တစ်ခါက အင်တာနက် ဖိုရမ် တစ်ခုမှာ ခပ်ဟော့ဟော့ မိန်းကလေးတစ်ယောက်က ပို့စ်တစ်ခု တင်တယ်။
ခေါင်းစဉ် ။ ။ ချမ်းသာတဲ့ယောက်ျားရဖို့ ဘာလုပ်ရမလဲ။
ကျွန်မ အမှန်အတိုင်း ရိုးရိုးသားသားပြောမှာပါ။ ကျွန်မက အသက် ၂၅နှစ်၊ အတော်လေးလှတယ်၊
စတိုင်ကျတယ်၊ အကောင်းကြိုက်တယ်။ ကျွန်မလိုချင်တာက တစ်နှစ်ကို ဒေါ်လာ ငါးသိန်းအထက် ဝင်ငွေရှိတဲ့ ယောက်ျားပါ။ ရှင်တို့က လောဘကြီးတယ် ထင်ချင်လည်းထင်မှာပေါ့။ ဒါပေမယ့် တစ်နှစ်တစ်သန်းလောက်ဝင်ငွေ
ရှိသူတွေကို နယူးယောက်မှာ လူလတ်တန်းစားလို့ပဲ မြင်ကြတာလေ။ ကျွန်မလိုချင်တာ သိပ်မများပါဘူး။ ဒီဖိုရမ်ထဲမှာ ငါးသိန်းလောက်ဝင်တဲ့သူများ ရှိသလားမသိဘူး။
ရှင်တို့ အိမ်ထောင်ရှိကြသလား။ ကျွန်မမေးချင်ပါတယ်။ ရှင်တို့လို ချမ်းချမ်းသာသာ တစ်ယောက်ကိုရဖို့ ကျွန်မဘာလုပ်ရမလဲ။ အကြံပေးကြပါ။ ကျွန်မ ဒိတ်လုပ်ဖူးသမျှထဲမှာတော့ တစ်နှစ် နှစ်သိန်းခွဲလောက်ဝင်တဲ့သူက အများဆုံးပဲ။ အဲဒီထက်ပိုရသူ မရှိတော့ဘူး။ တကယ်လို့ နယူးယောက်ပန်းခြံ အနောက်ဖက်က လူကုံထံရပ်ကွက်မှာ နေချင်တယ်ဆိုရင် တစ်နှစ် နှစ်သိန်းခွဲနဲ့ မလောက်ဘူးလေ။
မေးခွန်းလေးနည်းနည်း မေးပါရစေ။
၁) ချမ်းသာတဲ့ လူပျိုတွေ ဘယ်နေရာတွေ သွားကြသလဲ။
၂) ဘယ်အသက်အရွယ်တန်းလောက် မှန်းသင့်သလဲ။
၃) ဘာဖြစ်လို့ ချမ်းသာတဲ့ အိမ်ထောင်ရှင်မတွေက သာမန်ရုပ်ရည်ပဲ ရှိကြတာလဲ။ ကျွန်မ တချို့တွေ့ဖူးပါရဲ့။ ကြည့်လို့ကလည်း မကောင်း၊ ဆွဲဆောင်မှုက မရှိ၊ ဒါပေမယ့် လူချမ်းသာတွေနဲ့ ယူသွားကြတယ်။
၎) ရှင်တို့က ဘယ်လိုမိန်းကလေးမျိုးကို အိမ်ထောင်ဖက် ရွေးကြသလဲ။ ကျွန်မက အတည်လက်ထပ်ချင်တာပါ။
မပက်တီ
-------------------------- -------------------------- ------------------
ဂျေပီ မော်ဂန် ဘဏ်မှ အမှုဆောင်အရာရှိချုပ်ရဲ့ ပြန်လှန်ရေးသားချက်
မပက်တီရေ..
ခင်ဗျားတင်ထားတဲ့ ပို့စ်ကို စိတ်ဝင်တစားနဲ့ ဖတ်ပြီးပါပြီ။ ခင်ဗျားလိုပဲ မေးချင်နေတဲ့ တခြားမိန်းကလေးတွေလည်း အများကြီးရှိဦးမယ် ထင်တယ်။ ခင်ဗျားရဲ့ အခြေအနေကို ရင်းနှီးမြှုပ်နှံမှု ကျွမ်းကျင်သူ တစ်ယောက်အနေနဲ့ စမ်းစစ်လေ့လာခွင့်ပြုပါ။ ခင်ဗျား သပ်မှတ်တဲ့အတိုင်း ကျုပ်ဝင်ငွေက တစ်နှစ်ကို ဒေါ်လာ ငါးသိန်းကျော်ပါတယ်။ ဒါကြောင့် အားလုံးလည်း ကျုပ်ဒီမှာ အချိန်လာဖြုန်းနေတာမဟုတ်ဘူး ဆိုတာ နားလည်လိမ့်မယ် ထင်ပါတယ်။
စီးပွားရေးသမားတစ်ယောက်အနေနဲ့ ကြည့်ရင်တော့ ခင်ဗျားကို လက်ထပ်ယူဖို့ဆိုတာ ဆုံးဖြတ်ချက်အမှားပဲ။ အဖြေက အတော်ကို လွယ်ပါတယ်။ ရှင်းပြမယ်လေ။ အသေးစိတ်တွေကို ဖယ်ထားမယ်ဆိုရင် ခင်ဗျားလုပ်ချင်တာက "အလှ" နဲ့ "ငွေကြေး" ကို ဖလှယ်ချင်တာပဲ။ လူတစ်ယောက်က အလှအပ ပေးမယ် နောက်တစ်ယောက် ငွေကြေးနဲ့ ပြန်ပေး။ ဒီအထိ ဟုတ်လို့ပဲ။ ဒါပေမယ့် ပြဿနာကြီးတစ်ခုရှိတယ်။ ခင်ဗျားရဲ့ အလှအပဟာ တဖြည်းဖြည်း မှိန်ဖျော့လာလိမ့်မယ်။ ကျုပ်ငွေကတော့ ဆိုးဆိုးဝါးဝါးတွေ မဖြစ်ရင် ကုန်သွားနိုင်စရာ မရှိဘူး။ တကယ်တမ်းက ကျုပ်ရဲ့ ဝင်ငွေဟာ နှစ်တိုင်း တိုးနေတာပဲ။ ခင်ဗျားရဲ့ အလှအပကတော့ နှစ်တိုင်းတိုးလာဖို့ မဖြစ်နိုင်ဘူးလေ။ ဘောဂဗေဒ စကားနဲ့ပြောရင် ကျုပ်မှာက တိုးပွားနေတဲ့ ပိုင်ဆိုင်မှုရှိတယ်။ appreciation asset ပေါ့။ ခင်ဗျားမှာက ဈေးလျော့လာတဲ့ ပိုင်ဆိုင်မှုရှိတယ်။ depreciation asset ပေါ့။ ရိုးရိုး depreciation မဟုတ်ဘူး။ တရှိန်ထိုးကျတဲ့ exponential depreciation မျိုး။ ခင်ဗျားမှာ အဲဒီ အလှအပတစ်ခုပဲ ပိုင်ဆိုင်တယ်ဆိုရင် နောင်ဆယ်နှစ်မှာ ခင်ဗျားရဲ့ တန်ဖိုးက အတော်လေးနည်းသွားလိမ့်မယ်။
ဝေါစထရိမှာ သုံးကြတဲ့စကားတွေထည့်ပြောရင် အရောင်းအဝယ်တိုင်းမှာ Position ဆိုတာ ရှိတယ်။ (Position Trading ဆိုတာ နေ့စဉ်လုပ်နေတဲ့ စတော့ အရောင်းအဝယ် Day Trading နဲ့ မတူပါ။ သူက ရေရှည် Trand ကိုကြည့်ပြီး အရောင်းအဝယ်လုပ်တာပါ။) ကျုပ်တို့ အတွက်တော့ ခင်ဗျားနဲ့ ဒိတ်လုပ်တာလည်း "Trading Position" တစ်ခုပဲ။ ဈေးကွက်ထဲမှာတော့ ပေါက်ဈေး ကျလာရင် ကျုပ်တို့က ရောင်းထုတ်တာပဲ။ ခင်ဗျားလုပ်ချင်တဲ့ လက်ထပ်တယ်ဆိုတာမျိုး ရေရှည် အကြာကြီးဆက်ကိုင်ထားဖို့ မကောင်းဘူးလေ။ နည်းနည်းရိုင်းသလိုတော့ရှိတ ယ်ဗျာ ဒါပေမယ့် ဥာဏ်ရှိတဲ့လူတွေကတော့ ဈေးကျလာတဲ့ Asset တွေကို ရောင်းထုတ်တာ ဒါမှမဟုတ် "ငှားထုတ်"တာတွေ လုပ်ကြတာပဲ။ တစ်နှစ်ကို ဒေါ်လာ ငါးသိန်းလောက် ဝင်ငွေရှိတဲ့သူတွေဟာ အရူးအပေါတွေတော့ မဟုတ်ဘူးဗျ။ ကျုပ်တို့ ခင်ဗျားနဲ့ ဒိတ်လုပ်ချင်လုပ်မယ် ဒါပေမယ့် လက်ထပ်မှာတော့ မဟုတ်ဘူးဗျ။
