Thursday, January 26, 2012

မန္တလေးတွင်ကျင်းပမည့်ရန်ပုံငွေ ပန်းချီပြပွဲသို့ဒေါ်အောင်ဆန်းစု ကြည် တက်ရောက်မည်

— အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရန်ပုံငွေအဖြစ် “ပွင့်သစ်လွင်ပြင်” အမည်ရှိပန်းချီပြပွဲကို လာမည့်ဖေဖော်ဝါရီလ ဆန်းတွင် မန္တလေးမြို့၌ ကျင်းပရန်စီစဉ်ထားရာ ဖွင့်ပွဲအခန်းအနားသို့ အမျိုးသားဒီမိုကရေစီိအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မည်ဖြစ်ကြောင်း၊ ပန်းချီပြပွဲဖြစ်မြောက်ရေးကော်မတီမှ သိရသည်။
အဆိုပါ ပန်းချီပြပွဲကို ဖေဖော်ဝါရီ ၄ ရက်မှ ၇ ရက်နေ့အထိ ၊ မန္တလေးမြို့ ၈၄ လမ်းနဲ့ ၃၁ လမ်းထောင့်ရှိ ဓမ္မသာလာခန်းမတွင်ပြုလုပ်မည်ဖြစ်ရာ မန္တလေးမြို့မှ ပန်းချီဆရာအယောက် ၃၀ ၏ ပန်းချီကား ၉၀ ၀န်းကျင်နှင့် ရန်ကုန်မြို့မှ ပန်းချီဆရာများ၏ပန်းချီကားများအပါအ၀င် ရေဆေး၊ ဆီဆေး၊ အခရိုင်းလစ် စုစုပေါင်းကား ၁၀၀ ကျော်ပါဝင်ပြသ ရောင်းချမည်ဟု ကော်မတီဥက္ကဌ ဆရာကျော်မိုးသာက ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မန္တလေးတိုင်းဒေသကြီး၏ ပထမအကြိမ်ကာတွန်းပြပွဲကိုလည်း၊ ဇန်န၀ါရီ ၂၁ ရက်ကနေ၊ ၂၂ ရက်အထိ ပဒုမ္မာခန်းမတွင် ကျင်းပခဲ့ရာ ကားတွန်းပုံများပါဝင်သောအခွေတချပ်လျှင် ကျပ် ၅၀၀ ဖြင့်ရောင်းချပေးပြီး လာရောက်ကြည့်ရှု့သူများဖြင့် အထူးစည်ကားခဲ့ကြောင်းသိရသည်။
Unknown at 2:22 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.