Tuesday, October 16, 2012

လူရွှင်တော် ဇာဂနာ၏ စင်္ကာပူ အာလပသလာပ ရုပ်သံဖိုင် အွန်လိုင်းစာမျက်နှာများ တွင် ပျံ့နှံ့

ဒေါ်အောင်ဆန်းစုကြည်၊ NLDလွှတ်တော် ကိုယ်စားလှယ်များနှင့် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ အကြောင်း အာလပသလာပပြော ဆိုထားသော လူရွှင်တော် ဇာဂနာ၏ ရုပ်သံဖိုင် အွန်လိုင်းစာမျက်နှာများ တွင် ပျံ့နှံ့နေကြောင်း သိရသည်။

''ဒီအသံဖိုင်အကြောင်း ကျွန် တော်မသိဘူး။ တရားဝင်လား၊ခိုး ဖမ်းတာလားလဲ မသိဘူး။ အများသိအောင်လုပ်တဲ့ စင်ပေါ်တွေများ ပြောတာလား။ ကျွန်တော်ဘာသာ စားသောက်ဆိုင်မှာပဲဖြစ်ဖြစ် ဘတ်စ် ကားပေါ်မှာပဲ ဖြစ်ဖြစ် ပြောရင် ပြောမယ်။ ဒါ ကျွန်တော်ရဲ့ အလွတ် သဘော Private Life ပဲ။ တရားစွဲ လို့တောင်ရတယ်။ ဒါကို အသံ ခိုးဖမ်းပြီး ဖြန့်တယ်ဆိုရင်တော့ အဆင့်အတန်းနိမ့်ကျတယ်။ ကျွန် တော်လည်း မအားဘူး။ ဒါတွေကို ကြည့်နိုင်မှာ မဟုတ်ဘူး''ဟု ဦး ဇာဂနာက ပြောသည်။

ဦးဇာဂနာ ပြောကြားသော ရုပ်သံဖိုင်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်ဦးကိုကိုကြီး၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုး မင်းသိန်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇေယျာသော်၊ အမျိုးသမီးသတ္တိဆုရှင် မဇင်မာ အောင်၊ နိုင်ငံရေး တက်ကြလှုပ်ရှား သူ ကိုမြတ်သူ၊ ကိုမျိုးရန်နောင်သိန်း အကြောင်းအရာများနှင့် DVB သတင်းဌာနနှင့် RFA သတင်းဌာန အစရှိသော အကြောင်းအရာများ လည်း ပါဝင်သည်။

အွန်လိုင်းစာမျက်နှာများတွင် ပျံ့နှံ့နေသော ရုပ်သံဖိုင်တွင် ဦးဇာဂနာနှင့် ပတ်သက်သူမျာ၏ ဓာတ်ပုံများ ပါရှိပြီး ထူးခြားချက်အနေဖြင့် အသံဖိုင်ကို စာဖြင့်ပါ ရေးပေးထားပြီး အသံဖြင့်လည်း နားထောင်၍ရကြောင်း သိရ သည်။

''အခုပြောတဲ့ ပုံသဏ္ဍာန်က ရင်းနှီးတဲ့မိတ်ဆွေနဲ့ တွေ့တဲ့အချိန် မှာ အာလာပသလာပ ပြောတဲ့ပုံ။ ကိုယ့်စိတ်ထဲမှာရှိတဲ့ အကြောင်း အရာကို ပေါ့ပေါ့ပါးပါး ပြောနေ တဲ့ ပုံစံမျိုးပါ။ ခက်တာက လူရွှင် တော် ဇာဂနာဆိုတာ ကျွန်တော် မဟုတ်ဘူး။ ခင်ဗျားလည်း မဟုတ် ဘူး။ ဆိုလိုတာက လူသိများပြီး ကျော်ကြားတဲ့ လူတစ်ယောက် ဖြစ် နေတယ်။ သူ့နှုတ်ထွက်စကားက သက်ရောက်မှု အများကြီးရှိတယ်။ ဒီလို ပြောနေတာကို အသိမပေးဘဲ ခိုးဖမ်းပြီး အွန်လိုင်းစာမျက်နှာပေါ် ဖြန့်တာလည်း မကောင်းဘူး။ လူမှု ရေးရှုထောင့်အရလည်း မလုပ်သင့် ဘူး''ဟု ပြည်တွင်းစာနယ်ဇင်း သမားတစ်ဦးက သုံးသပ်ပြောကြား သည်။

လူရွှင်တော်ဇာဂနာသည် ဗိုလ်ချုပ်ရုပ်ရှင် ဖြစ် မြောက်ရေးနှင့် ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး ကော်မရှင်တွင်လည်း ပါဝင်သူဖြစ်ပြီး အနုပညာလောကတွင်လည်း လူကြိုက်များသော လူရွှင်တော်တစ်ဦး ဖြစ်သည်။

By Messenger News Journal





ဘကြီးသက်
Unknown at 10:53 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

Facebook ပေါ်တွင် မလုပ်ရ ၁၀ ချက်


ကမ္ဘာမှာ အင်တာနက်အသုံးပြုသူ ၂ ဘီလျံမက ရှိနေပြီး ဖေ့စ်ဘွတ် အသုံးပြုသူလည်း သန်း ၁ ထောင်ကျော်သွားပါပြီ။ ဒီတော့ ဖေ့စ်ဘွတ် အသုံးပြုလို့ ဝါရင့်နေသူများလည်း ရှိမယ်ထင်ပါတယ်။ ဘယ်လောက်ပဲ ဝါရင့်ရင့် အောက်ပါ မလုပ်ရ ၁၀ ချက် အခြေခံ အချက်အလက်လေးသိမှ မိမိ အကောင့် လုံခြုံမှာ ဖြစ်ပါတယ်။

၁။ Facebook ကို ဦးစားပေး အီးမေးလ်ပေးခြင်း (email priority)

Facebook အကောင့်ဖွင့်ဖို့အတွက် အခြား အီးမေးလ် ကိုသာ ပေးစေခြင်း ဖြစ်ပါတယ်။ မိမိ လုပ်ငန်းသုံး အရေးကြီးတဲ့ အီးမေးလ် ကို ဖေ့စ်ဘွတ်နဲ့ တွဲမနေစေဖို့ ဖြစ်ပါတယ်။ အကယ်၍ တွဲနေရင်လည်း Facebook မှာ မဖော်ပြမိစေဖို့ လိုအပ်ပါတယ်။ Facebook အကောင့်ကို လုံခြုံရေး လျော့နည်းစေသလို မိမိအီးမေးလ်ကိုလည်း လုံခြုံရေး လျော့နည်း စေပါတယ်။

၂။ profile နှစ်ခု ထားခြင်း

ပရိုဖိုင် နှစ်ခုနဲ့ အကောင့် နှစ်ခုထားတာမျိုး မလုပ်ရပါဘူး လို့ဆိုပါတယ်။ ဒါကို အနောက်နိုင်ငံက Facebook user များက တားမြစ်ပါတယ်။ သို့ပေမယ့် Privacy နဲ့ အခြား အွန်လိုင်း ပိတ်ဆို့မှုများ ရှိနေတဲ့အတွက် မြန်မာပြည်မှာ အပြည့်အဝ အသုံးမပြုနိုင်သေးတဲ့ Facebook ရဲ့ အခြား အစိတ်အပိုင်းများ ရှိနေပါတယ်။ ဒါကြောင့် တစ်ခါခါ ဖုန်းနံပါတ် ထည့်မရလို့ အကောင့် ပိတ်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် အရံအကောင့် တစ်ခုထားခြင်းကို ပြုလုပ်နိုင်ပါတယ်။ သို့ပေမယ့် ယင်းထားတဲ့ အကောင့်ကု နောက်လူ တစ်ယောက်ပုံစံအနေနဲ့ မသုံးပဲ ကာကွယ်ရေး အတွက် အမြဲ အသင့်ရှိစေတဲ့ အကောင့်လိုပဲ အသုံးပြုသင့်တာ ဖြစ်ပါတယ်။