ကျုပ် အကြံပေးချင်တာကတော့ ခင်ဗျားအနေနဲ့ ချမ်းသာတဲ့ငနဲတွေကို အမိဖမ်းဖို့ ကြံတာကို ရပ်လိုက်သင့်တယ်။ တလက်စတည်း ခင်ဗျားကိုယ်တိုင် တစ်နှစ် ငါးသိန်းလောက်ဝင်အောင် ကြိုးစားသင့်တယ်။ အဲဒီလိုလုပ်တာကမှ ချမ်းသာတဲ့ ငတုံးတစ်ကောင်ရဖို့ထက် လွယ်ဦးမယ်။ ကျုပ်ပြောတာ ခင်ဗျားအတွက် အထောက်အပံ့ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။
အမှုဆောင်အရာရှိချုပ် ဂျေပီမော်ဂန်ဘဏ်
ရှင်တို့ အိမ်ထောင်ရှိကြသလား။ ကျွန်မမေးချင်ပါတယ်။ ရှင်တို့လို ချမ်းချမ်းသာသာ တစ်ယောက်ကိုရဖို့ ကျွန်မဘာလုပ်ရမလဲ။ အကြံပေးကြပါ။ ကျွန်မ ဒိတ်လုပ်ဖူးသမျှထဲမှာတော့ တစ်နှစ် နှစ်သိန်းခွဲလောက်ဝင်တဲ့သူက
မေးခွန်းလေးနည်းနည်း မေးပါရစေ။
၁) ချမ်းသာတဲ့ လူပျိုတွေ ဘယ်နေရာတွေ သွားကြသလဲ။
၂) ဘယ်အသက်အရွယ်တန်းလောက် မှန်းသင့်သလဲ။
၃) ဘာဖြစ်လို့ ချမ်းသာတဲ့ အိမ်ထောင်ရှင်မတွေက သာမန်ရုပ်ရည်ပဲ ရှိကြတာလဲ။ ကျွန်မ တချို့တွေ့ဖူးပါရဲ့။ ကြည့်လို့ကလည်း မကောင်း၊ ဆွဲဆောင်မှုက မရှိ၊ ဒါပေမယ့် လူချမ်းသာတွေနဲ့ ယူသွားကြတယ်။
၎) ရှင်တို့က ဘယ်လိုမိန်းကလေးမျိုးကို အိမ်ထောင်ဖက် ရွေးကြသလဲ။ ကျွန်မက အတည်လက်ထပ်ချင်တာပါ။
မပက်တီ
--------------------------
ဂျေပီ မော်ဂန် ဘဏ်မှ အမှုဆောင်အရာရှိချုပ်ရဲ့ ပြန်လှန်ရေးသားချက်
မပက်တီရေ..
ခင်ဗျားတင်ထားတဲ့ ပို့စ်ကို စိတ်ဝင်တစားနဲ့ ဖတ်ပြီးပါပြီ။ ခင်ဗျားလိုပဲ မေးချင်နေတဲ့ တခြားမိန်းကလေးတွေလည်း အများကြီးရှိဦးမယ် ထင်တယ်။ ခင်ဗျားရဲ့ အခြေအနေကို ရင်းနှီးမြှုပ်နှံမှု ကျွမ်းကျင်သူ တစ်ယောက်အနေနဲ့ စမ်းစစ်လေ့လာခွင့်ပြုပါ။ ခင်ဗျား သပ်မှတ်တဲ့အတိုင်း ကျုပ်ဝင်ငွေက တစ်နှစ်ကို ဒေါ်လာ ငါးသိန်းကျော်ပါတယ်။ ဒါကြောင့် အားလုံးလည်း ကျုပ်ဒီမှာ အချိန်လာဖြုန်းနေတာမဟုတ်ဘူး
စီးပွားရေးသမားတစ်ယောက်အနေန
ဝေါစထရိမှာ သုံးကြတဲ့စကားတွေထည့်ပြောရင
ကျုပ် အကြံပေးချင်တာကတော့ ခင်ဗျားအနေနဲ့ ချမ်းသာတဲ့ငနဲတွေကို အမိဖမ်းဖို့ ကြံတာကို ရပ်လိုက်သင့်တယ်။ တလက်စတည်း ခင်ဗျားကိုယ်တိုင် တစ်နှစ် ငါးသိန်းလောက်ဝင်အောင် ကြိုးစားသင့်တယ်။ အဲဒီလိုလုပ်တာကမှ ချမ်းသာတဲ့ ငတုံးတစ်ကောင်ရဖို့ထက် လွယ်ဦးမယ်။ ကျုပ်ပြောတာ ခင်ဗျားအတွက် အထောက်အပံ့ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။
အမှုဆောင်အရာရှိချုပ် ဂျေပီမော်ဂန်ဘဏ်
ဘကြီးသက်
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment