Saturday, October 27, 2012

ရခိုင်ပဋိပက္ခ ပြည်သူ့လွှတ်တော်၌ အရေးကြီး အဆိုတင်



ဒေါ် အောင်ဆန်းစုကြည် ဥက္ကဋ္ဌ အဖြစ် တာဝန် ယူထားသော တရား ဥပဒေ စိုးမိုးရေးနှင့် ငြိမ်းချမ်းရေး ကော်မတီ သည် ရခိုင် ပြည်နယ် တွင် ဖြစ် ပွား လျက် ရှိသော ပဋိပက္ခ များနှင့် စပ်လျဉ်း၍ အရေးကြီး အဆို တစ်ရပ်ကို ယနေ့ ကျင်းပ သော ပြည်သူ့ လွှတ်တော် ၌ တင်သွင်း ခဲ့ကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် များက ပြောကြားသည်။

အဆိုပါ အရေးကြီး အဆိုတွင် ရခိုင်ပြည်နယ် ၌ လက်ရှိ ဖြစ်ပွား နေသော ပဋိပက္ခ များကို ထိန်း ချုပ် နိုင်ရန် တပ်ဖွဲ့ဝင် အင်အား တိုးချဲ့ ချထားရေး၊ လူ့ အခွင့်အရေး ချိုးဖောက်မှု များနှင့် ပတ်သက်၍ ပွင့် လင်း မြင်သာစွာ တရား စီရင်ရေး တို့ကို ပြည်ထောင်စု အစိုးရ အနေနှင့် တာဝန်ယူ ဖော်ဆောင် ပေးရန် တိုက်တွန်းကြောင်း ပါဝင် သည်။

ယခု ရက်ပိုင်း အတွင်း ရခိုင်ပြည်နယ် မြောက်ဦး မြို့နယ်၊ မင်းပြား မြို့နယ်၊ ကျောက်ဖြူ မြို့နယ် တို့တွင် ဖြစ်ပွား လျက် ရှိသော ပဋိပက္ခ များကြောင့် လူ သေဆုံး မှုများ၊ ဒဏ်ရာ ရရှိမှု များ၊ နေအိမ်များ မီးလောင် ဆုံးရူံး မှု ဆက်တိုက် ဖြစ်ပေါ် နေပြီး ပဋိပက္ခ ဆက်လက် ဖြစ်ပွားနိုင်ရန် အခြေ အနေ များ ရှိနေ ခြင်းကြောင့် တရား ဥပဒေ နှင့် အညီ ပွင့်လင်း မြင်သာစွာ အမြန်ဆုံး စီစဉ် ဆောင် ရွက် ပေး စေ လိုကြောင်း ယင်း အဆိုကို တင်သွင်းသူ ဦး မန်းမောင်မောင်ဉာဏ် က ယနေ့ ကျင်းပ သော ပြည်သူ့ လွှတ်တော်တွင် တိုက်တွန်း ပြောကြား သည်။

ယင်း အဆို ကို ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ၈ ဦး ဆွေးနွေး ခဲ့ကြပြီး အဆိုကို ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌက မှတ်တမ်းတင် ထား ရှိပြီး စောင့် ကြည့် ဆောင်ရွက် သွားမည်ဟု ဆုံးဖြတ် ခဲ့သည်။
 
_____________Credit to - The Voice Weekly_______________
ဘကြီးသက်
Unknown at 11:02 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.