အီဂျစ်သမ္မတဟောင်း ဟိုစနီမူဘာရက်ကို ပြုတ်ကျစေခဲ့သော တော်လှန်ရေးတစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အီဂျစ်တို့က ဇန်န၀ါရီလ ၂၅ ရက်နေ့တွင် တဟီရာရင်ပြင်သို့ သွားရောက်စုဝေးဆန္ဒပြခဲ့ကြသည်။
အစ္စလာမ်မစ်များ၊ လစ်ဘရယ်များ၊ လက်ဝဲများနှင့် သာမန်အီဂျစ်ပြည်သူထောင်ပေါင်းများစွာသည် ဆန္ဒပြမှုများ၏ ဗဟိုချက်ဖြစ်ခဲ့သော တဟီရာရင်ပြင်တွင်စုဝေးကာ အလံများ ဝှေ့ယမ်းဆန္ဒပြခဲ့ကြသည်။ အီဂျစ်ပါလီမန်သစ် တွင် လွှမ်းမိုးထားသော မွတ်စလင်ဘရားသားဟုဒ်က ဆန္ဒပြမှုများ တစ်နှစ်ပြည့်အထိမ်းအမှတ် ကျင်းပခဲ့ပြီး တော်လှန်ရေးနောက်ကွယ်မှ ဒီမိုကရေစီလိုလားသည့် အဖွဲ့များက မပြီးဆုံးသေးသည့် တော်လှန်ရေးကို ဆက်လက်ဆင်နွှဲသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အာဏာရစစ်ကောင်စီကို နုတ်ထွက်ရန် တောင်းဆိုခဲ့သည်။
ထို့ပြင် အာဏာရစစ်ဦးစီးကောင်စီက ရေတပ်စစ်ရေးပြမှုဆောင်ရွက်ရန်စီစဉ်ထားသည့် အလက်ဇန္ဒရီယားမြို့တွင် အီဂျစ်တို့က ကမ်းခြေသို့ သွားရောက်ကာ ဆန္ဒပြခဲ့ကြသည်။ စူးအက်တူးမြောင်းရှိသည့် စူးအက်မြို့တွင်လည်း ဆန္ဒပြသူ ၅၀၀၀ ခန့်က သွားရောက်စုဝေး ဆန္ဒပြခဲ့ကြသည်။ အာဏာရစစ်ဦးစီးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးတန်တာဝီက ဆန္ဒပြသူများကိုချွေးသိပ်ရန် ကြိုးပမ်းသည့်အနေဖြင့် ဆယ်စုနှစ်များစွာကြာပြီဖြစ်သည့် အရေးပေါ်အခြေအနေဥပဒေကို တစ် စိတ်တစ်ပိုင်း ရုပ်သိမ်းကြောင်း ကြေညာခဲ့သည်။
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge