2012/5/12 kyawkyaw min <kyawkyawmin83></kyawkyawmin83>
ကိုစစ်ကိုနိုင်နာမည်အရင်းလားတော့ မသိဘူး။ ကျွန်တော် ကျော်ကျော်မင်းပါ။ နာမည်အရင်းပါပဲ။စီးပွားရေးအရလို့ ထပ်ခါ၊ ထပ်ခါသုံးတိုင်း ရင်နာလို့မဆုံးဘူး။ဖြစ်နိုင်ရင် ခင်ဗျား ကျွန်တော်တို့ ရုံးကို လာကြည့်ပါ။ ကျွန်တော့်သတင်းထောက်တွေရဲ့ လစာက တစ်လ နှစ်သောင်းပါပဲ။ ကျွန်တော်အပါအ၀င် အယ်ဒီတာတွေလစာမယူကြဘူး။ ဒီဂျာနယ်က အကျိုးအမြတ်လုံးဝမရှိလို့ ထုတ်ဝေသူကရပ်လိုက်ပေမယ့် ကျွန်တော်တို့ အယ်ဒီတာတွေ၊ သတင်းထောက်တွေကဂျာနယ်ဆက်ထွက်နေဖို့အတွက် ရုန်းကန်ပြေးလွှားနေတာပါ။ကျွန်တော့်အကြောင်းကို မီဒီယာအသိုင်းအ၀ိုင်းကို စုံစမ်းကြည့်လိုက်ပါဦး။ ဘယ်မှာပဲ
ကျွန်တော်လုပ်လုပ် ထိုက်တန်တဲ့ လစာကောင်းကောင်းတစ်ခုခုနဲ့ နေရာရမှာပါပဲ။ဒါပေမယ့် ကျွန်တော်အခု ထမင်းအငတ်ခံပြီး ကိုယ်တင်ပြချင်တာကို ဘယ်သူ့အချုပ်အနှောင်မှ မပါဘဲ ရဲရဲတင်းတင်းနဲ့ လုပ်နိုင်ဖို့ ကျွန်တော်လုပ်နေတယ်။ ခင်ဗျားကိုယ်တိုင်လာလေ့လာကြည့်လိုက်ဖို့ဖိတ်ခေါ်ပါတယ်။ ရုံးလိပ်စာက အမှတ် ၂၀၀၊အနောက် ရွှေဂုံတိုင် ၅ လမ်း၊ဗဟန်းပါ။
Express time journal ..အယ်ဒီတာ ကိုကျော်ကျော်မင်းသို့ ပြန်ကြားချက်.....
ကျနော်စစ်ကိုနိုင်ပါခင်ဗျ ... မလေးရှားမှာနေပါတယ်.. လက်ရှိကျနော်ကလည်း သတင်းမီဒီယာအလုပ်ကို လုပ်ပါတယ်.. နိုင်ငံရေးနဲ့ ပတ်သက်တဲ့အခွေတွေကို ဖြန့်ချီနေတာ ကျနော်ပါပဲ... အိုးဝေ သတင်းဂျာနယ်ကို ကျနော်ထူထောင်ပြီးအောင်မြင်အော
င်ဆောင်၇ွက်ပြီးတော့... အခုတော့ ကျနော်သူငယ်ချင်း နေမင်းထွန်းကို လွှဲထားပါတယ်.၊ ကျနော်ကတော့ လက်ရှိအချိန်ထိ အမိမြန်မာပြည်ဒီမိုကရေစီထွန်းကာ
းရေးအတွက်..တထောင့်တနေရာက အုတ်တချပ်သဲတပွင့်အဖြစ်
တတ်နိုင်တဲ့နေရာကနေ ကူညီပံ့ပိုးရင်းလုပ်ဆောင်နေပါတယ်...ကျနော်ထုတ်ဝေခဲ့တဲ့ ဒီဗွီဒီအခွေများကတော့ ( ၁ ) ဘားမားဆိုးဂျား... ( ၂ ) ကိုယ်ပျောက်စစ်သည်တော်များ ..( ၃ ) ဒေါ်နမြေမှဟစ်ကြွေးသံ .. ( ၄ ) ဗမာ့စောင်း ...( စစ်ဆန့်ကျင်ရေး ) ...( ၅ ) လက်ရှိဖြန့်ထားဆဲ မာနယ်စိုးတိုက်ပွဲ ..အပိုင်း ( ၁ ) ..ထပ်ဖြန့်ချီမဲ့ မာနယ်စိုးတိုက်ပွဲ အပိုင်း ( ၂ ) တို့ဖြစ်ပါတယ်..(.ကိုကျော်ကျော်မင်းကို တခုလောက်မေးပါရစေ .. မလေးရှားမှာ နေခဲ့ဘူးသလား..ဗျ ...နေမင်းထွန်းက ကျော်ကျော်မင်းဆိုတာ ကျနော့်နဲ့ သိတဲ့သူများဖြစ်နေမလား ဆိုတဲ့ မေးလို့ ကျနော်က မေးကြည့်တာပါ )... ... ကိုကျော်ကျော်မင်းကို ကျနော်တခုမေးချင်ပါတယ်...ကိုကျော်ကျော်မင်းတို့ သတင်းထောက်ပြောတဲ့စကားပေါ့လေ...
