Saturday, October 27, 2012

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား ၂၀၁၂ မေလကုန်တွင် ပုဂ္ဂလိကသို့ အပြီးလွှဲပြောင်းလုပ်ကိုင်ခွင့်ပြုသွားမည်


ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား ၂၀၁၂မေလကုန်တွင်  ပုဂ္ဂလိကသို့ အပြီးလွှဲပြောင်းလုပ်ကိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်း၏ ပြောကြားချက်အရ သိရပါသည်။
ယခုကဲ့သို့ ပုဂ္ဂလိက လွှဲပြောင်းလုပ်ကိုင်ခွင့်ပြုခြင်းမှာ  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယခုနှစ် နှစ်ကုန်ပိုင်းတွင် ခရီးသည်ဝင်ရောက်မှုပမာဏမှာ  လက်ခံနိုင်သည့် အတိုင်းအတာကို ကျော်လွန်သွားမည်ဖြစ်သည့်အတွက် မဖြစ်မနေတိုးချဲ့တည်ဆောက်ရန် လိုအပ်လာခြင်းကြောင့်ဖြစ်ကြောင်းလည်း သိရသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပြုရာတွင် အကြိုအရည်ချင်းစစ်ဆေးမှု အောင်မြင်သည့် ပြည်တွင်း ပြည်ပလုပ်ငန်းရှင်များကိုသာ တင်ဒါခေါ်ယူသွားမည်ဖြစ်သည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပုဂ္ဂလိကအခန်းကဏ္ဍ  ပါဝင်ဆောင်ရွက်နိုင်ရန် ဖိတ်ခေါ်ရှင်းလင်းပွဲအား အောက်တိုဘာလ ၂၅ရက်နေ့က လေကြောင်းပို့ဆောင် ရေးညွှန်ကြားမှုဦးစီးဌာန၊ လေကြောင်းပညာသိပံ္ပ၌ ပြုလုပ်ခဲ့ပြီး၊ ပြည်တွင်း ပြည်ပကုမ္ပဏီများအား အကြိုအရည်အချင်းစစ်ဆေးသည့်လျောက်လွှာများကို အောက်တိုဘာလ ၂၅နှင့် ၂၆ရက် နေ့များတွင် ခေါ်ယူခဲ့ပြီးဖြစ်သည်။
ယင်းသို့အကြိုအရည်အချင်းစစ်ဆေးသည့် လျောက်လွှာခေါ်ယူရာတွင် ကုမ္ပဏီ၏ လုပ်ငန်းအတွေ့အကြုံနှင့် အရည်အချင်းပြည့်ဝမှု၊ ငွေကြေးခိုင်မာ တောင့်တင်းမှု၊ ပညာရှင်များ၏ အရည်အချင်းပြည့်ဝမှုနှင့် ဆောက်လုပ်ရေးပစ္စည်း ပြည့်ဝ  ကောင်းမွန်မှု စသည့်အချက်များအား အမှတ်ပေးစနစ်ဖြင့် စိစစ်ရွေးချယ်သွားမည်ဟု သိရသည်။
''ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို တာဝန်ယူလုပ်ကိုင်လိုတဲ့ ပြည်တွင်းလုပ်ငန်းရှင်တွေအနေနဲ့ လက်ရှိ နိုင်ငံတကာမှာ လေဆိပ်လုပ်ငန်းလုပ်ကိုင်နေတဲ့ ပြည်ပလုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းပြီးလျောက်ထားရမှာဖြစ်ပါတယ်။ ရန်ကုန်လေဆိပ်ကို တိုးချဲ့ တည်ဆောက်ဖို့ အရေးတကြီးလို အပ်နေတဲ့အတွက် မေလကုန်တာနဲ့ အပြီးလွှဲပြောင်းပေးအပ်ပြီး လုပ်ကိုင်ခွင့်ပြုသွားမှာပါတယ်'' ဟု လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ပြောပါသည်။
ယခုကဲ့သို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်ပြုရာတွင် လုပ်ကိုင် ခွင့်ရရှိသော ကုမ္ပဏီသည် လက်ရှိ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဆောင်ရွက်လျက်ရှိသည့် လေဆိပ်လုပ်ငန်းများအား ကြန့်ကြာ နှောင့်နှေးမှုမရှိစေရဘဲ တည်ဆောက်ရေးလုပ်ငန်းများအား ဆောင်ရွက်သွားရမည်ဟု သိရပါသည်။
 EMG
ဘကြီးသက်
Unknown at 4:13 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကချင်ပြည်နယ်ငြိမ်းချမ်းရေးလမ်းစပြန်မြင်လာရပြီ စစ်ပွဲအတွက် ကုန်ကျနေသည့်စရိတ်များ ရှိတော့မည်မဟုတ်

မြန်မာနိုင်ငံလွတ်လပ်ရေးရ ပြီးချိန်မှ ယခုထက်ထိဖြစ်ပွားနေသော ကချင်
ပြည်နယ်ငြိမ်းချမ်း ရေးအတွက် နှစ်ဖက်တာဝန်ရှိ သူများ ဆွေးနွေးရန်
သက်မှတ်လိုက် ပြီဖြစ်ကြောင်း ၂၀၁၂ခုနှစ် အောက်တိုဘာ(၂၁)ရက်
နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတွင် ပြုလုပ်ခဲ့သော နိုင်ငံတော်သမ္မတ
နှင့်ပြည်တွင်းပြည်ပမီဒီယာများ တွေ့ဆုံပွဲတွင် ပြည်တွင်းငြိမ်းချမ်းရေးဖော်
ဆောင်ရေးအ ဖွဲ့မှဝန်ကြီး ဦးအောင်မင်းမှပြောကြားသည်။

““ကချင်ကနောက်ဆုံးအခြေ အနေက ဆွေးနွေးဖို့အတွက် နေရာရွေးနေ
တယ်။ပထမကတော့ ဗန်းမော်မှာလုပ်မယ် မြစ်ကြီးနား မှာလုပ်မယ်။ သူတို့က မလာဘူး။ သူတို့က ဦးတို့ကိုပြောတာတော့ ရွှေလီမှာလုပ်ချင်တယ်လို့ပြော တယ်။ အဘတို့ကလိုက်လျော လိုက်တယ်။ရွှေလီမှာလုပ်မယ် ရက်ပေးပါလို့
ပြောတယ်။သူတို့ ပေးမယ့်ရက် အဘတို့သွားမှာပေါ့။ သွားတာတော့ တပ်က
လူပါပါမှာ ပေါ့ ဒီတစ်ခါ ဆွေးနွေးတာကတော့ attack ကိစ္စကိုပဲဆွေးနွေး
သွားမယ်။””ဟု ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် မှ ပြည်တွင်းပြည်ပမီဒီယာများနှင့် တွေ့ဆုံစဉ် ကချင်ပြည်နယ်နှင့် ပတ်သက်၍ပြောကြားရာတွင် ““မီ မိုကရေစီလမ်းကြောင်း
ပေါ်မှာသွားနေတဲ့နေရာမှာ ပြည်တွင်းငြိမ်းချမ်းရေးက မရသေးရင် ဒီမိုကရေ စီမရသေးဘူးလို့ပြောလို့ရပါတယ်။ အခု ကချင်ပြည်မှာ KIO နဲ့ဖြစ်တယ်။ KIO ဘက်ကစစ်သား တစ်ယောက်ကျသွားရင်လည်း ကျွန်တော်တို့မြန်မာလူမျိုး
တစ် ယောက်ကျတာပါပဲ ကျွန်တော်တို့စစ်တပ်မတော်ဖက်ကကျရင်လည်း ဒီလိုပါပဲနောက်ပြီးနိုင်ငံဖွံ့ဖြိုးအောင်လုပ်ရမယ့်ဟာတွေ ဒီထဲကိုရောက်ရောက်
သွားတယ် ဒါကြောင့် ပြည်တွင်းငြိမ်းချမ်းရေး ရဖို့နဲ့အဲဒေသတွေအမြန်ဆုံး
ဖွံ့ဖြိုး တိုးတက်ဖို့အတွက် ကျွန်တော်တို့ အမြန်ဆုံးလုပ်ဆောင်သွားမည်””ဟု
ပြောကြားခဲ့သည်။

စစ်ပွဲများဖြစ်ပါက ထိုစစ်ပွဲအတွက် ကုန်ကျစရိတ်ရှိပြီး မြန်မာနိုင်ငံဖွံ့ဖြိုးမှု
နောက်ကျခြင်းသည် နှစ်(၆၀)ကျော်ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိပက
္ခ ကြောင့်လည်းအပါအ၀င်ဖြစ်ပြီး စစ်တပ်နှင့် KIO တို့ဖြစ်ပွားရာတွင် စစ်တပ်မတော်ဘက်မှ လက်နက်ခဲယမ်းတစ်ထောင့်ကုန်ပါက တစ်တောင့်
စာနိုင်ငံတော်ဘဏ္ဍာလျော့ကျရပြီး KIO ဘက်မှ လက်နက်ခဲယမ်းတစ် ထောင့်
ကုန်ပါက မြန်မာနိုင်ငံမှသယံဇာတလက်နက်ခဲယမ်းနှစ် ထောင့်စာကုန်ကျ
နေပြီ။

ယခုဆိုလျှင် နိုင်ငံတော်သမ္မတဦးဆောင်း သောအဖွဲ့သည် ပြည်တွင်းငြိမ်း ချမ်းမှုရရှိဖို့အတွက် အစွမ်းကုန် ကြိုးစားနေပြီး။ငြိမ်းချမ်းရေးအတွက် လိုအပ်ပါကလည်း ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါပြင်ဆင်၍ လိုအပ်သည်ပါထပ်မံဖြည့်စွတ်ပေးမည်ဖြစ်သောကြောင့် မြန်မာနိုင်ငံအတွင်းမှကချင်ပြည်နယ် ငြိမ်းချမ်းရေးလမ်းစသည် တဖြည်း ဖြည်းနှင့်မြင့်လာရပြီ
ဖြစ်ကြောင်း လေ့လာသိရှိရသည်။

The Hot News

ကချင်ပြည်နယ်ငြိမ်းချမ်းရေးလမ်းစပြန်မြင်လာရပြီ စစ်ပွဲအတွက် ကုန်ကျနေသည့်စရိတ်များ ရှိတော့မည်မဟုတ်

Saturday, October 27, 2012

မြန်မာနိုင်ငံလွတ်လပ်ရေးရ ပြီးချိန်မှ ယခုထက်ထိဖြစ်ပွားနေသော ကချင်
ပြည်နယ်ငြိမ်းချမ်း ရေးအတွက် နှစ်ဖက်တာဝန်ရှိ သူများ ဆွေးနွေးရန်
သက်မှတ်လိုက် ပြီဖြစ်ကြောင်း ၂၀၁၂ခုနှစ် အောက်တိုဘာ(၂၁)ရက်
နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတွင် ပြုလုပ်ခဲ့သော နိုင်ငံတော်သမ္မတ
နှင့်ပြည်တွင်းပြည်ပမီဒီယာများ တွေ့ဆုံပွဲတွင် ပြည်တွင်းငြိမ်းချမ်းရေးဖော်
ဆောင်ရေးအ ဖွဲ့မှဝန်ကြီး ဦးအောင်မင်းမှပြောကြားသည်။

