Thursday, January 26, 2012

အစိုးရဝန်ထမ်းများ အရစ်ကျစနစ်ဖြင့် ကားဝယ်နိုင်ပြီ


 အာမခံစနစ်မလိုဘဲ အရစ်ကျစနစ်ဖြင့် အစိုးရဝန်ထမ်းများအား ပြည်တွင်းထုတ်မော်တော်ယာဉ်များကို ရောင်းချပေးသွား မည်ဟု အားမာန်သစ်ကားထုတ်လုပ်ရေးမှတာ ဝန်ရှိသူက ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ပြောသည်။
”နိုင်ငံဝန်ထမ်းဖြစ်ကြောင်း သက်သေခံလက်မှတ်ရှိရမယ်။ ဘယ်ဌာန ဘယ်အဆင့်ဖြစ်ဖြစ် ရောင်းပေးသွားမယ်”ဟု ၄င်းက ပြောသည်။ရန်ကုန်၊ မန္တလေး နှစ်နေရာ၌ အရောင်းပြခန်းဖွင့်လှစ်ကာ ရောင်းချပေးသွားမည်ဖြစ်ပြီး ဝယ်ယူသူအနေဖြင့် ယာဉ်တန်ဖိုး၏ တစ်ဝက်ကို ဦးစွာပေးချေရမည်ဟု သိရသည်။ ထိုသို့ ရောင်းချပေးမည့်  ကားများမှာ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန)လိုင်စင် အပြီးအစီးဖြစ်ကြောင်း သိရသည်။အားမာန်သစ်ကားထုတ်လုပ်ရေးမှလိုက်ထရပ်အမျိုးအစား တူ AMTOBအားကျပ် ၁၂၃ သိန်း၊MTO 16  အားကျပ် ၉၈ သိန်း၊ မီနီဘတ်စ် အားကျပ်သိန်း ၅ဝ ဖြင့် ဇန်နဝါရီ ၁၉ ရက်မှ၂၂ ရက်နေ့ထိ မင်းဓမ္မလမ်း  MCC ခန်းမကားပြ ပွဲတွင် ရောင်းချခဲ့ကြောင်းသိရသည်။
Unknown at 10:44 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.