.. ဟုတ်မဟုတ်တော့ ကျနော်မသိပါဘူး ...ဒေါ်စုလုံခြုံရေးယူထားတဲ့ ကိုကျော်စိုးလင်း (ခ ) ကိုဘောကြီး ..ကပြောတယ်..ပေါ့လေ... မင်းတို့က မင်းတို့ ပိုက်ဆံရဖို့ မင်းတို့လုပ်တာ ... ငါတို့က ပိုက်ဆံတပြားမှ မရပဲ ထောင်အကျခံပြီးလုပ်နေတာလို့ ...ပြောပါတယ်.. လို့ ပါပါတယ်... အဲဒီစကားရပ်လေးကို ကျနော်စိတ်ဝင်စားပါတယ်..
ဒါကြောင့် ကျနော်ကလည်း မေးချင်ပါတယ်.. ကိုကျော်စိုးလင်း က ပြောတယ်ပဲထားပါ ....... အဲဒီလို ကိုကျော်စိုးလင်းက ပြောတာဟာ ... မှားတယ်..မဟုတ်ဘူးလို့ ... ကိုကျော်ကျော်မင်း ယူဆပါသလား ..? နောက်ပြီး ... ကိုကျော်ကျော်မင်းတို့ ဂျာနယ်သတင်းထောက်က သတင်းဓါတ်ပုံ ယူတာဟာ သူ့အတွက် ..တနည်း သူ့ အတ္တ အတွက်...မဟုတ်ဘူးလား ..? ကျနော် လက်ရှိအချိန်ထိ အန်အင်ဒီပါတီဝင်မဟုတ်ဘူးနော်.......နောက်တခါ .. ကိုကျော်ကျော်မင်းတို့သတင်းထောက်ရဲ့ အင်္ကျီရင်ဘတ်ကို ကိုကျော်စိုးလင်းက ဆောင့်ဆောင့်ဆွဲပြီး မေးတယ်..ပေါ့လေ.... ဒါက ပြသာနာ တပိုင်းလို့ ကျနော်မြင်ပါတယ်... အဲဒီကိစ္စက personal cause , လို့ မြင်ပါတယ်...ဒါက ဂျာနယ်သတင်းသမားနဲ့ ကိုကျော်စိုးလင်း ရှင်းလိုက်ရင်ဖြစ်နိုင်ပါတယ်...နောက်တချက်က ...ကိုကျော်ကျော်မင်းဟာ အယ်ဒီတာချုပ်လား .? အယ်ဒီတာလား. ..လုပ်တယ်လို့ ဖေ့ဘုတ်ခ်တက်လာတဲ့ စာအရ သိရပါတယ်...ကိုကျော်ကျော်မင်းအနေနဲ့ ..အယ်ဒီတာတဦးအနေနဲ့ ..အဲဒီကိစ္စအပေါ်ကို ညှိနှိုင်းဆောင်ရွက်ရင်ရနိုင်ပါ
ရဲ့နဲ့ ..ဖေ့ဘုတ်ခ်ပေါ်တင်ပြီး .
ဟိုးလေးတကျော်ဖြစ်အောင်လုပ်ဖို့လိုအပ်ပါသလား ..? မြန်မာနိုင်ငံရဲ့ မီဒီယာလောကကို ..အစစအရာရာ အားလုံးကို ဒေါ်စု က ကမ္ဘာကိုပါ ဖြန့်ကျက်ပြီး မီဒီယာအတွက်လွတ်လပ်ခွင့်..ဖေါ်ထုတ်ခွင့်တွေကို ပါ ကျိုးစားပမ်းစားလုပ်ဆောင်နေသူပါ
..
အခုအချိန်ဟာ ကျနော်တို့ တိုင်းပြည်အတွက် ...အင်မတန်အရေးကြီးတဲ့အချိန်..သွေးစည်းရမဲ့အချိန်မှာ...ဘာမဟုတ်တဲ့ကိစ္စတခုကိုရေးကြီးခွင်းကျယ်လုပ်ပြနေတာကတော့ မသင့်တော်ဘူးလို့ ကျနော်မြင်ပါတယ်။ ကျနော်တို့ကလည်း ပြည်တွင်းက မီဒီယာတွေခုလိုမလွတ်လပ်သေးခင်ကတဲက ပြည်ပ မီဒီယာအနေနဲ့ ကျနော်တို့က ပြည်တွင်းကမီဒီယာတွေလွတ်လပ်ခွင့်ပေးဖို့...လွတ်လပ်စွာရေးသားဖေါ်ထုတ်ခွင့်ပေးဖို့..အစရှိတဲ့ အခွင့်အရေးတွေရအောင် အားကျိုးမာန်တက်မိမိတတ်နိုင်တဲ့
ဖက်ကနေဆောင်၇ွက်
ပေးနေဆဲ..ပေးနေလျှက်ပါ....တကယ်တော့ မီဒီယာနဲ့ နိုင်ငံရေးပါတီဆိုတာ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ သဘောဆောင်ပါတယ်.။ ခုအချိန်မှာ မြန်မာပြည်ဟာ အမှားမခံတဲ့ အခြေအနေတခုကိုရောက်နေပါတယ်။ ဒါကို ကိုကျော်ကျော်မင်းလည်းသိပါလိမ့်
မယ်..ဒီမိုကရေစီ
တိုင်းပြည် ဖြစ်မှ...ကျနော်တို့ ခင်ဗျားတို့ မီဒီယာသမားတွေအတွက်လိုချင်တဲ့ အခြေအနေတခုကို ရနိုင်မှာပါ။ ဒီအချိန်မှာ တိုင်းပြည်အတွက် ဒီမိုကရေစီ နိုင်ငံတခုဖြစ်အောင်အကျဉ်းခံ...ထောင်အကျခံပြီး ကိုယ်ကျိုးစွန့် လုပ်နေတဲ့သူ..ဘယ်တာဝန်ကိုပဲယူပါ
စေ..
သူတို့ရဲ့ အပြုအမှု ..သို့..အပြောအဆိုအတွက်လွန်တယ်..ကျွံတယ်လို့ယူဆရင် နှစ်ဦးဆုံပြီး အန်တီခြံထဲမှာ..အန်တီရှေ့မှာ ...သို့..ဘဘဦးဝင်းတင်ရှေ့မှာ..
.သို့...ဘဘဦးတင်ဦး ရှေ့မှာ... ပြေပြေလည်လည်ညှိနိုင်းလိုက်ရင် မရနိုင်ဘူးလား ..? ကျနော်အဲဒီလိုတွေးပါတယ်
ဒီလိုညှိနှိုင်းဆောင်ရွက်ရင် ဖြစ်နိုင်ပါရက်နဲ့ ...ခေတ်စကားနဲ့ပြောရရင် ...'' ဖွ '' တာကိုတော့ ကျနော်အနေနဲ့ လက်ခံပေးလို့မရဘူးဖြစ်နေတဲ့အတွက်.ကွန့်မန့်မှာရေးလိုက်တာပါ...
.ကျနော်တခုပြောချင်တယ်ဗျာ... ကိုကျော်ကျော်မင်း ရဲ့ ဂျာနယ်သတင်းထောက်က
တံတောင်နဲ့တွက်တယ်..ပြောတယ်.. ဒါက ကိုကျော်စိုးလင်း ( ခ ) ကိုဘောကြီးပြောပြတာပါ။ ...ဒါကလည်း ဖြစ်နိုင်ချေရှိတန်ပါတယ်...ခင်ဗျားတို့ ဂျာနယ်သတင်းထောက်ကကျနော်ထင်တယ်.
.အသက် ၃၅ မကျော်လောက်သေးပါဘူး ...လူငယ်ဆိုတော့ သူကလည်း
မာန်လေး တ၀င့်ဝင့်တော့ ရှိပါလိမ့်မယ်...ဒါကလည်းကျနော်က အသက်အပိုင်းအခြားအရ ကျနော်တဦးတည်းရဲ့တွေးဆချက်ပါ... မှန် မမှန်တော့ ခင်ဗျားလည်းမြင်ရတာမဟုတ်ဘူး ..ကျနော်လည်းမြင်ရတာမဟုတ်ဘူး ...ခင်ဗျားဂျာနယ်သတင်းထောက်ဆိုတဲ့ကောင်လေးပဲသိမှာပါ။ ကိုကျော်ကျော်မင်းရေ ..မီဒီယာဟာ..'' ဘက်.." မလိုက်ရဘူးဆိုပေမဲ့ ... မှန်တဲ့ဖက်ကိုတော့ ...'' ဘက် ..'' လိုက်ရတယ်လို့ကျနော်တော့မြင်တယ်
...မှန်တဲ့ဖက်ကို ..." ဘက်..'' လိုက်တာဟာ
ပြည်သူကိုအကျိုးပြုတာ ..အလုပ်အကျွေးပြုတာပါလို့ ကျနော်ဒီလိုပဲနားလည်ပါတယ်။ စီးပွားရေးအရလို့ထပ်ခါထပ်ခါသုံးတိုင်း ရင်နာလို့မဆုံးဘူးလို့ ခင်ဗျား ပြောပါတယ်.... ဒါဆို ကျနော်တခုထပ်မေးခွင့်ပြုပါ...ခင်ဗျားသတင်းထောက်လေးက ဒေါ်စု ကို ဓါတ်ပုံရိုက်တယ်...အဲဒီဓါတ်ပုံက ဘာလုပ်ဖို့လည်း အလကားဝေ ပေးဖို့လား...? ဂျာနယ်မှာသုံးဖို့လား ..? ဂျာနယ်မှာသုံးဖို့ဆိုရင် ဒါက စီးပွားရေးမဟုတ်ဘူးလားဗျ ..? စီးပွားရေးမဆန်တဲ့ဂျာနယ်ပါဆိုရင်တော့ကျနော်လက်ခံပေးလို့ရပါ
တယ်... ကျနော်လည်း အိုးဝေ
သတင်းဂျာနယ် ထူထောင်စဉ်က ချေးဌားပြီးလုပ်ခဲ့တာပါ... ကျနော်တို့ဂျာနယ်ထုတ်နိုင်ဖို့အတွက် ငွေရှိမှ ထုတ်နိုင်မှာလေ၊ ထိုက်သင့်တဲ့အကျိုးအမြတ်လေးတော့ ရှိရပါမယ်။ ဒါမှလည်း ပြည်သူအတွက်အကျိုးရှိမဲ့ ကိုယ်တင်ပြချင်တာလေးကိုတင်ပြလို
့ရမှာလေ..
မဟုတ်လားကိုကျော်ကျော်မင်းရယ်.......အင်း. ...ဒါပေမဲ့ ... စီးပွားရေးဆန်ဆန်ကြီးမလုပ်တဲ့ဂျာနယ်ပါဆိုရင်တော့ ကျနော်သဘောတူပါတယ်ဗျာ...ဆိုတော့ဗျာ ....ခင်ဗျားတို့အတွက်တွေရော..တိုင်းပြည်လူထုအတွက်တွေရော...သိမ်
းကျုံးပြီး လုပ်နေတဲ့... ခပ်ရိုင်းရိုင်း
စကားနဲ့ပြောရရင်ဗျာ....လင်ပစ်...သားပစ်ပြီး တိုင်းပြည်နဲ့ လူမျိုးကို မြင့်တင်ပေးချင်နေတဲ့ ဒေါ်စု...မျက်နှာကိုတော့ ခင်ဗျားတို့ ထောက်ထားသင့်တယ်...ဒေါ်စုလုပ်နေတဲ့အရာအားလုံးဟာ ခင်ဗျားတို့ ကျနော်တို့ အားလုံးအတွက်...တိုင်းပြည်လူထြု
ကီးအားလုံးအတွက်
ပါ ဆိုတာကို ကိုကျော်ကျော်မင်း လက်ခံရင် ....ခင်ဗျား ဂျာနယ်သတင်းထောက်နဲ့ ဒေါ်စု ..လုံခြုံရေး အလကားလုပ်ပေးနေတဲ့ ...ကိုကျော်စိုးလင်း ( ခ ) ကိုဘောကြီး တို့ရဲ့ personal cause , က ဒီလောက်ကြီးထိ အကြီးအကျယ်လုပ်ပြနေစရာမလိုဘူးလု
ိ့ ကျနော်သုံး
