Thursday, January 26, 2012

ဒီဇယ်နှင့်အောက်တိန်း ထုတ်လုပ်ရန် သံပုရာကန်၌ အကြီးစားပြင်ဆင်မှု ပြုလုပ်နေ


Popular News Journal — ဒီဇယ်နှင့်အောက်တိန်းတို့ကို ထုတ်လုပ်သွားနိုင်ရန် ရေနံဓာတု ဗေဒစက်ရုံစု(သံပုရာကန်)၌ အကြီးစားပြင်ဆင်မှု များ ဆောင်ရွက် နေပြီဟု နေပြည်တော်ရှိ စွမ်းအင် ဝန်ကြီးဌာနမှ သတင်းရရှိသည်။
စွမ်းအင်ဝန်ကြီးဌာနမှ တာဝန် ရှိသူက ”ဒီဇယ်နဲ့အောက်တိန်းကို ပြည်တွင်းမှာ ထုတ်လုပ်ဖို့ ရှေ့လျာ ထားချက် ချမှတ်ထားပါတယ်။ အခု ဒါတွေကိုဆောင်ရွက်နေပါပြီ။ ပြီးစီး ရင် ထုတ်လုပ်နိုင်တော့မှာပါ”ဟု ဆို သည်။
ယင်းတို့ကို ထုတ်လုပ်နိုင်ပါက ပြည်ပမှ မှာယူတင်သွင်းနေရသည့် ပမာဏကို အတိုင်း အတာတစ်ခုအထိ လျှော့ချပေး သွားနိုင်ဖွယ် ရှိမည်ဟု သိရသည်။အောက်တိန်းဓာတ်ဆီ အပါ အဝင် ဒီဇယ်ဆီတို့ကို ပြည်တွင်းလို အပ်ချက်အရ ပြည်ပမှ အကန့်အသတ် မရှိ တင်သွင်းခွင့်ကို လုပ်ငန်း ရှင်တို့အား ပေးထားကြောင်း၊ ပြည် တွင်း၌ ထုတ်လုပ်သွားနိုင်ပါကလည်း ပြည်ပမှ မှာယူတင်သွင်းရသည့် ပ မာဏများစွာလျော့ကျသွား မည့် အနေအထားသို့ရောက် ရန်မူ အလှမ်း ကွာနေသေးကြောင်း ပြည်ပမှ စက် သုံးဆီတင်သွင်းသည့် လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။
“အခု ပြည်တွင်းမှာ ဓာတ်ဆီ တစ်မျိုးတည်းတောင်မှ ကျွမ်းကျင် သူတွေ ခန့်မှန်းကြတာက တစ်လ ကို ဂါလန် ၁၃ သန်းလောက် လို တယ်။ ပေးနိုင်တာက ကိုးသန်းနီးပါး လောက်ပဲဆိုတော့ ဒီမှာ တင် လေး သန်းလောက် ဟသွားပြီ။ ဒီလိုပဲ ဒီဇယ်နဲ့အောက်တိန်းကလည်း လို နေတာဆိုတော့ ဖြည့်ပေးနိုင်တယ် ဆိုရင်တောင် သွင်းရမယ့် ပမာဏကို အများကြီး မကျနိုင်ဘူး။ ဒါပေမဲ့ ပြည် တွင်းမှာ အခုလို ထုတ်နိုင်မယ်ဆိုရင် ပြည်ပကနေမှာရတဲ့အခါမှာ ကုန် ကျနိုင်တဲ့သယ်ယူပို့ဆောင်ခထက်သက်သာသွားနိုင်တာတော့ အမှန် ပဲ”ဟု ၄င်းကသူ့အမြင်ကိုဆိုသည်။
ပြည်ပမှ အလုံးအရင်းဖြင့် တင် သွင်းနေရသော ဒီဇယ်ဆီနှင့်ပတ် သက်၍ စွမ်းအင်ဝန်ကြီးဌာနမှ တာ ဝန်ရှိသူကလည်း ၄င်းတို့အေ နဖြင့် ကျောက်ဖြူ-ကူမင်း ရေနံပိုက်လိုင်း သွယ်တန်းရာမှ ရရှိလာမည့် ရေနံ စိမ်းဖြင့် ချက်လုပ်မည့် စက်ရုံအသစ် ပြီးစီးပါက ဒီဇယ်ဆီကို တိုးကာ ထုတ်လုပ်သွားရန် ရှိသည်ဟု ထပ် လောင်းဆိုသည်။စွမ်းအင်ဝန် ကြီးဌာနမှ ဝန်ထမ်း များအနေဖြင့် ဒေသတွင်း အဖွဲ့အ စည်းများမှ ဖွင့်လှစ်ပို့ချသည့် ရေနံ ချက်လုပ်ငန်းဆိုင်ရာ သင်တန်း များ နှင့် စွမ်းအင်လုပ်ငန်းခွင် သင်တန်း များသို့ တက်ရောက်နိုင်ရန် ထိုင်း၊ အိန္ဒိယ၊ ဂျပန်၊ တရုတ်နှင့် မလေး ရှားနိုင်ငံများသို့ ပုံမှန်စေလွှတ်လျက် ရှိနေကြောင်း အဆို ပါဌာနမှ သိရသည်။
Unknown at 10:51 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.