Thursday, January 26, 2012

ဘုရားမီး ပူဇော်ရာမှတစ်ဆင့် ဖြစ်ပွားခဲ့သည့်စမ်းချောင်းမြို့နယ် မင်္ဂလာလမ်း မီးလောင်မှု


ယနေ့နံနက် ၆နာရီ၊ ၁၀မိနစ်က ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် မင်္ဂလာလမ်းရှိ တိုက်အမှတ် ၄၄၊ ၆လွှာ ၀ဲဘက် အခြမ်းအခန်းမှာ ဘုရားမီးပူဇော်ရာမှတစ်ဆင့် မီးလောင်ကျွမ်းမှု တစ်ခုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ မီးလောင် ကျွမ်းမှုမှာ နံနက် ၆နာရီ ၁၀မိနစ်က စတင်လောင်ကျွမ်းခဲ့တာ ဖြစ်ပြီး နံနက် ၆နာရီ ၄၂မိနစ်မှာ မီးငြိမ်းသွား ခဲ့ပါတယ်။ မီးလောင်မှုဖြစ်ပွားစဉ်အတွင်း နေအိမ်မှာ ကလေးငယ်များသာ ကျန်ရှိခဲ့တဲ့ အချိန်ဖြစ်ပါတယ်။
အဆိုပါ မီးလောင်ကျွမ်းမှုမှာ အထပ်မြင့် အဆောက်အဦအခန်းက မီးလောင်ကျွမ်းမှုဖြစ်တာကြောင့် လှေကားတင်ယာဉ်နဲ့ မီးငြှိမ်းသတ်ခဲ့ ရတယ်လို့ သိရပါတယ်။ အဲ့ဒီလို လှေကားတင်ယာဉ် နဲ့မီးငြှိမ်း သတ်ရာမှာ လမ်းအတွင်းရှိ ဓာတ်တိုင်တွေမှ သွယ်တန်းထား တဲ့ ကေဘယ်ကြိုးများ ရှုပ်ထွေးမှု ရှိနေတာကြောင့် နှောင့်နှေး ကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့တယ်လို့ မီးသတ်ဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။
အဲ့ဒီလို ဘုရားမီး ပူဇော်ရာမှတစ်ဆင့် ဖြစ်ပွားခဲ့တဲ့ မီးလောင် ကျွမ်းမှုမှာ ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၁၆သိန်းဖိုး ရှိတယ်လို့ သတင်းရရှိပါတယ်။ အဲ့ဒီ မီးလောင်ကျွမ်းမှုကို စမ်းချောင်း၊ အလုံ၊ ကြည့်မြင့်တိုင်၊ လှိုင်၊ ကျောက်တံတားမြို့နယ် မီးသတ်ဌာနများမှ မီးသတ်ယာဉ် ၁၀စီး၊ လှေကားတင် ယာဉ်တစ်စီး၊ အုပ်ချုပ်ရေး မှူးယာဉ် ၃စီးတို့ မီးငြှိမ်းသတ်ခဲ့ကြတယ်လို့ သိရပါတယ်။
Unknown at 2:21 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.