ပရိုဖိုင်တစ်ခုမှာလည်း Status update တစ်မျိုးတင်တယ်။ နောက်တစ်ခု ကလ်ညး ဒါကိုပဲ တင်တယ် သို့မဟုတ် အခြား တစ်မျိုးတင်တယ် ဆိုရင်တောင် Personal အရ အခြားလူ မြင်ရင်တောင် မကောင်းပါဘူး။ သို့ပေမယ့် မတော်လို့ ကိုယ်သုံးနေတဲ့ အကောင့် လော့ကျ သွားရင် ဒုတိယအကောင့်နဲ့ အသုံးပြုနိုင်သလို လော့ဖွင့်ရန် ကြိုးပမ်းနိုင်ပါတယ်။ Facebook Page ၊ Group ကို တစ်ဦးတည်း လုပ်ထားသူ အနေနဲ့ အရံ အကောင့် တစ်ခုနဲ့ Admin Manager လုပ်ထားသင့် ပါသေးတယ်။ ဒီတော့ ပရိုဖိုင် နှစ်ခု မထားရလို့ တားမြစ်ပေမယ့် အကောင့် နှစ်ခုကတော့ အခြေအနေအရ ထားသင့်ပါတယ်။

၃။ မက်လုံးပေးသော Page များကို Like လုပ်ခြင်း၊

နိုင်ငံခြားမှာ တော်တော်ခေတ်စားပါတယ်။ ဒီ Page ကို Like ရင် iPhone အလကားပေးမယ်။ ပေါင်မုန့် အိမ်အရောက် ပို့မယ် ဆိုတာမျိုး ဖြစ်ပါတယ်။ ရည်ရွယ်ချက်က app နဲ့ တိုက်ခိုက်ပြီး အကောင့်ကို ခိုးဖို့ ဖြစ်ပါတယ်။

၎။ မက်လုံးပေးသော App များကို အသုံးပြုခြင်း

အချို့ ကျတော့ မိမိစီးပွားရေး အလွယ်တကူ လူသိများရန်အတွက် App ကို သုံးတတ်ပါတယ်။ ဒီမှာ User တစ်ယောက်က ယင်း app ကို click နှိပ်မိရင် အလိုအလျောက် သူ့သူငယ်ချင်းများထံ ဆက်လက် ပြန့်ပွားသွားတာမျိုး ဖြစ် ပါတယ်။ ဒါက အန္တရာယ်ရှိပါတယ်။ အဓိက ကတော့ Personal information များပေးလိုက်ရတဲ့အတွက် အကောင့်လုံခြုံရေး လျော့နည်းသွားပါတယ်။ အချို့ ကျတော့လည်း လူအံ့အောလောက်မယ့် ကောလဟာလကို app လုပ်ပို့ တတ်ပြီး Like နှိပ်သူ Wall မှာ ဆက်တိုက် တက်တာမျိုးလည်း ဖြစ်ပါတယ်။ ဗိုင်းရက်စ်အနေနဲ့တောင် တိုက်ခိုက်နိုင်ပါတုယ်။

၅။ ဖေ့စ်ဘွတ်ကို ယာယီသိုလှောင်စရာ အဖြစ် အသုံးပြုခြင်

အချို့ က ဖေ့စ်ဘွတ်ကို ယာယီသိုလှောင်စရာလို အသုံးပြုတတ်ပါတယ်။ ဒါက မလုံခြုံတဲ့အပြင် လိုသလိုလည်း ဖြစ်မလာတတ်ပါဘူး။ ဥပမာ- မိမိက သိမ်းလိုက်တဲ့ ပုံက အရွယ်ကြီးနေရင် တစ်ခါခါ Facebook က အလိုအလျောက် resolution လျော့ချ ပစ်တတ်ပါတယ်။ အမြဲတမ်းတော့ မဟုတ်ပဲ တစ်ခါခါကျ ကြုံရတတ်ပါတယ်။ ဒါကြောင့် Facebook ကို Permanent Storage အဖြစ် အသုံးမပြုသင့်ပါဘူး။

၆။ မွေးနေ့ ပြည့်ပြည့်စုံစုံ ဖော်ပြခြင်း

မိမိမွေးနေ့ကို ပြည့်ပြည့်စုံစုံ ဖော်ပြတာဟာ အန္တရာယ်ကြီးပါတယ်။ ယင်းမွေးနေ့ ကလည်း ဖေ့စ်ဘွတ်မှာ လျှို့ ဝှက်ထားသင့်တဲ့ အရာ ဖြစ်ပါတယ်။ ယင်း အချက်အလက်ကို ကြည့်ပြီးတော့ ဟက်ကာ များက အကောင့် ခိုးယူနိုင်ပါတယ်။

