Thursday, January 26, 2012

မြေယာခွဲ​ဝေမှုမှာ လုံး​ဝသမာ သမတ်မကျတဲ့​ ကိစ္စမျိုး​တွေ အများ​ကြီး​ပဲ

လယ်သမားများ ဆန္ဒပြစဉ် (၂၇ အောက်တိုဘာ ၂၀၁၁ )
DVB — တောင်သူလယ်သမား ​များ​ တိုး​တက်​ရေး​အင်အား​စုက မ​ကွေး​တိုင်း​ ကံမမြို့​နယ် စစ္စရံ ​ကျေး​ရွာမှာ မ​နေ့​က ​တောင်သူလယ်သမား​ ဘဝဖွံ့​ဖြိုး​တိုး​တက်​ရေး​နဲ့​ လယ်ယာစီး​ပွား​ ဖွံ့​ဖြိုး​တိုး​တက်​ရေး​အတွက် လယ်သမား​နှီး​နှောပွဲတခုကို ဦး​စီး​ လုပ်​ဆောင်ရာမှာ ရွာနီး​ချုပ်စပ်က လယ်သမား​ ၂၀၀ ​ကျော် တက်​ရောက် ​ဆွေး​နွေး​ပါတယ်။
နှီး​နှောဖလှယ်ပွဲနဲ့​ပတ်သက်ပြီး​ အဲဒီအင်အား​စုက တာဝန်ရှိသူ ဦး​မျိုး​သန့်​ကို ဆက်သွယ် ​မေး​မြန်း​ထား​ပါတယ်။
လယ်သမား​ နှီး​နှောဖလှယ်ပွဲတခု လုပ်​နေတယ်ကြား​လို့​၊​ ဘာ​တွေလုပ်ခဲ့​လဲ။
“မ​နေ့​က မ​ကွေး​တိုင်း​ ကံမမြို့​နယ်၊​ စစ္စရံ​ကျေး​ရွာမှာ လုပ်တာပါ။ ​တောင်သူလယ်သမား​ ဘဝဖွံ့​ဖြိုး​တိုး​တက်​ရေး​နဲ့​ လယ်ယာစီး​ပွား​ဖွံ့​ဖြိုး​တိုး​တက်​ရေး​ ဆိုပြီး​ အဲဒီနာမည်နဲ့​ ဖိုရမ်လုပ်ပါတယ်။ ​တောင်သူလယ်သမား​များ​ဘဝ တိုး​တက်​ရေး​ အင်အား​စုအ​နေနဲ့​ လုပ်တာပါ။ ​တောင်သူလယ်သမား​ နှီး​နှောဖလှယ်ပွဲ​ပေါ့​။ လုပ်တာက ​တောင်သူလယ်သမား​များ​ဘဝ တိုး​တက်​ရေး​အင်အား​စုဆိုပြီး​ ကျ​နော်တို့​ လုပ်တာပါ။ အဲဒီမှာ လယ်သမား​ ၂၀၀ ဝန်း​ကျင် တက်​ရောက်ပါတယ်။ မ​ကွေး​တိုင်း​နဲ့​ ပဲခူး​တိုင်း​အ​နောက်ခြမ်း​က ဇီး​ကုန်း​၊​ ကြို့​ပင်​ကောက်၊​ ​ပေါင်း​တည်၊​ နတ္တလင်း​ပေါ့​။ ဒီမြို့​နယ်​တွေက လယ်သမား​တွေ တက်ပါတယ်။ အား​လုံး​ပေါင်း​ ၂၀၀ ဝန်း​ကျင်​လောက် ရှိပါတယ်။”
ကံမမြို့​နယ် စစ္စရံ​ကျေး​ရွာမှာလား​။ တ​လောက လယ်သိမ်း​ပြီး​ ပြဿနာတက်တဲ့​ ရွာ​ပေါ့​။
“ဟုတ်ပါတယ်။ ရွာလယ်လမ်း​မှာ မဏ္ဍပ်ထိုး​ပြီး​ လုပ်တာပါ။”
ဒီပွဲမှာ အဓိကအား​ဖြင့်​ လယ်သမား​တွေနဲ့​ ဘာ​တွေ​ဆွေး​နွေး​ခဲ့​လဲ။
“နှီး​ နှောဖလှယ်ပွဲပါ။ ကျ​နော်တို့​က အဓိကအား​ဖြင့်​ ဦး​ဌေး​ဦး​ တင်သွင်း​တဲ့​ ၂၀၁၁ လယ်ယာ​မြေဥပ​ဒေမူကြမ်း​ရယ်၊​ ​နောက်ထပ်လယ်ယာစိုက်ပျိုး​ရေး​နဲ့​ ဆည်​မြောင်း​ဝန်ကြီး​ဌာနက တင်သွင်း​တဲ့​ ​မြေလွတ်၊​ ​မြေရိုင်း​နဲ့​ ​မြေယာစီမံခန့်​ခွဲမှု ဥပ​ဒေဆိုတာရယ် အဲဒီဥပ​ဒေမူကြမ်း​ ၂ ရပ်ကို ကျ​နော်တို့​က ငြင်း​ဖျက်ဖို့​အတွက် နှီး​နှောဖလှယ်ပွဲ​တွေကို လုပ်တာပါ။ ဒီဥပ​ဒေမူကြမ်း​တွေက အဓိကအား​ဖြင့်​ ​တောင်သူလယ်သမား​တွေရဲ့​ ဘဝအတွက် အ​ထောက်အပံ့​မဖြစ်​စေဘဲ ကုမ္ပဏီကြီး​တွေကိုသာ ​ကျော​ထောက်​နောက်ခံပြုတဲ့​ ဥပ​ဒေဖြစ်​နေတယ်။ ဒီအတွက် ကျ​နော်တို့​ ငြင်း​ဖျက်ရခြင်း​ ဖြစ်ပါတယ်။ အဲဒီအတွက် နှီး​နှောဖလှယ်ပွဲဆိုတဲ့​ ​နေရာမှာလည်း​ ကျ​နော်တို့​ပြောချင်တာပဲ မ​ပြောဘူး​။ ​နောက် ဒီဥပ​ဒေ​တွေ အတည်မဖြစ်​ရေး​ကို ငြင်း​ရုံသက်သက် မဟုတ်ဘဲနဲ့​ ဒီဟာကို မကြိုက်ဘူး​။ ဒီဥပ​ဒေကို မကြိုက်ဘူး​ဆိုရင် ဘယ်ဥပ​ဒေမျိုး​တွေကို အစား​ထိုး​မလဲ။ ဘယ်လို အချက်အလက်​တွေကို ပါ​စေချင်လည်း​ဆိုတဲ့​ ကိစ္စ​တွေပါ ​ဆွေး​နွေး​ နှီး​နှောဖလှယ်တာပါ။ ​တောင်သူလယ်သမား​တွေရဲ့​ အသံရယ်၊​ ကျ​နော်တို့​ဘက်က ဖြစ်သင့်​ဖြစ်ထိုက်တဲ့​ ပုံစံ​လေး​တွေက ဘယ်လိုအ​နေအထား​ ရှိတယ် ဆိုတာ​လေး​တွေကို တင်ပြတယ်။ သူတို့​ဘက်ကလည်း​ ပြန်လည်​ဆွေး​နွေး​တယ်။ သူတို့​ ​ပြောတဲ့​အချက်​တွေကို မှတ်သား​ထား​တယ်။ အဲလိုမျိုး​ပါ။”
လယ်ဆည်ဝန်ကြီး​ ဦး​ဌေး​ဦး​ တင်ပြတဲ့​ ဥပ​ဒေမူကြမ်း​က ဘာအ​ကြောင်း​အရာကို ​ပြောပြီး​တော့​ အစ်ကိုတို့​က ဘယ်အချက်​ပေါ်မှာ သ​ဘောမကျတာလဲ။
“ဦး​ဌေး​ဦး​ တင်သွင်း​တဲ့​ ၂၀၁၁ လယ်ယာ​မြေ ဥပ​ဒေမူကြမ်း​မှာ ဥပ​ဒေပုဒ်မ ၂ မှာ နံပါတ်တစ်က ဒီဥပ​ဒေကို လယ်ယာ​မြေ ဥပ​ဒေဟု ​ခေါ်တွင်​စေရမည်ဆိုတာက နံပါတ်တစ်​ပေါ့​။ နံပါတ်နှစ်က စပြီး​တော့​ လယ်ယာ​မြေဆိုသည်မှာ နိုင်ငံ​တော်မှ အလိုရှိသည့်​အတိုင်း​ စီမံခန့်​ခွဲနိုင်ခွင့်​ရှိတဲ့​ ​မြေ​တွေဟု ​ခေါ်သည်လို့​ ဆိုတဲ့​အချက်​လေး​ တချက်နဲ့​တင်ပဲ ကျ​နော်တို့​ ဒီဥပ​ဒေကို ငြင်း​ဖျက်ရဖို့​ လုံ​လောက်​နေပြီလို့​ ကျ​နော်တို့​ ယူဆပါတယ်။ တခြား​အချက်​တွေလည်း​ အများ​ကြီး​ ရှိပါတယ်။ သူက လယ်ယာစိုက်ပျိုး​ရေး​ဆိုတဲ့​နေရာမှာ အဓိပ္ပာယ် ဖွင့်​ဆိုချက်ထဲမှာ ​မွေး​မြူ​ရေး​လုပ်ငန်း​တွေပါ ထည့်​သွင်း​ထား​တယ်။ သတ္တုတူး​ဖော်​ရေး​လုပ်ငန်း​က လွဲလို့​၊​ အဲဒါမျိုး​တွေထည့်​ထား​တယ်။ တခြား​အချက်​တွေလည်း​ အများ​ကြီး​ရှိတယ်။ ​နောက်ထပ် လယ်ဆည်ဝန်ကြီး​က တင်တဲ့​မြေလွတ်၊​ ​မြေလပ်နဲ့​ ​မြေရိုင်း​များ​ စီမံခန့်​ခွဲမှု ဥပ​ဒေမှာလည်း​ပဲ အချက်​တွေ အများ​ကြီး​ရှိတယ်။ အဲဒီမှာဆိုရင် ကုမ္ပဏီကြီး​တွေကို အ​ထောက်အပံ့​ပြုထား​တဲ့​ အချက်​တွေမှာ ထင်ထင်ရှား​ရှား​ ဖြစ်တာဆိုလို့​ရှိရင် ဥပမာ ​မြေလွတ်​မြေများ​ကို ​လျှောက်ထား​မယ်ဆိုရင် ကုမ္ပဏီကြီး​တွေအတွက်ဆိုရင် တကြိမ်ကို ဧက ၅,၀၀၀ နဲ့​ အလီလီ၊​ ဧက ၅၀,၀၀၀ ထိ၊​ ချ​ပေး​ခွင့်​ရှိတယ်။ ​နောက်ထပ် လိုအပ်မယ်ဆိုရင် နိုင်ငံ​တော်သမ္မတရဲ့​ အတည်ပြုချက်၊​ ​ထောက်ခံချက်နဲ့​ ​နောက်ထပ်ထပ်ပြီး​ ၅၀,၀၀၀ အထက်ပို​ပေး​လို့​ ရ​သေး​တယ်။ လယ်လုပ်မယ့်​ ​တောင်သူလယ်သမား​တွေ အတွက်ကျ​တော့​ ၁၀ ဧက တနိုင်တပိုင်ကို အဆင့်​ဆင့်​ စိစစ်ချက်ဖြင့်​ဆိုတဲ့​ စကား​ရပ်နဲ့​ ထည့်​သုံး​ထား​ပြီး​တော့​ အဆင့်​ဆင့်​ စိစစ်ချက်နဲ့​ ၁၀ ဧကပဲ ​ပေး​မယ်ဆိုတာမျိုး​ ပါတယ်။ ​မြေယာခွဲ​ဝေမှုမှာ လုံး​ဝသမာသမတ် မကျတဲ့​ကိစ္စမျိုး​တွေ အများ​ကြီး​ပဲ။”
လယ်သမား​ ၂၀၀ ​ကျော်ထဲက တချို့​တွေက ဘာအ​ကြောင်း​အရာ​တွေကို ​ပြောကြလဲ။
“အဲဒီကိစ္စ​ တွေအပြင်မှာ သူတို့​လက်ရှိ ခံစား​နေရတဲ့​ ​မြေသိမ်း​ယာသိမ်း​ ကိစ္စ​တွေပါတယ်။ အခု စစ္စရံက ပုဂ္ဂိုလ်​တွေဆို တချို့​ကုမ္ပဏီက သိမ်း​ထား​ပြီး​ သူတို့​ဆီမှာလာပြီး​တော့​ အ​ဆောက်အဦ​တွေ ​ဆောက်ထား​တယ်။ အစ်ကိုတို့​လည်း​ သိမယ်။ အဲဒါ​တွေဆို ခုထိပြန်မဖျက်​သေး​ဘူး​။ ဖျက်ရ​ကောင်း​နိုး​၊​ မဖျက်ရ​ကောင်း​နိုး​ ဖြစ်​နေတဲ့​ လတ်တ​လော ပြဿနာ​တွေ၊​ ဒါ​လေး​တွေလည်း​ ရှိသလို ​နောက်ထပ် ထပ်ပြီး​ ​မြေသိမ်း​ယာသိမ်း​ ကိစ္စ​တွေလည်း​ ရှိ​နေ​သေး​တယ်။ တချို့​နေရာမှာဆိုရင် ဒီဥပ​ဒေမူကြမ်း​ကို ပြပြီး​တော့​ ​မြေသိမ်း​ဖို့​ လုပ်​နေတဲ့​ ဟာ​တွေလည်း​ ကျ​နော်တို့​ ကြုံ​တွေ့​နေရတယ်။ ဒါမျိုး​တွေလည်း​ ကြား​ခဲ့​ရတယ်။
“​နောက်ထပ်က သီး​နှံကို လွတ်လပ်စွာ မစိုက်ပျိုး​နိုင်တဲ့​ကိစ္စ။ အဲဒီဘက်မှာ​တော့​ ​နွေစပါး​မရှိဘူး​။ နတ္တလင်း​ဘက်မှာဆို ​နွေစပါး​မစိုက်ချင်ဘဲ စိုက်​နေရတယ်။ ​နွေစပါး​မစိုက်ချင်​တော့​ တချို့​ကလည်း​ပဲ အဆင်​ပြေသလို ဆည်​မြောင်း​တို့​ဘာတို့​နဲ့​ ​ငွေ​ပေး​ပြီး​တော့​ ​နွေစပါး​အစိုက်ပြတယ်။ ​နွေစပါး​မစိုက်ဘဲနဲ့​ ပဲစိုက်တယ်။ အဲလိုမျိုး​လုပ်တာ​တွေ ရှိတယ်။ ဒီလို​တွေက အမြဲတမ်း​ကြုံ​တွေ့​နေရတဲ့​ ပြဿနာ​တွေ။ ဒါမျိုး​တွေကလည်း​ သူတို့​တင်သွင်း​နေတာပါ။ အဲဒါ​တွေလည်း​ ကျ​နော်တို့​ ဥပ​ဒေပြုတဲ့​ထဲမှာ ထည့်​ပြီး​တော့​ ​ပြောဆို​ပေး​နိုင်ဖို့​၊​ သူတို့​က​တော့​ အရပ်စကား​နဲ့​ပဲ ​ပြောကြတယ်။”
နှီး​နှောဖလှယ်ပွဲက​နေ ရရှိ​ကောက်ယူ​ဆွေး​နွေး​တဲ့​ အချက်အလက်​တွေကို ဘယ်လိုပြုစုပြီး​တော့​ ဘယ်သူ​တွေဆီ တင်ပြဖို့​ရှိလဲ။
“ကျ​နော်တို့​ ဒါ ပထမဆုံး​ လုပ်တဲ့​ပွဲ​ပေါ့​။ ဒီပွဲမျိုး​ကို ​နောက်ထပ် ​ဒေသဆိုင်ရာ​တွေမှာ တတ်နိုင်သ​လောက် ဆက်လုပ်သွား​မယ်။ အချိန်မီအခါမီ ဖြစ်နိုင်​အောင်လည်း​ ကျ​နော်တို့​ ​မျှော်လင့်​ပါတယ်။ အဲလိုလုပ်သွား​ရင်း​နဲ့​ပဲ ဒီပွဲ​တွေက ​တောင်သူလယ်သမား​တွေကိုယ်တိုင် နှုတ်ထွက်စကား​တွေထဲက ရလာတဲ့​ အချက်အလက်​တွေကို ကျ​နော်တို့​ ဥပ​ဒေကျွမ်း​ကျင်တဲ့​ ပညာရှင်​တွေနဲ့​ ညှိနှိုင်း​တိုင်ပင်ပြီး​တော့​ ဥပ​ဒေကြမ်း​အဆင့်​ထိ အတတ်နိုင်ဆုံး​ ​ရောက်​အောင် ပြုစုသွား​မယ်။ ပြီး​တော့​မှ အဲဒါ​တွေကို နိုင်ငံ​ရေး​ပါတီ​တွေကိုလည်း​ ကျ​နော်တို့​ ဖြန့်​ဝေမယ်။ ​နောက်တခါ ပြည်သူ့​လွှတ်​တော်၊​ အမျိုး​သား​လွှတ်​တော်၊​ ကိုယ်စား​လှယ်​တွေကိုလည်း​ ကျ​နော်တို့​ ဖြန့်​ဝေသွား​ပါမယ်။ သူတို့​တွေကလည်း​ လွှတ်​တော်ထဲ တင်သွင်း​နိုင်ဖို့​ ကျ​နော်တို့​ ကြိုး​စား​နေပါတယ်။”
ဒီပွဲမှာ လူ ၂၀၀ ​လောက်တက်တယ်ဆို​တော့​ သက်ဆိုင်ရာက ဘယ်လိုမှ အ​ရေး​မယူဘူး​လား​။ ကြိုတင် ခွင့်​ပြုချက်ယူထား​လား​။
“ကျ​နော်တို့​ ကြိုတင်ခွင့်​ပြုချက်လည်း​ မယူပါဘူး​။ ဒါက ကျ​နော်တို့​ရဲ့​ နိုင်ငံသား​ရဲ့​ အ​ခြေခံရပိုင်ခွင့်​ အခွင့်​အ​ရေး​ထဲကပဲ လုပ်​ဆောင်သွား​တာပါ။ ကျ​နော်တို့​မှာ ဘာမှဆူပူလိုခြင်း​ ဆန္ဒလည်း​ မရှိဘူး​။ ဆူပူမှုလည်း​ ဘာမှမဖြစ်ခဲ့​ဘူး​။ ရုန်း​ရင်း​ဆန်ခတ်မှုလည်း​ မဖြစ်ခဲ့​ဘူး​။ ​အေး​ဆေး​ငြိမ်း​ချမ်း​စွာ လုပ်သွား​တာ ဖြစ်တယ်။ သူတို့​ဘက်ကလည်း​ ဘာမှ ​နှောင့်​ယှက်ဟန့်​တား​တာ မရှိပါဘူး​။”
Unknown at 10:44 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.