ။ တချို့လျှာတွေက ဘရိတ်အုတ်ဖို့ ခက်တယ် ဦးရုက္ခစိုးရဲ့ …။ တရားနဲ့ဖြေ တရားနဲ့ဖြေ။
ကြွက်စုတ်။     ။ ရပါတယ် ဦးရုက္ခစိုးရယ်။ ဘုန်းကြီး ခေါင်းခေါက်ပြီးရင်တောင် တောင်းပန်လို့ ရသေးတာပဲ။ သူလည်း ပြောချင်ရာ ပြောပြီးရင် ခဏ ခဏ တောင်းပန်မှာပေါ့။
ဖိုးရှုပ်။     ။ အဲဒါတော့ မင်းလွဲသွားပြီ။ အခုခေတ်က ဘုန်းကြီးခေါင်းခေါက်ပြီး တောင်းပန်တဲ့ ခေတ် မဟုတ်တော့ဘူး …။ ဘုန်းကြီးတွေကို သတ်၊ ထောင်ချ၊ လူဝတ်လဲပြီး မသိချင်ယောင်ဆောင်တဲ့ ခေတ်ကွ။ ဟို ဘဘကြီးတောင် သူ ဘာမှ မလုပ်ခဲ့သလို ခပ်တည်တည် နေနေတဲ့ဟာ။
ရုက္ခစိုး။     ။ အဲဒါတွေ ငါ ရင်တုန်တယ် ပြောတာ။ နောက်ထပ် ရင်တုန်တာတွေ ရှိသေးတယ်။
ကြွက်စုတ်။     ။ ဟာ … မကုန်သေးဘူးလား။
ရုက္ခစိုး။     ။ မကုန်သေးဘူးကွ ရှိသေးတယ်။ ငါ တနေ့က ရန်ကုန် ပြန်သွားတာ … မီဒီယာသမား အယောက် ၁၀၀၀ လောက် ဝိုင်းလိုက်၊ ဓာတ်ပုံတွေ ဝိုင်းရိုက်၊ ဗီဒီယိုတွေရိုက်၊ အင်တာတွေ ဗျူး၊ ဒီကြားထဲ ပြည်ပမီဒီယာကလည်း ဖုန်းတွေ အခေါက် ၁ သောင်းလောက် ဆက်၊ နားတွေ ပူထူပြီး …။
ဖိုးရှုပ်။     ။ ဒါကတော့ စတုတ္ထမဏ္ဍိုင်ခေတ်လေ ဦးရုက္ခစိုးရယ်။ ခွင့်လွှတ်လိုက်ပါ။
ရုက္ခစိုး။     ။ မဏ္ဍိုင်ကလည်း မဏ္ဍိုင်လွန်းတယ်ကွာ။ အဲဒီထဲမှာ မင်းလည်းပါတယ်ဖိုးရှုပ်။ မီဒီယာသမားတွေထဲက MRTV ဘယ်လောက်ဆိုလား မသိဘူး … အဲဒီက ချာတိတ်မ တယောက်က ချင်းမိုင်ရုက္ခစိုး ဆိုတာ ဘယ်တယောက်လဲဟင်လို့ လာမေးလို့ ကျုပ်ပါဗျာလို့ ပြောပြရသေးတယ်။ ပြောပြပြန်တော့လဲ ငါ့ကို ကျမ အန်ကယ့်ကို ဘာမေးရရင် ကောင်းမလဲ တဲ့။
ဖိုးရှုပ်။     ။ ဒါကတော့ သူလည်း အိမ်စာမလုပ်ခဲ့ မိလို့ ဖြစ်မှာပါ။ အခုအချိန်က မီဒီယာလွတ်လပ်ခွင့်ကို သွားနေတဲ့ ခေတ်ကြီးဆိုတော့ကာ …။
ရုက္ခစိုး။     ။ မဆိုတော့ကွာနဲ့။ သူတို့ လွတ်လပ်ခွင့် လုပ်တာ ငါ့မှာ ကင်မရာ ဒေါက်တွေနဲ့ ရိုက်မိ၊ ရကော်ဒါကြီးတွေ ပါးစပ်ထဲ ဝင်မလိုဖြစ်၊ တံတောင်တွေနဲ့ တွတ်မိ … အောင်မလေး … ပြောရင်းတောင် ရင်တုန်တယ်။
ကြွက်စုတ်။     ။ ကျနော်လည်း ရင်တုန်လာပြီ ဦးရုက္ခစိုး။
ကြွက်စုတ်က ရွှတ်နောက်နောက်ပြောလိုက်ရာ ကျွန်ုပ်တို့၏ ဇာတ်လိုက်ကျော် ဦးရုက္ခစိုးကြီးမှာ “အေး ဒါဆိုလည်း သွေးဆေးဖျော်သောက် … ငါတော့ တရားနဲ့ သွားဖြေကြည့်လိုက်ဦးမယ်” ဟု ဆိုရင်း ထိုင်နေရာမှ ရုတ်တရက် ကိုယ်ယောင်ဖျောက်၍ ထွက်သွားလေတော့သတည်း။     ။
Unknown at 10:56 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဗိုလ်ချုပ်ကြီး ခင်ညွန့် အကြောင်း

ငယ်စဉ် ဘဝ

ဗိုလ်ချုပ်ကြီး ခင်ညွန့်ကို ၁၉၃၉- ခုနှစ်၊ အောက်တိုဘာလ၁၁ ရက်နေ့တွင် ရန်ကုန်တိုင်း၊ သံလျင်မြို့၊ ဗိုလ်ချုပ်ရွာတွင်
မွေးဖွားခဲ့သည်။ တရုပ်နွယ်ဖွား တစ်ယောက်ဖြစ်သည်။ရန်ကုန်တက္တသိုလ်မှ ဘွဲ့ရရှိပြီးနောက် ပေါင်းတည်မြို့တွင်
အခြေခံပညာကျောင်းဆရာတစ်ဦးအဖြစ် အမှုထမ်းနေစဉ်ဗိုလ်ချုပ်ကြီးနေဝင်းက လာရောက်လည်ပတ်ရာတွင် တွေ့ရှိ
သဘောကျသွားသဖြင့် အနားသို့ခေါ်ကာထားရှိရာမှ မမျှော်လင့်ဘဲတပ်မတော်အတွင်းသို့ ရောက်ရှိသွားခဲ့သည်။ ဗိုလ်လောင်းသင်တန်း
အမှတ်စဉ်၂၅ကိုတက်ရောက်ကာရာထူးအလွန်အတက်မြန်သဖြင့်အများကပင်အံ့အားသင့်ခဲ့ရသည်။ဦးနေဝင်း၏သမီးဖြစ်သူ
ဒေါ်စန္ဒာဝင်းနှင့်မောင်နှမသဖွယ် အလွန်ရင်းနှီးသည့် ဆက်ဆံ့ရေးမျိုး ရှိခဲ့ကြသည်။(မကြီး၊ မမ ဟုပင် ရင်းနှီးစွာခေါ်ဝေါ်သည်ဟု ကြားဖူးသူတို့က ဆိုကြသည်။)
နိုင်ငံရေး
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ကာလ

အမှတ် ၁ စက်မှုဝန်ကြီး ဗိုလ်မှူးချုပ် တင့်ဆွေ နှင့် ဗိုလ်ချုပ်ကြီးနေဝင်း
(ခ) မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကဌကြီး ဦးနေဝင်း ၏ ကိုယ်ရေးအရာရှိအဖြစ်
တာဝန်ထမ်းဆောင်ခဲ့သည်။ အရေအခင်းကာလမတိုင်ခင်တွင် တပ်မတော် ထောက်လှမ်းရေး
ညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး ဖြစ်လာသည်။



အိမ်ထောင်ရေး

ဆေးဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာ ခင်ဝင်းရွှေ နှင့် အိမ်ထောင်ကျသည်။ သမီး ဒေါ်သင်းလဲ့လဲ့ဝင်း၊
သား ဒုတိယဗိုလ်မှူးကြီး ဇော်နိုင်ဦး နှင့် bagan Cybertech  တည်ထောင်သူ ဒေါက်တာရဲနိုင်ဝင်း
တို့ကို ထွန်းကားခဲ့သည်။

နိုင်ငံခေါင်းဆောင်ကာလ

၁၉၈၈ အရေးအခင်းနောက် ၁၈-၁ဝ-၁၉၈၈ တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့
(န-ဝ-တ) ပေါ်ထွန်းလာသောအခါ ဗိုလ်မှူးကြီးခင်ညွန့်သည် န-ဝ-တ အဖွဲ့၏ အတွင်းရေးမှူး(၁)အဖြစ်
ခန့်အပ်ခြင်းခံခဲ့ရသည။၎င်းကာလများတွင် အလွန်အရေးပါအရာရောက်ပြီး အခရာကျခဲ့သူတစ်ဦးဖြစ်ခဲ့သည်။
၎င်းနောက် ၁၉၉၁တွင် ဗိုလ်ချုပ် ၁၉၉၃တွင် ဒုတိယဗိုလ်ချုပ်ကြီး ဖြစ်လာပြီး ၄င်း၏ ထောက်လှမ်းရေး
အင်းအားစုကြီးကို တိုးချဲ့လာခဲ့သည် ။ ၁၉၉၅ ခုနှစ်ရန်ကုန်တက္ကသိုလ် စိန်ရတု နှင့် မြို့မကျောင်း စိန်ရတုတွင် ဦးဆောင်
ပါဝင်ခဲ့သည်။၁၉၉၇တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ တွင် အတွင်းရေးမှူး (၁)
ဖြစ်လာပြီးတပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ကို အဆင့်မြှင့်ကာ တပ်မတော် ထောက်လှမ်းရေးမှူးချုပ်
အဖြစ် တိုးမြှင့် ထမ်းဆောင်ခဲ့သည်။ ၂ဝဝ၂တွင် ဗိုလ်ချုပ်ကြီးအဖြစ်တိုးမြှင့်ခံရကာ ၂ဝဝ၃ ခုနှစ်၊ သြဂုတ်လ တွင်
နိုင်ငံတော်ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။
ထောက်လှမ်းရေး အဖွဲ့ အကြီးအကဲ အပြင် (၂၅-၈-၂ဝဝ၃) ရက်နေ့မှ (၁၈-၉-၂ဝဝ၄) ရက်နေ့အထိ
နိုင်ငံတော် ဝန်ကြီးချုပ် ရာထူးများကို ထမ်းဆောင်ခဲ့သည်။ ဗိုလ်ချုပ်ကြီးခင်ညွန့်သည် နဝတ၊
နအဖအစိုးရခေတ်တွင် သြဇာအကြီးမားဆုံး ဖြစ်သော အတွင်းရေးမှူး(၁)၊ တပ်မတော်ထောက်လှမ်းရေးမှူးချုပ်
(ကကလှမ်း)၊စစ်မဟာဗျူဟာ လေ့လာရေး ကွပ်ကဲရေးမှုး နှင့် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်။
သူ၏လက်ထက် တွင် ပြီးပြည့်စုံသော ထောက်လှမ်းရေး ကွန်ယက် ကိုထူထောင်နိုင်ခဲ့သည်။
နံရံတိုင်းတွင်နားရှိသည် ဟူသောဆောင်ပုဒ်နှင့် အညီ အလုပ်လုပ်ကိုင်ခဲ့သူဖြစ်သည်။

နိုင်ငံတော်အစိုးရအဆက်ဆက်အား လက်နက်ကိုင်တိုက်ခိုက်ခဲ့သော သောင်းကျန်းသူအဖွဲ့ (၂ဝ)ကျော်နှင့်
 ငြိမ်းချမ်းရေးရယူပေးခဲ့ကာ နိုင်ငံတော်အေးချမ်းသာယာပြီး ဖွံဖြိုးတိုးတက်ရေးအတွက် စွမ်းစွမ်းတမံ
ဆောင်ရွက်ပေးခဲ့သူဖြစ်သည်။

ထူးခြားသောစွမ်းဆောင်ရည်

၁၉၈၃ အောက်တိုဘာ ၈ ရက်နေ့ ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သည့် တောင်ကိုရီးယားနိုင်ငံမှ ဝန်ကြီးအချို့အား မြောက်ကိုရီးယားနိုင်ငံမှ
ဝင်ရောက်လုပ်ကြံသည့် အရေးအခင်းအပြီးတွင် ခင်ညွန့်အား ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲအဖြစ် ခန့်အပ်ခဲ့သည်။
၁၉၉ဝ-ခုနှစ်ကျော် နှစ်များ နောက်ပိုင်းအထိ ခင်ညွန့်အား ဗိုလ်ချုပ်နေဝင်းက လွှမ်းမိုးထိန်းချုပ် နေသေးသည်ဟု ယူဆခဲ့ကြသည်။

ပြည်တွင်းရှိ လူထုလူတန်းစား အလွှာအသီးသီးကြားတွင် ဗိုလ်ချုပ်ကြီးခင်ညွှန့်အနေဖြင့် အခြားအာဏာသိမ်းခေါင်း ဆောင်များထက်
ပိုမိုထင်ရှား လူသိများလာခြင်းမှာ -ပိုလည်းရက်စက်သည်။

    လူထုမြင်ကွင်းတွင် စဉ်ဆက်မပြတ် ပုံရိပ်ထင်နေခြင်း၊

  ဝါဒဖြန့်ချိမှုပုံစံများ ပါးနပ်သွက်လက်လျင်မြန် ထိရောက်ခြင်း၊
    ပြည်သူလူထု၏ လိုအပ်ချက်ကို ကြိုတင်ထောက်လှမ်း စုဆောင်းပြီး အပြည့်အဝမဟုတ်သည့်တိုင် လိုဘပြည့် ကျေနပ်စေလောက်သည့်
အခွင့်အရေးမျိုးဖြင့် ဖြည့်ဆည်း ပေးခြင်း ဟုဆိုသော လူထုဆက်ဆံရေး လူထုဆက်သွယ်ရေးနည်းနာများကို မှန်မှန်ကန်ကန် အသုံးချ
တတ်ခဲ့ခြင်းကြောင့်ဖြစ်သည်။

 ပြန်လွတ်လာ

ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်သည် နေအိမ်အကျယ်ချုပ်ကျခံနေရင်း (၂ဝ၁၂) ခုနှစ်၊ ဇန်နဝါရီလ
(၁၃) ရက်နေ့၊ နံနက် (၁ဝ) နာရီတွင် နိုင်ငံတော် သမ္မတဦးသိန်းစိန်၏ စတုတ္တအကြိမ်မြောက်
အကျဉ်းသား ၆၅၁ ဦး လွှတ်ရာ၌ ရန်ကုန်၊ မရမ်းကုန်းမြို့နယ်၊ နဝဒေးလမ်း၊ မိုး/ဇလဌာနရုံး
အနောက်ဘက်၊ အမှတ် (၂၇) နေအိမ်၌ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်သည်။ လွတ်မြောက်ပြီးသည်နှင့်
ပြည်တွင်းပြည်ပမီဒီယာများနှင့် နာရီဝက်ခန့် တွေ့ဆုံခဲ့သည်။ နိုင်ငံရေး မလုပ်တော့ကြောင်း
သူက ထုတ်ဖော်ပြောကြားသည်။


 နိဂုံး

ဒေါ် အောင်ဆန်းစုကြည် လုပ်ကြံခံရသည့် ဒီပဲရင်း အရေး အခင်းအပြီး ၂ဝဝ၃ ခု သြဂုတ်လ တွင်
ဝန်ကြီးချုပ်အဖြစ် တာဝန်ပေးခြင်း ခံရသည်။ တာဝန်ရယူပြီး မကြာမီ ကာလအတွင်း လမ်းပြမြေပုံ ၇ ဆင့်
ကို ကြေငြာခဲ့သည်။ အာစီယံ နိုင်ငံများနှင့် အနောက်နိုင်ငံများ အကြားမြန်မာနိုင်ငံနှင့် ¤င်း၏
စစ်အစိုးရ ဝင်ဆံ့နိုင်ရန် ကြိုးစားဆောင်ရွက်ခဲ့သည်။ ၂ဝဝ၄ ခု အောက်တိုဘာ ၁၈ ရက်တွင်
အဂတိ လိုက်စားမှု အကြောင်းပြချက်ဖြင့် အစိုးရအဖွဲ့မှ ထုတ်ပယ်ခံခဲ့ ရပြီး ရုံးတင်တရားစွဲဆို ခံရကာ
ဆိုင်းငံ့ ပြစ်ဒဏ်ဖြင့် နေအိမ်၌ အကျယ်ချုပ် ၄၄နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ¤င်း၏ ထောက်လှမ်းရေးအဖွဲ့ကို
ဖျက်သိမ်း၍ ထောက်လှမ်းရေးအဖွဲ့မှ ဗိုလ်မှူးချုပ်လှအောင်၊ ဗိုလ်မှူးချုပ်ကျော်ဟန်၊ ဗိုလ်မှူးချုပ်သန်းထွန်း၊
ဗိုလ်မှူးချုပ် မြင့်ဇော်၊ ဗိုလ်မှူးချုပ်ကျော်သိန်း၊ ဗိုလ်မှူးချုပ်သိန်းဆွေ နှင့် ဗိုလ်မှူးကြီး ခင်အောင်၊
ဗိုလ်မှူးကြီး စန်းပွင့် ဗိုလ်မှူးကြီး မြင့်အောင်ကျော်တို့ကို ဖမ်းဆီးအရေးယူခဲ့သည်။ဗိုလ်မှူးချုပ်သိန်းဆွေ နှင့်
ဗိုလ်မှူးကြီးခင်အောင်အပါအဝင် ¤င်းထောက်လှမ်းရေးအရာရှိကြီး ၃၈ ဦးကို အကျင့်ပျက်ခြစားမှု
များနှင့် အမှုဖွင့်ပြီး ထောင်ဒဏ် နှစ် ၂ဝ မှ နှစ် ၁ဝဝ ကျော် ပြစ်ဒဏ်များ အသီးသီးချမှတ်ခဲ့သည်။
 ပြန်လွတ်လာ

ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်သည် နေအိမ်အကျယ်ချုပ်ကျခံနေရင်း (၂ဝ၁၂) ခုနှစ်၊ ဇန်နဝါရီလ
(၁၃) ရက်နေ့၊ နံနက် (၁ဝ) နာရီတွင် နိုင်ငံတော် သမ္မတဦးသိန်းစိန်၏ စတုတ္တအကြိမ်မြောက်
အကျဉ်းသား ၆၅၁ ဦး လွှတ်ရာ၌ ရန်ကုန်၊ မရမ်းကုန်းမြို့နယ်၊ နဝဒေးလမ်း၊ မိုး/ဇလဌာနရုံး
အနောက်ဘက်၊ အမှတ် (၂၇) နေအိမ်၌ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်သည်။ လွတ်မြောက်ပြီးသည်နှင့်
ပြည်တွင်းပြည်ပမီဒီယာများနှင့် နာရီဝက်ခန့် တွေ့ဆုံခဲ့သည်။ နိုင်ငံရေး မလုပ်တော့ကြောင်း
သူက ထုတ်ဖော် ပြောကြားသည်။


Unknown at 10:53 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒီဇယ်နှင့်အောက်တိန်း ထုတ်လုပ်ရန် သံပုရာကန်၌ အကြီးစားပြင်ဆင်မှု ပြုလုပ်နေ


Popular News Journal — ဒီဇယ်နှင့်အောက်တိန်းတို့ကို ထုတ်လုပ်သွားနိုင်ရန် ရေနံဓာတု ဗေဒစက်ရုံစု(သံပုရာကန်)၌ အကြီးစားပြင်ဆင်မှု များ ဆောင်ရွက် နေပြီဟု နေပြည်တော်ရှိ စွမ်းအင် ဝန်ကြီးဌာနမှ သတင်းရရှိသည်။
စွမ်းအင်ဝန်ကြီးဌာနမှ တာဝန် ရှိသူက ”ဒီဇယ်နဲ့အောက်တိန်းကို ပြည်တွင်းမှာ ထုတ်လုပ်ဖို့ ရှေ့လျာ ထားချက် ချမှတ်ထားပါတယ်။ အခု ဒါတွေကိုဆောင်ရွက်နေပါပြီ။ ပြီးစီး ရင် ထုတ်လုပ်နိုင်တော့မှာပါ”ဟု ဆို သည်။
ယင်းတို့ကို ထုတ်လုပ်နိုင်ပါက ပြည်ပမှ မှာယူတင်သွင်းနေရသည့် ပမာဏကို အတိုင်း အတာတစ်ခုအထိ လျှော့ချပေး သွားနိုင်ဖွယ် ရှိမည်ဟု သိရသည်။အောက်တိန်းဓာတ်ဆီ အပါ အဝင် ဒီဇယ်ဆီတို့ကို ပြည်တွင်းလို အပ်ချက်အရ ပြည်ပမှ အကန့်အသတ် မရှိ တင်သွင်းခွင့်ကို လုပ်ငန်း ရှင်တို့အား ပေးထားကြောင်း၊ ပြည် တွင်း၌ ထုတ်လုပ်သွားနိုင်ပါကလည်း ပြည်ပမှ မှာယူတင်သွင်းရသည့် ပ မာဏများစွာလျော့ကျသွား မည့် အနေအထားသို့ရောက် ရန်မူ အလှမ်း ကွာနေသေးကြောင်း ပြည်ပမှ စက် သုံးဆီတင်သွင်းသည့် လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။
“အခု ပြည်တွင်းမှာ ဓာတ်ဆီ တစ်မျိုးတည်းတောင်မှ ကျွမ်းကျင် သူတွေ ခန့်မှန်းကြတာက တစ်လ ကို ဂါလန် ၁၃ သန်းလောက် လို တယ်။ ပေးနိုင်တာက ကိုးသန်းနီးပါး လောက်ပဲဆိုတော့ ဒီမှာ တင် လေး သန်းလောက် ဟသွားပြီ။ ဒီလိုပဲ ဒီဇယ်နဲ့အောက်တိန်းကလည်း လို နေတာဆိုတော့ ဖြည့်ပေးနိုင်တယ် ဆိုရင်တောင် သွင်းရမယ့် ပမာဏကို အများကြီး မကျနိုင်ဘူး။ ဒါပေမဲ့ ပြည် တွင်းမှာ အခုလို ထုတ်နိုင်မယ်ဆိုရင် ပြည်ပကနေမှာရတဲ့အခါမှာ ကုန် ကျနိုင်တဲ့သယ်ယူပို့ဆောင်ခထက်သက်သာသွားနိုင်တာတော့ အမှန် ပဲ”ဟု ၄င်းကသူ့အမြင်ကိုဆိုသည်။
ပြည်ပမှ အလုံးအရင်းဖြင့် တင် သွင်းနေရသော ဒီဇယ်ဆီနှင့်ပတ် သက်၍ စွမ်းအင်ဝန်ကြီးဌာနမှ တာ ဝန်ရှိသူကလည်း ၄င်းတို့အေ နဖြင့် ကျောက်ဖြူ-ကူမင်း ရေနံပိုက်လိုင်း သွယ်တန်းရာမှ ရရှိလာမည့် ရေနံ စိမ်းဖြင့် ချက်လုပ်မည့် စက်ရုံအသစ် ပြီးစီးပါက ဒီဇယ်ဆီကို တိုးကာ ထုတ်လုပ်သွားရန် ရှိသည်ဟု ထပ် လောင်းဆိုသည်။စွမ်းအင်ဝန် ကြီးဌာနမှ ဝန်ထမ်း များအနေဖြင့် ဒေသတွင်း အဖွဲ့အ စည်းများမှ ဖွင့်လှစ်ပို့ချသည့် ရေနံ ချက်လုပ်ငန်းဆိုင်ရာ သင်တန်း များ နှင့် စွမ်းအင်လုပ်ငန်းခွင် သင်တန်း များသို့ တက်ရောက်နိုင်ရန် ထိုင်း၊ အိန္ဒိယ၊ ဂျပန်၊ တရုတ်နှင့် မလေး ရှားနိုင်ငံများသို့ ပုံမှန်စေလွှတ်လျက် ရှိနေကြောင်း အဆို ပါဌာနမှ သိရသည်။
Unknown at 10:51 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရန်ကုန်မြို့တွင်းလမ်းဘေးအစား အသောက်များတွင်လူအန္တရာယ် ပြု ရောဂါပိုးများ တွေ့ရှိ


 ရန်ကုန်မြို့ပေါ်ရှိနေရာအချို့မှ လမ်းဘေးအစားအသောက်များတွင် လူကို အန္တရာယ်ဖြစ်စေသည့် ရောဂါပိုးများ စစ်ဆေးတွေ့ရှိနေရ ကြောင်း အစား အသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန(FDA)၏ စမ်းသပ်ချက်များကို ကိုးကား၍ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
၂ဝ၁၁ နှစ်ကုန်ပိုင်းက စတင်၍ ရန်ကုန်မြို့ မြို့လယ်ဧရိယာ ဖြစ်သည့် လသာနှင့် လမ်းမတော် မြို့နယ်များ ပါဝင်သည့် တရုတ်တန်း ဧရိယာမှ လမ်းဘေး အစားအသောက် အချို့ကို အဓိကထား စစ်ဆေးခဲ့ရာမှ ယင်းကဲ့သို့ ရောဂါပိုး များ ပါဝင်နေသည်ကို စစ်ဆေးတွေ့ ရှိခဲ့ရခြင်း ဖြစ်ကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။
မည်သည့် ရောဂါပိုးများ ပါဝင် နေသည်ကို အတိအကျ ပြောဆို နိုင်ခြင်း မရှိရသည့် အကြောင်း အရင်းမှာ ကာယကံရှင် ဈေးရောင်း ချသူများ နစ်နာမည်ကို စိုးရိမ်သော ကြောင့် ဖြစ်ကြောင်း ၄င်းက ဆို သည်။
ယခုအခါ တွေ့ရှိခဲ့သော ရော ဂါပိုးများကို ဓာတ်ခွဲခန်းတွင် စမ်း သပ်မွေးမြူ၍ လူကို မည်ကဲ့သို့ အန္တရာယ်ပြုနိုင်ကြောင်းကို ဖော် ထုတ်သွားမည် ဖြစ်ကြောင်း ၄င်းက ဆိုသည်။
ထိုကဲ့သို့ ရောဂါပိုးများ တွေ့ ရှိခဲ့သည့် နောက်ဆက်တွဲ အခြေ အနေများကြောင့် အထက်ပါ ဧရိ ယာများရှိ ဈေးရောင်းချသူများကို သန့်ရှင်းရေးပိုင်းနှင့် ကျန်းမာရေး ပိုင်းဆိုင်ရာ အသိပညာပေးမှုများကို ခေါ်ယူပြုလုပ်ခဲ့ပြီး တက်ရောက်လေ့ လာကြသော ဈေးရောင်းချသူများ ကို တစ်နာရီလျှင် ငွေ ကျပ် ၅ဝဝ စရိတ်ပေး၍ ဆွဲဆောင်ခဲ့ကြောင်း ပြည်သူ့ကျန်းမာရေး တက္ကသိုလ် မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

ယင်း အသိပညာပေးမှုများ အပြီးတွင် ဈေးရောင်းချသူအချို့ မှာ ညွှန်ကြားချက်များကို လိုက်နာကြ သော်လည်း အများစုမှာ ခဏတာ သာ လိုက်နာကြသေးကြောင်း၊ အခြား ဒေသများနှင့် မြို့နယ်များ တွင်လည်း ယခုကဲ့သို့ စမ်းသပ် စစ်ဆေးမှုများ၊ အသိပညာပေးမှု များကို ကျယ်ကျယ်ပြန့်ပြန့် လုပ် ဆောင်သွားသင့်ကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။
ယခု ပိုးတွေ့ရှိရသော အစား အသောက်များမှာ ဝက်သားတုတ် ထိုးကဲ့သို့သော အသားတုတ်ထိုး များ၊ လက်သုပ်စာများ၊ အကင်များ နှင့် အချို့သော ဖုံးအုပ်မထားသည့် အသင့်စား အစားအစာများဖြစ်ပြီး အချို့သော အစားအသောက်များ တွင် အီကိုလိုင်ကဲ့ သို့သော ရော ဂါပိုးများကိုပင် တွေ့ရှိနေရကြောင်းFDA မှ တာဝန်ရှိသူတစ်ဦးက ဆို သည်။
အချို့သော ရောဂါပိုးများကို အစားအသောက်များတွင် တွေ့ရှိ ခဲ့ကြသော်လည်း ရော ဂါပိုး အရေ အတွက် ပမာဏကို လိုက်၍ လူကို အန္တရာယ်ဖြစ်စေတတ်ကြောင်း ဝါရင့် အထွေထွေ ရောဂါကုဆရာဝန်ကြီး က သုံးသပ်ပြောကြားသည်။
Unknown at 10:50 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

Electronic ပစ္စည်းရောင်းချသည့် ဆိုင်များ လိမ်လည်ရောင်းချမှုများရှိနေ


ယခု အခါ နေရာအတော်အများ မှာ Electronic ပစ္စည်းတွေ ကို အများအပြားသုံးစွဲလာကြပါတယ် ။ အဲဒီလို သုံးစွဲတာနဲ့ အညီ ရောင်းချသည့်ဆိုင်များမှာ လည်း များသထက်များလာပါတယ် ။ ထိုသို့ များပြားလာသည့် အနက် တချို့ Electronic ပစ္စည်း ရောင်းချသည့် ဆိုင်များ မှာ လိမ်လည်ရောင်း ချနေကြောင်းသိရသည် ။
အာမခံ ချက် (Warranty) မပေးသည့် အပြင် ၀ယ်ပြီးသည့် အခါ ချို့ယွင်းသည့် ပစ္စည်း များ ကို လဲလည် ပေးခြင်းမရှိသည့် အတွက်ကြောင့် သုံးစွဲ သူများ လည်း အခက်တွေ့နေကြောင်းသိရသည် ။
“အန်တီ က Electronic ပစ္စည်းဆို တော်တော် များများ ၀ယ်သုံးဖြစ်တယ် … ။ ၀ယ်ရင်လည်း တစ်ဆိုင်ဆို တစ်ဆိုင် ရွေးဝယ်ဖြစ်ပါတယ် ။ ဆိုင်နာမည်တော့ မပြောတော့ဘူး ။ အရင်တုန်း က တော့ ၀ယ်ရင် ဘာမှ ပြောစရာမရှိပါဘူး … ပစ္စည်းမှန် ဈေးနှုန်းမှန်ပါတယ် .. ။ ဒါပေမယ့် အခု နောက်ပိုင်း မှာ လိမ်လာတာ တွေ့ရတယ် … ။ ဘယ်လိုပြောမလဲ ၀ယ်သူ ကို ၂ ပေါက်တစ်ပေါက် ရိုက်တာပေါ့ ..။ ဟိုတစ်နေ့ က အန်တီ က
အဲ့ ဆိုင် က ပဲ ရေခဲ သေတ္တာ တစ်လုံး ၀ယ်ခဲ့တယ် … ။ အိမ်ရောက်တော့ သူတို့ တပ်ပေးခဲ့တဲ့ အတိုင်းထားတာတယ် .. ။နောက်တော့မှ အထဲမှာ ရေခဲကပ် ၃ ခု ကွဲနေတာတွေ့တော့ ဆိုင်ကို ပြန်ပြောတယ် .. ။ ဆိုင် က ၀ရမ်တီ မပေးတဲ့ အပြင် “ကျွန်တော်တို့နဲ့ မဆိုင်တော့ဘူးလို့ ” ပြောတယ် .. ။ အဲဒါ တော့ ယုံကြည်မှု ကို အလွဲသုံးစား လုပ်ပြီး ရောင်းချတာပါ ” ဟု ၀ယ်ယူသူ တစ်ဦး က Myanmar News Hub ကိုပြောပြသွားပါတယ်။
ယခု အခါ ပစ္စည်းများမှာ နိုင်ငံ တကာ မှ ၀င်ရောက်နေခြင်းဖြစ်ပြီး အတု နှင့် အစစ် ခွဲခြားရန်ပင် အတော် ပင်ခက်ခဲသည် .။ အဲဒါကြောင့် မိမိ ပစ္စည်း တစ်ခုခု ၀ယ်မည်ဆိုလျှင် သေချာ စီစစ် ပြီးမှ ၀ယ်သင့်ပါတယ် ။ ၀ယ်ယူသည့် အခါတွင်လည်း ၄င်း ပစ္စည်းအတွက် ၀ရမ်တီ ကို သေချာတောင်းရန်လည်း လိုအပ်ပေသည် ။
Unknown at 10:48 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အစာထဲကအဆိပ်


7Day News Journal — စိုက်ပျိုးရေးနည်းပညာများ ထွန်းကားလာသော ယနေ့အချိန်တွင် ဟင်းသီးဟင်းရွက်များကို သတိမမူဘဲ စားသုံးပါက အဆင်မသင့်လျှင် ဥပါဒ်ဖြစ်မည့်အခြေအနေ ပိုများလာသည်။ဟင်းသီးဟင်းရွက်၊ အသီးအနှံများသည် ကျန်းမာရေးရှုထောင့်အရ သင့်တော်သော အစားအစာများဖြစ်သော်လည်း ယခုနောက်ပိုင်းတွင် ပိုမိုတွင်
ကျယ်စွာအသုံးပြုလာကြသည့် ပိုးသတ်ဆေးများ၊ အပင်ကြီးထွားစေသော  ဓာတုဆေးများ၊ အရသာကောင်းမွန်စေရန်သုံးသည့် ဓာတ်မြေသြဇာစသည့်
ဓာတုပစ္စည်းများကြောင့် စားသုံးသူများတွင် အန္တရာယ်ဖြစ်ပေါ်ခြင်း သည်များရှိလာသည်။
ဈေးများအတွင်း  ရောင်းချ နေသည့် အသီးအရွက်အချို့အား သုတေသနစစ်ဆေးမှုများအရ ပိုးသတ်ဆေးပါဝင်မှုနှုန်းသည် စားသုံးသူအား အန္တရာယ်ဖြစ်စေသည်အထိ ပမာဏများပါဝင်နေ သည်ကိုတွေ့ရှိခဲ့ရသည်ဟု သတင်းရရှိသည်။ ယခင် သီရိမင်္ဂလာဈေး ဟောင်းအတွင်း  ရောင်းချသည့်  မုန်ညင်းများတွင်လည်း တွေ့ရှိခဲ့ ကြောင်းသိရသည်။“ဈေးထဲက မုန်ညင်းဖြူနဲ့ ကိုက်လန်ကိုသုတေသနလုပ်ခဲ့ဖူးတယ်။   အဲဒီမှာသူတို့ သုံးတဲ့ ပိုးသတ်ဆေးနှစ်မျိုးက ခုနစ်ရက်ကြာတဲ့အထိကိုရှိနေတယ်။ ခုနစ် ရက်နောက်ပိုင်းမှ လူစားလို့ရနိုင်တဲ့အနေအထားကို တဖြည်းဖြည်း နဲ့ကျသွားတယ်”ဟု အဆိုပါသီးနှံများအား သုတေသနပြုလုပ်ခဲ့သည့် ပညာရှင်တစ်ဦးက ပြောသည်။
သီးနှံစိုက်ပျိုးသည့် လူတိုင်းလိုလို တစ်မျိုးမျိုးသော ဓာတုပစ္စည်းများအား အသုံးပြုနေကြပြီး စည်းကမ်းလိုက်နာမှုများ မရှိပါကစားသုံးသူများပါ သေစေသည်အ ထိ အန္တရာယ်များ ကျရောက်စေနိုင်ကြောင်း အဆိပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များကလည်း  ပြောကြားထားသည်။အော်ဂဲနိုဖော့စဖရပ်ကွန် ပေါင်းဖြစ်သည့် ပိုးသတ်ဆေးပမာ ဏ အနည်းငယ်သည် လူတို့၏ အသက်ရှူလမ်းကြောင်းမှတစ် ဆင့်လည်းကောင်း၊ အရေပြားမှ တစ်ဆင့်လည်းကောင်း၊   အစားအစာစားသုံးခြင်းမှ တစ်ဆင့်လည်းကောင်း ခန္ဓာကိုယ်အတွင်းသို့ ရောက်ရှိသွားလျှင် ပမာဏအနည်းငယ်ကပင် အာရုံကြောအား ထိခိုက်စေနိုင်ကြောင်း ဆေးသုတေသနညီလာခံတွင်ပြုလုပ်သွားသည့် စာတမ်းဖတ်ပွဲ၌ ဆရာ ၀န်များက ဖတ်ကြားခဲ့သည်။
ထိုကဲ့သို့   စားသုံးသူများအပြင် ပိုးသတ်ဆေးအသုံးပြုသူများတွင်လည်း အန္တရာယ်ကင်းသော ကာကွယ်မှုများ မရှိပါက အသက်သေဆုံးသည်အထိ ဖြစ်ပွားနိုင်ခြင်းနှင့် ပတ်သက်၍ “မနေ့က ရောက်လာတဲ့တစ်ယောက်ဆို ဆေးဖျန်းနေရင်း ညနေကျတော့မူးလဲသွားတယ်။  မေးကြည့်လိုက်တော့ ဆေးဖျန်းနေတာ နှာခေါင်းစည်းလည်း မတပ်ထားဘူး။   ဆေးဖျော်တာလည်း ကိုယ့်ဘာသာကိုယ်ဖျော်တယ်လို့ပြောတယ်။   အကာအကွယ်မရှိတဲ့အတွက် အငွေ့တွေကခန္ဓာကိုယ်ထဲ ရောက်ပြီး နောက်
ဆုံးတဖြည်းဖြည်းနဲ့   အသက်ရှူကျပ်လာတဲ့အထိ   ဖြစ်လာမယ်။ ပြီးတော့မျက်လုံးသူငယ်အိမ် အရမ်းကျဉ်းသွားပြီး  အဲဒီ့အချိန် ဖြေဆေးမရဘူးဆိုရင်  အသက်
ဆုံးရှုံးသွားနိုင်တယ်”ဟု ရန်ကုန် အထွေထွေရောဂါကုဆေးရုံသစ်ကြီး ဆီးချိုနှင့်  အထွေထွေရောဂါ အထူးကုသမားတော်ကြီး အဆိပ်သင့်ကုသဌာန ဒေါက်တာ ဦးရဲမြင့်ကပြောသည်။
ဓာတုပစ္စည်းဖြစ်သည့် အဆို ပါပစ္စည်းများအား ရောင်းချခြင်းမပြုမီ အန္တရာယ်ကင်းသည့်ရက် အပိုင်းအခြားအလိုက် ကြိုတင်၍ အသုံးပြုရမည်ဟု သတ်မှတ်ချက် များလည်းရှိပြီး ထိုအချက်အား စိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် လိုက်နာမှသာ စားသုံးသူများတွင် အန္တရာယ်ဖြစ်ပွားစေမှုနည်းပါးမည် ဖြစ်သည်။“လွန်ခဲ့တဲ့ သုံးနှစ်လောက် တုန်းက ဆိုရင်တော့ စိုက်ပျိုးတဲ့သူ တွေက ပိုးသတ်ဆေးသုံးပြီး ခုနစ်ရက်၊ဆယ်ရက်လောက်နေမှ ရောင်းချဖို့လုပ်ကြတယ်။ အခု နောက်ပိုင်းတော့ ဈေးနှုန်းအတက်အကျက
လည်း နေ့စဉ်ဖြစ်နေတာဆိုတော့လူတွေက ကြာကြာစောင့်လို့မရဘူး။ မစောင့်နိုင်တော့ဘူး။ အဲဒါနဲ့တချို့ဆိုရင် ဆေးဖျန်းပြီး နှစ်ရက်လောက်နေတာနဲ့ ရောင်းကြတယ်”
ဟု အင်းလေးကန်ဒေသတွင် ခရမ်းချဉ်သီး စိုက်ပျိုးရေးလုပ်ကိုင်နေ သည့် တောင်သူတစ်ဦးက ပြောသည်။
အသီးအနှံများတွင် ပိုးသတ် ဆေးသုံးသည့်အခါ ဈေးကွက်အ တွင်းမပို့မီ ရက်ခြားပြီး သုံးစွဲရမည့်ဗဟုသုတများနှင့် ပိုးသတ်ဆေး၏ အန္တရာယ်အား ကျေးရွာအထိ စိုက်ပျိုးရေးပစ္စည်းများ ရောင်းချ သော ကုမ္ပဏီများမှ တာဝန်ရှိသူ များက တောင်သူများကို အသိပညာပေးမှုများရှိသည်ဟုဆို သည်။ ထို့အပြင် ယခုနောက်ပိုင်း
ဈေးကွက်အတွင်းရှိသည့် ပိုးသတ်ဆေးများသည် ယခင်ထက် ပြင်းအား   ပိုမိုများပြားပြီး   ဈေးကွက်အတွင်းမပို့မီ     ၁၄ရက်ခန့် ကြိုတင်သုံးစွဲသင့်ကြောင်း သတိပေး ပြောဆိုမှုများလည်းရှိကြောင်း တောင်သူ အချို့ကပြောသည်။ထိုကဲ့သို့ စနစ်တကျမရှိသည့် ပိုးသတ်ဆေးပါဝင်မှုနှုန်းများပြားနေသည့်အစားအစာများကြောင့်
အန္တရာယ်ဖြစ်ပွားမှုမရှိစေရန် စားသုံးသူများအနေဖြင့် မဖြစ်မနေလိုက်နာသင့်သည့် အချက်တစ်ချက်မှာ အသီးအနှံများအား ထပ်ခါထပ်ခါ ဆေးကြောပြီးမှ စားသုံး သင့်ခြင်းဖြစ်ကြောင်း ဒေါက်တာ ရဲမြင့်ကပြောကြားသည်။
“တချို့တွေရဲ့လွဲမှားတဲ့ အယူအဆဖြစ်တဲ့ ပန်းသီးဆိုရင် အခွံပါစားရတယ်ဆိုတဲ့ အတွေးတွေက ပန်းသီးအခွံမှာဆိုရင် ပိုးသတ်ဆေးတွေ၊ ဖယောင်းတွေပါဝင်နေတယ်။ အခွံပါ စားရင် အဲဒါတွေပါ ခန္ဓာကိုယ်ထဲ ရောက်သွားတယ်။ အဲဒါကြောင့် အခွံခွာပြီး သေချာဆေးစားတာ အကောင်းဆုံးပဲ”ဟု အဆိုပါဆရာဝန်ကပြောသည်။ထိုကဲ့သို့ ဈေးကွက်အတွင်း ရောင်းချသည့် အစားအစာများ အန္တရာယ်ရှိ၊ မရှိအားသက်ဆိုင် ရာဌာနများမှ စစ်ဆေးခြင်းများရှိသော်လည်း ထိရောက်သော စစ်ဆေး အရေးယူမှုအားနည်းခြင်းနှင့် နိုင်ငံအတွင်းတွင် အစားအသောက်လုံခြုံမှုစနစ်များအားနည်းခြင်းများကြောင့် ဈေးကွက်အတွင်းတွင် အန္တရာယ်ရှိသော   အစားအစာ များကို  ပြည်သူများ စားသုံးနေရ ကြောင်း   သုတေသနပညာရှင် တစ်ဦးကလည်း သုံးသပ် ပြောကြားသည်။ ပိုးသတ်ဆေး ပါဝင်သည့်အစားအစာများ   စားသုံးခြင်း ကြောင့်စားသုံးသူများတွင် ရေရှည် တွင် အာရုံကြောအား ထိခိုက် ခြင်း၊ အဆုတ်တွင် နမိုးနီးယားကဲ့သို့ ရောဂါဖြစ်ပေါ်ခြင်း၊ အရေပြားရောဂါများဖြစ်ပွားခြင်း၊ အတက်
ရောဂါများ  ဖြစ်ပွားခြင်းအပြင် ကင်ဆာရောဂါများအထိလည်း ဖြစ်ပွားနိုင်ကြောင်း သုတေသနပညာရှင်တစ်ဦးက   ပြောကြားသည်။
“အများစု   တွေ့ရတာကတော့ စိတ်ညစ်ပြီး  အသက်သေချင်တဲ့အတွက် ပိုးသတ်ဆေးသောက်တာကနေ ချက်ချင်းပဲ အာနိသင်ပြပြီး အသက်သေဆုံးသည်အထိ ဖြစ်တဲ့သူတွေများတယ်”ဟု ဒေါက်တာဦးရဲမြင့်က ဖြည့်စွက်ပြောကြားသည်။
Unknown at 10:47 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒေါ်အောင်ဆန်းစုကြည်က ၈၈ မျိုးဆက်ကို အိမ်ထောင်ပြုရန် တိုက်တွန်း

ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် တွေ့ဆုံကြစဉ် (ဓာတ်ပုံ - NLD)
Irrawaddy — မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် များအား နောင် မျိုးဆက်ကျန်ရှိစေရေး အတွက် အိမ်ထောင်ပြုကြရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။
ယမန်နေ့ညနေ ၆ နာရီက ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် မိသားစု ညစာ မိတ်ဆုံးစားပွဲအဖြစ် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ၉ ဦးတို့နှင့် တွေ့ဆုံရာတွင် ၎င်းက ထိုသို့ တိုက်တွန်းလိုက်ခြင်းဖြစ်ပြီး အိမ်ထောင် ပြုခြင်းကြောင့် ၀န်ထုပ်ဝန်ပိုး တခု မဖြစ်စေသင့်ကြောင်းလည်း ပြောဆိုခဲ့ကြောင်း၊ ၎င်းတို့ တွေ့ဆုံချိန်မှာ ၂ နာရီခွဲခန့် ကြာမြင့်ကြောင်း  ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုအံ့ဘွယ်ကျော်က ဆိုသည်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးတွင် ညီငယ်တဦးသာရှိပြီး ကိုအံ့ဘွယ်ကျော် တွင်လည်း မိခင်အိုကြီးသာ ရှိသောကြောင့် မိသားစု ကျောထောက်နောက်ခံ ရှိစေရေး၊ မျိုးဆက် ကျန်ရှိစေရေးကို ဒေါ်အောင်ဆန်းစုကြည်က ရည်ရွယ်ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“မြန်မာ့နိုင်ငံရေးမှာ အရေးပါတဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော်တို့ ၈၈ မျိုးဆက်ကျောင်းသားတွေ မိတ်ဆုံ ညစာစားပွဲ လုပ်ခဲ့ကြတာပါ။ ခွဲခွာနေတာကြာပြီဖြစ်တဲ့ မိသားစုတွေ ပြန်ဆုံတွေ့တဲ့ သဘောပါပဲ” ဟု ကိုကိုကြီး က ဧရာဝတီကိုပြောသည်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များက ၎င်းတို့၏ အကျဉ်းထောင် အတွေ့အကြုံများ ပြောပြခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း ၎င်း၏ နေအိမ်အကျယ်ချုပ် အတွေ့အကြုံများကို ပြန်လည် မျှဝေခဲ့သည်ဟု သူက ဆိုသည်။
အတွေ့အကြုံ ဖလှယ်ကြရာတွင် ၈၈ မျိုးဆက်ကျောင်းသားများက အကျဉ်းထောင်တွင်း၌ ပန်းချီဆွဲ၍ ဖြတ်သန်းခဲ့ပုံကို ပြောပြကြောင်း၊ ထို့နောက် ကိုဌေးကြွယ်က သူကိုယ်တိုင် အကျဉ်းထောင်တွင်း ရေးဆွဲခဲ့သော ပန်းချီကား တချပ်ကို လက်ဆောင်အဖြစ် ပေးခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း နေအိမ်အကျယ်ချုပ်ကာလများတွင် ပန်းချီဆွဲခဲ့ ကြောင်း ပြန်လည်း ပြောကြား၍ ၈၈ မျိုးဆက်ကျောင်းသားများကို ယောလုံချည်တထည်စီ ပြန်လည် လက်ဆောင်ပေး ခဲ့ကြောင်း သိရသည်။
ကိုမြအေးက “အနှစ် ၂၀ ကျော်ပြီပေါ့ဗျာ။ အန်တီစု (ဒေါ်အောင်ဆန်းစုကြည်) က လွတ်လာ၊ ကျနော်တို့က အဖမ်း ခံရနဲ့၊ နောက် ကျနော်တို့ လွတ်နေချိန် အန်တီစုက အထိမ်းသိမ်းခံရတဲ့ အခြေအနေမျိုးတွေ ဆိုတော့ တယောက်နဲ့ တယောက် မဆုံဖြစ်ကြဘူး” ဟု ဧရာဝတီကို ပြောသည်။
နိုင်ငံရေးနှင့် ပတ်သက်၍ လုံးဝ မပြောဖြစ်ဘဲ လူမှုရေး ကိစ္စများသာ ပြောဆိုဖြစ်ခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက်ကျောင်းသားများ၏ ပန်းတိုင်သည် ကွဲပြားမှုလည်း မရှိကြောင်း၊ ဆက်လက်တွေ့ဆုံ ဆွေးနွေးသွား ကြရန် ရှိကြောင်း သူက ဆက်ပြောသည်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ မကြာသေးမီက ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ လာမည့် ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက်မည်ဆိုသည့် ဆုံးဖြတ်ချက်ကို ထောက်ခံ ကြိုဆိုခဲ့ပြီး ၀န်းရံ ထောက်ခံအားပေးသွားမည် ဖြစ်ကြောင်း ပြောဆိုထားသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး အစရှိသည့် ကျောင်းသား ခေါင်းဆောင်များသည် နှစ်ပေါင်း ၂၀ ကျော် ကာလအတွင်း ယခုတကြိမ်မှာ ပထမဆုံး တွေ့ဆုံမှု ဖြစ်သည်။
Unknown at 10:46 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

သမ္မတကြီး နဲ့ “နောက် ပြန်မလှည့်ကြေး”


 မြန်မာ့ အနာဂတ်အရေးနဲ့ ပတ်သက်ပြီး ပြည်တွင်း နာမည်ကြီး အပတ်စဉ်ထုတ် ဂျာနယ်တစောင်မှာ ဖော်ပြလိုက်တဲ့ ဆောင်းပါးက “နောက်ကြောင်း ပြန်လှည့်လိုသူတွေ” အတွက် ရည်ရွယ်ပြောဆိုချက်ကို မေးခွန်း ထုတ်နေကြပါတယ်။
နိုင်ငံသားအားလုံး ထားရှိသင့်တဲ့ သံန္နိဌာန်မှာ “နောက်ပြန်မလှည့်ကြေး” ဖြစ်လို့ နောက်ကြောင်း ပြန်လှည့် လိုတဲ့ အဖွဲ့အစည်း၊ လူ ပုဂ္ဂိုလ်တွေဟာ နောက်ပြန်လှည့်လိုတဲ့ အကြောင်းရင်းမှန်ကို ပွင့်ပွင့်လင်းလင်း ရဲရဲတင်းတင်း ထုတ်ဖော် ကြေညာဖို့ တိုက်တွန်း လို တယ် လို့ ဇန်န၀ါရီ ၂၅ ရက်ထုတ် ၀ိကလီး အလဲဗင်း ဂျာနယ်က“နေပြည်တော် အနာဂတ် သဘောတူညီချက်”ဆိုတဲ့ ဆောင်းပါး တနေရာမှာ ဖော်ပြထားပါတယ်။ မှူးဇော် ဆိုတဲ့ ကလောင်အမည်နဲ့ ရေးထားတာပါ။ မှူးဇော် ဆိုတာ လက်ရှိ သမ္မတ ဦးသိန်းစိန်ရဲ့သမ္မတရုံး ညွှန်ကြားရေးမှူး ဗိုလ်မှူး ဇော်ဌေး လို့လည်း သိရပါတယ်။
ဒီဆောင်းပါးမှာပါတဲ့ နောက်ပြန်လှည့်လိုတဲ့ လူ ပုဂ္ဂိုလ်၊ အဖွဲ့အစည်း ဆိုတာတွေက တိတိကျကျ ဖော်ပြမထားလို့ ဘယ်သူတွေကို ပြောတာလဲဆိုပြီး စိတ်ဝင်တစား မေးခွန်း ထုတ်နေကြတာပါ။
တချို့ကလည်း လက်ရှိ ဦးသိန်းစိန် အစိုးရ နဲ့ စစ်တပ် အတွင်းက လူတွေလား၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းကလား၊ နှစ်ရှည် ထောင်ဒဏ် ချခံထားရာက မကြာသေးခင်က ပြန်လွတ်လာတဲ့ ၈၈ မျိုးဆက် ကျောင်း သား ခေါင်းဆောင်တွေကို ပြောတာလား ဆိုပြီး ထင်ကြေး အမျိုးမျိုး ပေးလို့ မေးခွန်းထုတ်နေပါတယ်။
ကလောင်ရှင် မှူးဇော်က ဆောင်းပါးအစမှာ နိုင်ငံ့အရေးကို သတိမမူဘဲ နိုင်ငံသား တချို့အရေးကို ဦးစားပေးလုပ်ဆောင်နိုင်တဲ့ အလား အလာတွေကို တွေ့လာနိုင်တဲ့အတွက် နိုင်ငံ့အရေးနဲ့ နိုင်ငံသား တချို့အရေးကို ကွဲပြားဖို့လိုတယ်၊ သမ္မတကြီး ဦးသိန်းစိန် အတွက် အဓိက စိန်ခေါ်ချက်တွေဖြစ်တဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို နိုင်ငံရေး လှုပ်ရှားသူ၊ နိုင်ငံ တည်ဆောက် ရေးမှာ ပါဝင်လိုသူတွေ(Stakeholder) အားလုံးကလည်း အာရုံပြု သုံးသပ်ဖို့ လိုတယ်လို့ ပြောထားပါသေးတယ်။
နိုင်ငံသား တချို့အရေး ဆိုတာကတော့ လူပုဂ္ဂိုလ် တဦးတယောက် အတွက်၊ ပုဂ္ဂလိက နိုင်ငံရေး အကျိုး၊ ပါတီ နိုင်ငံရေး အကျိုးအတွက်၊ အမျိုးသားနိုင်ငံရေး နိုင်ငံ့အရေး မဟုတ် ဆိုတဲ့ သဘော၊ အနည်းစု အကျိုးအတွက် သဘောလို့ ယူဆကြောင်း လေ့လာ သူ တဦး က ပြောပါတယ်။
“နောက် ပြန်မလှည့်ကြေး” ဆိုတာက လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး အခြေအနေတွေ ကနေ နောက်ပြန်မလှည့်နဲ့လို့ မှူးဇော် က ဆိုတာပါ။
သမ္မတကြီး အနေနဲ့ နိုင်ငံ့အရေးအတွက် ပြတ်ပြတ်သားသား လုပ်နေတယ်၊ အခုဆိုရင် လက်ရှိ နိုင်ငံရေး အခင်းအကျင်းဟာ အား လုံးပါဝင်နိုင်တဲ့(All Inclusive) ကျန်အင် လက္ခဏာတွေကို စရောက်နေပြီ၊ ဒါကြောင့် All ဟာ Inclusive ဖြစ်ဖို့လိုတယ်၊ နိုင်ငံ အနာဂတ် ဖွံ့ဖြိုးရေးဟာ နိုင်ငံသားအားလုံးရဲ့ စဉ်းစားချက်အပေါ်မူတည်တယ်၊ လာမယ့် ၄ နှစ်အတွင်း ဆက်လက်ဆောင်ရွက်ချက် တွေအပေါ် အခြေခံတယ် လို့လည်း ပြောပါတယ်၊ အခု ခင်းကျင်းထားတဲ့ လမ်းကြောင်းဟာလည်း အမိန့်အာဏာနဲ့ မဟုတ်ဘဲ လစ်ဘရယ် ပုံစံ လို့ သူက ပြောပါသေးတယ်။
ဒါကြောင့် နောက်လှည့်လိုသူတွေရဲ့သဘောထားကို ထုတ်ပြဖို့ လိုတယ်၊ ဒါမှ Stakeholder တွေကြား ပဋိပက္ခကို ရှောင်ရှားနိုင် မယ် လို့ မှူးဇော် က ဆိုပါတယ်။
မြန်မာ့ ဒီမိုကရေစီရေး ၊ စီးပွားရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ သဟဇာတ ဖြစ်ပြီး ပေါင်းစည်းမိမယ့်အဆင့် မြန်မလား၊ နှေးမလား ဆိုတာဟာလည်း နယ်ပယ်အသီးသီးမှာ လှုပ်ရှားနေသူတွေရဲ့ အရည်အသွေးတွေနဲ့ ဆိုင်တယ်လို့ ပြောဆိုလိုက်ပါတယ်။
ဒီနေရာမှာ တချို့က နောက်လှည့်လိုသူတွေကြောင့် ပြန်လှည့် သွားနိုင်မလား၊ အဲဒီလိုလှည့်ရင် ဘာတွေဖြစ်လာမလဲ ဆိုတာမျိုးတွေ လည်း ပြောဆိုတာ ကြားရပါတယ်။
မြန်မာ့နိုင်ငံရေး ဖြတ်သန်းမှုမှာ အာဏာရှင် စနစ် နဲ့ အာဏာသိမ်း စစ်အုပ်ချုပ်ရေး၊ စီးပွားရေး အရလည်း တပါတီ အာဏာရှင် ဦးနေ၀င်း လက်ထက်မှာ ကမ္ဘာ့ အဆင်းရဲဆုံး(LDC) နိုင်ငံ အဖြစ် ဒေ၀ါလီ ခံခဲ့ရတာ၊ န၀တ၊ နအဖ စစ်အစိုးရ သက်တမ်း နှစ် ၂၀ လောက်အတွင်းမှာလည်း အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှု၊ ပြည်တွင်း ငြိမ်းချမ်းရေး ဆိုရင်လည်း ၁၉၆၃ ခုနှစ် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုဟာ ဦးနေ၀င်း တဦးတည်းရဲ့ ပုဂ္ဂလိက အမျက်ဒေါသ တခုကြောင့် ပျက်ခဲ့တာ စတဲ့ အတွေ့အကြုံ မှတ်တမ်းတွေ ရှိထားပါတယ်။
သမ္မတကြီးကတော့ လက်ရှိ အခြေအနေဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်နေပြီ ဖြစ်တဲ့အတွက် နောက်ပြန်လှည့်စရာ အကြောင်း မရှိဘူးလို့ မကြာသေးခင်က ၀ါရှင်တန်ပို့စ် သတင်းစာနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောထားပါတယ်။
သမ္မတကြီးရဲ့ အဲဒီပြောဆိုချက်နဲ့ မရှေးမနှောင်းမှာပဲ မှူးဇော်ရဲ့“နောက်ပြန်မလှည့်ကြေး” ထွက်ပေါ်လာတာနဲ့ တိုက်ဆိုင်နေလို့ သမ္မတ က တဖက်လှည့်နဲ့ သူဖြစ်စေချင်တာကို အသံထုတ်လိုက်တာလား၊ သူများ လက်ညှိုး မလာခင် လက်ဦးမှု ယူလိုက်တာလား လို့ လည်း ဝေဖန် ပြောဆိုနေကြပါတယ်။
တချိန်တည်းမှာပါပဲ ၀ါရှင်တန်ပို့စ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံခန်းမှာ အခုအပြောင်းအလဲ ဖြစ်စဉ်ကနေ နောက်ကြောင်း ပြန် လှည့် သွားနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုမျိုး ရှိပါသလား ဆိုတဲ့မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လှည့်နိုင်ခြေရှိတယ်လို့ သတိထားမိကြောင်း နဲ့ ဒီဖြစ်နိုင်ခြေ အားလျော့သွားဖို့ အတော် ကြိုးပမ်းရမယ်လို့ ထင်ကြောင်း ဖြေကြားထားပါတယ်။
ဆောင်းပါးရှင် ဗိုလ်မှူး ဇော်ဌေးဟာ ပြီးခဲ့တဲ့ ၂၀၁၁ နိုဝင်ဘာ အတွင်းက ၀ါရှင်တန်ပို့စ်မှာပဲ လက်ရှိ မြန်မာ့ နိုင်ငံရေး အခြေအနေကို တရုတ်နဲ့ ဆက်စပ် ခင်းကျင်းပြပြီး အမေရိကန် အပါအ၀င် အနောက်နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံကိုလိုအပ်ကြောင်း မျက်စ ပစ်တဲ့ သဘော ရေးသားလိုက်ပြီးနောက် မကြာခင် အမေရိကန်-မြန်မာ ဆက်ဆံရေး ပြန်စတဲ့ အနေနဲ့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး မစ္စ ဟီလာရီ ကလင်တန် မြန်မာကို ရောက်လာခဲ့တာဟာ တိုက်ဆိုင်မှု တခုလို့ ဆိုရမလားလို့လည်း ဆင်ခြင် ကြည့်နေကြပါတယ်။
ဒါကြောင့် အခုပြောတဲ့ “နောက်ပြန် မလှည့်ကြေး”ဟာလည်း သိစေလိုသူတွေကို ပစ်မှတ်ထားပြီး မျက်စ ပစ်လိုက်တာလား၊ ရေလာ မြောင်းပေး လုပ်တာလား၊ စိန်ခေါ်တာလား၊ သတိပေး တာလား ဆိုတာကို လေ့လာသူတွေကြား သို့လော သို့လော ဖြစ်နေကြ ပါတယ်။  ။
ကိုစိုး
Unknown at 10:46 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာနိုင်ငံ သတင်းလွတ်လပ်ခွင့် အနည်းအကျဉ်း တိုးတက်လာကြောင်း RSF ပြော

ရန်ကုန်မြို့က အင်တာနက် ကဖေးဆိုင်တဆိုင်
RFA — ပြင်သစ်နိုင်ငံ အခြေစိုက် RSF ခေါ် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့က ၂၀၁၁-၂၀၁၂ ခုနှစ် အတွက် သတင်းလွတ်လပ်မှု အညွှန်းကိန်း Press Freedom Index ကို ထုတ်ပြန်ရာမှာ မြန်မာနိုင်ငံကို ၂၀၁၀ တုန်းက အဆင့် ၁၇၄ သတ်မှတ်ထားခဲ့ပေမယ့် ဒီနှစ်မှာတော့ အဆင့် ၁၆၉ အဖြစ် သတ်မှတ်လိုက်ပါတယ်။
နိုင်ငံရေး အကျဉ်းသားများကို လွတ်ငြိမ်း ချမ်းသာခွင့် ပေးခြင်း အပါအဝင် ပြုပြင် ပြောင်းလဲမှုတချို့ ပြုလုပ်ခဲ့ခြင်းနဲ့ ဆင်ဆာပြုလုပ်တာတွေ လျှော့ချလာခြင်း တို့ကြောင့် အခုလို ပြောင်းလဲ သတ်မှတ်ရခြင်း ဖြစ်ကြောင်း RSF အဖွဲ့ကြီးရဲ့အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ RSF အဖွဲ့ကြီးရဲ့ပြန်ကြားရေးဌာန ညွှန်ကြားရေးမှူး Mr. Lodet ကတော့ အခုလို အဆင့် မြင့်တက်လာပေမယ့်လည်း မြန်မာနိုင်ငံ အနေနဲ့ သတင်း လွတ်လပ်ခွင့် အတွက် အများကြီး လုပ်ဖို့ လိုသေးတယ်လို့ အာအက်ဖ်အေကို ပြောပါတယ် ဒီမိုကရက်တစ် မြန်မာ့အသံရဲ့သတင်းထောက်တွေလို စာနယ်ဇင်းသမားတွေ ထောင်ကနေ ပြန်လွှတ်တာတွေ တွေ့ရကြောင်း၊ ဒါပေမယ့် မြန်မာနိုင်ငံမှာ သတင်းဆင်ဆာလုပ်မှုတွေ ရှိနေဆဲ ဖြစ်ကြောင်း၊ ဒါကြောင့် ဥပဒေတွေ ပြောင်းလဲဖို့ လိုအပ်ကြောင်း၊ လောလောဆယ်မှာ ဖိနှိပ်တဲ့ ဥပဒေနဲ့ သတင်း လွတ်လပ်ခွင့်ကို ပိတ်ပင်ထားကြောင်း ပြောဆိုသွားပါတယ်။ မြန်မာနိုင်ငံဟာ သတင်းလွတ်လပ်မှု အညွှန်းကိန်း Press Freedom Index မှာ နိုင်ငံပေါင်း ၁၇၉ နိုင်ငံ အနက် ၁၆၉ အဆင့်မှာ ရှိနေဆဲမို့ ကမ္ဘာမှာ သတင်း လွတ်လပ်ခွင့် မရှိဆုံး ၁၀ နိုင်ငံစာရင်းရဲ့အပေါ်မှာ ကပ်လျက် ရပ်တည်နေပါတယ်။ အာရှတိုက်မှာ တရုတ် ဗီယက်နမ်စတဲ့ နိုင်ငံတွေမှာလည်း သတင်း လွတ်လပ်မှု အခြေအနေဟာ ဆိုးရွားမြဲ ဆိုးရွားနေပြီး သီိရိလင်္ကာနိုင်ငံမှာ သတင်းသမားတွေကို ဖိနှိပ်မှုတွေ ရှိနေဆဲ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။
RFA
Unknown at 10:45 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မီဒီယာဥပဒေကြမ်း စာပေစိစစ်ရေး ရှင်းလင်း


VOA — ပြန်ကြားရေးဝန်ကြီးဌာနက ဦးဆောင်ရေးဆွဲနေတဲ့ မီဒီယာဥပဒေမူကြမ်းထဲမှာ စာပေစိစစ်ရေးအဖွဲ့ဟာ လက်ရှိလိုမျိုး စာမူတွေကို စိစစ်ဖြတ်တောက်တာတွေ လုပ်တော့မှာမဟုတ်သလို သတင်းနဲ့စာနယ်ဇင်း လုပ်ငန်းတွေ လွတ်လပ်စွာ လုပ်ကိုင်နိုင်မယ့် အချက်တွေပါဝင်တယ်လို့ စာပေစိစစ်ရေးအဖွဲ့ရဲ့ ဒုတိယ ညွှန်ကြားရေးမှူးချုပ်က ပြောလိုက်ပါတယ်။ သတင်း/ဂျာနယ်က အယ်ဒီတာတွေနဲ့ စာပေစိစစ်ရေး အဖွဲ့က တာဝန်ရှိသူတွေ ဒီကနေ့ တွေဆုံစဉ် အခုလိုပြောလိုက်တာ ဖြစ်ပါတယ်။ ဒီတွေ့ဆုံမှုအတွင်း ဆွေးနွေးချက်တွေနဲ့ ဒီအပေါ် သုံးသပ်ချက်တွေကိုတော့  မသင်းသီရိက တင်ပြပေးထားပါတယ်။
ပြည်တွင်း သတင်း/ဂျာနယ်က တာဝန်ရှိတဲ့ အယ်ဒီတာတွေ၊ ထုတ်ဝေသူတွေနဲ့  စာပေစိစစ်ရေးအဖွဲ့က အကြီးအကဲတွေဟာ  ရန်ကုန်က စာပေစိစစ်ရေးရုံးမှာ ဇန်နဝါရီ ၂၅ ရက် ဗုဒ္ဓဟူးနေ့ မနက်က တွေ့ဆုံခဲ့ကြတာပါ။
လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲအဖြစ်နဲ့ စာပေစိစစ်ရေးက ခေါ်ယူခဲ့တဲ့ ဒီတွေ့ဆုံမှုအတွင်းမှာ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း  နိုင်ငံရေးအကျဉ်းသားတွေလွတ်လာတဲ့ သတင်းတွေ ရေးကြရာမှာ စာပေစိစစ်ရေးက ထုတ်ပြန်ထားတဲ့ မူဝါဒတွေထက် ကျော်လွန်ပြီးတော့ ထုတ်ဝေဖြန့်ချိခဲ့တဲ့ ဂျာနယ်တွေနဲ့ ပတ်သက်ပြီးတော့ နောက် ဒီလိုမျိုး မဖြစ်ကြဖို့အတွက် ခေါ်ယူ ပြောဆိုခဲ့သလို ပြန်ကြားရေးက ရေးဆွဲနေတဲ့ မီဒီယာ ဥပဒေမူကြမ်း ကိစ္စတွေကိုပါ စာပေစိစစ်ရေး အကြီးအကဲတွေက ရှင်းပြခဲ့တယ်လို့ ဒီတွေ့ဆုံမှုအတွင်းမှာ ပါဝင်သူ ရန်ကုန်တိုင်မ်း ဂျာနယ်ရဲ့ အယ်တီတာချုပ် ဦးကိုကို( စက်မှု) က ပြောပါတယ်။
အထူးသဖြင့် ဒီ မီိဒီယာဥပဒေမူကြမ်းမှာ အခန်း ၉ ခန်းပါပြီး ဒီမူုကြမ်းကို လွှတ်တော်မှာ တင်ပြပြီး အတည်ဖြစ်လာပြီဆိုရင် စာပေစိစစ်ရေးရဲ့ အခန်းကဏ္ဍဟာ အခုလိုမျိုးရှိတော့မှာ မဟုတ်ဘဲ  သတင်းလုပ်ငန်းတွေကို ပိုပြီးတော့ လွတ်လပ်တဲ့ အခွင့်အလမ်းတွေနဲ့ လုပ်ကိုင်ဖို့တွေ ပါမယ်ဆိုတာကိုလည်း ရှင်းပြခဲ့တယ်လို့ ပြောပါတယ်။
“လွှတ်တော် မီဒီယာ ဥပဒေနဲ့ပတ်သက်ပြီးတော့ ဒီကနေ့ ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြောပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနက ပြောပါတယ် ဆိုတာမျိုး တိုက်တွန်းပါတယ်။ သူဘာပြောသလဲဆိုတော့ – ဒီဥပဒေက သေချာတာတခုကတော့ ခင်ဗျားတို့ကို ဖိနှိပ်ချုပ်ခြယ်ဖို့ မဟုတ်ဘူး။ ခင်ဗျားတို့ကို လွတ်လပ်ခွင့်ပေးဖို့ ဆွဲတဲ့ ဥပဒေဆိုပြီးတော့ ပြောတယ်။ အဲဒီမှာ သူက ဥပမာအားဖြင့်ဗျာ-တဲ့- ဒီ ဥပဒေပေါ်လာရင် ဒီ စာပေ/စာ၊နယ်၊ဇင်း အပေါ်မှာ ကျနော်တို့က ဆင်ဆာဖြတ်ဖို့ မရှိတော့ဘူး၊ ခင်ဗျားတို့ တန်းပြီးတော့ ထုတ်လို့ရပါပြီ။ အခြေခံဥပဒေမှာ ပါပါတယ်-တဲ့။
နောက်တခုက သတင်းရယူရာမှာလည်း ခင်ဗျားတို့ သတင်းအရင်းအမြစ်ကို လျှို့ဝှက်စွာ ထားနိုင်ခွင့်တွေ၊ လွတ်လပ်စွာသတင်းယူပိုင်ခွင့်ကို နှောင့်ယှက်ဟန့်တားမှုတွေ ရှိရင်လည်း အရေးယူတိုင်တန်းတာမျိုး လုပ်နိုင်တဲ့ဟာမျိုးတွေလည်း ပါပါတယ်ပေါ့လေ။ ဒီ ဥပဒေကိုလည်း နိုင်ငံတကာ ဒေသဆိုင်ရာ ဥပဒေတွေကို လေ့လာပြီးတော့မှ ဆွဲတဲ့ အခြေခံဥပဒေမျိုးပါ – လို့တော့ ထည့်သွင်း ပြောသွားပါတယ်ခင်ဗျ”
ဒါ့အပြင် လက်ရှိလုပ်နေကြရတဲ့ အခြေအနေတွေအတွင်း အခက်အခဲနဲ့ လိုအပ်တာတွေ ပြောဆိုကြတဲ့အခါမှာတော့ ရုတ်တရက် ဖြစ်လာတဲ့ အနေအထားတွေအရ ရေးကြရတဲ့ သတင်းတွေကို စာပေစိစစ်ရေး တင်ပြစရာမလိုဘဲ ထုတ်ဝေခွင့် ရှိလာအောင် သူတို့ဘက်က တင်ပြတာတွေရှိတယ်လို့ ပြောပါတယ်။
“သတင်းတွေကလည်း အရမ်းမြန်လာတဲ့အတွက်ကြောင့် မို့လို့လေ- နောက်ဆက်တွဲသတင်းတွေကို တင်ခွင့်ပြုဖို့ပေါ့ဗျာ- ဥပမာအားဖြင့် မျက်နှာဖုံးတွေ ဘာတွေက အခြေအနေ အကြောင်း ကြောင်းကြောင့် ပြောင်းလဲပြီး မျက်နှာဖုံး ပြောင်းတင်တဲ့ အခါမျိုးမှာလည်း အဲဒါကို ခွင့်ပြုဖို့ပေါ့။ အဲဒါကို ကျနော်တို့ ဆွေးနွေးကြပါတယ်။
နောက်တခါ အုပ်စု ၁ မှာ ပါပြီးသားဖြစ်တဲ့ အနုပညာသတင်းလိုဟာမျိုး၊ စီးပွားရေးသတင်းလိုဟာမျိုး၊ မှုခင်းသတင်းလိုဟာမျိုး၊ နောက်တခါ သိပ်ပြီးတော့ sensitive မဖြစ်တဲ့ နိုင်ငံတကာသတင်းလို ဟာမျိုးမှာ သတင်းဂျာနယ်တွေမှာ section တွေအနေနဲ့ ပါပါတယ်။ သတင်းဂျာနယ်တွေမှာ အဲဒီအပိုင်းတွေကို ချန်ပြီးတော့မှပဲ စိစစ်ရေးတင်ဖို့နဲ့ အဲဒီအပိုင်းတွေကို စိစစ်ရေးမဖြတ်ဘဲနဲ့ ခွင့်ပြုဖို့ အဲဒါမျိုးလေးတွေ ကျနော်တို့ တင်ပြပါတယ်။
ကျနော်တို့ တင်ပြချက်ကိုလည်း ဆက်ပြီး ယူသွားပေးမယ်တဲ့၊ ဒီလိုမျိုး ကိစ္စတွေ ဖြစ်နိုင်ခြေရှိပါတယ်-ပေါ့လေ။ တပတ်အတွင်းမှာ အကြောင်းပြန်ပေးပါ့မယ်လို့ ကျနော်တို့ကို ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေကနေ ပြန်ပြောပါတယ် ခင်ဗျ ”
ရန်ကုန်တိုင်းမ်စ် ဂျာနယ်အယ်တီတာချုပ် ဦးကိုကို( စက်မှု)ပါ။
ပြန်ကြားရေးဌာနကသာ ဦးဆောင်ရေးဆွဲနေတဲ့ မီဒီယာ ဥပေဒေမူကြမ်းဟာ လက်ရှိ မြန်မာ့မီဒီယာ သတင်းလုပ်ငန်းတွေထဲ အလုပ်လုပ်နေကြသူတွေရဲ့ သဘောထားတွေ မပါဝင်တာမို့ အတော်လေး ဝေဖန်ပြောဆိုနေသလို ထူးထူးခြားခြား ဥပေဒတရပ် ဖြစ်လာမှာ မဟုတ်ပါဘူးလို့လည်း   သတင်းလောကထဲ တွက်ဆနေကြတာရှိပါတယ်။
ဘယ်အချက်တွေ ပါဝင်တယ်ဆိုတာကို ဘယ်သူမှ မသိရသေးပေမယ့်  ဒီမူကြမ်းကို လွှတ်တော်အတွင်း တင်ပြလာတဲ့အခါမှာလည်း သုံးသပ်နိုင်ဖို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တချို့နဲ့ သတင်း မီဒီယာလုပ်နေသူတချို့ တွေ့ဆုံကာ ပါဝင်သင့်တဲ့ အချက်တွေ ကန့်သတ်မှုမျိုး မဖြစ်သင့်တဲ့ အချက်တွေကို ဆိုတာမျိုး ဆွေးနွေးတာတွေ ရှိပါတယ်။
ဒီကနေ့ စာပေစိစစ်ရေး အကြီးအကဲတွေပြောဆိုတဲ့အထဲ အရင်ကနဲ့မတူဘဲ မူဝါဒ  ကန့်သတ်မှုတွေကို လျှော့ပေးထားပါတယ်ဆိုတဲ့အပေါ် ပြည်တွင်း သတင်းအယ်တီတာ တဦးသုံးသပ်တာကတော့ -
“လုပ်ရကိုင်ရတာ ပြောမယ်ဆိုရင် အရမ်းခက်ပါတယ်။ ဘာကြောင့်ခက်သလဲဆိုတော့ သူတို့ ပိုပြီးတော့မှ ရေးသားခွင့်ပြုလာတာရှိတယ်။ သူတို့ကတော့ ပြောတာပေါ့နော်- မူဝါဒပိုင်းဆိုင်ရာ လျှော့ပေါ့မှု ဆိုတဲ့ဟာ သူတို့ဆီမှာ ဘာမူဝါဒလဲ ဆိုတာ သေသေချာချာ ချထားပေးတာ မရှိကို မရှိဘူးခင်ဗျ။
အဲဒီလို မရှိတဲ့အခါကျတော့ စိစစ်ရေးမှူးတယောက်က တမျိုးစစ်တယ်၊ နောက်တယောက်က တမျိုးစစ်တယ်။ အဲဒီသဘောမျိုးတွေ ဖြစ်နေတဲ့အခါကျတော့ ကျနော်တို့ လုပ်ရကိုင်ရတာ အရမ်းခက်ပါတယ်။ ဒီဥစ္စာက – စိုးရိမ်သောကနဲ့ ကြောက်ရွံ့ပြီးတော့မှ လုပ်နေရတယ်ဆိုရင်တော့ ဒါဟာ ဆင်ဆာအဖွဲ့ကို ကြိုပြီး တင်ရသည်ဖြစ်စေ၊ မတင်ရသည်ဖြစ်စေ ဘာမှ မထူးဘူးလို့တော့ ထင်တာပဲ”
သတင်းအယ်တီတာတဦးရဲ့ သုံးသပ်ချက်ပါရှင်၊ နောက်ပိုင်း မြန်မာနိုင်ငံမှာ ထုတ်ဝေပြီးမှ တင်ပြရတဲ့ ထုတ်/တင်စံနစ်ကို ပြောင်းမယ်လို့ပြောနေပေမယ့်  စာပေစိစစ်ရေးက ဒီ ထုတ်/တင်ဂျာနယ်တွေအပေါ် သတ်မှတ်ထားတဲ့ စည်းကမ်းတွေအရ ငွေဒဏ်အပြင် တရားစွဲဆိုမှုတွေနဲ့ပါ  ရင်ဆိုင်ဖြေရှင်းရမယ်ဆိုတဲ့ အချက်တွေပါဝင်တာမို့ သတင်းလောကသားတွေအတွက် ပိုပြီး အန္တရာယ်ကြီးလာမယ်လို့လည်း ပြောဆိုသုံးသပ်တာတွေ ရှိနေပါတယ်။
Unknown at 10:45 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အစိုးရဝန်ထမ်းများ အရစ်ကျစနစ်ဖြင့် ကားဝယ်နိုင်ပြီ


 အာမခံစနစ်မလိုဘဲ အရစ်ကျစနစ်ဖြင့် အစိုးရဝန်ထမ်းများအား ပြည်တွင်းထုတ်မော်တော်ယာဉ်များကို ရောင်းချပေးသွား မည်ဟု အားမာန်သစ်ကားထုတ်လုပ်ရေးမှတာ ဝန်ရှိသူက ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ပြောသည်။
”နိုင်ငံဝန်ထမ်းဖြစ်ကြောင်း သက်သေခံလက်မှတ်ရှိရမယ်။ ဘယ်ဌာန ဘယ်အဆင့်ဖြစ်ဖြစ် ရောင်းပေးသွားမယ်”ဟု ၄င်းက ပြောသည်။ရန်ကုန်၊ မန္တလေး နှစ်နေရာ၌ အရောင်းပြခန်းဖွင့်လှစ်ကာ ရောင်းချပေးသွားမည်ဖြစ်ပြီး ဝယ်ယူသူအနေဖြင့် ယာဉ်တန်ဖိုး၏ တစ်ဝက်ကို ဦးစွာပေးချေရမည်ဟု သိရသည်။ ထိုသို့ ရောင်းချပေးမည့်  ကားများမှာ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန)လိုင်စင် အပြီးအစီးဖြစ်ကြောင်း သိရသည်။အားမာန်သစ်ကားထုတ်လုပ်ရေးမှလိုက်ထရပ်အမျိုးအစား တူ AMTOBအားကျပ် ၁၂၃ သိန်း၊MTO 16  အားကျပ် ၉၈ သိန်း၊ မီနီဘတ်စ် အားကျပ်သိန်း ၅ဝ ဖြင့် ဇန်နဝါရီ ၁၉ ရက်မှ၂၂ ရက်နေ့ထိ မင်းဓမ္မလမ်း  MCC ခန်းမကားပြ ပွဲတွင် ရောင်းချခဲ့ကြောင်းသိရသည်။
Unknown at 10:44 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြေယာခွဲ​ဝေမှုမှာ လုံး​ဝသမာ သမတ်မကျတဲ့​ ကိစ္စမျိုး​တွေ အများ​ကြီး​ပဲ

လယ်သမားများ ဆန္ဒပြစဉ် (၂၇ အောက်တိုဘာ ၂၀၁၁ )
DVB — တောင်သူလယ်သမား ​များ​ တိုး​တက်​ရေး​အင်အား​စုက မ​ကွေး​တိုင်း​ ကံမမြို့​နယ် စစ္စရံ ​ကျေး​ရွာမှာ မ​နေ့​က ​တောင်သူလယ်သမား​ ဘဝဖွံ့​ဖြိုး​တိုး​တက်​ရေး​နဲ့​ လယ်ယာစီး​ပွား​ ဖွံ့​ဖြိုး​တိုး​တက်​ရေး​အတွက် လယ်သမား​နှီး​နှောပွဲတခုကို ဦး​စီး​ လုပ်​ဆောင်ရာမှာ ရွာနီး​ချုပ်စပ်က လယ်သမား​ ၂၀၀ ​ကျော် တက်​ရောက် ​ဆွေး​နွေး​ပါတယ်။
နှီး​နှောဖလှယ်ပွဲနဲ့​ပတ်သက်ပြီး​ အဲဒီအင်အား​စုက တာဝန်ရှိသူ ဦး​မျိုး​သန့်​ကို ဆက်သွယ် ​မေး​မြန်း​ထား​ပါတယ်။
လယ်သမား​ နှီး​နှောဖလှယ်ပွဲတခု လုပ်​နေတယ်ကြား​လို့​၊​ ဘာ​တွေလုပ်ခဲ့​လဲ။
“မ​နေ့​က မ​ကွေး​တိုင်း​ ကံမမြို့​နယ်၊​ စစ္စရံ​ကျေး​ရွာမှာ လုပ်တာပါ။ ​တောင်သူလယ်သမား​ ဘဝဖွံ့​ဖြိုး​တိုး​တက်​ရေး​နဲ့​ လယ်ယာစီး​ပွား​ဖွံ့​ဖြိုး​တိုး​တက်​ရေး​ ဆိုပြီး​ အဲဒီနာမည်နဲ့​ ဖိုရမ်လုပ်ပါတယ်။ ​တောင်သူလယ်သမား​များ​ဘဝ တိုး​တက်​ရေး​ အင်အား​စုအ​နေနဲ့​ လုပ်တာပါ။ ​တောင်သူလယ်သမား​ နှီး​နှောဖလှယ်ပွဲ​ပေါ့​။ လုပ်တာက ​တောင်သူလယ်သမား​များ​ဘဝ တိုး​တက်​ရေး​အင်အား​စုဆိုပြီး​ ကျ​နော်တို့​ လုပ်တာပါ။ အဲဒီမှာ လယ်သမား​ ၂၀၀ ဝန်း​ကျင် တက်​ရောက်ပါတယ်။ မ​ကွေး​တိုင်း​နဲ့​ ပဲခူး​တိုင်း​အ​နောက်ခြမ်း​က ဇီး​ကုန်း​၊​ ကြို့​ပင်​ကောက်၊​ ​ပေါင်း​တည်၊​ နတ္တလင်း​ပေါ့​။ ဒီမြို့​နယ်​တွေက လယ်သမား​တွေ တက်ပါတယ်။ အား​လုံး​ပေါင်း​ ၂၀၀ ဝန်း​ကျင်​လောက် ရှိပါတယ်။”
ကံမမြို့​နယ် စစ္စရံ​ကျေး​ရွာမှာလား​။ တ​လောက လယ်သိမ်း​ပြီး​ ပြဿနာတက်တဲ့​ ရွာ​ပေါ့​။
“ဟုတ်ပါတယ်။ ရွာလယ်လမ်း​မှာ မဏ္ဍပ်ထိုး​ပြီး​ လုပ်တာပါ။”
ဒီပွဲမှာ အဓိကအား​ဖြင့်​ လယ်သမား​တွေနဲ့​ ဘာ​တွေ​ဆွေး​နွေး​ခဲ့​လဲ။
“နှီး​ နှောဖလှယ်ပွဲပါ။ ကျ​နော်တို့​က အဓိကအား​ဖြင့်​ ဦး​ဌေး​ဦး​ တင်သွင်း​တဲ့​ ၂၀၁၁ လယ်ယာ​မြေဥပ​ဒေမူကြမ်း​ရယ်၊​ ​နောက်ထပ်လယ်ယာစိုက်ပျိုး​ရေး​နဲ့​ ဆည်​မြောင်း​ဝန်ကြီး​ဌာနက တင်သွင်း​တဲ့​ ​မြေလွတ်၊​ ​မြေရိုင်း​နဲ့​ ​မြေယာစီမံခန့်​ခွဲမှု ဥပ​ဒေဆိုတာရယ် အဲဒီဥပ​ဒေမူကြမ်း​ ၂ ရပ်ကို ကျ​နော်တို့​က ငြင်း​ဖျက်ဖို့​အတွက် နှီး​နှောဖလှယ်ပွဲ​တွေကို လုပ်တာပါ။ ဒီဥပ​ဒေမူကြမ်း​တွေက အဓိကအား​ဖြင့်​ ​တောင်သူလယ်သမား​တွေရဲ့​ ဘဝအတွက် အ​ထောက်အပံ့​မဖြစ်​စေဘဲ ကုမ္ပဏီကြီး​တွေကိုသာ ​ကျော​ထောက်​နောက်ခံပြုတဲ့​ ဥပ​ဒေဖြစ်​နေတယ်။ ဒီအတွက် ကျ​နော်တို့​ ငြင်း​ဖျက်ရခြင်း​ ဖြစ်ပါတယ်။ အဲဒီအတွက် နှီး​နှောဖလှယ်ပွဲဆိုတဲ့​ ​နေရာမှာလည်း​ ကျ​နော်တို့​ပြောချင်တာပဲ မ​ပြောဘူး​။ ​နောက် ဒီဥပ​ဒေ​တွေ အတည်မဖြစ်​ရေး​ကို ငြင်း​ရုံသက်သက် မဟုတ်ဘဲနဲ့​ ဒီဟာကို မကြိုက်ဘူး​။ ဒီဥပ​ဒေကို မကြိုက်ဘူး​ဆိုရင် ဘယ်ဥပ​ဒေမျိုး​တွေကို အစား​ထိုး​မလဲ။ ဘယ်လို အချက်အလက်​တွေကို ပါ​စေချင်လည်း​ဆိုတဲ့​ ကိစ္စ​တွေပါ ​ဆွေး​နွေး​ နှီး​နှောဖလှယ်တာပါ။ ​တောင်သူလယ်သမား​တွေရဲ့​ အသံရယ်၊​ ကျ​နော်တို့​ဘက်က ဖြစ်သင့်​ဖြစ်ထိုက်တဲ့​ ပုံစံ​လေး​တွေက ဘယ်လိုအ​နေအထား​ ရှိတယ် ဆိုတာ​လေး​တွေကို တင်ပြတယ်။ သူတို့​ဘက်ကလည်း​ ပြန်လည်​ဆွေး​နွေး​တယ်။ သူတို့​ ​ပြောတဲ့​အချက်​တွေကို မှတ်သား​ထား​တယ်။ အဲလိုမျိုး​ပါ။”
လယ်ဆည်ဝန်ကြီး​ ဦး​ဌေး​ဦး​ တင်ပြတဲ့​ ဥပ​ဒေမူကြမ်း​က ဘာအ​ကြောင်း​အရာကို ​ပြောပြီး​တော့​ အစ်ကိုတို့​က ဘယ်အချက်​ပေါ်မှာ သ​ဘောမကျတာလဲ။
“ဦး​ဌေး​ဦး​ တင်သွင်း​တဲ့​ ၂၀၁၁ လယ်ယာ​မြေ ဥပ​ဒေမူကြမ်း​မှာ ဥပ​ဒေပုဒ်မ ၂ မှာ နံပါတ်တစ်က ဒီဥပ​ဒေကို လယ်ယာ​မြေ ဥပ​ဒေဟု ​ခေါ်တွင်​စေရမည်ဆိုတာက နံပါတ်တစ်​ပေါ့​။ နံပါတ်နှစ်က စပြီး​တော့​ လယ်ယာ​မြေဆိုသည်မှာ နိုင်ငံ​တော်မှ အလိုရှိသည့်​အတိုင်း​ စီမံခန့်​ခွဲနိုင်ခွင့်​ရှိတဲ့​ ​မြေ​တွေဟု ​ခေါ်သည်လို့​ ဆိုတဲ့​အချက်​လေး​ တချက်နဲ့​တင်ပဲ ကျ​နော်တို့​ ဒီဥပ​ဒေကို ငြင်း​ဖျက်ရဖို့​ လုံ​လောက်​နေပြီလို့​ ကျ​နော်တို့​ ယူဆပါတယ်။ တခြား​အချက်​တွေလည်း​ အများ​ကြီး​ ရှိပါတယ်။ သူက လယ်ယာစိုက်ပျိုး​ရေး​ဆိုတဲ့​နေရာမှာ အဓိပ္ပာယ် ဖွင့်​ဆိုချက်ထဲမှာ ​မွေး​မြူ​ရေး​လုပ်ငန်း​တွေပါ ထည့်​သွင်း​ထား​တယ်။ သတ္တုတူး​ဖော်​ရေး​လုပ်ငန်း​က လွဲလို့​၊​ အဲဒါမျိုး​တွေထည့်​ထား​တယ်။ တခြား​အချက်​တွေလည်း​ အများ​ကြီး​ရှိတယ်။ ​နောက်ထပ် လယ်ဆည်ဝန်ကြီး​က တင်တဲ့​မြေလွတ်၊​ ​မြေလပ်နဲ့​ ​မြေရိုင်း​များ​ စီမံခန့်​ခွဲမှု ဥပ​ဒေမှာလည်း​ပဲ အချက်​တွေ အများ​ကြီး​ရှိတယ်။ အဲဒီမှာဆိုရင် ကုမ္ပဏီကြီး​တွေကို အ​ထောက်အပံ့​ပြုထား​တဲ့​ အချက်​တွေမှာ ထင်ထင်ရှား​ရှား​ ဖြစ်တာဆိုလို့​ရှိရင် ဥပမာ ​မြေလွတ်​မြေများ​ကို ​လျှောက်ထား​မယ်ဆိုရင် ကုမ္ပဏီကြီး​တွေအတွက်ဆိုရင် တကြိမ်ကို ဧက ၅,၀၀၀ နဲ့​ အလီလီ၊​ ဧက ၅၀,၀၀၀ ထိ၊​ ချ​ပေး​ခွင့်​ရှိတယ်။ ​နောက်ထပ် လိုအပ်မယ်ဆိုရင် နိုင်ငံ​တော်သမ္မတရဲ့​ အတည်ပြုချက်၊​ ​ထောက်ခံချက်နဲ့​ ​နောက်ထပ်ထပ်ပြီး​ ၅၀,၀၀၀ အထက်ပို​ပေး​လို့​ ရ​သေး​တယ်။ လယ်လုပ်မယ့်​ ​တောင်သူလယ်သမား​တွေ အတွက်ကျ​တော့​ ၁၀ ဧက တနိုင်တပိုင်ကို အဆင့်​ဆင့်​ စိစစ်ချက်ဖြင့်​ဆိုတဲ့​ စကား​ရပ်နဲ့​ ထည့်​သုံး​ထား​ပြီး​တော့​ အဆင့်​ဆင့်​ စိစစ်ချက်နဲ့​ ၁၀ ဧကပဲ ​ပေး​မယ်ဆိုတာမျိုး​ ပါတယ်။ ​မြေယာခွဲ​ဝေမှုမှာ လုံး​ဝသမာသမတ် မကျတဲ့​ကိစ္စမျိုး​တွေ အများ​ကြီး​ပဲ။”
လယ်သမား​ ၂၀၀ ​ကျော်ထဲက တချို့​တွေက ဘာအ​ကြောင်း​အရာ​တွေကို ​ပြောကြလဲ။
“အဲဒီကိစ္စ​ တွေအပြင်မှာ သူတို့​လက်ရှိ ခံစား​နေရတဲ့​ ​မြေသိမ်း​ယာသိမ်း​ ကိစ္စ​တွေပါတယ်။ အခု စစ္စရံက ပုဂ္ဂိုလ်​တွေဆို တချို့​ကုမ္ပဏီက သိမ်း​ထား​ပြီး​ သူတို့​ဆီမှာလာပြီး​တော့​ အ​ဆောက်အဦ​တွေ ​ဆောက်ထား​တယ်။ အစ်ကိုတို့​လည်း​ သိမယ်။ အဲဒါ​တွေဆို ခုထိပြန်မဖျက်​သေး​ဘူး​။ ဖျက်ရ​ကောင်း​နိုး​၊​ မဖျက်ရ​ကောင်း​နိုး​ ဖြစ်​နေတဲ့​ လတ်တ​လော ပြဿနာ​တွေ၊​ ဒါ​လေး​တွေလည်း​ ရှိသလို ​နောက်ထပ် ထပ်ပြီး​ ​မြေသိမ်း​ယာသိမ်း​ ကိစ္စ​တွေလည်း​ ရှိ​နေ​သေး​တယ်။ တချို့​နေရာမှာဆိုရင် ဒီဥပ​ဒေမူကြမ်း​ကို ပြပြီး​တော့​ ​မြေသိမ်း​ဖို့​ လုပ်​နေတဲ့​ ဟာ​တွေလည်း​ ကျ​နော်တို့​ ကြုံ​တွေ့​နေရတယ်။ ဒါမျိုး​တွေလည်း​ ကြား​ခဲ့​ရတယ်။
“​နောက်ထပ်က သီး​နှံကို လွတ်လပ်စွာ မစိုက်ပျိုး​နိုင်တဲ့​ကိစ္စ။ အဲဒီဘက်မှာ​တော့​ ​နွေစပါး​မရှိဘူး​။ နတ္တလင်း​ဘက်မှာဆို ​နွေစပါး​မစိုက်ချင်ဘဲ စိုက်​နေရတယ်။ ​နွေစပါး​မစိုက်ချင်​တော့​ တချို့​ကလည်း​ပဲ အဆင်​ပြေသလို ဆည်​မြောင်း​တို့​ဘာတို့​နဲ့​ ​ငွေ​ပေး​ပြီး​တော့​ ​နွေစပါး​အစိုက်ပြတယ်။ ​နွေစပါး​မစိုက်ဘဲနဲ့​ ပဲစိုက်တယ်။ အဲလိုမျိုး​လုပ်တာ​တွေ ရှိတယ်။ ဒီလို​တွေက အမြဲတမ်း​ကြုံ​တွေ့​နေရတဲ့​ ပြဿနာ​တွေ။ ဒါမျိုး​တွေကလည်း​ သူတို့​တင်သွင်း​နေတာပါ။ အဲဒါ​တွေလည်း​ ကျ​နော်တို့​ ဥပ​ဒေပြုတဲ့​ထဲမှာ ထည့်​ပြီး​တော့​ ​ပြောဆို​ပေး​နိုင်ဖို့​၊​ သူတို့​က​တော့​ အရပ်စကား​နဲ့​ပဲ ​ပြောကြတယ်။”
နှီး​နှောဖလှယ်ပွဲက​နေ ရရှိ​ကောက်ယူ​ဆွေး​နွေး​တဲ့​ အချက်အလက်​တွေကို ဘယ်လိုပြုစုပြီး​တော့​ ဘယ်သူ​တွေဆီ တင်ပြဖို့​ရှိလဲ။
“ကျ​နော်တို့​ ဒါ ပထမဆုံး​ လုပ်တဲ့​ပွဲ​ပေါ့​။ ဒီပွဲမျိုး​ကို ​နောက်ထပ် ​ဒေသဆိုင်ရာ​တွေမှာ တတ်နိုင်သ​လောက် ဆက်လုပ်သွား​မယ်။ အချိန်မီအခါမီ ဖြစ်နိုင်​အောင်လည်း​ ကျ​နော်တို့​ ​မျှော်လင့်​ပါတယ်။ အဲလိုလုပ်သွား​ရင်း​နဲ့​ပဲ ဒီပွဲ​တွေက ​တောင်သူလယ်သမား​တွေကိုယ်တိုင် နှုတ်ထွက်စကား​တွေထဲက ရလာတဲ့​ အချက်အလက်​တွေကို ကျ​နော်တို့​ ဥပ​ဒေကျွမ်း​ကျင်တဲ့​ ပညာရှင်​တွေနဲ့​ ညှိနှိုင်း​တိုင်ပင်ပြီး​တော့​ ဥပ​ဒေကြမ်း​အဆင့်​ထိ အတတ်နိုင်ဆုံး​ ​ရောက်​အောင် ပြုစုသွား​မယ်။ ပြီး​တော့​မှ အဲဒါ​တွေကို နိုင်ငံ​ရေး​ပါတီ​တွေကိုလည်း​ ကျ​နော်တို့​ ဖြန့်​ဝေမယ်။ ​နောက်တခါ ပြည်သူ့​လွှတ်​တော်၊​ အမျိုး​သား​လွှတ်​တော်၊​ ကိုယ်စား​လှယ်​တွေကိုလည်း​ ကျ​နော်တို့​ ဖြန့်​ဝေသွား​ပါမယ်။ သူတို့​တွေကလည်း​ လွှတ်​တော်ထဲ တင်သွင်း​နိုင်ဖို့​ ကျ​နော်တို့​ ကြိုး​စား​နေပါတယ်။”
ဒီပွဲမှာ လူ ၂၀၀ ​လောက်တက်တယ်ဆို​တော့​ သက်ဆိုင်ရာက ဘယ်လိုမှ အ​ရေး​မယူဘူး​လား​။ ကြိုတင် ခွင့်​ပြုချက်ယူထား​လား​။
“ကျ​နော်တို့​ ကြိုတင်ခွင့်​ပြုချက်လည်း​ မယူပါဘူး​။ ဒါက ကျ​နော်တို့​ရဲ့​ နိုင်ငံသား​ရဲ့​ အ​ခြေခံရပိုင်ခွင့်​ အခွင့်​အ​ရေး​ထဲကပဲ လုပ်​ဆောင်သွား​တာပါ။ ကျ​နော်တို့​မှာ ဘာမှဆူပူလိုခြင်း​ ဆန္ဒလည်း​ မရှိဘူး​။ ဆူပူမှုလည်း​ ဘာမှမဖြစ်ခဲ့​ဘူး​။ ရုန်း​ရင်း​ဆန်ခတ်မှုလည်း​ မဖြစ်ခဲ့​ဘူး​။ ​အေး​ဆေး​ငြိမ်း​ချမ်း​စွာ လုပ်သွား​တာ ဖြစ်တယ်။ သူတို့​ဘက်ကလည်း​ ဘာမှ ​နှောင့်​ယှက်ဟန့်​တား​တာ မရှိပါဘူး​။”
Unknown at 10:44 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.