Saturday, October 27, 2012

"Apple Website တွင် Samsung မှ၎င်းတို့  ကိုကူးယူထားခြင်းမရှိပါဟူသော စာကိုလွှင့်တင်ထား"


ယနေ့  တွင် Apple မှ၎င်းတို့ ရဲ့ Apple UK Website တွင် Samsung အနေနဲ့  Apple ဆီမှကူးယူထားခြင်းမရှိပါဟူသော စာကိုလွှင့်တင်ထားတာကို တွေ့ ရပါတယ်။ UK High Court ရဲ့ဆုံးဖြတ်ချက်အရ Samsung Galaxy Tab အနေနဲ့  Apple iPad ရဲ့ ဒီဇိုင်းကို ကူးယူထားခြင်းမရှိဟု ဆုံးဖြတ်ခဲ့သလို Apple အနေနဲ့ လည်း ယခုတရားရုံး ဆုံးဖြတ်ချက်ကို လူသိရှင်ကြားဖြစ်စေရန် ကြေငြာထားရမည်ဟု ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

ထို့ ကြောင့် ယခုအခါ Apple မှနေ၍၎င်းတို့ ရဲ့ UK Website Front Page တွင် “Samsung/Apple UK judgement” ဆို၍ link ကိုလွှင့်တင်ထားတာကို တွေ့  ရပါတယ်။ အဲဒီ link တွင် UK တရားရုံးဆုံးဖြတ်ချက်များကို ဖော်ပြထားကြောင်း သိရပါတယ်။ ထို့ အပြင် တရားရုံးမှ ဆုံးဖြတ်ချက်အရ Apple အနေနှင့် Arial - Font Size 11 ထက်မသေးသော စာလုံးဖြင့်ဖော်ပြထားရမည်ဟု ဆုံးဖြတ်ခဲ့ပြီး Apple မှလည်း တရားရုံးဆုံးဖြတ်ချက်နှင့် ညီညွတ်အောင် Arial 11 ဖြင့်သာဖော်ပြထားတာကို တွေ့ ရပါတယ်။


Apple ရဲ့ယခုဖော်ပြထားသောစာထဲတွင် UK တွင် Samsung အနေနဲ့  Apple ရဲ့မူပိုင်ခွင့်များကို ချိုးဖျက်ခြင်းမရှိဟု ၀န်ခံထားသော်လည်း အခြားတရားရုံးများဖြစ်သော ဂျာမနီရှိတရားရုံးများကဲ့သို့  တရားရုံးများတွင်တော့ Apple အသာရခဲ့မူများကိုပါ ထည့်သွင်းဖော်ပြထားကြောင်း တွေ့ ရပါတယ်။


Info Tech For Myanmar (IT4M)
ဘကြီးသက်
Unknown at 10:55 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.