““ကချင်ကနောက်ဆုံးအခြေ အနေက ဆွေးနွေးဖို့အတွက် နေရာရွေးနေ
တယ်။ပထမကတော့ ဗန်းမော်မှာလုပ်မယ် မြစ်ကြီးနား မှာလုပ်မယ်။ သူတို့က မလာဘူး။ သူတို့က ဦးတို့ကိုပြောတာတော့ ရွှေလီမှာလုပ်ချင်တယ်လို့ပြော တယ်။ အဘတို့ကလိုက်လျော လိုက်တယ်။ရွှေလီမှာလုပ်မယ် ရက်ပေးပါလို့
ပြောတယ်။သူတို့ ပေးမယ့်ရက် အဘတို့သွားမှာပေါ့။ သွားတာတော့ တပ်က
လူပါပါမှာ ပေါ့ ဒီတစ်ခါ ဆွေးနွေးတာကတော့ attack ကိစ္စကိုပဲဆွေးနွေး
သွားမယ်။””ဟု ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် မှ ပြည်တွင်းပြည်ပမီဒီယာများနှင့် တွေ့ဆုံစဉ် ကချင်ပြည်နယ်နှင့် ပတ်သက်၍ပြောကြားရာတွင် ““မီ မိုကရေစီလမ်းကြောင်း
ပေါ်မှာသွားနေတဲ့နေရာမှာ ပြည်တွင်းငြိမ်းချမ်းရေးက မရသေးရင် ဒီမိုကရေ စီမရသေးဘူးလို့ပြောလို့ရပါတယ်။ အခု ကချင်ပြည်မှာ KIO နဲ့ဖြစ်တယ်။ KIO ဘက်ကစစ်သား တစ်ယောက်ကျသွားရင်လည်း ကျွန်တော်တို့မြန်မာလူမျိုး
တစ် ယောက်ကျတာပါပဲ ကျွန်တော်တို့စစ်တပ်မတော်ဖက်ကကျရင်လည်း ဒီလိုပါပဲနောက်ပြီးနိုင်ငံဖွံ့ဖြိုးအောင်လုပ်ရမယ့်ဟာတွေ ဒီထဲကိုရောက်ရောက်
သွားတယ် ဒါကြောင့် ပြည်တွင်းငြိမ်းချမ်းရေး ရဖို့နဲ့အဲဒေသတွေအမြန်ဆုံး
ဖွံ့ဖြိုး တိုးတက်ဖို့အတွက် ကျွန်တော်တို့ အမြန်ဆုံးလုပ်ဆောင်သွားမည်””ဟု
ပြောကြားခဲ့သည်။

စစ်ပွဲများဖြစ်ပါက ထိုစစ်ပွဲအတွက် ကုန်ကျစရိတ်ရှိပြီး မြန်မာနိုင်ငံဖွံ့ဖြိုးမှု
နောက်ကျခြင်းသည် နှစ်(၆၀)ကျော်ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိပက
္ခ ကြောင့်လည်းအပါအ၀င်ဖြစ်ပြီး စစ်တပ်နှင့် KIO တို့ဖြစ်ပွားရာတွင် စစ်တပ်မတော်ဘက်မှ လက်နက်ခဲယမ်းတစ်ထောင့်ကုန်ပါက တစ်တောင့်
စာနိုင်ငံတော်ဘဏ္ဍာလျော့ကျရပြီး KIO ဘက်မှ လက်နက်ခဲယမ်းတစ် ထောင့်
ကုန်ပါက မြန်မာနိုင်ငံမှသယံဇာတလက်နက်ခဲယမ်းနှစ် ထောင့်စာကုန်ကျ
နေပြီ။

ယခုဆိုလျှင် နိုင်ငံတော်သမ္မတဦးဆောင်း သောအဖွဲ့သည် ပြည်တွင်းငြိမ်း ချမ်းမှုရရှိဖို့အတွက် အစွမ်းကုန် ကြိုးစားနေပြီး။ငြိမ်းချမ်းရေးအတွက် လိုအပ်ပါကလည်း ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါပြင်ဆင်၍ လိုအပ်သည်ပါထပ်မံဖြည့်စွတ်ပေးမည်ဖြစ်သောကြောင့် မြန်မာနိုင်ငံအတွင်းမှကချင်ပြည်နယ် ငြိမ်းချမ်းရေးလမ်းစသည် တဖြည်း ဖြည်းနှင့်မြင့်လာရပြီ
ဖြစ်ကြောင်း လေ့လာသိရှိရသည်။

The Hot News

REF: Myanmar Online News
Posted by Admin Team-NOM

ဘကြီးသက်
Unknown at 3:51 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရိုဟင်ဂျာ ၅ ယောက်က အမျိုးသားဒီမိုကရေစီပါတီသစ်သို့ သိန်း၆၀၀ ကျော်လာဘ်ထိုးသော်လည်း ဥက္ကဌဥိးသိန်းညွှန့်မှ (လုံးဝ)လက်မခံ

လွှတ်တော်တွင် ရခိုင်အရေး ကိစ္စဆွေးနွေးရန်အမျိုးသားဒီမိုကရေစီပါတီသစ်က ရခိုင်ဘက်မှ ငွေကျပ် သိန်း ၆၀၀ ပေးခဲ့သည့် သတင်းမှာ မဟုတ်မှန်ကြောင်းကို အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့်က ပြောသည်။ ရခိုင်အရေးဖြစ်ပြီးနောက် ၁ ပတ် ၁၀ ရက်ကာလအကြာတွင် ရိုဟင်ဂျာ ၅ ယောက်က ရခိုင်ဒုက္ခသည်များကို ကူညီပံ့ပိုးရန် (NNDP) ရုံးသို့ ငွေကျပ်သိန်း ၆၀၀ ကျော် လက်ခံရန် လာပြောကြောင်း၊ NNDP ပါတီ အမည်ခံ၍ လှူဒါန်းမည့် ငွေကြေး ကုန်ကျစရိတ် သိန်း ၁၀၀၀ ကျော်လျှင်လည်း လှူပေးမည်ဖြစ်ကြောင်းနှင့် လေယာဉ်လက်မှတ် အသွားအပြန်ကုန်ကျစရိတ် အားလုံးကို ရိုဟင်ဂျာများမှတာဝန်ယူမည်ဟု ပြောကြောင်း NNDP ပြန် ကြားရေးတာဝန်ခံကပြောသည်။



"ဒီငွေတွေကို ငါတို့ပါတီအနေနဲ့ လက်ခံလို့မရဘူး။ရခိုင်ဒေသမှာ လှူချင်ရင် အစိုးရထံကို သွားလှူလို့ ငြင်းလိုက်တယ်။ လွှတ်တော်မှာ ရခိုင်အရေးကိစ္စဆွေးနွေးတာကလည်း ရခိုင်လူမျိုးတွေအတွက် ဆွေးနွေးခဲ့တာမဟုတ်ဘူး။ ပြည်ထောင်စုကြီးအတွက် ဆွေးနွေးခဲ့တာ၊ လွှတ်တော်မှာ တင်ပြခဲ့တဲ့သမိုင်း၊ အထောက်အထားတွေက ရခိုင်ဘက်က ပေးလာတဲ့ အထောက်အထားကိုလည်း အခြေမခံဘူး။ ရိုဟင်ဂျာ တွေက ပေးလာတဲ့ အချက်အလက် တွေကိုလည်း အခြေမခံဘူး။ သမိုင်းသုတေသီတွေက ပေးလာတဲ့ အချက်အလက်တွေကိုလွှတ်တော်မှာ တင်ပြခဲ့တာဟု NNDP ဥက္ကဋ္ဌဦးသိန်းညွန့်က ပြောသည်။

သူတို့လှည့်ကွက်ထဲလည်း မ၀င်ရော ရုံးကို နေ့ရောညပါ တယ်လီဖုန်းနဲ့ ခြိမ်းခြောက်တယ်။ ကမ်းလှမ်းချက်မရရင် NNDP ရုံးရှေ့မှာ ဆန္ဒထုတ်ဖော်သပိတ်မှောက်မယ်လို့ အကြိမ်ပေါင်းများစွာ ခြိမ်းခြောက်တယ်။ သိပ်မကြာဘူး၊ ရုံးကို စာတိုက်ကနေ (သို့ ဦးသိန်းညွန့် လွှတ်တော်ကိုယ်စားလှယ် အမျိုးသား ဒီမိုကရေစီပါတီသစ် သင်္ဃန်းကျွန်းမြို့နယ်) လို့ လိပ်မူပြီး ခြိမ်းခြောက်စာတစ်စောင် ရောက်လာခဲ့တယ်ဟု ၎င်းက ထပ်မံ ပြောသည်။

ထိုစာ၏ဇာစ်မြစ်၊ခြိမ်းခြောက် သည့် ဖုန်းနံပါတ်များကို ဖော်ထုတ်ရန်အတွက် အစိုးရနှင့်သက်ဆိုင်ရာ အာဏာပိုင်တွင် တာဝန်ရှိကြောင်း၁၉၈၂ ခုနှစ် အမျိုးသားနိုင်ငံသား ဥပဒေကို ဖျက်သိမ်းရန်မလိုကြောင်းနှင့် ထိုဥပဒေကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ကာကွယ်သွားမည်ဖြစ်ကြောင်း ၎င်းကဆက် လက်ပြောသည်။

(မောင်ကျောက်ခဲ အဖွဲ့)
ဘကြီးသက်
Unknown at 3:36 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

နန်းခင်ဇေယျာအား Brand ambassador အဖြစ် လွယ်ဟိန်းကုမ္ပဏီမှ စာချုပ်ချုပ်ဆို


မြန်မာအလှမယ် နန်းခင်ဇေယျာအား Brand ambassador အဖြစ် လွယ်ဟိန်းကုမ္ပဏီမှ အောက်တိုဘာလ ၂၆ရက်နေ့တွင် စာချုပ်ချုပ်ဆိုလိုက်သည်ဟု သတင်းရရှိသည်။ အဆိုပါစာချုပ်မှာ တစ်နှစ်သက်တမ်းဖြစ်ပြီး လွယ်ဟိန်းကုမ္ပဏီမှ ထုတ်လုပ်သည့် Blue Mountain အချိုရည်နှင့် Alpine သောက်ရေသန့်များ၏ ကြော်ငြာများ၊ billboard များနှင့် အခြားအနုပညာဆိုင်ရာ လှုပ်ရှားမှုများတွင် Brand ambassador အဖြစ် ပါဝင်စေမည်ဟု သိရှိရသည်။
''လွယ်ဟိန်းကုမ္ပဏီရဲ့ Brand ambassador အဖြစ် မြန်မာအလှမယ် နန်းခင်ဇေယျာကို စာချုပ်ချုပ်ဆို လိုက်ပါတယ်။ စာချုပ်ကတစ်နှစ် သက်တမ်းပါ။ လွယ်ဟိန်းကုမ္ပဏီက ထုတ်လုပ်တဲ့ Blue Mountain အချိုရည်နဲ့ Alpine သောက်ရေသန့်တို့ရဲ့ ကြော်ငြာရိုက်ကူးမှုတွေ၊ billboard တွေမှာ သူနဲ့ပဲအသုံးပြုမှာပါ။ ဒီကုန်ပစ္စည်းတွေနဲ့ သက်ဆိုင်တဲ့ အနုပညာလှုပ်ရှားမှုတွေ အားလုံးကို နန်းခင်ဇေယျာ ပါဝင်သွားပါမယ်။ ပထမဆုံး အနုပညာလှုပ်ရှားမှုအဖြစ်ကတော့ Blue Mountain အချိုရည် ကြော်ငြာရိုက်ကူးမှာပါ'' ဟုအဆိုပါ စာချုပ်ချုပ်ဆိုမှုတွင် ပါဝင်ခဲ့သည့် ဒါရိုက်တာစင်ရော်မောင်မောင်က ရှင်းပြခဲ့သည်။
Blue Mountain အချိုရည် ကြော်ငြာကို အောက်တိုဘာလ ၃၁ ရက်နေ့တွင် ဒါရိုက်တာ စင်ရော်မောင်မောင်နှင့် စတင်ရိုက်ကူးရန် စီစဉ်ထားသည်ဟု သိရှိရသည်။ ထို့အပြင် Alpine သောက်ရေသန့်နှင့် Blue Mountain ကြော်ငြာ billboard များကိုလည်း နန်းခင်ဇေယျာ၏ အလှဓာတ်ပုံများနှင့်အတူ မကြာမီ လဲလှယ်သွားရန် စီစဉ်ထားသည်ဟု သိရှိရသည်။ နန်းခင်ဇေယျာသည် အောက်တိုဘာလ ၂၁ ရက်နေ့တွင် ဂျပန်နိုင်ငံ အိုကီနာဝါမြို့၌ ပြုလုပ်သည့် Miss International  ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြုအလှမယ်အဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး Miss Internet ဆုနှင့် Popular Choice Award များကိုဆွတ်ခူးရရှိခဲ့သူဖြစ်သည်။

ဘကြီးသက်
Unknown at 12:36 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တရုတ်ဝန်ကြီးချုပ် သတင်းကြောင့် အင်တာနက်တင်းကျပ်

New York Times သတင်းစာမျက်နှာမှာ တရုတ် ၀န်ကြီးချုပ် Wen Jiabao မိသားစုရဲ့ ကျိကျိတက်ကြွယ်ဝချမ်းသာမှု သတင်းအသေးစိတ်ကို ဖော်ပြတဲ့ သတင်းပါပြီးတဲ့နောက် ၊ သောကြာနေ့ကတော့ New York Times အင်တာနက်စာမျက်နှာကို တရုတ်အစိုးရ စာပေစိစစ်ရေးအဖွဲ့က အမြန်ဆုံးပိတ်ပစ်လိုက်ပါတယ်။ ဒီသတင်းကြောင့် ရိုးသားပြီး စာနာတတ်သူ ပြုပြင်ပြောင်းလဲရေးသမားကြီး လို့ ပြည်သူတွေသိထားကြတဲ့ တရုတ်ဝန်ကြီးချုပ်ရဲ့ ပုံရိပ်ခြိမ်းခြောက်မဲ့ အန္တရာယ် ရှိနေတာကြောင့်ဖြစ်ပါတယ်။

New York Times သတင်းအရ ၀န်ကြီးချုပ် Wen ရဲ့ ဆွေမျိုးတွေဟာ ဒေါ်လာ ၂.ရ ဘီလီယံထက် မနည်း ကြွယ်ဝကြတယ်လို့ဆိုပါတယ်။ ဒီသတင်းဖော်ပြအပြီး နာရီအနည်းငယ်အတွင်းမှာဘဲ တရုတ်နိုင်ငံတ၀ှမ်းNew York Times သတင်းစာရဲ့ အင်္ဂလိပ် နဲ့ တရုတ်ဘာသာ အင်တာနက် စာမျက်နှာတွေကို ပိတ်ပစ်ခဲ့တာဖြစ်ပါတယ်။ စာပေစိစစ်ထိမ်းချုပ်ရေးအဖွဲ့တွေကလဲ twitter နဲ့ အလားတူ Weibo microblog စာမျက်နှာပေါ်က ၀န်ကြီးချုပ်နဲ့ မိသားစုနဲ့ ပါတ်သက်တဲ့ ရည်ညွန်းစာတွေကို အလျင်အမြန်ဖျက်ပစ်ခဲ့သလို New York Times ရဲ့ တရုတ် ဘာသာ အင်တာနက် စာမျက်နှာတွေကိ
ုလဲ ပိတ်ပစ်ခဲ့တာဖြစ်ပါတယ်။

အဲဒီသတင်းနဲ့ ပါတ်သက်လို့ သောကြာနေ့ က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ Hong Lei က ရှုံချပြောဆိုလိုက်ပြီး ဒါဟာ ရည်ရွယ်ချက်ရှိရှိနဲ့ သတင်းဖြန့်ခဲ့တာ ဖြစ်တယ် လို့ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ ခုဖြစ်ရပ်နဲ့ ပါတ်သက်လို့ စိတ်ပျက်မိပြီး သတင်းစာမျက်နှာ ပိတ်ပင်မှုတွေ မကြာခင်ပြန်ဖွင့်ပေးလိမ့်မယ်လို့ မျော်လင့်ကြောင်း New York Times သတင်းစာပြောခွင့်ရ Eileen Murphy က ပြောဆိုခဲ့ပါတယ်။

New York Times သတင်းမီဒီယာရဲ့သဘောထားနဲ့ ရပ်တည်ချက်အနေအထားကို အနေနဲ့ ပြောင်းလဲလျော့ပေါ့ဖို့ အကြောင်းမရှိကြောင်းကိုလဲ သူမကပြောဆိုပါတယ်။ June လက တရုတ်ဘာသာနဲ့ အင်တာနက်စာမျက်နှာ စတင်ခဲ့ပြီးကတည်းက New York Times အနေနဲ့ သူ့ရဲ့ သတင်းဖော်ပြချက်တွေကို တရုတ်အစိုးရရဲ့ လိုလားချက်နဲ့ ကိုက်ညီအောင် ဆောင်ရွက်သွားမှာ မဟုတ်ဘူးဆိုတာကိုလဲ အခိုင်အမာ ပြောဆိုသွားပါတယ်။

____________________________________
Reference and Credit to -Voice of America
တရုတ်ဝန်ကြီးချုပ် သတင်းကြောင့် အင်တာနက်တင်းကျပ် 

New York Times သတင်းစာမျက်နှာမှာ တရုတ် ၀န်ကြီးချုပ် Wen Jiabao မိသားစုရဲ့ ကျိကျိတက်ကြွယ်ဝချမ်းသာမှု သတင်းအသေးစိတ်ကို ဖော်ပြတဲ့ သတင်းပါပြီးတဲ့နောက် ၊ သောကြာနေ့ကတော့ New York Times အင်တာနက်စာမျက်နှာကို တရုတ်အစိုးရ စာပေစိစစ်ရေးအဖွဲ့က အမြန်ဆုံးပိတ်ပစ်လိုက်ပါတယ်။ ဒီသတင်းကြောင့် ရိုးသားပြီး စာနာတတ်သူ ပြုပြင်ပြောင်းလဲရေးသမားကြီး လို့ ပြည်သူတွေသိထားကြတဲ့ တရုတ်ဝန်ကြီးချုပ်ရဲ့ ပုံရိပ်ခြိမ်းခြောက်မဲ့ အန္တရာယ် ရှိနေတာကြောင့်ဖြစ်ပါတယ်။

New York Times သတင်းအရ ၀န်ကြီးချုပ် Wen ရဲ့ ဆွေမျိုးတွေဟာ ဒေါ်လာ ၂.ရ ဘီလီယံထက် မနည်း ကြွယ်ဝကြတယ်လို့ဆိုပါတယ်။ ဒီသတင်းဖော်ပြအပြီး နာရီအနည်းငယ်အတွင်းမှာဘဲ တရုတ်နိုင်ငံတ၀ှမ်းNew York Times သတင်းစာရဲ့ အင်္ဂလိပ် နဲ့ တရုတ်ဘာသာ အင်တာနက် စာမျက်နှာတွေကို ပိတ်ပစ်ခဲ့တာဖြစ်ပါတယ်။ စာပေစိစစ်ထိမ်းချုပ်ရေးအဖွဲ့တွေကလဲ twitter နဲ့ အလားတူ  Weibo microblog စာမျက်နှာပေါ်က ၀န်ကြီးချုပ်နဲ့ မိသားစုနဲ့ ပါတ်သက်တဲ့ ရည်ညွန်းစာတွေကို အလျင်အမြန်ဖျက်ပစ်ခဲ့သလို New York Times ရဲ့ တရုတ် ဘာသာ အင်တာနက် စာမျက်နှာတွေကိုလဲ ပိတ်ပစ်ခဲ့တာဖြစ်ပါတယ်။

အဲဒီသတင်းနဲ့ ပါတ်သက်လို့ သောကြာနေ့ က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရ Hong Lei က ရှုံချပြောဆိုလိုက်ပြီး ဒါဟာ ရည်ရွယ်ချက်ရှိရှိနဲ့ သတင်းဖြန့်ခဲ့တာ ဖြစ်တယ် လို့ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ ခုဖြစ်ရပ်နဲ့ ပါတ်သက်လို့ စိတ်ပျက်မိပြီး သတင်းစာမျက်နှာ ပိတ်ပင်မှုတွေ မကြာခင်ပြန်ဖွင့်ပေးလိမ့်မယ်လို့ မျော်လင့်ကြောင်း New York Times သတင်းစာပြောခွင့်ရ Eileen Murphy က ပြောဆိုခဲ့ပါတယ်။ 

New York Times သတင်းမီဒီယာရဲ့သဘောထားနဲ့ ရပ်တည်ချက်အနေအထားကို အနေနဲ့ ပြောင်းလဲလျော့ပေါ့ဖို့ အကြောင်းမရှိကြောင်းကိုလဲ သူမကပြောဆိုပါတယ်။ June လက တရုတ်ဘာသာနဲ့ အင်တာနက်စာမျက်နှာ စတင်ခဲ့ပြီးကတည်းက New York Times အနေနဲ့ သူ့ရဲ့ သတင်းဖော်ပြချက်တွေကို တရုတ်အစိုးရရဲ့ လိုလားချက်နဲ့ ကိုက်ညီအောင် ဆောင်ရွက်သွားမှာ မဟုတ်ဘူးဆိုတာကိုလဲ အခိုင်အမာ ပြောဆိုသွားပါတယ်။ 

____________________________________
Reference and Credit to -Voice of America
Posted By Admin Team[NOM]
(email:newsofburma.myanmar@gmail.com)

ဘကြီးသက်
Unknown at 11:21 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရခိုင်ပဋိပက္ခ ပြည်သူ့လွှတ်တော်၌ အရေးကြီး အဆိုတင်



ဒေါ် အောင်ဆန်းစုကြည် ဥက္ကဋ္ဌ အဖြစ် တာဝန် ယူထားသော တရား ဥပဒေ စိုးမိုးရေးနှင့် ငြိမ်းချမ်းရေး ကော်မတီ သည် ရခိုင် ပြည်နယ် တွင် ဖြစ် ပွား လျက် ရှိသော ပဋိပက္ခ များနှင့် စပ်လျဉ်း၍ အရေးကြီး အဆို တစ်ရပ်ကို ယနေ့ ကျင်းပ သော ပြည်သူ့ လွှတ်တော် ၌ တင်သွင်း ခဲ့ကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် များက ပြောကြားသည်။

အဆိုပါ အရေးကြီး အဆိုတွင် ရခိုင်ပြည်နယ် ၌ လက်ရှိ ဖြစ်ပွား နေသော ပဋိပက္ခ များကို ထိန်း ချုပ် နိုင်ရန် တပ်ဖွဲ့ဝင် အင်အား တိုးချဲ့ ချထားရေး၊ လူ့ အခွင့်အရေး ချိုးဖောက်မှု များနှင့် ပတ်သက်၍ ပွင့် လင်း မြင်သာစွာ တရား စီရင်ရေး တို့ကို ပြည်ထောင်စု အစိုးရ အနေနှင့် တာဝန်ယူ ဖော်ဆောင် ပေးရန် တိုက်တွန်းကြောင်း ပါဝင် သည်။

ယခု ရက်ပိုင်း အတွင်း ရခိုင်ပြည်နယ် မြောက်ဦး မြို့နယ်၊ မင်းပြား မြို့နယ်၊ ကျောက်ဖြူ မြို့နယ် တို့တွင် ဖြစ်ပွား လျက် ရှိသော ပဋိပက္ခ များကြောင့် လူ သေဆုံး မှုများ၊ ဒဏ်ရာ ရရှိမှု များ၊ နေအိမ်များ မီးလောင် ဆုံးရူံး မှု ဆက်တိုက် ဖြစ်ပေါ် နေပြီး ပဋိပက္ခ ဆက်လက် ဖြစ်ပွားနိုင်ရန် အခြေ အနေ များ ရှိနေ ခြင်းကြောင့် တရား ဥပဒေ နှင့် အညီ ပွင့်လင်း မြင်သာစွာ အမြန်ဆုံး စီစဉ် ဆောင် ရွက် ပေး စေ လိုကြောင်း ယင်း အဆိုကို တင်သွင်းသူ ဦး မန်းမောင်မောင်ဉာဏ် က ယနေ့ ကျင်းပ သော ပြည်သူ့ လွှတ်တော်တွင် တိုက်တွန်း ပြောကြား သည်။

ယင်း အဆို ကို ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ၈ ဦး ဆွေးနွေး ခဲ့ကြပြီး အဆိုကို ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌက မှတ်တမ်းတင် ထား ရှိပြီး စောင့် ကြည့် ဆောင်ရွက် သွားမည်ဟု ဆုံးဖြတ် ခဲ့သည်။
 
_____________Credit to - The Voice Weekly_______________
ဘကြီးသက်
Unknown at 11:02 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

"Apple Website တွင် Samsung မှ၎င်းတို့  ကိုကူးယူထားခြင်းမရှိပါဟူသော စာကိုလွှင့်တင်ထား"


ယနေ့  တွင် Apple မှ၎င်းတို့ ရဲ့ Apple UK Website တွင် Samsung အနေနဲ့  Apple ဆီမှကူးယူထားခြင်းမရှိပါဟူသော စာကိုလွှင့်တင်ထားတာကို တွေ့ ရပါတယ်။ UK High Court ရဲ့ဆုံးဖြတ်ချက်အရ Samsung Galaxy Tab အနေနဲ့  Apple iPad ရဲ့ ဒီဇိုင်းကို ကူးယူထားခြင်းမရှိဟု ဆုံးဖြတ်ခဲ့သလို Apple အနေနဲ့ လည်း ယခုတရားရုံး ဆုံးဖြတ်ချက်ကို လူသိရှင်ကြားဖြစ်စေရန် ကြေငြာထားရမည်ဟု ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ထို့ ကြောင့် ယခုအခါ Apple မှနေ၍၎င်းတို့ ရဲ့ UK Website Front Page တွင် “Samsung/Apple UK judgement” ဆို၍ link ကိုလွှင့်တင်ထားတာကို တွေ့  ရပါတယ်။ အဲဒီ link တွင် UK တရားရုံးဆုံးဖြတ်ချက်များကို ဖော်ပြထားကြောင်း သိရပါတယ်။ ထို့ အပြင် တရားရုံးမှ ဆုံးဖြတ်ချက်အရ Apple အနေနှင့် Arial - Font Size 11 ထက်မသေးသော စာလုံးဖြင့်ဖော်ပြထားရမည်ဟု ဆုံးဖြတ်ခဲ့ပြီး Apple မှလည်း တရားရုံးဆုံးဖြတ်ချက်နှင့် ညီညွတ်အောင် Arial 11 ဖြင့်သာဖော်ပြထားတာကို တွေ့ ရပါတယ်။


Apple ရဲ့ယခုဖော်ပြထားသောစာထဲတွင် UK တွင် Samsung အနေနဲ့  Apple ရဲ့မူပိုင်ခွင့်များကို ချိုးဖျက်ခြင်းမရှိဟု ၀န်ခံထားသော်လည်း အခြားတရားရုံးများဖြစ်သော ဂျာမနီရှိတရားရုံးများကဲ့သို့  တရားရုံးများတွင်တော့ Apple အသာရခဲ့မူများကိုပါ ထည့်သွင်းဖော်ပြထားကြောင်း တွေ့ ရပါတယ်။


Info Tech For Myanmar (IT4M)
ဘကြီးသက်
Unknown at 10:55 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရခိုင်အရေးမှာ တတိုင်းပြည်လုံး ပေါက်ကွဲလာရင် ဘင်္ဂလီကုလားတွေ မျိုးသုဉ်းမှာစိုးလို့ နောက်ကွယ်ကြိုးကိုင်သူများက စစ်တပ်ကို လွှဲချလာ

တချိန်က ဘင်္ဂါလီ အရေးကို ပက်ပက်စက်စက် လော်ဘီလုပ်ပေးတဲ့ အကောင်တွေကနေ အခုလက်ရှိ ရခိုင်မှာဖြစ်နေတဲ့ အရေးအခင်းကို စစ်တပ်အာဏာသိမ်းချင်လို့ ဆိုပီးတော့ လူအများစု လမ်းလွဲအောင် လုပ်လာကြတာ တွေ့ရတယ်.... ငါရန်သူ့နယ်မြေထဲက ငါပြန်ခဲ့ပြီးပြီလို့ ရေးလာတဲ့ အခွင့်အရေး အချောင်ရမလား မြန်မာပြည်ကို ပြေးလာတဲ့ မိုးသီးဇွန်ကလည်း ဒီကိစ္စဟာ ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွန့်ရဲ့ လက်ချက်လို့ စွတ်စွဲလာတာ တွေ့ရတယ်.... ။



ဘုံး ကညာတစ်ပါး လုံးရာက ပြားနေတဲ့သူရဲ့ နာမည်ဝှက်နဲ့ အကောင့်ကလည်း ၀န်ကြီးချုပ်ဟောင်းကိုပဲ စွတ်စွဲထားတာကို တွေ့ရပြန်တယ်.... အများစဉ်းစားနိုင်ဖို့ပါ..... အခုလက်ရှိ အရေးအခင်းဖြစ်နေတဲ့ ရခိုင်ဒေသက ဘင်္ဂါလီတွေဟာ စစ်တပ်ရဲ့ စကားကို နားထောင်မှာလား၊ ဦးခင်ညွန့်ခိုင်းတာကို လုပ်မှာလား၊ ဦးအောင်သောင်း အမိန့်ပေးသလို တစ်သွေမတိန်းလိုက်နာမှာလား သေခြာဆန်းစစ်နိုင်ပါတယ်....

ကိုယ့်အိမ်ကိုယ် မီးနဲ့ရှို့ရင် ဘယ်လောက်ပေးမယ်ဆိုတဲ့ ကိစ္စတွေဟာ ဒီလူတွေက ပံ့ပိုးနေတာလား ဘယ်နေရာကနေ ငွေတွေစီးနေလဲ သေခြာလေ့လာလိုက်ပါဦး.... 


တစ်ချိန်တည်းမှာ ဘင်္ဂါလီတွေနဲ့ သူတို့လော်ဘီတွေတွေစီက လွှင့်နေတဲ့ သတင်းက ရခိုင်တွေ မတရားသတ်နေပါတယ်၊ မွတ်စလင်တွေကို လူမျိုးတုန်း သတ်နေပါတယ်၊ မြန်မာတိုင်းရင်းသား မွတ်စလင်ဘာသာဝင် ကမန်းလူမျိုးတွေကို သတ်နေပါတယ်ဆိုပီး သတင်းတွေ လွှင့်နေတာကော ခင်ဗျားတို့ လေ့လာကြည့်စေချင်ပါတယ်.... ပွင့်ပွင့်လင်းလင်း ပြောရရင်။ ဘင်္ဂါလီ အရေးကိစ္စမှာ ပြည်သူပြည်သားတွေ ညီညွတ်နေတာကို သူတို့မလိုလားပါဘူး....

 ရခိုင်တွေ လူမသိ သူမသိနဲ့ အနှိပ်စက်ခံပီး နေရပ်ကို ကြောက်ပီး စွန့်ခွာထွက်ပြေးအောင်၊ ထိုင်းနိုင်ငံတောင်ပိုင်းလို ဖြစ်အောင်၊ ဖိလစ်ပိုင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်အောင် လုပ်လာတာကို မြင်အောင်ကြည့်နိုင်ဖို့ လိုပါတယ်.... အဲ့ဒိအတွက် စိတ်လိုက်မာန်ပါ သတ်မယ်၊ ဖြတ်မယ်လို့ အွန်လိုင်းမှာ ရေးနေတာထက် ကျွန်တော်တို့ အပြုသဘောဆောင်တဲ့ သတင်းအချက်အလက် ဝေငှမှုတွေနဲ့ သူတို့ကို တန်ပြန်တိုက်စစ်ဆင်မှ ဖြစ်မှာပါ.... မလူးသာ မလွန့်သာ ကျွန်တော်တို့ နိုင်ငံရဲ့ အခြေအနေကို ကျွန်တော်တို့ သတိကြီးကြီးနဲ့ ကာကွယ်ဖို့ လိုနေပြီလို့ပဲ ဆိုပါရစေ...။

(မောင်ကျောက်ခဲ အဖွဲ့)
ဘကြီးသက်
Unknown at 10:41 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

သံဃာတော်တွေကို ဆဲ ပြီး ရခိုင်တွေကိုလှောင်တဲ့ မိုးသီးဇွန်


မိုးသီးဇွန်အနေနဲ့ ရခိုင်အရေးကိစ္စဖြစ်ပွါးနေချိန်မှာ ဘင်္ဂလီကုလားတွေရဲ့ ဘက်ကနေပြီး ရခိုင်တွေ မြန်မာတွေဟာ သံဃာတော် တွေသွေးထိုးလို့ ကုလားတွေကို သတ်နေပါတယ်ဆိုတဲ့သဘောနဲ့ သူရဲ့ဖေ့ဘုတ်မှာ ဘုန်းကြီးတွေကို လီးပဲ လို့ ဆဲခဲ့ပါတယ် ။မိုးသီးဇွန်ဟာ အစ္စလာမ်ဝါဒီတစ်ဦးဖြစ်ပြိး သူဥိးဆောင်ခဲ့တဲ့ ABSDF ကြီးဟာလည်း အစိတ်စိတ်အမွှာမွှာ ကွဲခဲ့တဲ့အပြင် ယခုချိန်ထိ စခန်းအပိုင် လက်နက်အပိုင်မရှိ အောင်မြင်မှူတစ်ခုလေးတောင် လက်စုပ်လက်ကိုင် မပြနိုင်တဲ့ သောင်းကျန်သူအားကိုး သူပုန်အငယ်စား(သို့မဟုတ်)ခွေးနားမှီပြီး အသားကျန်စားတဲ့  ကျီးကန်းတပ်ဖွဲ့ဖြစ်ခဲ့ပါတယ် ။တပ်ဖွဲ့ထဲမှာလည်း လူသတ်ပွဲကြီး အကြီးအကျယ် ကျင်းပခဲ့ပါတယ် .ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုတယ်ဆိုပြီး လူ ၃၀ကျော်ကို ခေါင်းဖြတ်ခဲ့ပါတယ် ။


နိုင်ငံခြားကိုထွက်ပြေးပြိးတဲံနောက် ဘင်္ဂလီကုလားတွေရဲ့ ဒေါ်လာငွေများ အပြင် မြန်မာနိုင်ငံမှ ဘာအဖွဲ့ ညာအဖွဲ့ဆိုပြီး အလှုငွေတွေ လိမ်စားခဲ့သူ မိုးသီးဇွန် ပြန်ရောက်လာစဉ်ကလည်း မြန်မာ မီဒီယာ အချို့က ပြေးကြိုခဲ့ဖူးလို့ ဘဝင်လေအပ်နေသူဖြစ်ခဲ့ပါတယ်  ။ကျောင်းသားတွေကို သတ် ၊ အလှူငွေတွေကို လိမ်စား ၊ဘုန်ကြိးတွေကို ဆဲတဲ့ မိုးသီးဇွန်ကို ကိုးကွယ်နေသူများ အားကျနေသူများဟာလည်း မြန်မာနိုင်ငံမှာ ဒီမိုကရေစီသူရဲကောင်းများသဖွယ် ရှိနေပါသေးတယ် ။ထိုသူများအတွက် သတင်းကောင်းတစ်ခုမှာ ယခုအခါ မြန်မာနိုင်ငံအကျဉ်းဦးစီးဌာနတွင် ထောင်ခါထားသောကြောင့် ထောင်အချုပ်ခန်းများ လစ်လပ်နေပြီး ကြိုးစင်များ လျှပ်စစ်ထိုင်ခုံများလည်း အလုပ်အားနေသောကြောင့် ဖုန်တတ်နေသေးကြောင်း သိရှိရပါတယ် ။
မိုးသီးဇွန်ကို ဘယ်လိုလူတွေလာကြိုသလဲ

နောက်ဆုံးတော့ မိုးသီးဇွန်နားမှာ ကုလားပဲရှိတယ်

(မောင်ကျောက်ခဲ အဖွဲ့)

ဘကြီးသက်
Unknown at 10:39 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

" အချို့ လူတွေ နားလည်မလား ခံစားရတာ မကောင်းဘူး "


ယနေ့  စိတ်မကောင်းစရာသတင်း ၂ ခု ကြားရတယ်။
ကျွန်မက လေးစားတန်ဖိုးထားပေမယ့်  အကြောင်းကိစ္စမရှိပဲ စကားများများမပြောဖြစ်တဲ့ ဆရာတော်တစ်ပါးနဲ့  တရားစကားမေးမြန်းတဲ့နေရာမှာ ဆရာတော်က ဘုံဘေမှာရှိနေတဲ့အကြောင်း အိန္ဒိယကလူများက ဆွမ်း ၊ ကွမ်း ကိစ္စ အလေးမထား မြန်မာပြည်မှာလို ဆွမ်းမလွယ်ကူကြောင်းသိရ ကြားရတဲ့အခါမှာ ကျွန်မ နှုတ်ဆွံအသွားခဲ့ရပါတော့တယ်။

ကိုယ်တိုင်ဆွမ်းချက်ဖို့ အချိန်ပေးပြီး ခုတော့လည်း ဖွယ်ဖွယ်ရာရာ ဟင်းအမျိုး အမည်များစုံအောင်ချက်တတ်နေပြီးဖြစ်ကြောင်း သိရကြားရပါတယ်။
 ကျောင်းတတ်နေရကြောင်းသိရတဲ့အခါမှာ ကျွန်မ ( သို့  )  မေမေသာဆိုလျှင်  နီးရင် ဆွမ်းလောင်းလှူမှာကို ချက်ချင်းတွေးမိမြင်ယောင်မိပါတယ်။
ဘာလို့ ဆိုတော့ ကျွန်မတို့  မြန်မာလူမျိုးတွေအတွက် ရဟန်းတော်များဟာ အလွန်အရေးကြီးပါတယ်။ ဆွမ်း ၊  ကွမ်း ၊ ဆေး အလှူပြုသူမရှိပေမယ့်
ဆရာတော်က ဘယ်သူကိုမှ ထိခိုက်ပြောဆိုခြင်းမရှိ ၀ိနည်း သိက္ခာပုဒ်နှင့်ပီသအောင်နေသူပါ။ ဒီသတင်းသိရပြီးမနက်က ရင်ထဲမကောင်းပါ။
နောက်သတင်းတစ်ခုကလည်း ဆိုးဝါးရင်နင့်စရာပါပဲ။
သီတင်းကျွတ် လပြည့်နားနီးလို့  မိဘ နှင့် ဆရာသမား ၊ အထက်လူကြီးနှင့်
ဆွေမကင်းမျိုးမကင်းများကို  တန်ဖိုးရှိလက်ဆောင်များနှင့် လိုက်ကန်တော့တဲ့အခါမှာ အသက် ၅ နှစ်ကလေးက ပြောင်းလဲခြင်းများစွာဖြစ် ကန်တော့ဖို့  လုံးဝခေါ်လို့ မရတဲ့ဖြစ်ရပ်ကြီးကို အံသြစွာသိခွင့်ရခဲ့ပါတယ်။
အကြောင်းရင်းကို ဆန်းစစ်တဲ့အခါမှာ အ. ထ . က ( ၁ ) ဒဂုံ ကျောင်းရဲ့ မျက်စောင်းထိုး ယုဇနဟိုတယ် ဘေးကပ်လျှက်မှာ ဖွင့်ထားတဲ့ကျောင်းက
 အသက် ၃ နှစ်ထဲက မူကြိုတစ်လကုန်ကျငွေ   ( မြန်မာငွေ ၈ သောင်းကျပ် ) ဖြင့် ကျောင်းပေးထားရာ ကလေးမှာ မထင်မှတ်လောက်အောင် အင်္ဂလိပ်စာ ၊ သချာင်္ ကောင်းပေမယ့် အရင်းစစ်တော့ အမြစ်ကပေါ် ထိုကျောင်းသည် အိန္ဒိယ လက်အောက်ခံ ILBC  ကျောင်းဖြစ်သည့်  အားလျှော်စွာ လူကြီးကန်တော့ဖို့  နှင့် ဘုရားရှစ်ခိုးကန်တော့ဖို့ လုံးဝ လုံးဝ မသင်ပါ။
ထို့ ကြောင့် အရွယ်နှင့် မမျှ ကျိုးနွံလိမ်မာသော ကလေးသည်ချက်ချင်းပြောင်းလဲသွားရတဲ့အပေါ်မှာ မိဘမောင်ဖွားများ အင်မတန်ဝမ်းနည်းထိခိုက်မိပြီး ကျောင်းပြောင်းဖို့  စီစဉ်ပါတော့သည်။ နိုင်ငံခြားကျောင်းထားတာ  မြန်မာလူမျိုး အမျိုး ဘာသာ သာသနာ တုံးဖို့  မဟုတ်ပါ။
အစိုးရကျောင်းတစ်ချို့  ရဲ့  ကျောင်းသား ကျောင်းသူများအပေါ်  ဆရာ ဆရာမ ( ဆရာမတိုင်းမဟုတ်ပေမယ့် ) မြင်ရ ကြားရ ကလေး နှိပ်စက်မှုများကြောင့် နှင့်  ကျောင်းချိန်ပြင်ပ ကျူရှင် နှိပ်စက်မှုများကြောင့်သာ အစိုးရမဟုတ်တဲ့ ကျောင်းမှာ ထားရတာ ဒီလို သာသနာကွယ်မယ့်ကိစ္စများကို လုံးဝ အားပေးမှာမဟုတ်ပါ။
အိန္ဒိယ ဘုံဘေမှာကျောင်းတတ်နေသောဆရာတော်နှင့် အိန္ဒိယ လက်အောက်ခံ အစိုးရမဟုတ်သောကျောင်းကို တတ်နေသောကလေးတို့ ရဲ့ ဖြစ်ရ့ပ်များကို နားထောင်ပြီး ရင်ထဲ ဆို့ နစ်ကြေကွဲရပါသည်။  ကျွန်မတို့ နိုင်ငံ အာဇာနည် ရဟန် စာတတ် ပေတတ်များပေါ်ပေါက်အောင်  ပိုက်ဆံအကုန်အကျခံပြီး ကျောင်းသွားတတ် ပညာသွားသင်နေတာ ဆွမ်းချို့ တဲ့ လှပါသည်။   ကျွန်မ သိတဲ့ အိန္ဒိယ လက်အောက်ခံကျောင်းက   ၄ တန်းကလေးက အစိုးရ ၁၀ တန်းစာအင်္ဂလိပ်စာ ၊ ရူပဗေဒ နှင့် သချာင်္ များကို ဂျောင်းဂျောင်းပြေး ဖတ်နိုင် တွက်နိုင်ပါတယ်။ သို့ သော် ယခုကဲ့သို့   မူကြို အသက်  ၅ နှစ်ကလေးကို ကျောင်းဆက်တတ် ကျောင်းပေးသွားဖို့  ကျွန်မတို့  ရင်ထဲမကောင်းနိုင်တော့ပါ။
ဘယ်အညှိုးနဲ့ များ နှိပ်စက်လေသလဲ ပညာရေးစနစ်ဆိုးကြီးရယ် .... သူများနိုင်ငံမှာ စာသွားသင်တော့လည်း ကြောက်ရတယ်။ ကိုယ့်နိုင်ငံမှာ ပညာလာပေးတော့လည်း ကိုယ့်ဘာသာပျောက်အောင်လုပ်တယ်။ကျွန်မတို့  နိုင်ငံ မျိုးဆက်သစ်တွေ ဘယ်တော့ ကျွမ်းကျင်စွာ တတ်မြောက်တဲ့အဆင့်ကိုရောက်နိုင်မှာလဲ .... တွေး ရင်း တွေး ရင်း .... ခံစားရတာ ရင်ထဲမကောင်းနိုင်ပါ .....  ကျွန်မတို့  အချိန်တစ်ခုကိုစောင့်ရမယ်ဆိုရင်တောင် ကျွန်မတို့ သက်တမ်း ၃၀ ကျော်လုံးလုံး အစမ်းသပ်ခံပညာရေးဖြစ်ကြီးပြင်းခဲ့ရသည်။ဘယ်လောက်ထိ ဆက်စောင့်ရအုံးမလဲ ..... သူများနိုင်ငံမှာ စာသင်ပြီး မျက်နှာငယ်ရတာတွေ ကိုယ့်နိုင်ငံကျောင်းလာဖွင့်ပြီး လူမျိုးဘာသာတုံးအောင် လုပ်တာတွေ ဘယ်လောက်ထံ ဆက်လက်ခံစားရအုံးမှာလဲရှင် ။။ငွေစင်သွန်း 25/ 10 / 2012  ( 8.29 PM )
ဘကြီးသက်
Unknown at 10:07 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဂျပန်နည်းပညာနှင့် ဆက်သွယ်ရေးကုမ္ပဏီ NTT ရန်ကုန်မြို့တွင် ရုံးခွဲဖွင့်မည်



ဂျပန်ဆက်သွယ်ရေးကုမ္ပဏီကြီး NTT ကော်ပိုရေးရှင်းသည် ၄င်း၏ ကုမ္ပဏီခွဲ NTT Communications (Thailand)ကို မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ရုံးခွဲစတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ကြေညာသည်။

အဆိုပါ ရုံးခွဲသည် မြန်မာနိုင်ငံ၌ နိုင်ငံစုံကုမ္ပဏီများအတွက် ICT နည်းပညာဆိုင်ရာ ကိစ္စများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီးမြန်မာနိုင်ငံတွင
် ပြည်ပဆက်သွယ်ရေး ကုမ္ပဏီတစ်ခုအနေဖြင့် ပထမဆုံးဖွင့်လှစ်သော ရုံးခွဲပင်ဖြစ်သည်။

ရုံးခွဲကို ရန်ကုန်မြို့ရှိ ဆာကူရာတာဝါ အဆောက်အအုံတွင် ဖွင့်လှစ်မည်ဖြစ်ပြီး NTT (ဖနွမ်းပင်၊ ဗီယန်ကျန်း) ရုံးခွဲများ၏ မန်နေဂျာ NTT (ထိုင်း)ဥက္ကဋ္ဌ ဆူယိုရှီကာဝါရှီးမားက ကွပ်ကဲမည်ဖြစ်သည်။ NTT ကုမ္ပဏီသည် လက်ရှိတွင် Cloud Computing နည်းပညာနှင့် နိုင်ငံတကာနှင့် ပြည်တွင်းကွန်ရက်များ၊ အချက်အလက်စင်တာများ၊ ကွန်ရက်စနစ် လုံခြုံရေးနှင့် အခြားအိုင်စီတီနည်းပညာဆိုင်ရာ ကိစ္စများကို မဲခေါင်ဒေသတွင်းရှိ နိုင်ငံစုံကုမ္ပဏီများနှင့် ပူးတွဲလုပ်ဆောင်နေသည်။

ဘကြီးသက်
Unknown at 10:01 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဘိုင့်ဘိုင် ချက်ကြီး

နှစ်ပေါင်းများစွာ ပြည်သူလူထုကို အလုပ်အကျွေးပြုခဲ့ပြီး လူအများအားကိုး အားထားပြုခဲ့ရသည့် သူ့ကို ယခုတော့ အားလုံးက မေ့လျော့လာခဲ့ကြပါပြီ။ အသက်အရွယ်အားဖြင့်လည်း စိန်ရတုတိုင်လာပြီဖြစ်သည့် သူ့မှာ နာမကျန်းသည့်ဒဏ်၊ ချစ်ခင်သူများက ပစ်ခွာသွားကြ သည့်ဒဏ်၊ သူနှင့် သက်တူရွယ်တူများ ဆုံးပါးသွားသည့်ဒဏ်ကို တဖြည်းဖြည်း ခံစားနေရပြီဖြစ်သည်။ သူ့ဘ၀ရဲ့နေ၀င်ချိန်က သိပ်မဝေးတော့။

သူ့ကို လူတွေကချက်ကြီးလို့ ခေါ်ကြသည်။များသောအားဖြင့် ဗိုက်ပူဟုလည်း ချစ်စနိုးခေါ်ဝေါ်ကြသည်။ သူသည် သစ်သားကိုယ်ထည် ၀မ်းဗိုက်ပူပူကြီးရှိသော ချက်ပလက် (Chevrolet)ယာဉ်အိုကြီးတစ်စီးဖြစ်ပါသည်။ ချက်ကြီးသည် ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်များနှင့်အတူ မြန်မာနိုင်ငံသို့ ၀င်ရောက်လာခဲ့သည်။ ဂျပန်ခေတ်တစ်လျှောက်လုံး သူက ကုန်ကား၊ လူစီးကားအဖြစ် အသုံးတော်ခံခဲ့ရသည်။ စစ်ကြီးပြီးဆုံးသွား၍ ဂျပန်များပြန်ထွက်ခွာသွားသည့်အခါ ချက်ကြီး တို့ ကျန်ရစ်ခဲ့သည်။ နောက်ပိုင်းတက်လာသည့် မြန်မာအစိုးရများက ချက်ကြီးကို လိုင်းကားအဖြစ် စတင်သုံးစွဲလာခဲ့သည်။ ၁၉၅၀ အစော ပိုင်းက ရန်ကုန်မြို့ခရီးသွားလုပ်ငန်းစတင်ရာတွင် ချက်ကြီးတို့ စစ်ကျန်ယာဉ်များ တာဝန်ထမ်းဆောင်ခဲ့ကြရသည်။ ချက် ပလက်၊ ဒေါ့ဂျစ်စသည့် ချက်ကြီးတို့အဖွဲ့သည် ခြင်္သေ့၊ ယုန်၊ ဆင်၊ကြံ့၊ ပုစွန်၊ နဂါးစသဖြင့် တိရစ္ဆာန်အရုပ်တံဆိပ်များ တပ်ဆင် ကာ ခရီးသွားပြည်သူများကို ၀န်ဆောင်မှုပေးခဲ့ကြသည်။ ယာဉ်ငါးစီးဖြင့် စတင်ခဲ့သော ရန်ကုန်မြို့တွင်း ဘတ်စ်ကားလုပ်ငန်းကို အိမ်စောင့်အစိုးရက ၁၉၅၉ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် ပုဂလိကအဖြစ်မှ ဖျက်သိမ်း၍ အရုပ်တံဆိပ်များအစား ယာဉ်လိုင်းနံပါတ်များ စတင်သတ်မှတ်ခဲ့သည်။ သို့နှင့် ၁၉၆၂ ခုနှစ် သြဂုတ်လ ၂၀ ရက်တွင် ရန်ကုန် မော်တော်ယာဉ်လိုင်းပေါင်းစုံကြီး ကြပ်အုပ်ချုပ်ရေး ကော်မတီ ပေါ် ပေါက်လာ ခဲ့ပြီး ၁၉၆၅ ခုနှစ်တွင် ယခု မထသအဖြစ် ပြောင်းလဲခဲ့သည်။ မြို့တွင်းခရီးသွား လုပ်ငန်း တွင် သက်တမ်းအရှည်ကြာဆုံးဖြစ်သည့် မထသသည်ပင် ရွှေရတုတိုင်တော့မည်ဖြစ်သည်။ ချက်ကြီးတို့ သက်တမ်းကတော့ မထသ ထက်ပင် ကြာမြင့်ခဲ့သည်။ ယာဉ်ကိုယ်ထည်ပေါ်က အရုပ် များကို နံပါတ်အဖြစ် ပြောင်းလဲ လိုက်သော်လည်း မထသသည် ချက်ကြီးတို့ကိုပင် ဆက်လက် အားကိုးခဲ့ရသည်။ ထိုစဉ်က ယာဉ် မလုံလောက်မှုကြောင့် စက်မပါ သော နောက်တွဲယာဉ်တပ်ဆင် ထားသည့် နှစ်စီးတွဲယာဉ်များပင် ပေါ်ပေါက်ခဲ့ဖူးသည်။ “၈၂ နောက်ပိုင်းမှာ ဒီကားပဲ ရွေးစီးတာ။ အန္တရာယ်ကင်းလို့။ အဲဒီတုန်းက ဗိုက်ပူနဲ့ ဟိုင်းလပ်ပဲရှိတယ်။ ချက်ကြီး သူ့ဖီးလ်နဲ့သူ အေးဆေးမောင်းတယ်”ဟု လှိုင်မြို့နယ်အတွင်းနေထိုင်သူ အ သက်(၅၀)ကျော်အရွယ် အမျိုးသားကြီးတစ်ဦးက ပြောသည်။ ချက်ကြီးတို့ စရောက်လာ စဉ်က သံထည်ဘော်ဒီဖြစ်သော်လည်း ဘတ်စ်ကားနှင့် ကုန်တင်ယာဉ်အဖြစ် ပြေးဆွဲရန် သေးငယ်သောကြောင့် မြန်မာ့တီထွင် ပညာရှင်ကြီးများက သစ်သားဘော်ဒီအဖြစ် ပြောင်းလဲခဲ့ကြသည်။ “ဗိုက်ပူက အင်ဂျင်ခေါင်းပါးတယ်။ ကွဲလွယ်တယ်။ ရေမယို၊ ရေမပြတ်ရဘူး။ မောင်းရတာ နည်းနည်းတော့ခက်တယ်။ တခြားကားတွေက ကလပ်၊ ဘရိတ်၊ လီဗာ၊ အဲဒီလိုအစဉ်လိုက် ရှိတယ်။ ဗိုက်ပူမှာက ကလပ်၊ လီဗာ၊ ဘရိတ် ဖြစ်နေတယ်”ဟု၁၉၈၆ ခုနှစ်ခန့်ကတည်းက ချက် ကြီးနှင့် ဒေါ့ဂျစ်ကားများကို စမောင်းလာခဲ့သော ယာဉ်မောင်း ဦးသန်းအောင်က ပြောပြသည်။ ချက်ကြီးကားများသည် အ သက်အရွယ်အားဖြင့် ကြီးရင့်လာ သည်နှင့်အမျှ ယိုယွင်းပျက်စီးမှုများလည်း ကြီးမားနေပြီဖြစ်သည်။ အများစုသော ချက်ကြီးများတွင် လူစီးသာမကကုန်ပစ္စည်းပါတင်သောကြောင့် သစ်သားကြမ်းခင်း ပေါ်တွင် အနံ့အသက်ဆိုးများက စွဲကျန်နေလေ့ရှိသည်။ အခြေခံ လူတန်းစားများနှင့် လက်လုပ်လက်စားဈေးသည်များအတွက် အားကိုးအားထားပြုရသော်လည်း အများစုကမူ ကားကောင်းများ ကိုသာ စီးနင်းလိုကြသည်ပဲ ဖြစ်သည်။ ချက်ကြီးကားကို စီးနင်းရာ တွင် မကြိုက်သည့်အချက်များကို လည်း အသက် ၃၅ နှစ်အရွယ် ကိုဇင်မင်းထွန်းက - “အရမ်းနှေးပါတယ်။ စီယာ တိုင်ကတစ်ဖက်စောင်းနေပြီး ကားစီးရင် တစောင်းကြီးမောင်း နေတယ်လို့ ခံစားရတယ်။ ကား ဘော်ဒီတွေကဆွေးနေလို့ တိုက်လိုက်ရင် ခံနိုင်ရည်ရှိမယ် မထင်ဘူး။ ထိုင်စီးတော့လည်း သစ်သားထိုင်ခုံပေါ်မှာ တဒုန်းဒုန်းနဲ့ နာတယ်။ မတ်တတ်ရပ်စီးတော့လည်း အရပ်ရှည်ရင် ခေါင်းနဲ့အမိုးနဲ့ ခဏခဏမိတ်ဆက်တယ်”ဟု ပြောပြသည်။ တဖြည်းဖြည်းနှင့် ချက်ကြီးတို့တွင် ယှဉ်ပြိုင်ဘက်များပေါ်လာသည်။ ဘီအမ်၊ ရိန်းဂျား(KM)၊ ဟိုင်းလပ်၊ ဒိုင်နာ၊ ကန်ဒါ၊ မီနီဘတ်စ်စသဖြင့် ပြောင်းလဲလာသည့် ခေတ်နှင့်အညီ ယာဉ်အမျိုး အစားအသစ်အသစ်များက လမ်း ပန်းဆက်သွယ်ရေး လုပ်ငန်းများ သို့ ၀င်ရောက်လာခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် စီးတီးဘတ်စ်များ ထပ်မံဝင်ရောက်လာပြီး ချက်ကြီးတို့ နေရာစပျောက်ခဲ့တာ ဖြစ်သည်။ သို့သော်လည်း ဆယ်စုနှစ်တစ် ခုကြာအောင်တော့ ချက်ကြီးတို့ တောင့်ခံနိုင်ခဲ့ကြပါသည်။ ၂၀၁၀ ခုနှစ် နောက်ပိုင်း တွင် ချက်ကြီးတို့အပါအ၀င် ဟိုင်းလပ်နှင့် ဒိုင်နာများကို မြို့တွင်း ပြေးဆွဲခွင့် မပြုတော့ဘဲ ဆင်ခြေဖုံးမြို့နယ်များနှင့် မြို့တွင်းခြောက် မြို့နယ်ပြင်ပတွင်သာ ပြေးဆွဲစေခဲ့သည်။ ရန်ကုန်မြို့တွင် နေ့စဉ် လူပေါင်းလေးသန်းကျော်က ၀မ်းရေးအတွက် ဆင်ခြေဖုံးနှင့် မြို့တွင်းသို့ ယာဉ်များဖြင့် သွားလာလှုပ်ရှားနေကြပြီး မထသမှ ယာဉ်အစီး ၂၂၀၀ ကျော်၊ သန်မြန်သူ၊ ငြိမ်းချမ်းရေး၊ ရွှေဧည့်သည်၊ ကန္တာရ၀တီ၊ ပါရမီ၊ ပြည်ခိုင်ဖြိုးစသော တခြားပုဂ္ဂလိက ယာဉ်လိုင်းများ နှင့် ပေါင်းလျှင် ခရီးသည်တင် ယာဉ်ပေါင်းလေးထောင်ကျော်က နေ့စဉ်ပြေးဆွဲနေရသည်ဟု သိရသည်။ ၂၀၁၁ ခုနှစ်တွင် ယာဉ်အိုယာဉ်ဟောင်းအပ်နှံရေး၊ ဖျက်သိမ်းရေးအစီအစဉ်အရ ချက်ကြီးတို့၏ နေ၀င်ချိန်ကို ရောက်လာခဲ့သည်။ ကားတင်သွင်းခြင်း လုပ်ငန်းများ ခေတ်စားလာသည်နှင့် ကျပ်သိန်း ၂၀၊ ၃၀ သာရှိသည့် ချက်ကြီးတို့ တန်ဖိုးမှာ ကျပ်သိန်း ၁၀၀ အထိမြင့်တက်လာခဲ့သည်။ ချက်ကြီးတို့၏ ပိုင်ရှင်များသည် သူတို့ကို သံယောဇဉ်ဖြတ်ခဲ့ကြ သည်။ ဈေးကောင်းရသည်နှင့် စွန့် လွှတ်ပစ်ခဲ့ကြသည်။ ချက်ကြီးတို့ နှင့်အတူ ဒုက္ခရောက်ကြရသူများမှာ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ၊ ၎င်းတို့၏ မိသားစုများ ပင်ဖြစ်သည်။ “နှမြောတယ်။ စိတ်မကောင်းဘူး။ ပြီးတော့ အလုပ်တစ်ခုက နေ နောက်တစ်ခုပြောင်းတာ လွယ်တာမှမဟုတ်တာ”ဟု ယခင်က ချက်ကြီးယာဉ်မောင်းနှင်ဖူးသူ တစ်ဦးကဆိုသည်။ မွန်ပြည်နယ်၊ ချောင်းဆုံမြို့ နယ်တွင် နှစ်ပတ်အတွင်း ချက်ကြီးအစီး ၉၀ ခန့်ရောင်းထွက်သွားသည်အထိ ချက်ကြီးတို့ရေပန်း စားခဲ့သည်။ သို့သော် အသစ်ဝင်ရောက်လာမည့် ကားသစ်ကား