၇။ emotional ရုပ်ပုံများ ပေါပေါသီသီ အသုံးပြုခြင်း

အသုံးပြုဖို့အတွက်ကိုပဲ Facebook က :) :D :P အစရှိသဖြင့် အရုပ်ကလေးများ (emoticons) တို့ကို ပေးထားပါတယ်။ comment box ထဲမှာတောင် အသုံးပြုဖို့အတွက်ဆိုပြီး မကြာသေးမီကမှ Facebook အသစ် လုပ်ပေးထားပါတယ်။ ယင်း လက္ခဏာများကို ကိုယ်တင်တဲ့ Post တိုင်း၊ ပေးတဲ့ Comment တိုင်းမှာ ပေါပေါသီသီ အသုံးမပြုစေဖို့ အနောက်တိုင်းက User များက လက်ခံထားပါတယ်။ ယင်း လက္ခဏာများအား အလွန်အကျွံသုံးစွဲခြင်းဟာ တစ်ဖက်ရဲ့ တင်ပြချက်ကို မလေးစားရာ၊ အခြား ထင်မြင်စရာပေးစွမ်းတာမျိုးကြောင့်လို့ ဆိုကြပါတယ်။ လက္ခဏာလေးများကို ဆင်ခြင်အသုံးပြုဖို့ဆိုပြီး အနောက်တိုင်းက user များက အကြံပြုထားကြပါတယ်။ ပြီးတော့လည်း ယင်း Emoticons နဲ့ ကွန်းမင့်ပေး တာများရင် Facebook က ဖြတ်တတ်ပြီး ပိုများလာရင် သတိပေးစာ ရောက်တတ်တယ် လို့ ဆိုပါတယ်။

၈။ ဘာလုပ်လုပ် Facebook ပေါ်တွင် Update လုပ်ခြင်း

ဒါလည်း မလုပ်သင့်ဘူးလို့ ဆိုပါတယ်။ ဥပမာ- အပြင်သွားလိုက်အုံးမယ်လို့ Update တင်လိုက်ခြင်းက အိမ်က သူခိုးလာဖို့ ဖိတ်ခေါ်တာနဲ့ အတူတူပဲ လို့ ဆိုပါတယ်။ ဘယ်သွားသွား၊ ဘာလုပ်လုပ် အားလုံးကို Facebook ပေါ်မှာ တင်နေရင်တော့ အကောင့်တင်မကပဲ မိမိနဲ့ ပတ်ဝန်းကျင် လုံခြုံရေးပါ ထိခိုက်လာနိုင်ပါတယ်။ ဓားပြတိုက်ဖို့အတွက် Facebook မှာ Status တင် လူစုတဲ့ ဖြစ်ရပ်ကြောင့်လည်း ထောင်ကျသွားတဲ့ ပေါက်ပေါက်ရှာရှာ ဖြစ်ရပ် မျိုးတောင် တကယ် ဖြစ်ခဲ့ပါတယ်။

၉။ သတိထားဖွယ် ကွန်းမင့်

ကွန်းမင့် Box ထဲမှာ Xxxxxxxxxx, baaaa, haaaaaa, အစရှိသဖြင့် ဘယ်မှာမှ ရှာလို့မရတဲ့ စာတွေ၊ အက္ခရာ အကြီးနဲ့ ရေးတဲ့စာတွေ (WOW, AMAZING, WHO IS HE?) အစရှိသဖြင့်တို့ကို ရှောင်ကြဉ်ရေးသား ရပါတယ်။ Facebook ကအဲဒီလိုစာများနဲ့ ကွန်းမင့်ပေးရင် သူ့အလို အလျောက် လိုက်ဖြတ်ပါတယ်။ အဲဒီလို ပေးပါများရင်တော့ Facebook က သတိပေးစာ ရောက်လာတတ်ပြီး ကံမကောင်းရင် အကောင့် လော့ကျ သွားနိုင်ပါတယ်။

၁၀။ ရောက်လေရာ မစစ်ပဲ အကောင့်ဖွင့်ခြင်း

ဆိုင်တစ်ဆိုင်ပြီးတစ်ဆိုင်၊ ကွန်ပျူတာ တစ်လုံးပြီးမသုံး ဘာမှ မစစ်ဆေးပဲ မိမိ Facebook ကို Log in ဝင်တာမျိုးတွေက အလုပ်များကြပါတယ်။ Log in မဝင်ခင် ဝင်မယ့် Facebook ရဲ့  Welcome page, Address bar ကို သေချာစစ်ဆေးပြီး သေချာပြီဆိုမှ Log in လုပ်သင့်ပါတယ်။ အချို့ နေရာကျ Facebook ပုံစံ ဖန်တီးပြီး address အတုနဲ့ ခပ်ယောင်ယောင် လုပ်ထးတာမျိုးတို့ ရှိပါတယ်။ ဒါကြောင့် ဆိုင်မှာ စက်တစ်လုံး စဖွင့်ပြီ ဆိုရင် သူအလိုအလျောက် ဖွင့်ပေးထားတဲ့ Page ကနေ ဝင်တာထက် ကိုယ်တိုင် Address bar ကနေ လိပ်စာ ရိုက်ပြီး ဝင်သင့်ပါတယ်။

အထက်ပါ ၁၀ ချက်ကို သိရှိနားလည် ကျင်သုံးတတ်မယ်ဆိုရင် မိမိအကောင့်ကို လုံခြုံစိတ်ချစွာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
--
အောင်ခမ်း (TSJ team)

ဘကြီးသက်
Unknown at 10:28 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပုံစံ ၁၇ နှင့် ၁၉ ပယ်ဖျက်တော့မည်


