ကျေးရွာအုပ်စုအတွင်းရှိ ကန်ဖျား (၅ )ရွာဖြစ်သော( ဒဟတ်ကုန်း ၊ စည်ပင်သာ ၊
ကန်ဖျား ၊ ကန်စွယ် ၊ ကျောင်းရွာ ) ရွာတို့တွင် ဆင်းရဲသား တောင်သူလယ်သမားများ
ပိုင်ဆိုင်သော လယ်ယာမြေများအတွင်းမှ စိုက်ပျိုးလယ်ယာမြေများကိုမြေတူးယာဉ်
ကြီးများဖြင့် အတင်းအဓ္ဓမ တူးဆွ သယ်ယူလျှက်ရှိပါသည် ။
အဆိုပါဒေသ၌ တည်ဆောက်လျှက်ရှိသော “နတ်ကာ ရေလှောင်တမံ ” စီမံကိန်း၌
လိုအပ်သော ဖို့မြေများကိုဆင်းရဲသားတောင်သူလယ်သမားများပိုင်သော စိုက်ပျိုး
လယ်ယာမြေများအတွင်းမှ တူးဆွသယ်ယူနေခြင်းဖြစ်သည်။ အဓိကတာဝန်ရှိသူ
များမှာ ဆည်မြောင်းဦးစီဋ္ဌာန နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်နေသာ ကုမ္ပဏီများ
ဖြစ်ပါသည် ။
လယ်ယာမြေ ဧက ( 60 )ကျော်ခန့်ဆုံးရှုံးနစ်နာ ခဲ့ရသောတောင်သူလယ်သမားများ
အား တာဝန်ရှိသူများမှ ညွှန်ကြားချက် စာရွက် ၊ စာတန်းများ ပြသခြင်း ၊ တစုံတရာ
အသိပေးအကြောင်းကြားခြင်း ၊ လျှော်ကြေးငွေ တစုံတရာပေးအပ်ခြင်း အလျှင်းမရှိပါ ။
ဖြူစင်ရိုးသားသော ဆင်းရဲသားတောင်သူလယ်သမားများမှာ မိမိတို့၏ နှစ်နာဆုံးရှုံး
မှုများအတွက်တိုင်တန်းခြင်းအရေးဆိုခြင်း မပြုဝံအောင် ကြောက်ရွံနေကြပါသည် ။
ဆင်းရဲသားတောင်သူလယ်သမားများမှာ မိမိတို့ ဓားမဦးချ လုပ်ကိုင်စားသောက်နေ
သော လယ်ယာမြေများဆုံးရှုံးမှုကြောင့် ဆောက်တည်ရာမရကာ အနာဂတ်ဘ၀ပါ
ပျောက်ဆုံးနေကြောင်း ဒေသခံလယ်သမားများက ပြောပြပါသည်။
Myanmar News Now
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment