Saturday, October 27, 2012

ရိုဟင်ဂျာ ၅ ယောက်က အမျိုးသားဒီမိုကရေစီပါတီသစ်သို့ သိန်း၆၀၀ ကျော်လာဘ်ထိုးသော်လည်း ဥက္ကဌဥိးသိန်းညွှန့်မှ (လုံးဝ)လက်မခံ

လွှတ်တော်တွင် ရခိုင်အရေး ကိစ္စဆွေးနွေးရန်အမျိုးသားဒီမိုကရေစီပါတီသစ်က ရခိုင်ဘက်မှ ငွေကျပ် သိန်း ၆၀၀ ပေးခဲ့သည့် သတင်းမှာ မဟုတ်မှန်ကြောင်းကို အမျိုးသားဒီမိုကရေစီပါတီသစ် ဥက္ကဋ္ဌ ဦးသိန်းညွန့်က ပြောသည်။ ရခိုင်အရေးဖြစ်ပြီးနောက် ၁ ပတ် ၁၀ ရက်ကာလအကြာတွင် ရိုဟင်ဂျာ ၅ ယောက်က ရခိုင်ဒုက္ခသည်များကို ကူညီပံ့ပိုးရန် (NNDP) ရုံးသို့ ငွေကျပ်သိန်း ၆၀၀ ကျော် လက်ခံရန် လာပြောကြောင်း၊ NNDP ပါတီ အမည်ခံ၍ လှူဒါန်းမည့် ငွေကြေး ကုန်ကျစရိတ် သိန်း ၁၀၀၀ ကျော်လျှင်လည်း လှူပေးမည်ဖြစ်ကြောင်းနှင့် လေယာဉ်လက်မှတ် အသွားအပြန်ကုန်ကျစရိတ် အားလုံးကို ရိုဟင်ဂျာများမှတာဝန်ယူမည်ဟု ပြောကြောင်း NNDP ပြန် ကြားရေးတာဝန်ခံကပြောသည်။



"ဒီငွေတွေကို ငါတို့ပါတီအနေနဲ့ လက်ခံလို့မရဘူး။ရခိုင်ဒေသမှာ လှူချင်ရင် အစိုးရထံကို သွားလှူလို့ ငြင်းလိုက်တယ်။ လွှတ်တော်မှာ ရခိုင်အရေးကိစ္စဆွေးနွေးတာကလည်း ရခိုင်လူမျိုးတွေအတွက် ဆွေးနွေးခဲ့တာမဟုတ်ဘူး။ ပြည်ထောင်စုကြီးအတွက် ဆွေးနွေးခဲ့တာ၊ လွှတ်တော်မှာ တင်ပြခဲ့တဲ့သမိုင်း၊ အထောက်အထားတွေက ရခိုင်ဘက်က ပေးလာတဲ့ အထောက်အထားကိုလည်း အခြေမခံဘူး။ ရိုဟင်ဂျာ တွေက ပေးလာတဲ့ အချက်အလက် တွေကိုလည်း အခြေမခံဘူး။ သမိုင်းသုတေသီတွေက ပေးလာတဲ့ အချက်အလက်တွေကိုလွှတ်တော်မှာ တင်ပြခဲ့တာဟု NNDP ဥက္ကဋ္ဌဦးသိန်းညွန့်က ပြောသည်။

သူတို့လှည့်ကွက်ထဲလည်း မ၀င်ရော ရုံးကို နေ့ရောညပါ တယ်လီဖုန်းနဲ့ ခြိမ်းခြောက်တယ်။ ကမ်းလှမ်းချက်မရရင် NNDP ရုံးရှေ့မှာ ဆန္ဒထုတ်ဖော်သပိတ်မှောက်မယ်လို့ အကြိမ်ပေါင်းများစွာ ခြိမ်းခြောက်တယ်။ သိပ်မကြာဘူး၊ ရုံးကို စာတိုက်ကနေ (သို့ ဦးသိန်းညွန့် လွှတ်တော်ကိုယ်စားလှယ် အမျိုးသား ဒီမိုကရေစီပါတီသစ် သင်္ဃန်းကျွန်းမြို့နယ်) လို့ လိပ်မူပြီး ခြိမ်းခြောက်စာတစ်စောင် ရောက်လာခဲ့တယ်ဟု ၎င်းက ထပ်မံ ပြောသည်။

ထိုစာ၏ဇာစ်မြစ်၊ခြိမ်းခြောက် သည့် ဖုန်းနံပါတ်များကို ဖော်ထုတ်ရန်အတွက် အစိုးရနှင့်သက်ဆိုင်ရာ အာဏာပိုင်တွင် တာဝန်ရှိကြောင်း၁၉၈၂ ခုနှစ် အမျိုးသားနိုင်ငံသား ဥပဒေကို ဖျက်သိမ်းရန်မလိုကြောင်းနှင့် ထိုဥပဒေကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ကာကွယ်သွားမည်ဖြစ်ကြောင်း ၎င်းကဆက် လက်ပြောသည်။

(မောင်ကျောက်ခဲ အဖွဲ့)
ဘကြီးသက်
Unknown at 3:36 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.