ကောင်းများအတွက် ချက်ကြီးတို့ ပေးဆပ်လိုက်ရခြင်းဖြစ်ပါသည်။ ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ လက်အောက်တွင် နှစ်လေးဆယ် ကျော်သက်တမ်းရှိသည့် ချက်ကြီးတို့ စစ် ကျန်ဘတ်စ်ကား ၃၀၀ ကျော်ရှိ ခဲ့ပြီး အမှတ်(၄၀)နှင့် အမှတ် (၃၆) ယာဉ်လိုင်းများက ယခု လက်ရှိတွင်လည်း ပြေးဆွဲလျက် ရှိသေးကြောင်း သိရသည်။ တခြားစစ်ကျန်ဘတ်စ်အများစုကတော့ ယာဉ်အိုယာဉ်ဟောင်း အပ်နှံရေးအစီအစဉ်နှင့်အတူပါသွားခဲ့ပြီ ဖြစ်သည်။ “ကညနက သက်တမ်းကုန်ပြီလို့ ပြောထားတဲ့ယာဉ်တွေ ပြေးဆွဲခွင့်မရှိတော့ပါဘူး။ ပြေးဆွဲရင်လည်း အဲဒါက ကြားကားဖြစ်နေပြီ။ ယာဉ်ထိန်းဥပဒေအရ အရေး ယူခံရနိုင်ပါတယ်”ဟု မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ(မြို့တွင်း) ဥက္ကဋ္ဌဦးလှအောင်က ရှင်းပြသည်။ ယခုနှစ် စက်တင်ဘာလထိ အပ်နှံရမည့် စစ်ကျန်ယာဉ် ၂၂ စီးခန့်ရှိနေသေးပြီး တချို့မှာ သံရည်ကျိုစက်သို့ ပို့ဆောင်လိမ့်မည်ဖြစ်ကြောင်း ဦးလှအောင်ကဆိုသည်။ ချက်ကြီးတို့ကတော့ ဖျက် သိမ်းရေးဌာနသို့ ရောက်ရှိပြီး အရိုးတခြားအသားတခြားဖြစ်သွားမှာတော့ သေချာပါသည်။ ချက်ကြီးတို့အပေါ် သမိုင်းဝင်စစ် ကျန်ယာဉ်အိုကြီးများဟူ၍ တန် ဖိုးထားညှာတာ မည့်သူက ရှားပါးပါလိမ့်မည်။ လူအများက တစ်ချိန်တစ်ခါက ကျေးဇူးရှင်ကို မျက်ကွယ်ပြုရက်ကြသော်လည်း အမြတ်တနိုးတန်ဖိုးထား စိတ်ဝင်စားသူများလည်းရှိနေပါသည်။ သူတို့ကတော့ ကမ္ဘာလှည့် ခရီးသည် နိုင်ငံခြားသားများပဲ ဖြစ်ပါသည်။ ကမ္ဘာ့နိုင်ငံများတွင် အမှတ်တရ ထိန်းသိမ်းထားသော ယာဉ်တစ်မျိုးမျိုးကတော့ ရှိတတ်ကြပါသည်။ လန်ဒန်မြို့တွင် အများစိတ်ဝင်စားသည့် ယာဉ်မှာ လန်ဒန်ဘတ်စ်ဖြစ်ပြီး ထိုင်းနိုင်ငံတွင် တုတ်တုတ်ယာဉ် ဖြစ်ပါသည်။ ထိုသို့ပင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ကြသည့် ကမ္ဘာ လှည့်ခရီးသွားများမှာ ဒုတိယ ကမ္ဘာစစ်ကျန် နိုင်ငံခြားအင်ဂျင်၊ မြန်မာ့လက်ရာ ချက်ပလက်ဗိုက်ပူတို့ကို အထူးတလည်စိတ်ဝင်စား ကြသည့်အတွက် ခရီးသွားလုပ်ငန်းများ၊ ဟိုတယ်များမှာ ချက်ကြီးယာဉ် တချို့ကိုဝယ်ယူ၍ မွမ်း မံပြင်ဆင်အသုံးပြုခြင်းများ ရှိနေသည်။ “ဗိုက်ပူကားတွေရဲ့ အစိမ်း၊ အနီ၊ အဖြူပတ်ဒီဇိုင်းကို Tour တွေက အရမ်း Crazy ဖြစ်တယ်။ တချို့လည်း လေဆိပ်အကြိုအပို့ ကို အဲဒီကားနဲ့သုံးတယ်။ တစ်ယောက်ကို ၁၀ ဒေါ်လာလောက် နဲ့ ၀န်ဆောင်မှုအပေါ်မှာ ဧည့်သည်တွေကကျေနပ်အားရတယ်။ ဒါတွေကို ထိန်းသိမ်းသင့်ပါတယ်။ ရန်ကုန်က လေးဘီးကားနဲ့ ဗိုက်ပူကားတွေကို ကမ္ဘာကသိတယ်”ဟု Myanmar Voyage ခရီး သွားလုပ်ငန်းအကြီးအကဲဖြစ်သူမှ ဦးသက်လွင်တိုးကပြောသည်။ ချက်ကြီးကားများနှင့် အကြို အပို့လုပ်ခြင်းကို ကမ္ဘာလှည့်ခရီး သည်များက နှစ်သက်ကြသည့်အ တွက် Tour ကုမ္ပဏီများအနေနှင့် လည်း ချက်ကြီးကားဟောင်းများကို ၀ယ်ယူကာ စက်ပိုင်းဆိုင်ရာပြု ပြင် ပြောင်းလဲမှုများနှင့် လိုင်စင်ယူလုပ်ဆောင်သင့်ကြောင်း ဦးသက်လွင်တိုးက အကြံပြုသည်။ “အန်းတစ်အနေနဲ့ အထင် ကရနေရာမျိုးတွေမှာ ဟိုနားဒီနားသုံးဖို့အတွက် အသင့်တော်ဆုံးပဲလို့ ထင်တယ်”ဟု ချက်ကြီးကား ကို စီးနင်းဖူးသော အသက် ၃၀ ကျော်အရွယ်ကိုတင်ထွဋ်လှိုင်က ပြောသည်။ ရန်ကုန်မြို့တွင် အမှတ်(၄၀) နှင့် (၃၆) ယာဉ်လိုင်းများ ဆက်လက်ပြေးဆွဲနေသကဲ့သို့ မော်လ မြိုင်မြို့တွင်လည်း အမှတ်(၇) ယာဉ်လိုင်းမှ လက်ရှိပြေးဆွဲလျက် ရှိနေသေးသည်။ ထိုသို့ပင် တခြား မြို့များတွင်လည်း စစ်ကျန်ချက် ပလက် ဗိုက်ပူကြီးများကို သုံးစွဲနေ ကြဆဲ ဖြစ်သည်။ “ချက်ပလက်တွေက အနှစ် ၇၀ ကျော်ရှိနေကြပြီ။ သုံးဖို့မသင့် တော့တဲ့ အခြေအနေထိ ရောက်နေပြီ။ အနားပေးသင့်ပါပြီ။ တချို့ ကို ပြတိုက်မှာ ထားသင့်တယ်။ မထသက ရွှေရတုတိုင်နေသလို ဒီကားတွေကလည်း စိန်ရတုတိုင်နေပြီ”ဟု မြို့တွင်းစီးယာဉ်လိုင်းပိုင် ရှင်တစ်ဦး ဖြစ်သည့် ဦးမျိုးနိုင်ကပြောသည်။ ရှေးဟောင်းသုတေသန ဦးစီးဌာနအနေဖြင့် ရှေးယခင် မြန်မာမင်းများလက်ထက်မှ အသုံးပြုခဲ့သော ပစ္စည်းများကိုသာ ရှေး ဟောင်းအမွေအနှစ်အဖြစ် ပြတိုက်များတွင် ထိန်းသိမ်းထားခဲ့ပြီး ဒုတိယကမ္ဘာစစ်လက်ကျန် ယာဉ်ဟောင်းတချို့ကိုတော့ ထိန်းသိမ်းရန် အစီအစဉ်မရှိကြောင်း သိရသည်။ ချက်ကြီးပိုင်ဆိုင်သူ တချို့အတွက်တော့ ပြင်ဆင်ရန် မတတ်နိုင်သည်က တစ်ကြောင်း၊ ယာဉ်သစ်တင်သွင်းရန် ငွေမလိုက်နိုင် သည်ကတစ်ကြောင်း စသဖြင့်အကြောင်းအမျိုးမျိုးဖြင့် နှစ်ပေါင်းများစွာလက်တွဲလာခဲ့ရသူကို လက်တွဲဖြုတ်ခဲ့ကြရတော့သည်။ “နောက်ဆို ချက်ပလက် ဗိုက်ပူကားတွေကို မြင်ရတော့မှာ မဟုတ်ဘူး။ ဓာတ်ပုံတွေထဲမှာ ပြန်ကြည့်မှ နောက်လူတွေ မြင်ဖူး တော့မယ်။ အခုတောင် သိပ်မကျန်တော့ဘူး။ နောက်နှစ်တွေဆို ရှိတော့မှာ မဟုတ်ဘူး။ ဟိုတယ်တွေက ချက်ပလက်တွေကို တော်တော်ကောင်းအောင် ပြင် ထားတာတွေ့ဖူးတယ်။ ငပလီမှာလည်း ရှိတယ်။ ပါရမီစိန်ဂေဟာ ရှေ့မှာလည်း ချက်ပလက်ကားကို သေချာလှလှပပ ပြင်ဆင်ပြီး ကော်ဖီဆိုင်လို လုပ်ထားတာ ရှိတယ်။ အခု ကျန်နေသေးတဲ့အထဲက တချို့ကို မဖျက်ဆီးပစ်ဘဲ ပြန်ပြင်ပြီး အသုံးဝင်တဲ့ တစ်နေရာမှာ သုံးသင့်တယ်။ ဗိုက်ပူကားတွေ မျိုးတုံးနေပြီ”ဟု ရန်ကုန်မြို့ခံတစ်ဦးက ဆိုသည်။ သံရည်ကျိုစက်သို့ ရောက်ရှိသွားသည့် ယာဉ်များ မနည်းတော့သည့်အတွက် တဖြည်းဖြည်းနှင့် ချက်ကြီးကိုမြင်တွေ့ရမှုလည်း လျော့ပါးလာခဲ့ပြီ ဖြစ်သည်။ ချက်ကြီးတို့ နေရာတွင် စီးတီးဘတ်စ် အကောင်းစားကြီးများက နေရာဝင်ယူသွားခဲ့ပြီ ဖြစ်သည်။ “အခုက လက်လွန်သွားပြီ”ဟု ယခင်က ချက်ကြီးမောင်းနှင်ဖူးပြီး လက်ရှိစစ်ကျန် ဒေါ့ဂျစ်ယာဉ်အိုတစ်စီးကို ပိုင်ဆိုင်ထားဆဲဖြစ်သော ဦးသန်းအောင်က သက်ပြင်းချရင်း ပြောပါသည်။ ချက်ကြီး၏ နေ၀င်ချိန်မှာမဝေးတော့ပါ။ သူက အိုမင်းလွန်းနေပြီ ဖြစ်သည့်အတွက် လုပ်ငန်း ခွင်ဝင်ရန်လည်း မစွမ်းနိုင်တော့ပါ။ ပိုင်ရှင်ဖြစ်သူရဲ့စိတ်ထဲမှာ ဘာ တွေတွေးနေသည်ဆိုတာ ချက် ကြီး မသိနိုင်ပါ။ သူ့ဘ၀ရဲ့ နောက် ဆုံးအချိန်မှာ ဘာတွေဖြစ်လာဦး မည် ဆိုတာလည်း ချက်ကြီး မသိနိုင်ပါ။ တစ်ချိန်က သူ့ကိုအားကိုး အားထားပြုခဲ့ကြသူတို့သည် ပြောင်းလဲလာသည့် ခေတ်နှင့်အညီသူ့ကို စိမ်းစိမ်းကားကားပင် နှုတ်ဆက်လိုက်ကြပါပြီ။ ။ ရေးသားသူ- ဥက္ကာကိုကို
ဘကြီးသက်
Unknown at 9:59 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အမြန်ကားများ နှေးရခြင်း အကြောင်းရင်း


အဝေးပြေး ခရီးစဉ်တွေမှာ အမြန်ကားတွေ သတ်မှတ်ချိန်ထက် ပိုပြီး
မောင်းနေကြတဲ့ အဓိက အကြောင်းအရင်းကတော့ တလိမ့်ချင်း လိမ့်နေရတဲ့အချိန်က ၂ နာရီလောက် ရှိတာကြောင့်ပါပဲလို့ အဝေးပြေး ယာဉ်မောင်းတချို့က ပြောပါတယ်။

“ရန်ကုန်-မန္တလေး ခရီးစဉ်က ၉နာရီကြာတယ်ဆိုတာက အမှန်တကယ် လမ်း ပေါ်မှာ မောင်းနှင်ရတဲ့အချိန်က ပျှမ်းမျှ ၇နာရီလောက်ပဲ ရှိပါတယ်။ ဒီဘက်က ကားဝင်းမှာ ပိတ်နေတဲ့ အချိန်နဲ့ ဟိုဘက် ရောက်တော့ ကားဝင်းထဲ ၀င်ရတဲ့အချိန်က တော် တော်ယူရတဲ့အတွက်ကြောင့် မလိုအပ်ဘဲ အချိန် ပိုကြာမြင့်နေတာပါ” လို့ အဆင့်မြင့်ယာဉ်လိုင်း
တခုက ကားဆရာတယောက်က ပြောပါတယ်။

ရန်ကုန်မြို့ကနေ နယ်မြို့များကို သွားရောက်တဲ့ ခရီးသည်တွေအများစုက
အောင်မင်္ဂလာ အဝေးပြေးဝင်းမှာ သွားရောက် စီးနင်းကြတယ်၊ အဲဒီမှာ
လည်း ဈေးဆိုင်တန်းများ၊ ကားဂိတ်များတိုးပွားလာတာကြောင့် ကားကျပ်
မှုတွေပိုမို ဖြစ်ပွားလာတယ်လို့ ယာဉ်လိုင်းများက ပြောကြပါတယ်။

“အခုနောက်ပိုင်းဆိုရင် ယာဉ်လိုင်းတွေကလည်းများလာတယ်။ယာဉ်အစီး
ရေ တွေကလည်း တိုးလာကြတယ်။ ခရီးစဉ် ပြေးဆွဲတော့မယ်ဆိုရင် ဒီဝင်းအထဲကနေ အပြင်ကိုထွက်ဖို့ကို အချိန်တော်တော်ယူရတယ်” လို့ အဝေးပြေး ယာဉ်မောင်း တဦးက ပြောပါတယ်။

“အမြန်လမ်းမကိုရောက်ဖို့အတွက် အနည်းဆုံး နာရီဝက်ကနေ ၄၅ မိနစ်၊ တနာရီလောက်ထိ ကြာ ပါတယ်။ အခါကြီး ရက်ကြီးတွေမှာဆိုရင် ပိုဆိုးတယ်” လို့ သူက ရှင်းပြပါတယ်။

ခရီးသည် တဦးကလည်း “ သင်္ကြန်ကာလတို့ ၊ သီတင်းကျွန်တို့လို အခါကြီးရက်ကြီးတွေမှာ အိမ်ပြန်တဲ့အခါ ကားဝင်းထဲကနေ အပြင် ထွက်ဖို့ မပြောနဲ့ ကားက ဂိတ်ကနေကားခေါင်းလှည့်တာတောင် နာရီဝက်လောက် ကြာနေတယ်။ကားဝင်းထဲကို တက္ကစီငှားပြီးဝင်တဲ့အခါမှာလည်းအပြင်မှာတင်
ပိတ်နေတဲ့အချိန်ကြောင့် အ၀ကနေပဲ ကိုယ့်အထုပ်ကိုယ်ဆွဲပြီး အထဲကို ၀င်ရတာတွေ ရှိပါတယ်” လို့ ပြောပါတယ်။

မန္တလေး ကျွဲဆည်ကန် ကားဝင်းထဲမှာ ကားကျပ်မှုက ပိုမိုဆိုးရွားနေတာ
ကြောင့် ယာဉ်မောင်းသမားတွေနဲ့ ခရီးသည်တွေက စိတ်အနှောင့်အယှက်
ဖြစ်ရပါတယ်။

ကားကျပ်မှုကို ဖြေရှင်းနိုင်မယ့် နည်းလမ်းရှာပေး စေချင်ပါတယ်လို့ သူတို့က
ပြောကြပါတယ်။

REF: Irrawaddy-Burmese

အမြန်ကားများ နှေးရခြင်း အကြောင်းရင်း

Thursday, October 25, 2012

အဝေးပြေး ခရီးစဉ်တွေမှာ အမြန်ကားတွေ သတ်မှတ်ချိန်ထက် ပိုပြီး
မောင်းနေကြတဲ့ အဓိက အကြောင်းအရင်းကတော့ တလိမ့်ချင်း လိမ့်နေရတဲ့အချိန်က ၂ နာရီလောက် ရှိတာကြောင့်ပါပဲလို့ အဝေးပြေး ယာဉ်မောင်းတချို့က ပြောပါတယ်။

“ရန်ကုန်-မန္တလေး ခရီးစဉ်က ၉နာရီကြာတယ်ဆိုတာက အမှန်တကယ် လမ်း ပေါ်မှာ မောင်းနှင်ရတဲ့အချိန်က ပျှမ်းမျှ ၇နာရီလောက်ပဲ ရှိပါတယ်။ ဒီဘက်က ကားဝင်းမှာ ပိတ်နေတဲ့ အချိန်နဲ့ ဟိုဘက် ရောက်တော့ ကားဝင်းထဲ ၀င်ရတဲ့အချိန်က တော် တော်ယူရတဲ့အတွက်ကြောင့် မလိုအပ်ဘဲ အချိန် ပိုကြာမြင့်နေတာပါ” လို့ အဆင့်မြင့်ယာဉ်လိုင်း
တခုက ကားဆရာတယောက်က ပြောပါတယ်။

ရန်ကုန်မြို့ကနေ နယ်မြို့များကို သွားရောက်တဲ့ ခရီးသည်တွေအများစုက
အောင်မင်္ဂလာ အဝေးပြေးဝင်းမှာ သွားရောက် စီးနင်းကြတယ်၊ အဲဒီမှာ
လည်း ဈေးဆိုင်တန်းများ၊ ကားဂိတ်များတိုးပွားလာတာကြောင့် ကားကျပ်
မှုတွေပိုမို ဖြစ်ပွားလာတယ်လို့ ယာဉ်လိုင်းများက ပြောကြပါတယ်။

“အခုနောက်ပိုင်းဆိုရင် ယာဉ်လိုင်းတွေကလည်းများလာတယ်။ယာဉ်အစီး
ရေ တွေကလည်း တိုးလာကြတယ်။ ခရီးစဉ် ပြေးဆွဲတော့မယ်ဆိုရင် ဒီဝင်းအထဲကနေ အပြင်ကိုထွက်ဖို့ကို အချိန်တော်တော်ယူရတယ်” လို့ အဝေးပြေး ယာဉ်မောင်း တဦးက ပြောပါတယ်။

“အမြန်လမ်းမကိုရောက်ဖို့အတွက် အနည်းဆုံး နာရီဝက်ကနေ ၄၅ မိနစ်၊ တနာရီလောက်ထိ ကြာ ပါတယ်။ အခါကြီး ရက်ကြီးတွေမှာဆိုရင် ပိုဆိုးတယ်” လို့ သူက ရှင်းပြပါတယ်။

ခရီးသည် တဦးကလည်း “ သင်္ကြန်ကာလတို့ ၊ သီတင်းကျွန်တို့လို အခါကြီးရက်ကြီးတွေမှာ အိမ်ပြန်တဲ့အခါ ကားဝင်းထဲကနေ အပြင် ထွက်ဖို့ မပြောနဲ့ ကားက ဂိတ်ကနေကားခေါင်းလှည့်တာတောင် နာရီဝက်လောက် ကြာနေတယ်။ကားဝင်းထဲကို တက္ကစီငှားပြီးဝင်တဲ့အခါမှာလည်းအပြင်မှာတင်
ပိတ်နေတဲ့အချိန်ကြောင့် အ၀ကနေပဲ ကိုယ့်အထုပ်ကိုယ်ဆွဲပြီး အထဲကို ၀င်ရတာတွေ ရှိပါတယ်” လို့ ပြောပါတယ်။

မန္တလေး ကျွဲဆည်ကန် ကားဝင်းထဲမှာ ကားကျပ်မှုက ပိုမိုဆိုးရွားနေတာ
ကြောင့် ယာဉ်မောင်းသမားတွေနဲ့ ခရီးသည်တွေက စိတ်အနှောင့်အယှက်
ဖြစ်ရပါတယ်။

ကားကျပ်မှုကို ဖြေရှင်းနိုင်မယ့် နည်းလမ်းရှာပေး စေချင်ပါတယ်လို့ သူတို့က
ပြောကြပါတယ်။

REF: Irrawaddy-Burmese
Posted by Admin Team-NOM
ဘကြီးသက်
Unknown at 12:07 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ပြည်သူများ၏ ရွေးကောက် တင်မြှောက်မှု အခြေခံ အကျဆုံး ဖြစ်သော ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ် ရာတွင် ရွေးချယ် နည်းလမ်း များနှင့် ဥပဒေကို လက်ကမ်း စာစောင်များ ပြုလုပ် ဖြန့်ဝေလျက် ရှိကြောင်း ယင်း လှုပ်ရှားမှု ပြုလုပ်သည့် အဖွဲ့ ထံမှ စုံစမ်း သိရှိရသည်။

လွတ်လပ် ပွင့်လင်းစ ပြုလာသည့် လက်ရှိ အခြေအနေ တွင် ဒီမိုကရေစီ စနစ် တည်တံ့ရန် အဓိက တာဝန် ရှိ သည့် ပြည်သူ များကို အောက်ခြေ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ရာ မှ စတင်ကာ တာဝန် သိသိ ရွေးချယ်ရန် အတွက် လက်ကမ်း စာစောင် များ ဖြန့်ဝေရခြင်း ဖြစ်ကြောင်း ဒီမိုကရေစီ ရေး စဉ် ဆက် မပြတ် လှုပ်ရှားမှု အင်အားစု မှ ဦးထင်ကျော် က ၎င်းတို့၏ ရည်ရွယ်ချက် ကို ရှင်းပြသည်။

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဥပဒေ ကို ပြင်ဆင်သည့် ဥပဒေ အခန်း ၃ တွင် မြို့နယ် အုပ်ချုပ် ရေးမှူး က အများ ကြည်ညိုသည့် ရပ်မိရပ်ဖ ငါးဦးကို ကြီးကြပ်ရေး အဖွဲ့ ဖွဲ့ကာ ယင်းအဖွဲ့ က အသက် ၂၅ နှစ်ပြည့်ပြီး ပညာ အရည်အချင်း အသင့် အတင့် နှင့် စားဝတ် နေရေး ဖူလုံသူ များကို တစ်အိမ် တစ်မဲနှုန်း ဖြင့် ဆယ်အိမ်စု အလိုက် လျှို့ဝှက် မဲပေး ရွေး ချယ်၍ ဆယ်အိမ်စု ကိုယ်စားလှယ် များက အုပ်ချုပ်ရေးမှူး ကို ထပ်မံ ရွေးချယ် သွားရမည် ဟု ဖော်ပြ ထားသည်။

လက်ကမ်း စာစောင် များကို အောက်တိုဘာ လဆန်းပိုင်း က စတင် ဖြန့်ဝေခြင်း ဖြစ်ပြီး ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း နှင့် မွန်ပြည်နယ် တို့သို့ ဖြန့်ချိ ထားကာ အဆင့်ဆင့် လက်ဆင့် ကမ်း ကူး ယူ ဖြန့်ဝေခြင်း ဖြစ်ကြောင်း ယင်း လှုပ်ရှားမှု အင်အားစု ထံမှ သိရသည်။

ဘကြီးသက်
Unknown at 12:04 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.