သပ်ပါတယ်။ အော်.. ကိုကျော်ကျော်မင်းရေ ...ကျနော်တို့မလေးရှားဂျာနယ်လောကမှာလေ... ဒေါ်စု သတင်းမပါရင် လူတွေစိတ်မ၀င်စားဘူးဗျ ...ဒေါ်စုဟာကျနော်တို့ကို မလေးရှားမီဒီယာလောကမှာအသက်ရှင်ရပ်တည်နိုင်အောင်လုပ်ပေးနေတဲ့ေ
ကျးဇူးရှင်လို့တောင်
ကျနော်တော့ပြောချင်တယ်...နောက်တခု ရှိသေးတယ်ဗျ....ကျနော်တခါက မလေးးရှားမှာ batu. 9 .ရဲစခန်းမှာ ရောက်သွားတယ်...ကျနော့်ကွန်ပြူတာပျက်လို့ပြင်ဖို့ယူအသွား..လမ်းမှာ မလေးရှားပတ်တရောင်လှည့်တဲ့မီး
တန်းကားနဲ့တွေ့ပြီး ကျနော့်ကွန်ပြူတာရော
ကျနော့်ပါ ကားပေါ်တင်ပြီးဖမ်းသွားတယ်...ရဲ
စခန်းရောက်တော့ ကွန်ပြူတာထဲမှာသိမ်းထားတဲ့ ဗွီဒီယိုဖိုင်တွေ...ဓါတ်ပုံတွေက ဒေါ်စု ပုံတွေ..ဒေါ်စုဗွီဒီယိုဖိုင်တွေ တွေ့တော့ ...သူတို့က ပြောတယ်ဗျ...." အောင်ဆန်းစုကြည် '' ကို သူတို့သိတယ်...အရမ်းတော်တယ်.တဲ့
အဲလိုပြောပြီး ကျနော့်ကိုဖမ်းထားတာကနေပြန်လွှတ်ပေးလိုက်တယ်..ကွန်ပြူတာကိုလည်းပြန်ပေးလိုက်ပါတယ်... ..ဆိုတော့ ကိုကျော်ကျော်မင်းရေ ...ဒေါ်စုဟာ ..ကျနော့်ဘ၀အတွက်တော့ ..".ကယ်တင်ရှင်ကြီး.".... ...ဖြစ်ခဲ့ပြန်တယ်ဗျာ....ကျနော်ခုလိုပြောတာကိုမယုံရင်လေ ကိုကျော်ကျော်မင်းတို့ဂျာနယ်မျက်နှာဖုံးမှာ ဦးသိန်းစိန်ပုံကို တင်ပြီး ထုတ်တဲ့အကြိမ်နဲ့ ..ဒေါ်စု ကိုခင်ဗျားတို့ဂျာနယ်မျက်နှာဖုံးမှာတင်ပြီးထုတ်ဝေတဲ့အချိန်..မှာ ရောင်းအားဘယ်လိုရှိတယ်..၀ယ်လို
အားဘယ်
လိုရှိတယ်ဆိုတာကို ခင်ဗျားလက်တွေ့သိရလိမ့်မယ်.ဗျ.....အဲဒီအခါမှာ ဒေါ်စု ရဲ့မေတ္တာတရားနဲ့ ပြည်သူအပေါ်ကိုထားတဲ့စိတ်ထားကြို
ကည့်ပြီး .ဒေါ်စု လုံခြုံရေးကို ဘ၀နဲ့ရင်းပြီး အလကားလုပ်နေတဲ့ ကိုကျော်စိုးလင်း (ခ ) ကိုဘောကြီး နဲ့ ခင်ဗျားတို့ဂျာနယ်သတင်း
ထောက်လေး နဲ့ ဖြစ်တဲ့ကိစ္စဟာ ဘယ်လိုပြသာနာကိစ္စလေးလောက်ပဲဖြစ်သင့်တယ်ဆိုတာကို ကိုကျော်ကျော်မင်း နားလည်သဘောပေါက်လာလိမ့်မယ်ဆိုတာကို အလေးအနက်ယုံကြည်လျှက်.....
ကျနော် စစ်ကိုနိုင် ပါ ..
E.MAIL.. philosophermgmyathar@gmail.com
..
..............mgluuway@gmail.com ................. ph... 03. 89336641....hotline...016.3883973, 014. 9249155, 016.6319069... 016.6300796 naymintun.com@gmail.com
မလေးရှားနိုင်ငံ..ကွာလာလမ်ပူ
13.5.2012..
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment