နော်ဝေနိုင်ငံခြားရေးဝန်ကြီးထံ
နော်ဝေအပြင် ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နိုင်ငံသို့ပါသွားရောက်မည်ဖြစ်ကြောင်း NLD မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကို ကိုးကား၍ ရိုက်တာသတင်းဌာနကလည်း သတင်းရေးသားထားသည်။ ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၏ မြန်မာနိုင်ငံခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရာတွင် လာမည့်ဇွန်လ၌ ဗြိတိန်လို့ လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က လွန်ခဲ့သည့် ၂ နှစ်က ထိုသို့ဖိတ်ကြားပါက ဖိတ်ကြားသည့်အတွက် ကျေးဇူးတင်သည်ဟုသာ ပြောနိုင်ပြီး မလာနိုင်ဟု ပြန်ဖြေမည်ဖြစ်ကာ လက်ရှိအခြေအနေတွင် ခရီးစဉ်မှာဖြစ်ကောင်း ဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။
NLD မှ ဒေါ်အောင်ဆန်းစုကြည်နှင့် နီးစပ်သူတစ်ဦးသို့ 7Day News က ဆက်သွယ်မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံကူးလက်မှတ်(Passport)လျှောက်ထားကြောင်း ပြန်လည်ဖြေကြားသည်။
NLD မှ ဒေါ်အောင်ဆန်းစုကြည်နှင့် နီးစပ်သူတစ်ဦးသို့ 7Day News က ဆက်သွယ်မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံကူးလက်မှတ်(Passport)လျှောက်ထားကြောင်း ပြန်လည်ဖြေကြားသည်။
7Day News
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment