အ၀ိုင်းကိုသာ အလုပ်အကျွေးပြုနေပြီး လူများစုဖြစ်သော လူလတ်တန်းစားနှင့် အောက်ခြေလူ
တန်းစားအလွှာများအတွက်မူ မယ်မယ်ရရ ထိရောက်စွာလုပ်ဆောင်ပေးခြင်းမရှိပဲ လျစ်
လျူရှုထားသည်ဟု အတိုက်အခံ PKR ပါတီခေါင်းဆောင်တဦးဖြစ်သူ အက်ဇ်မင်
အလီမှပြောကြားလိုက်သည်။
အကယ်၍သာ မလေးရှားအစိုးရအနေနှင့် လက်ရှိ၌နိုင်ငံဘဏ္ဍာများကို ပရမ်းပတာသုံးစွဲမှုနေမှုများနှင့်
လေလွင့်ပြုန်းတီးမှုများကိုထိန်းချုပ်နိုင်ခြင်းမရှိပါက လာမည့်ဆယ်စုနှစ်များအတွင်း ကြွေးပတ်လည်
ဝိုင်းနေသော ဂရိနိုင်ငံကဲ့သို့ ဒေ၀ါလီခံရမည့်အလားရှိနေသော နိုင်ငံတနိုင်ငံအနေအထားသို့ မလေး
ရှားနိုင်ငံအနေနှင့် ဦးတည်နေသည်ဟု PKR ပါတီ၏ ဒုဥက္ကဋ္ဌတဦးဖြစ်သူ အက်ဇ်မင်အလီမှပြောကြားလိုက်သည်။
မလေးရှားနိုင်ငံ၏ လက်ရှိနိုင်ငံတော်ကြွေးမြီပမာဏသည် ပြည်တွင်းအသားတင်ထုတ်ကုန် (GDP) ပမာဏ၏
(၅၃%) အထိရှိလာနေသည့်အချက်အား အက်ဇ်မင်မှထောက်ပြသွားခဲ့သည်။
(၁၉၈၃) တွင်ရေးဆွဲပြဋ္ဌာန်းခဲ့သော ဥပဒေ၌၊ အကယ်၍ နိုင်ငံတော်ကြွေးမြီပမာဏသည် (၅၅%) အထက်သို့ရောက်ရှိလာပြီဆိုပါက နိုင်ငံ့စီးပွားရေးနှင့်ပတ်သက်၍ ပြတ်သားသော အရေးယူဆောင်ရွက်မှုကို
လုပ်ဆောင်ရမည်ဟု ဆိုထားသည်။
“ လူကြီးမင်းတို့… အခု..နိုင်ငံတော်ကြွေးမြီပမာဏာဟာ (၅၅%) ကိုရောက်ဖို့ (၂%) လောက်ပဲလိုပါတော့တယ်။
တကယ်လို့သာ အမ်နိုပါတီခေါင်းဆောင်တဲ့ ဘာရီဆဲန်နေရှင်နယ် ညွန့်ပေါင်းအဖွဲ့ကိုသာ ဖြုတ်မချနိုင်ဘူးဆိုရင်
ကျနော်တို့ဒေ၀ါလီခံရတော့မှာဖြစ်ပါတယ်…”
ဟုဘရန်ဘာရူတွင်ကျင်းပခဲ့သော လူထုအစည်းအဝေး၌ အက်ဇ်မင်အလီမှာဆိုခဲ့သည်။
အဆိုပါအစည်းအဝေးနှင့်ပတ်သက်ပြီး အချိန်နီးမှကပ်အကြောင်းကြားခဲ့သဖြင့် တက်ရောက်လာသူပမာဏမများ
လှသော်ငြား အက်ဇ်မင်မှ လက်ရှိနိုင်ငံရေးအနေအထားနှင့် ပတ်သက်ပြီး ကြက်သီးမွှေးညင်းထလောက်စရာမိန့်ခွန်းအား
လေးနက်ပြင်းထန်စွာဖြင့်ဆိုသွားခဲ့သည်။
ငွေပမာဏကြီးမားစွာချေးယူနေ၍ ကြွေးပတ်လည်ဝိုင်းလာ၍ တိုင်းပြည်အနေနှင့် အောက်သို့နိမ့်လျှောလာနေကာ
ထိုအကြွေးများအတွက် ၀န်ကြီးချုပ်နာဂျစ်ဘ်ရာဇက်မှ ဆပ်ပေးနိုင်မည်မဟုတ်ပါ…ဟု အက်ဇ်မင်မှပြောသည်။
ထိုကြွေးမြီများကိုပြန်ဆပ်ရန်အတွက် လာမည့်မျိုးဆက်သစ်မလေးရှားနိုင်ငံသားများမှ ခါးစည်းခံရလိမ့်မည်ဖြစ်
သည်ဟု ၄င်းမှဆိုသည်။
“ တကယ်လို့သာ မလေးရှားနိုင်ငံရေး၊ စီးပွားရေးစနစ်တွေကို အပြောင်းအလဲတွေ မလုပ်နိုင်ရင် ကျနော်တို့နိုင်ငံဟာ
အကြွေးပြဿနာကြောင့် မျိုးဆက်သစ်လူငယ်တွေ ခါးစည်းခံကြရတဲ့ ဂရိ (သို့) အမေရိကန်နိုင်ငံများလိုဖြစ်
လာတော့မှာဖြစ်ပါတယ်…”
အမ်နိုပါတီ၏အမှားများ
1Malaysia အစီအစဉ်ဖြစ်သည့် (BR1M) အရ သတ်မှတ်ချက်နှင့်ကိုက်ညီသူများကို တဦးလျှင် ရင်းဂစ် (၅၀၀)
ပေးရာတွင် ထိုငွေများအား နိုင်ငံတော်အရံငွေကြေးမှ ထုတ်ပေးခြင်းမဟုတ်ပဲ ချေးငွေများနှင့်ပေးခြင်းဖြစ်ခဲ့သည်ဟု
အက်ဇ်မင်မှဆိုသည်။
ပူထရာဂျာယာရှိ ၀န်ကြီးချုပ်နေအိမ်တွင်ပြုလုပ်ခဲ့သော နာဂျစ်ဘ်၏သမီးစေ့စပ်ပွဲအထိမ်းအမှတ် ညစာစားပွဲအခမ်းအနား၌
ကုန်ကျခဲ့သောစရိတ် ရင်းဂစ် (၄) သိန်းခန့်အား ၀န်ကြီးချုပ်ရုံးမှ ပေးချေခဲ့ရသည်ဆိုသော အရှုပ်ထုတ်နှင့်ပတ်သက်သည့်
စွပ်စွဲချက်များနှင့်ပတ်သက်၍လည်း အက်ဇ်မင်မှထည့်သွင်းပြောကြားသွားခဲ့သည်။
ဝန်ကြီးချုပ်နာဂျစ်ဘ်အနေနှင့် ထိုကုန်ကျစရိတ်အားမည်ကဲ့သို့ ပေးချေခဲ့သည်ဆိုခြင်းအား လူသိရှင်ကြား
ထုတ်ဖေါ်ပြောကြားစေလိုသည်ဟု ၄င်းမှဆိုသည်။
နာဂျစ်ဘ်အနေနှင့် ငွေလက်ငင်းပဲရှင်းရှင်း၊ အကြွေးဝယ်ကဒ် (ခရက်ဒစ်ကဒ်) နှင့်ပဲပေးပေး၊ ချက်လက်မှတ်ပဲရေးရေး…
ဘယ်လိုနည်းနဲ့ငွေရှင်းတယ်ဆိုတာ မလေးရှားပြည်သူများအနေနဲ့ သိခွင့်ရှိပါတယ်… ဈေးကြီးလှတဲ့စားသောက်ပွဲတခုကို
လက်ခံကျင်းပဖို့ အခုလို ငွေပမာဏအများကြီးကိုဘယ်လိုများ ငွေ္ဂရှင်းနိုင်တာလဲ…
ပြည်သူလူထု၏အခွန်ငွေများအား အစိုးရမှတလွဲတချော်စီမံခန့်ခွဲနေခြင်းများနှင့်ပတ်သက်၍ PKR ပါတီမှထုတ်ဖေါ်ပြောကြားခဲ့ပြီး
အမ်နိုပါတီသည် (၁၉၉၀) နှစ်များမှစ၍ လမ်းချော်နေခဲ့သည်ဆိုသော ပြောဆိုမှုများအတွက် ယခုကိစ္စများကသက်သေ
အလားဖြစ်လာခဲ့သည်ဟု အက်ဇ်မင်မှဆိုသည်။
အာဏာလက်မလွတ်ရစေရေးအတွက် အမ်နိုပါတီသည် အမှားအယွင်းများကို တောက်လျှောက်ကျူးလွန်နေခဲ့သည်ဟု
အက်ဇ်မင်မှဆိုသည်။
အမ်နိုအနေနှင့် ငွေရှိသူများနှင့် အာဏာရှိသူများကိုသာ ပံ့ပိုးနေပြီး လူလတ်တန်းစားနှင့် သာမန်လူတန်းစားအလွှာများအတွက်
ထိရောက်စွာလုပ်ဆောင်ပေးခြင်းမရှိပဲ လျစ်လျူရှုထားသည်ဟု ၄င်းမှဆိုသည်။
ပြည်သူများအနေနှင့် အမ်နိုပါတီဆင်းသွားရန် တက်သုတ်ရိုက်လုပ်ဆောင်ရန်လိုနေပြီး မည်သည့်နိုင်ငံရေးပါတီမှ အာဏာကို
အမြဲတမ်းဆုပ်ကိုင်ထားရန်မဖြစ်နိုင်ပဲ၊ အထူးသဖြင့် အာဏာရသောပါတီတရပ်သည် နိုင်ငံကိုအကျိုးပြုရမည်ထက်
ဆိုးကျိုးပေးနေသည်ဆိုပါက အာဏာကိုဆက်လက်ထိန်းချုပ်ထားရန် ပို၍ပင်မဖြစ်နိုင်ဟု အက်ဇ်မင်အလီမှပြောကြားခဲ့သည်။
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment