Thursday, January 26, 2012

အသုံးပြု သူများအား ဝက်ဆိုက်များ မှတစ်ဆင့် Google တို့ ခြေရာခံမည်


Google နှင့် ဆက်နွယ်သည့် ဝက်ဆိုက်များကို သုံးစွဲသူများ အတွက် သတိထား ရမည့် အချက် တစ်ခု ထွက်ပေါ် လာခဲ့ပြီ ဖြစ်သည်။ လာမည့် မတ်လမှ စတင်ကာ Google ကုမ္ပဏီမှ လည်ပတ် ထားသည့် ဝက်ဆိုက် အားလုံးနီးပါးကို ဝင်ရောက် ကြည့်ရှု့သူများကို ခြေရာကောက် စုံစမ်းတော့မည် ဖြစ်ကြောင်း အင်္ဂါနေ့က ကြေငြာ လိုက်ကာ You Tube , G mail  နှင့်အခြား လူသုံး များသော ဆိုက်များ အားလုံးတို့တွင် ဝင်ရောက် သူများ အနေဖြင့်Google တို့၏ နောက်ကွယ်မှ စောင့်ကြည့်မှု များကို ရင်ဆိုင်ရ တော့မည် ဖြစ်သည်။

ဥပမာ အနေဖြင့် Google ၏ ဝန်ဆောင်မှု တစ်ခုခုတွင် မှတ်ပုံတင် ထားသူများ အနေဖြင့် ယင်းအစီအစဉ် တစ်ခုသို့ ဝင်ပြီး နောက်ပိုင်းတွင် မိမိသဘောဖြင့် ထွက်သွား သော်လည်း Google မှာဆက်လက်ပြီး ၎င်း၏ အွန်လိုင်း အတွင်း လုပ်ဆောင်ချက် သမိုင်းကြောင်းကို ဆက်လက် စောင့်ကြည့် နေမည် ဖြစ်သည်။ ထို့အပြင် ယင်းသို့ ပြုလုပ်ပြီးနောက် အဆိုပါ သုံးစွဲသူ ကြိုက်နှစ်သက် နိုင်သည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး ကြော်ငြာများ ပြသပေး သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
Unknown at 2:12 PM
Share

1 comment:

  1. AnonymousJuly 10, 2012 at 9:58 AM

    မဂ်လာပါ ။
    ခြေရာမခံပဲနေပါ့မလား သူများတွေကိုဖျက်ချင်သလိုဖျက်
    ကြပါတယ် အမှန်ပြောရင်မကောင်းပါ ။

    ReplyDelete
    Replies
      Reply
Add comment
Load more...

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.