Saturday, October 27, 2012

ကချင်ပြည်နယ်ငြိမ်းချမ်းရေးလမ်းစပြန်မြင်လာရပြီ စစ်ပွဲအတွက် ကုန်ကျနေသည့်စရိတ်များ ရှိတော့မည်မဟုတ်

မြန်မာနိုင်ငံလွတ်လပ်ရေးရ ပြီးချိန်မှ ယခုထက်ထိဖြစ်ပွားနေသော ကချင်
ပြည်နယ်ငြိမ်းချမ်း ရေးအတွက် နှစ်ဖက်တာဝန်ရှိ သူများ ဆွေးနွေးရန်
သက်မှတ်လိုက် ပြီဖြစ်ကြောင်း ၂၀၁၂ခုနှစ် အောက်တိုဘာ(၂၁)ရက်
နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတွင် ပြုလုပ်ခဲ့သော နိုင်ငံတော်သမ္မတ
နှင့်ပြည်တွင်းပြည်ပမီဒီယာများ တွေ့ဆုံပွဲတွင် ပြည်တွင်းငြိမ်းချမ်းရေးဖော်
ဆောင်ရေးအ ဖွဲ့မှဝန်ကြီး ဦးအောင်မင်းမှပြောကြားသည်။

““ကချင်ကနောက်ဆုံးအခြေ အနေက ဆွေးနွေးဖို့အတွက် နေရာရွေးနေ
တယ်။ပထမကတော့ ဗန်းမော်မှာလုပ်မယ် မြစ်ကြီးနား မှာလုပ်မယ်။ သူတို့က မလာဘူး။ သူတို့က ဦးတို့ကိုပြောတာတော့ ရွှေလီမှာလုပ်ချင်တယ်လို့ပြော တယ်။ အဘတို့ကလိုက်လျော လိုက်တယ်။ရွှေလီမှာလုပ်မယ် ရက်ပေးပါလို့
ပြောတယ်။သူတို့ ပေးမယ့်ရက် အဘတို့သွားမှာပေါ့။ သွားတာတော့ တပ်က
လူပါပါမှာ ပေါ့ ဒီတစ်ခါ ဆွေးနွေးတာကတော့ attack ကိစ္စကိုပဲဆွေးနွေး
သွားမယ်။””ဟု ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန် မှ ပြည်တွင်းပြည်ပမီဒီယာများနှင့် တွေ့ဆုံစဉ် ကချင်ပြည်နယ်နှင့် ပတ်သက်၍ပြောကြားရာတွင် ““မီ မိုကရေစီလမ်းကြောင်း
ပေါ်မှာသွားနေတဲ့နေရာမှာ ပြည်တွင်းငြိမ်းချမ်းရေးက မရသေးရင် ဒီမိုကရေ စီမရသေးဘူးလို့ပြောလို့ရပါတယ်။ အခု ကချင်ပြည်မှာ KIO နဲ့ဖြစ်တယ်။ KIO ဘက်ကစစ်သား တစ်ယောက်ကျသွားရင်လည်း ကျွန်တော်တို့မြန်မာလူမျိုး
တစ် ယောက်ကျတာပါပဲ ကျွန်တော်တို့စစ်တပ်မတော်ဖက်ကကျရင်လည်း ဒီလိုပါပဲနောက်ပြီးနိုင်ငံဖွံ့ဖြိုးအောင်လုပ်ရမယ့်ဟာတွေ ဒီထဲကိုရောက်ရောက်
သွားတယ် ဒါကြောင့် ပြည်တွင်းငြိမ်းချမ်းရေး ရဖို့နဲ့အဲဒေသတွေအမြန်ဆုံး
ဖွံ့ဖြိုး တိုးတက်ဖို့အတွက် ကျွန်တော်တို့ အမြန်ဆုံးလုပ်ဆောင်သွားမည်””ဟု
ပြောကြားခဲ့သည်။

စစ်ပွဲများဖြစ်ပါက ထိုစစ်ပွဲအတွက် ကုန်ကျစရိတ်ရှိပြီး မြန်မာနိုင်ငံဖွံ့ဖြိုးမှု
နောက်ကျခြင်းသည် နှစ်(၆၀)ကျော်ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိပက
္ခ ကြောင့်လည်းအပါအ၀င်ဖြစ်ပြီး စစ်တပ်နှင့် KIO တို့ဖြစ်ပွားရာတွင် စစ်တပ်မတော်ဘက်မှ လက်နက်ခဲယမ်းတစ်ထောင့်ကုန်ပါက တစ်တောင့်
စာနိုင်ငံတော်ဘဏ္ဍာလျော့ကျရပြီး KIO ဘက်မှ လက်နက်ခဲယမ်းတစ် ထောင့်
ကုန်ပါက မြန်မာနိုင်ငံမှသယံဇာတလက်နက်ခဲယမ်းနှစ် ထောင့်စာကုန်ကျ
နေပြီ။

ယခုဆိုလျှင် နိုင်ငံတော်သမ္မတဦးဆောင်း သောအဖွဲ့သည် ပြည်တွင်းငြိမ်း ချမ်းမှုရရှိဖို့အတွက် အစွမ်းကုန် ကြိုးစားနေပြီး။ငြိမ်းချမ်းရေးအတွက် လိုအပ်ပါကလည်း ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါပြင်ဆင်၍ လိုအပ်သည်ပါထပ်မံဖြည့်စွတ်ပေးမည်ဖြစ်သောကြောင့် မြန်မာနိုင်ငံအတွင်းမှကချင်ပြည်နယ် ငြိမ်းချမ်းရေးလမ်းစသည် တဖြည်း ဖြည်းနှင့်မြင့်လာရပြီ
ဖြစ်ကြောင်း လေ့လာသိရှိရသည်။

The Hot News

REF: Myanmar Online News
Posted by Admin Team-NOM

ဘကြီးသက်
Unknown at 3:51 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.