မူရင်း - Eleven Media Group
ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ကျင်းပပြုလုပ်သော ရန်ကုန် (၀ိဇ္ဇာ/သိပ္ပံ) တက္ကသိုလ် ကျောင်းသားလှုပ်ရှားမှု (တံတားနီ) နှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနားတွင်
- "တံတားနီဖြစ်စဉ်ကာလ၌ သူ့အနေဖြင့် မြန်မာနိုင်ငံတွင် မရှိသေးသော်လည်း အဆိုပါ တံတားနီဖြစ်စဉ်တွင် ပါဝင်လှုပ်ရှားခဲ့သူများ၏ သစ္စာတရားကို ဂုဏ်ပြုလိုသဖြင့် အခမ်းအနားသို့ တက်ရောက်လာခြင်းဖြစ်ကြောင်း၊
- သူ့အနေဖြင့် အားလုံးပါဝင်သော နိုင်ငံရေး ဖြစ်စဉ်တစ်ခုကို ဖြစ်ပေါ်စေလိုကြောင်း၊
- အားလုံးပါဝင်ရေးဆိုရာတွင် တပ်မတော်သားများလည်း ပါဝင်ကြောင်း၊
- စစ်အာဏာရှင် စနစ်ဆိုသည်မှာ စစ်တပ်က အုပ်ချုပ်ရေးတွင် ပါဝင်ခြင်းသာဖြစ်ကြောင်း၊
- နိုင်ငံရေးသဘောအရ အုပ်ချုပ်ရေးဆိုသည်မှာ ဒီမိုကရေစီနည်းအရ ပြည်သူများ၏ ရွေးချယ်တင်မြှောက်ခြင်းခံထားရသူများကသာ အုပ်ချုပ်ရမည်ဖြစ်ကြောင်း၊
- နိုင်ငံရေးတွင် အမှား အမှန် ဆိုသောအဖြေ တစ်ခုတည်းသာ မရှိကြောင်း၊
- မှားခြင်း မှန်ခြင်းဆိုသည်မှာ အများအကျိုးကို မည်မျှဆောင်ရွက်နိုင်သည်ဆိုသည့် မိမိကိုယ်ကိုနှင့်သာ သက်ဆိုင်ကြောင်း၊
- အားလုံး ကြိုးစားသွားကြရမည်ဖြစ်ကြောင်း၊
- ကြားဖြတ်ရွေးကောက်ပွဲ ၀င်ခြင်းသည် ခြေလှမ်းတစ်လှမ်း၊ အဆင့် တစ်ဆင့်သာဖြစ်ကြောင်း၊
- ထိုမှတစ်ဆင့် လုပ်ဆောင်သွားရမည်များ များစွာရှိနေသေးကြောင်း၊
- ထို့ကြောင့် အားဖြည့်ထားကြရမည်ဖြစ်ကြောင်း"
...........................................................
ကော့မှူး သတင်းဌာနမှာ အထက်ပါအကြောင်းကို ကိုမျိုးမြတ်မင်း ပို့စ်တင်ပေးလို့ ဖတ်ရပြီး အခုလို ကွန်မန့်ပေးခဲ့ပါတယ်။
..................
ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီ ဖြစ်ထွန်းရေး နိုင်ငံရေး လုပ်ငန်းစဉ်တွေ မှန်သမျှ All-inclusive politics ဖြစ်စေချင်တာကို လေးလေးနက်နက် ထောက်ပြသွားတယ်လို့ ဆိုရပါမယ်။ ဒါဟာ ဒီမိုကရေစီကို တန်ဖိုးထား ရယူ ထိန်းသိမ်းဖို့ အခိုင်ခန့်ဆုံး နိုင်ငံရေးလမ်းကြောင်း ဖြစ်ပါတယ်။ ဒီထက်ပိုကောင်းတဲ့ နိုင်ငံရေးလမ်းကြောင်း မရှိတော့ဘူးလို့ ကျနော် ထင်ပါတယ်။
ဒီတော့ All-inclusive politics မှာ ဘယ်သူတွေ မပါဝင်ဘဲ ကျန်ရှိနေပါသေးလဲ။ ကိုယ့်ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်ပါ။ ကိုယ်ကိုယ်တိုင်ကရော ပါဝင်နေပြီလား။
အားလုံးပါဝင်တဲ့ နိုင်ငံရေးဖြစ်စဉ်မှာ …..
• မလွတ်မြောက်သေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ပြီး ပါဝင်လာစေချင်ပါတယ်။
• အာဏာရှင် ဝါဒမှိုင်းအောက်က မရုန်းထွက်နိုင်သေးတဲ့၊ သာယာနေတဲ့သူတွေ ဒီမိုကရေစီ တည်ဆောက်မှုမှာ ပါဝင်စေချင်ပါတယ်။
• ဘေးထိုင်ဘုပြော အပြစ်တင် ရှုတ်ချရင်း အချိန်ပေးနေသူတွေကို ဒီမိုကရေစီဘက်မှာ ပိုပြီး အချိန်ပေးစေချင်ပါတယ်။
• ဆန္ဒစွဲ၊ ပုဂ္ဂိုလ်စွဲ ကြီးမားစွာနဲ့ စောင့်ကြည့်လိုက်ဦးမယ် ဆိုသူတွေကို ပါဝင်လာစေချင်ပါတယ်။
• အကြောက်တရားကြောင့်ဖြစ်ဖြစ်၊ ဘက်ပြောင်း-သာကူးလို့ အပြောခံရမှာကို စိုးရိမ်လို့ဖြစ်ဖြစ် ဝင်မလာရဲသေးသူတွေကို ဝင်လာစေချင်ပါတယ်။
နိုင်ငံရေးဖြစ်စဉ် မဟုတ်ပေမယ့် လက်ရှိမှာရော အနာဂတ်အတွက်ရော ဒီမိကရေစီကို မြှင့်တင် ထိန်းသိမ်းသွားနိုင်ဖို့အတွ
က် ….
• ကလေးသူငယ်တွေကအစ ပညာသင်ရာမှာ ဒီမိုကရေစီ အလေ့အထတွေ ကျင့်သုံးရသွားစေချင်ပါတယ်။
• ပွင့်လင်းတဲ့ လူ့ဘောင်အဖွဲ့အစည်းမှာ ပြည်သူလူထုအနေနဲ့လည်း ဒီမိုကရေစီကို အသိပညာ ဖြန့်ဖြူး အားပေးတာ၊ လေ့လာမှတ်သား ကျင့်သုံးပြုမူကြတာတွေ ရှိစေချင်ပါတယ်။
လွင်အောင်စိုး
၁၆-၃-၂ဝ၁၂
..............
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment