Saturday, October 27, 2012

ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ပြည်သူများ၏ ရွေးကောက် တင်မြှောက်မှု အခြေခံ အကျဆုံး ဖြစ်သော ရပ်ကွက် အုပ်ချုပ်ရေးမှူး ရွေးချယ် ရာတွင် ရွေးချယ် နည်းလမ်း များနှင့် ဥပဒေကို လက်ကမ်း စာစောင်များ ပြုလုပ် ဖြန့်ဝေလျက် ရှိကြောင်း ယင်း လှုပ်ရှားမှု ပြုလုပ်သည့် အဖွဲ့ ထံမှ စုံစမ်း သိရှိရသည်။

လွတ်လပ် ပွင့်လင်းစ ပြုလာသည့် လက်ရှိ အခြေအနေ တွင် ဒီမိုကရေစီ စနစ် တည်တံ့ရန် အဓိက တာဝန် ရှိ သည့် ပြည်သူ များကို အောက်ခြေ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ရာ မှ စတင်ကာ တာဝန် သိသိ ရွေးချယ်ရန် အတွက် လက်ကမ်း စာစောင် များ ဖြန့်ဝေရခြင်း ဖြစ်ကြောင်း ဒီမိုကရေစီ ရေး စဉ် ဆက် မပြတ် လှုပ်ရှားမှု အင်အားစု မှ ဦးထင်ကျော် က ၎င်းတို့၏ ရည်ရွယ်ချက် ကို ရှင်းပြသည်။

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဥပဒေ ကို ပြင်ဆင်သည့် ဥပဒေ အခန်း ၃ တွင် မြို့နယ် အုပ်ချုပ် ရေးမှူး က အများ ကြည်ညိုသည့် ရပ်မိရပ်ဖ ငါးဦးကို ကြီးကြပ်ရေး အဖွဲ့ ဖွဲ့ကာ ယင်းအဖွဲ့ က အသက် ၂၅ နှစ်ပြည့်ပြီး ပညာ အရည်အချင်း အသင့် အတင့် နှင့် စားဝတ် နေရေး ဖူလုံသူ များကို တစ်အိမ် တစ်မဲနှုန်း ဖြင့် ဆယ်အိမ်စု အလိုက် လျှို့ဝှက် မဲပေး ရွေး ချယ်၍ ဆယ်အိမ်စု ကိုယ်စားလှယ် များက အုပ်ချုပ်ရေးမှူး ကို ထပ်မံ ရွေးချယ် သွားရမည် ဟု ဖော်ပြ ထားသည်။

လက်ကမ်း စာစောင် များကို အောက်တိုဘာ လဆန်းပိုင်း က စတင် ဖြန့်ဝေခြင်း ဖြစ်ပြီး ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း နှင့် မွန်ပြည်နယ် တို့သို့ ဖြန့်ချိ ထားကာ အဆင့်ဆင့် လက်ဆင့် ကမ်း ကူး ယူ ဖြန့်ဝေခြင်း ဖြစ်ကြောင်း ယင်း လှုပ်ရှားမှု အင်အားစု ထံမှ သိရသည်။

ဘကြီးသက်
Unknown at 12:04 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.