စကားပြောရင် ပွင့်ပွင့်လင်း လင်းပဲပြောတတ်ပြီး အင်တာဗျူး မေးလာ ခဲ့ရင် လည်း စိတ်ထဲရှိ တဲ့အ ဖြူထည် အတိုင်း ဖြေတတ် တဲ့ သူက တော့ လူငယ် သရုပ်ဆောင် သင်ဇာ ဝင့်ကျော် ပဲဖြစ်ပါတယ်။ သူနဲ့စကား ပြောတဲ့အခါ ကျလာတဲ့ ဝါကျလေး တွေကိုခုလို စုစည်း ကြည့်လိုက်တော့ ...
Q. လျော့ပါးသွားတဲ့ဆင်ဆာ မူဝါဒနဲ့ပတ်သက်ပြီးတော့ရော . . ..
A. ဆင်ဆာတွေဘာတွေ လျော့ပေးလိုက်တယ်ဆိုတော့ သင်ဇာတို့ဖက်က ကြိုးစားပြမယ့် အခွင့်အရေးတွေရှိလာတာပေါ့။ ဆင်ဆာက အဝတ်အစားသာမက ရိုက်ကူးဖို့အပိုင်းတွေပါလျော့တော့ မယ်ဆိုတော့ အများကြီးကောင်း လာမှာပါ။
Q. ဆင်ဆာမရှိတုန်းကနဲ့ ရှိ တဲ့အခါတုန်းက ဘာတွေကွာခြား သွားလဲ
A. အရင်တုန်းကဆို စကတ်ဆိုရင် ဒူးဖုံးရမယ်ဆိုပြီး တော့ပါတယ်။ အခုတော့ မရှိတော့ ဘူးပေါ့။ အဲဒါကိုပြောချင်တာပါ။
Q. ဗိုလ်ချုပ်အတ္ထုပ္ပတ္တိဇာတ် ကားကြီးမှာဘယ်နေရာကနေ သရုပ်ဆောင်ချင်လဲ။
A. မမှန်းရဲဘူး။ ဒါကလည်း ကိုယ့်ထက်ဝါရင့်တဲ့သရုပ်ဆောင်တွေ၊ ဒါရိုက်တာတွေပေါင်းပြီးလုပ်ကြတဲ့ အလုပ်တစ်ခုဆိုတော့ ကိုယ်လိုမျိုး အသစ်တစ်ယောက် က ဘာမှ ဝင်မပြောချင်ဘူး။ တကယ်လို့ သူတို့လာပြီးခေါ်တဲ့အခါကျရင် လည်းရိုက်ပေးဖို့အဆင်သင့်ပါပဲ။ ဒါပေမဲ့ သေချာတာကတော့ အဲဒီဇာတ်ကားကြီး ထွက်လာတဲ့ အခါ ကျရင်တော့ ကြီးကျယ်ခမ်းနားတဲ့ ဇာတ်ကားကြီးတစ်ကားဖြစ်မှာ ကျိမ်းသေပါတယ်။
Q. အဲဒီဇာတ်ကားကြီးကရော နိုင်ငံတကာက အရည်အသွေးမီတဲ့ ဇာတ်ကားကြီးဖြစ်နိုင်မယ်လို့ထင် ပါသလား။
A. ဒါကတော့ ရိုက်မယ့် ဒါရိုက်တာပေါ်မူတည်ပါလိမ့်မယ်။
Q. အခုဆိုရင် NLDပါတီ အတွက် အနုပညာရှင်တော်တော် များများ မဲဆွယ်စည်းရုံးရေးဆင်း နေတယ်လို့ကြားရပါတယ်။ သင် ဇာကရော။
A. ကိုယ့်ဘက်က လုပ်နိုင် တာလေးတွေကို လုပ်ဖြစ်မှာပါ။ ဘယ်အရာလေးတစ်ခုမဆို ကိုယ်လုပ် လိုက်လို့ ဆုံးဖြတ်ချက်ချလိုက်လို့ အကုန်လုံးကောင်းသွား မယ်ဆိုရင် မှန်ကန်တဲ့ဆုံးဖြတ်ချက်ဆိုရင်တော့ လုပ်ဖြစ်မှာပါ။ အခုချိန်မှာ မှားတဲ့ ဆုံးဖြတ်ချက်တစ်ခုလုပ်မိမှာကို လည်းကြောက်မိတယ်။
Q. နိုင်ငံရေးပြောင်းလဲလာ သလို အနုပညာလောကလည်း ပြုပြင်တိုးတက်ပြောင်းလဲသွားမယ်လို့ ထင်ပါသလား။
A. အဲဒီလောက်ထိလည်း သင်ဇာသိလည်းမသိချင်ဘူး။ ဘာပဲဖြစ်ဖြစ် ကိုယ်ကတော့ ကိုယ့်အနုပညာ ကိုယ်လုပ်နေရတယ်ဆိုရင် တော် ပါပြီ။ အဲဒီလောက်ထိလည်းမတွေး ဘူး။
Q. ဒီနှစ်ထဲမှာရော သင်ဇာ့ အနေနဲ့ ကာရိုက်တာ ထူးထူးခြား ခြားရိုက်ကူးထားတဲ့ဇာတ်ကားမျိုး ရှိပါသလား။
A. 'မှော်ဝင်ကျားသစ်' ဆိုတဲ့ ဇာတ်ကားရိုက်ထားတယ်။ လူက နေမှော်ဝင်ပြီး ကျားသစ်ပြောင်း သွားတာပေါ့။ ဘာပဲဖြစ်ဖြစ် ရိုက်နေ ကျဇာတ်ကားမျိုးတွေထက်စာရင် တော့ ထူးဆန်းတယ်လို့ထင်ပါ တယ်။
Q. အကယ်ဒမီမှန်းနိုင်မယ့် ဇာတ်ကားမျိုးတွေရောရိုက်ကူးတာ ရှိပါသလား။
A. ရှိပါတယ်။ ဒါရိုက်တာ ညီညီထွန်းလွင်ရိုက်ကူးတဲ့ ဇာတ် ကားတစ်ကားမှာ လုပ်ကွက်တော် တော်လေးရထားတယ်။ အဲဒီဇာတ် ကားက ဟာသရော၊ ဒရာမာရော ပေါင်းထားတာ။ ကိုယ်တစ်ယောက် တည်းဒရာမာလုပ်ရတာ။ ဒါပေမဲ့ အဲဒီဇာတ်ကားထက်ကောင်းတဲ့ ဇာတ်ကားမျိုးတွေပါလာရင်တော့ ဘယ်တတ်နိုင်မလဲပေါ့။
Q. မင်းသမီးသင်ဇာဝင့်ကျော် ကို အရပ်သူ သင်ဇာဝင့်ကျော် ကဘာတွေထိန်းချုပ်ထာပါသလဲ။
A. အရပ်သူတစ်ယောက်က တော့ မင်းသမီးကိုဘယ်လိုမျိုးမှ မထိန်းချုပ်နိုင်ဘူး။ ကိုယ့်ကိုယ်ကိုယ် မင်းသမီးဖြစ်နေတယ်ဆိုတဲ့စိတ်တစ် ခုတည်းနဲ့ပဲ အရပ်သူဘဝမှာ အဆင် ပြေအောင်နေရတာလေ။ အရပ်သူ သင်ဇာဝင့်ကျော်က မင်းသမီး သင်ဇာဝင့်ကျော်ကို ထိန်းချုပ်နိုင် စွမ်းမရှိပါဘူး။
Q. တစ်ခါတလေ လူမသိ သူမသိတဲ့ လက်ဖက်ရည်ဆိုင်မျိုးမှာ ထိုင်ချင်မိတဲ့စိတ်မျိုးရှိလား။
A. ဒါပေမဲ့ ဒီမှာက ဘယ် သွားသွား လူကသိနေတာလေ။ (ရယ်လျက်) ကိုယ်ဘယ်ကိုသွား သွား လူသိတဲ့နေရာကိုပဲသွားတာ လေ။ လူမသိဘူးထင်တဲ့နေရာတွေ လည်း ရှိချင်ရှိခဲ့မယ်။ သင်ဇာက အဲဒီလိုမျိုးနေရာတွေမသွားဘဲနဲ့ လူသိတဲ့ နေရာမျိုးတွေပဲ သွားတာ များတယ်။ သင်ဇာကျတော့ သွားတဲ့နေရာက လူသိတဲ့နေရာဆိုတော့ လူတိုင်း သိပါတယ်။
Q. သင်ဇာဝင့်ကျော်နဲ့ ချွတ် စွပ်တူတဲ့ကောင်မလေးတစ်ယောက် နဲ့လမ်းမှာမျက်နှာချင်းဆိုင်ဆုံမိခဲ့ရင် ဘာလုပ်ဖြစ်မှာပါလဲ။ A. သွားမေးဖြစ်မှာသေ ချာတယ်။ အဖေအမေဘယ်သူ လဲဆိုတာပေါ့။ (ရယ်လျက်) ညီမတွေဘာတွေများဖြစ်နေမလား ပေါ့။
Q. သင်ဇာဝင့်ကျော်က တခြားလူတစ်ယောက်ကို "သင်ဇာ့ကိုသိလား" လို့မေးတဲ့အခါ တခြားတစ်ယောက်ကမသိဘူးလို့ ပြန်ဖြေရင်ဘာလုပ်ဖြစ်မလဲ။
A. အများကြီးကြုံဖူးတယ်။ သင်ဇာကလည်း မင်းသမီးတစ် ယောက်ဖြစ်နေတဲ့အတွက် တခြား တစ်ယောက်ကိုလည်း ညီမကိုသိ လားလို့ တစ်ခါမှ မမေးဖူးဘူး။ သူ များကသာ မိတ်ဆက်ပေးပြီး ဒါက သင်ဇာဝင့်ကျော်လေ။ တခြားတစ် ဖက်ကလည်း ဪသ်ာဟုတ်လား မသိ ဘူးလေဆိုပြီး လုပ်တာတွေလည်း ရှိခဲ့ဖူးတယ်။ မသိလို့လည်း ဖြစ် မယ်။ သိရဲ့သားနဲ့ လုပ်တာလည်း ဖြစ်မယ်လေ။ ဒါကလည်း လူအမျိုး မျိုးစိတ်အဖုံဖုံလေ။ သင်ဇာစိတ် လည်းမဆိုးပါဘူး။ သိတဲ့သူတွေရှိ ရင်ကိုယ် အောင်မြင်တာပေါ့။ မသိရင် မသိတဲ့သူတွေသိအောင် ထပ်ကြိုးစားရမှာပေါ့
Q. မြို့လယ်ခေါင်ဆိုင်တစ်ခု မှာ ရုပ်ဖျက်ပြီးတော့ ကျွန်မ သင်ဇာ ဝင့်ကျော်ပါလို့ပြောရဲပါသလား။
A. မဖြစ်နိုင်တဲ့ဟာမျိုးတော့ မစဉ်းစားမိဘူး။ သေချာတာက တော့ အဲဒီလိုမျိုးလုပ်တဲ့သူက အချိန်တွေတော်တော် အားနေလို့ ဖြစ်မယ် ထင်တယ်။
Q. အော်စကာပွဲမှာ သင်ဇာဝင့်ကျော်ကို တက်ရောက် ဖို့ဖိတ်ခေါ်ခဲ့ရင် ဘာလုပ်ဖြစ်မှာပါ လဲ။
A.အရမ်းစိတ်လှုပ်ရှားပြီး ပျော်နေမှာတော့ သေချာတယ်။ ဒါပေမဲ့ အဲဒီလို ပွဲမျိုးကိုတက်ဖို့ ကတော့ စိုးရိမ်စိတ်၊ ကြော်က်ရွံစိတ် တော့ ရှိနေ မှာတော့သေချာ တယ်။ ဒါပေမဲ့ အဲဒီလို ပွဲမျိုးက ကိုယ့်ကို ဖိတ်တဲ့အတွက်ကြောင့် အကောင်း ဆုံးပြင်ဆင်ပြီးတော့ တက်ဖြစ်မှာ သေချာပါတယ်။
Q. သဘာဝတရားကိုလွန် ဆန်တဲ့ အလှတရားတွေကိုကြိုက် နှစ်သက်ပါသလား။
A. ကြိုက်ပါတယ်။ ဒီခေတ်မှာ က ဒီလိုဟာမျိုးတွေပဲလေ။ ဘန် ကောက်ဆိုရင် ဒီလိုဟာမျိုးတွေ ချည်းပဲ။ ကိုရီးယားဆိုရင် ဒီလိုမျိုး တွေချည်းပါပဲ။ ရန်ကုန်ဆိုရင်လည်း တဖြည်းဖြည်း ဒီလိုဟာမျိုးတွေချည်း ပဲဖြစ်လာပြီ။ အလွန့်အလွန်မဟုတ် ဘဲ လိုအပ်တဲ့နေရာမျိုးဆိုရင်လက် ခံပါတယ်။ မျက်နှာတစ်ခုလုံး၊ ခန္ဓာ ကိုယ်တစ်ခုလုံးပြုပြင်ထားတာမျိုး ဆိုရင် လက်မခံဘူး။ ကိုယ့်မှာ Originalဆိုတာမရှိတော့ဘူး။ နည်းနည်းပါးပါးဆိုရင်လက်ခံပါတယ်။
Q. သင်ဇာခံယူထားတဲ့ တ ကယ့်အလှတရားဆိုတာဘာဖြစ် နိုင်မလဲ။
A.မိန်းကလေးတစ်ယောက် အနေနဲ့ ပြင်ဆင်မထားတဲ့ အလှ တရား၊ ရေချိုးပြီးခါစ မိတ်ကပ်တွေ ဘာတွေလိမ်းမထားတဲ့ အနေအ ထားက တကယ့် သဘာဝအလှ တရားစစ်စစ်တစ်ခုပါ။ သင်ဇာဆို ရင်လည်း တချို့မိန်းကလေးတွေ မိတ်ကပ်မပြင်ဆင်ဘဲနဲ့ လှနေတဲ့ မိန်းကလေးတွေတွေ့ရင်အားကျပါ တယ်။
Q. သင်ဇာဝင့်ကျော် သဘော ကျလက်ခံတဲ့ယောကျာ်းအမျိုးအစား က ဘာဖြစ်နိုင်မလဲ။
A. ပုံပန်းသဏ္ဍာန်ဆိုရင်၊ အရပ်ရှည်ရှည်၊ ထောင်ကောင်း ကောင်း၊ ဗလကောင်းကောင်း ရုပ် ဖြောင့်ပေါ့။ စိတ်ဓာတ်ဆိုရင်လည်း နားလည်မှု ရှိပြီးယောကျာ်း ပီသတဲ့ စိတ်မျိုးရှိပြီး စိတ်ထားကောင်းရ မယ်။
Q. အခုလက်ရှိဘဝလက်တွဲ ဖော်ကရော သင်ဇာ့ရဲ့ စိတ်ကြိုက် နဲ့ညီလား။
A. အခုချိန်ထိ သင်ဇာ့ဘဝမှာ သင်ဇာအရမ်းကြိုက်တဲ့ယောကျာ်း မျိုးကို မကြုံဖူးသေးဘူး။ တစ်ခု မဟုတ်တစ်ခုတော့ ယောကျာ်းတိုင်း က မကောင်းနိုင်ပါဘူး။ Perfect မဖြစ်နိုင်ဘူး။ သင်ဇာက Perfect ဖြစ်တဲ့ ယောက်ျားမျိုးကိုပဲ လိုချင်တာ။ ဒါပေမဲ့ ရမှာလည်း မဟုတ်ပါဘူး။
Q. ကိုယ့်ကိုယ်ရော Perfect ဖြစ်တယ်လို့ ယုံကြည်လား။
A. ကိုယ့်ကိုယ်ကိုယ်လည်း Perfect မဖြစ်ပါဘူး။ ဒါပေမဲ့ သင် ဇာက ဘယ်အရာမဆို အကောင်း စားတွေပဲကြိုက်တတ်တယ်။ ပစ္စည်းတွေလည်းအကောင်းစား၊ ကိုယ်ကြိုက်တဲ့သူကလည်း ပြီးပြည့်စုံ တဲ့ လူစားမျိုးဖြစ်နေမှ ကြိုက်တာပါ။
Q. Onlineပေါ်မှာ သင်ဇာနဲ့ အတူတခြား မင်းသမီးတစ် ယောက်တွဲပြီးရိုက်ကူးထားတဲ့ပုံက Sexy အထာနည်းနည်းကျတယ် နော်။
A. အဲဒါက အမှန်တိုင်းပြော ရမယ်ဆိုရင်တော့ သူငယ်ချင်း တစ်ယောက်နဲ့အပျော်တမ်းရိုက် ဖြစ်တဲ့ ဓာတ်ပုံပါ။ သူတို့နဲ့ အဆင် မပြေတဲ့အခါကျတော့ သူတို့က blackmail လုပ်ပြီးတင်လိုက်တဲ့ သဘောပါ။ ဘာမှလည်းမပြောချင် ပါဘူး။ မိန်းကလေးသူငယ်ချင်း ခင်မိလို့ ယုံမိပြီး ရိုက်လိုက်မိတာ။ သူတို့ကို ယုံစားလို့မရတဲ့ တစ်နေ့မှ ကိုယ့်ကို သူတို့က ဒီလိုမျိုး လုပ်လိုက်တာပေါ့။ ဟိုးအရင်တုန်း ကလည်း အဲဒီလိုမျိုးခံရဖူးတယ်။ သူငယ်ချင်းတစ်ယောက်ကို ယုံ ကြည်မှုထားတဲ့အတွက်ကြောင့်မို့ ဒီလိုမျိုးဖြစ်တာပေါ့။ ဒါပေမဲ့ ကိစ္စ တော့မရှိပါဘူး။ လူပိုသိသွားတာ ပေါ့။
Q. အဲဒီဓာတ်ပုံကြည့်တဲ့သူနဲ့ Online ပေါ်ကိုတင်တဲ့သူကို ဘာ ပြောချင်လဲ။
A. ဓာတ်ပုံတင်တဲ့သူကလည်း သင်ဇာ့ထက်တောင် အသက်ငယ် တဲ့သူတစ်ယောက်ပါ။ ဓာတ်ပုံထဲမှာ ပါတဲ့ကောင်မလေးကပဲ Online ပေါ်ကို တင်လိုက်တာ ဆိုတော့ ဘာမှတော့ မပြောချင်ပါဘူး။ ဒါပေမဲ့ အကုန်လုံးကိုတော့ သူငယ်ချင်းပေါင်းရင် သတိထား ပြီးပေါင်းဖို့ မနာလိုစိတ်ရှိနေတယ် ဆိုတာ ခေါင်းထဲမှာ ထည့်ထားဖို့ ပေါ့။ ဘယ်သူမှ မယုံရပါဘူး။ မိန်း ကလေးတွေအတွက် သင်ခန်းစာ တစ်ခုပေါ့။
Q. မြန်မာအမျိုးသမီးတစ် ယောက်အနေနဲ့ ထိန်းသိမ်းသင့်တဲ့ ကျင့်ဝတ်သိက္ခာတရားတွေက ဘာတွေဖြစ်နိုင်ပါလဲ။
A. အခုဆိုရင် (၂၀) ရာစု လည်းမဟုတ်တော့ဘူး။ ခေတ်နဲ့အညီပြောင်းလဲလာပေမယ့် လူငယ်ပီပီ ပျော်ချင်ပါးချင်တာ တွေရှိမယ်။ လွတ်လွတ်လပ်လပ်နေ ချင်မိတာရှိမယ်။ ဒါပေမယ့် ကိုယ်က မင်းသမီးတစ်ယောက်ဖြစ် နေတဲ့အတွက် သူကမင်းသမီးပဲဆို ပြီး မကောင်းတာတွေလုပ်ချင်မိတာ အများကြီးရှိမှာပဲ။ ကိုယ့်ဖက်က အဲဒါကိုရှောင်နိုင်မှ ကိုယ့်ဖက်က ကောင်းတာတွေလုပ်နေပေမယ့်၊ တခြားတစ်ဖက်က မကောင်းတာ ကို ဆွဲထည့်လိုက်ရင်သွားပြီလေ။ သင်ဇာလိုလူမျိုးကလည်း ဂရုမစိုက် တဲ့ လူမျိုးဆိုတော့ ခုနက ကိစ္စမျိုး တွေဖြစ်လာတာပေါ့။
Q. 8 Days ပရိသတ်ကို နှုတ် ဆက်ပေးပါဦး။
A. အခုလို 8 Days စာဖတ် ပရိသတ်ကြီးနဲ့ သင်ဇာ့ကိုပြန်ဆုံ တွေ့ခွင့်ပေးတဲ့အတွက် ကျေးဇူး တင်ပါတယ်။ 8 Days ပရိသတ် တွေနဲ့ ပြန်တွေ့ခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ သင်ဇာတို့အား ပေးနေတဲ့ပရိသတ်တွေကို အရမ်း ချစ်တယ်။ ပရိသတ်ကြီး ကျန်းမာပါ စေ။ ချမ်းသာပါစေ။ အလုပ်အကိုင် တွေ လည်း အဆင်ပြေ ပါစေ လို့ နှုတ် ခွန်းဆက်လိုက်ပါတယ်။
ရိုးရာလေး
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment