Saturday, October 27, 2012

နန်းခင်ဇေယျာအား Brand ambassador အဖြစ် လွယ်ဟိန်းကုမ္ပဏီမှ စာချုပ်ချုပ်ဆို


မြန်မာအလှမယ် နန်းခင်ဇေယျာအား Brand ambassador အဖြစ် လွယ်ဟိန်းကုမ္ပဏီမှ အောက်တိုဘာလ ၂၆ရက်နေ့တွင် စာချုပ်ချုပ်ဆိုလိုက်သည်ဟု သတင်းရရှိသည်။ အဆိုပါစာချုပ်မှာ တစ်နှစ်သက်တမ်းဖြစ်ပြီး လွယ်ဟိန်းကုမ္ပဏီမှ ထုတ်လုပ်သည့် Blue Mountain အချိုရည်နှင့် Alpine သောက်ရေသန့်များ၏ ကြော်ငြာများ၊ billboard များနှင့် အခြားအနုပညာဆိုင်ရာ လှုပ်ရှားမှုများတွင် Brand ambassador အဖြစ် ပါဝင်စေမည်ဟု သိရှိရသည်။
''လွယ်ဟိန်းကုမ္ပဏီရဲ့ Brand ambassador အဖြစ် မြန်မာအလှမယ် နန်းခင်ဇေယျာကို စာချုပ်ချုပ်ဆို လိုက်ပါတယ်။ စာချုပ်ကတစ်နှစ် သက်တမ်းပါ။ လွယ်ဟိန်းကုမ္ပဏီက ထုတ်လုပ်တဲ့ Blue Mountain အချိုရည်နဲ့ Alpine သောက်ရေသန့်တို့ရဲ့ ကြော်ငြာရိုက်ကူးမှုတွေ၊ billboard တွေမှာ သူနဲ့ပဲအသုံးပြုမှာပါ။ ဒီကုန်ပစ္စည်းတွေနဲ့ သက်ဆိုင်တဲ့ အနုပညာလှုပ်ရှားမှုတွေ အားလုံးကို နန်းခင်ဇေယျာ ပါဝင်သွားပါမယ်။ ပထမဆုံး အနုပညာလှုပ်ရှားမှုအဖြစ်ကတော့ Blue Mountain အချိုရည် ကြော်ငြာရိုက်ကူးမှာပါ'' ဟုအဆိုပါ စာချုပ်ချုပ်ဆိုမှုတွင် ပါဝင်ခဲ့သည့် ဒါရိုက်တာစင်ရော်မောင်မောင်က ရှင်းပြခဲ့သည်။
Blue Mountain အချိုရည် ကြော်ငြာကို အောက်တိုဘာလ ၃၁ ရက်နေ့တွင် ဒါရိုက်တာ စင်ရော်မောင်မောင်နှင့် စတင်ရိုက်ကူးရန် စီစဉ်ထားသည်ဟု သိရှိရသည်။ ထို့အပြင် Alpine သောက်ရေသန့်နှင့် Blue Mountain ကြော်ငြာ billboard များကိုလည်း နန်းခင်ဇေယျာ၏ အလှဓာတ်ပုံများနှင့်အတူ မကြာမီ လဲလှယ်သွားရန် စီစဉ်ထားသည်ဟု သိရှိရသည်။ နန်းခင်ဇေယျာသည် အောက်တိုဘာလ ၂၁ ရက်နေ့တွင် ဂျပန်နိုင်ငံ အိုကီနာဝါမြို့၌ ပြုလုပ်သည့် Miss International  ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြုအလှမယ်အဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး Miss Internet ဆုနှင့် Popular Choice Award များကိုဆွတ်ခူးရရှိခဲ့သူဖြစ်သည်။

ဘကြီးသက်
Unknown at 12:36 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.