ရန်ကုန် ပန်းဆိုးတန်းလမ်းရှိ ပုံစံ ၁၉ ရုံး မြင်ကွင်း (ဓာတ်ပုံ – သာလွန်ဇောင်းထက် / ဧရာဝတီ)
မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားသူတိုင်း မဖြစ်မနေ ပြုလုပ်ရသည့် အခွန်ကင်းရှင်းကြောင်း ထောက်ခံချက် ပုံစံ ၁၇ နှင့် ပုံစံ ၁၉ တင်ပြရခြင်းအဆင့်ကို မကြာမီ ပယ်ဖျက်ဖြေလျှော့ ပေးတော့မည်ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ဧရာဝတီသို့ ပြောသည်။
နိုင်ငံရပ်ခြား သွားမည့်သူများ နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် အခွန်ကင်းရှင်းကြောင်း ထောက်ခံစာ ပုံစံ ၁၇ နှင့် ပုံစံ ၁၉ ကို ရယူ တင်ပြရကြောင်း၊ ယင်းသို့ အခွန်ကင်းရှင်းကြောင်း ထောက်ခံစာ ပြုလုပ်ရာတွင် ပြည်သူအများစု အခက်အခဲများ ကြုံတွေ့နေရသည်ကို ကြားသိနေရကြောင်း၊ အခွန်ကင်းရှင်းကြောင်း ထောက်ခံစာ တင်ပြခိုင်းခြင်းကြောင့် နိုင်ငံတော် အခွန်ဝင်ငွေ တိုးပွားလာခြင်းလည်း မရှိကြောင်း၊ ဥပဒေအရ နိုင်ငံသားအခွန် ကင်းရှင်းကြောင်း ထောက်ခံစာများ တင်ပြရမည် ဖြစ်သော်လည်း ဥပဒေတွင်ပင် ကင်းလွတ်ခွင့် ပေးခွင့်လည်း ရှိကြောင်း၊ ထို့ကြောင့် ပြည်သူများ နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် အဆင်ပြေ ချောမွေ့စေရန်အတွက် ပုံစံ ၁၇ နှင့် ပုံစံ ၁၉ တင်ပြရသည့် စနစ်ကို ပယ်ဖျက်သွားရန် ရှိကြောင်း ဒေါက်တာ မောင်မောင်သိမ်းက ရှင်းပြသည်။
“ပုံစံ ၁၇ ဆိုတာက မိမိနေထိုင်တဲ့ မြို့နယ်မှာ အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်၊ ပုံစံ ၁၉ ဆိုတာက ပြည်ပ ထွက်ခွာမယ့်သူတွေ အခွန်ကင်းရှင်းကြောင်း စိစစ်ထောက်ခံပေးတာ။ ပုံစံ ၁၇ နဲ့ ပုံစံ ၁၉ မပါရင် နိုင်ငံကူး လက်မှတ် ထုတ်လို့မရဘူး။ ပုံစံ ၁၇ နဲ့ ပုံစံ ၁၉ စနစ်ကြောင့် နိုင်ငံတော်မှာ အခွန် တိုးရတာသွားတာမျိုးလည်း မရှိဘူး။ ဥပဒေထဲမှာလည်း ကင်းလွတ်ခွင့် ပေးလို့ရတယ် ဆိုတာပါတယ်။ အဲဒီတော့ သာမန်ပြည်သူတွေ အဆင်ပြေစေဖို့ ပုံစံ ၁၇ နဲ့ ၁၉ တင်ပြရတာကို ဖြေလျှော့ပေးဖို့ လုပ်နေပြီ” ဟု ဒေါက်တာ မောင်မောင်သိမ်းက ပြောသည်။
အခွန်ကင်းရှင်းကြောင်း ပုံစံ ၁၇ နှင့် ပုံစံ ၁၉ ကို ပြည်တွင်းအခွန်များ ဦးစီးဌာနက ထုတ်ပေးနေခြင်း ဖြစ်သည်။
မလေးရှားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ရန် ပြင်ဆင်နေသည့် မရမ်းကုန်းမြို့နယ်မှ လူငယ်တဦးက ပုံစံ ၁၇ ရရန် အလွန်ခက်ခဲပြီး ပြည်တွင်းအခွန်များ ဦးစီးဌာနရုံးသို့ အကြိမ်ကြိမ် သွားရောက်ရကြောင်း ပြောဆိုသည်။
“ကျနော်က မအူပင်ဇာတိ၊ မအူပင်ကနေ သန်းခေါင်စာရင်းကို မရမ်းကုန်းမြို့နယ်မှာ ပြောင်းပြီး လုပ်ထားတော့ အခွန် ကင်းရှင်းကြောင်း ထောက်ခံစာကို မရမ်းကုန်းမြို့နယ် အခွန်ရုံးမှာ သွားလုပ်တယ်။ ကျနော်က ဘာလုပ်ငန်းမှ မပိုင်ဆိုင်တာကိုလည်း၊ အခွန်ပေးစရာ မရှိတာကို ထောက်ခံစာတွေအစုံနဲ့ တင်ပြတယ်။ သန်းခေါင်စာရင်းက အသစ်ဖြစ်နေလို့ နောက် ၆ လကြာမှ အခွန်ကင်းရှင်းကြောင်း ထောက်ခံစာ ပုံစံ ၁၇ ပေးမယ်။ အခု မလေးရှားသွား အလုပ်လုပ်မယ့် အစီအစဉ် ပျက်ကုန်ပါတယ်” ဟု အဆိုပါလူငယ်က ဧရာဝတီသို့ ပြောသည်။
ပြည်ပနိုင်ငံများတွင် သွားရောက် အလုပ်လုပ်ရန် ပြင်ဆင်နေကြသည့် လူငယ်အများစုက အခွန်ကင်းရှင်းကြောင်း ထောက်ခံစာ ပုံစံ ၁၇ နှင့် ပုံစံ ၁၉ ပြုလုပ်ရာတွင် အခက်အခဲများ ရှိကြောင်း ပြောဆိုကြသည်။
“အခွန်ရုံးကိုသွားရ၊ အခွန် ဦးစီးမှူး အစည်းအဝေး တက်နေလို့ပါဆိုတော့ နာရီပေါင်းများစွာ ထိုင်စောင့်ရနဲ့ တနေ့လည်းမပြတ်၊ နှစ်ရက်သုံးရက် အချိန်ကုန်တယ်။ နယ်မှာ သန်းခေါင်စာရင်း ၀င်ထားတဲ့သူတွေဆိုရင် နယ်နဲ့ ရန်ကုန်ကို သွားလိုက်၊ ပြန်လိုက် အခေါက်ခေါက်အခါခါ သွားရတယ်။ ခရီးစရိတ်နဲ့ အတော်ကို မစားသာပါဘူး” ဟု စစ်ကိုင်းမြို့မှ လူငယ်တဦးက
ဆိုသည်။
ဒေါက်တာ မောင်မောင်သိမ်းက ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန အနေဖြင့် ပုံစံ ၁၇ နှင့် ပုံစံ ၁၉ ကြောင့် ပြည်သူများ အခက်အခဲ ကြုံတွေ့နေရသည်ကို သိရှိခြင်းကြောင့် ယင်းသို့ ဖြေလျှော့မှုများ ပြုလုပ်ရန် စီစဉ်ခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ရှင်းပြသည်။
ထို့အပြင် ပြည်သူများအကြား အခွန်နှင့်ပတ်သက်၍ မရှင်းလင်းမှုများ၊ မပြေလည်မှုများရှိပါက မေးမြန်းစေနိုင်ရန်၊ ကြုံတွေ့နေရသော အခက်အခဲများကို တင်ပြနိုင်ရန်အတွက် အများပြည်သူ ဆက်ဆံရေး ရုံးတရုံးကို ရန်ကုန်မြို့တွင်
ယခုလ နှောင်းပိုင်းအတွင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရှင်းပြသည်။
“ပြည်တွင်းအခွန်နဲ့ ပတ်သက်လို့ မရှင်းလင်းတာ၊ မေးချင်တာ၊ မြန်းချင်တာ၊ နောက်ပြီး အခက်အခဲတွေရှိရင် ဘယ်လို လုပ်ရမလဲဆိုတာ မေးနိုင်မြန်းနိုင်အောင် ဆက်ဆံရေး ရုံးတရုံးဖွင့်ဖို့ လုပ်နေတယ်။ လာမယ့်နှစ်ပတ်အတွင်း ရန်ကုန်မှာဖွင့်ဖို့ရှိတယ်” ဟု ဒေါက်တာ မောင်မောင်သိမ်းက ပြောသည်။
ယင်းဆက်ဆံရေးရုံးတွင် ငွေရေးကြေးရေး၊ ဘဏ်များဆိုင်ရာသတင်းများနှင့် ပတ်သက်၍လည်း စုံစမ်းမေးမြန်းနိုင်မည် ဖြစ်ကြောင်း သိရသည်။

ဘကြီးသက်
Unknown at 10:12 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရန်ကုန်တွင် ယာဉ်လိုင်းသစ်များ ထပ်တိုးရန်ရှိ


ရန်ကုန်မြို့တွင်း အနော်ရထာ လမ်းပေါ်တွင် ယာဉ်ကျော ပိတ်ဆို့နေသည့် မြင်ကွင်း (ဓာတ်ပုံ – ဇွဲထက် / ဧရာဝတီ)
ဂျပန်ကား ကုမ္ပဏီ လီမိတက် (JCCL) နှင့် ရထားပို့ဆောင်ရေး ဝန်ကြီး ဌာနလက်အောက်ရှိ ကုန်းလမ်းပို့ဆောင်ရေး (ကပရ) တို့ အကျိုးတူ ပူးပေါင်း ဆောင်ရွက်မှု အနေဖြင့် ခရီးသည်တင်ယာဉ်၊ တက္ကစီ၊ အဝေးပြေးယာဉ်၊ ကုန်တင်ယာဉ် ပြေးဆွဲရေး လုပ်ငန်းများ အတွက် ယာဉ်အစီး ၃၀၀၀ ကျော်ကို ဆက်တိုက် တင်သွင်းသွားရန် ရှိကြောင်း သိရသည်။
ပထမဆုံး ယခုနှစ် ဒီဇင်ဘာလ မကုန်မီ ခရီးသည်တင်ယာဉ် ၅၀ ကို တင်သွင်းကာ ယာဉ်လိုင်းသစ်တလိုင်းကို ရန်ကုန်မြို့တွင်း စတင် ပြေးဆွဲတော့မည်ဟု ရန်ကုန်တိုင်းဒေသကြီး ကပရမှ တာဝန်ရှိသူ တဦးက ပြောသည်။
“ခရီးသွားပြည်သူ ၃ သန်းလောက် နေ့စဉ် ဒုက္ခရောက်နေတာကို စောင့်ရှောက်ရမှာက အစိုးရမှာ တာဝန်ရှိတယ်။ JCCL က ဒေါ်လာသန်း ၄၀၀ ကျော် ကို ကုန်းလမ်း ပို့ဆောင်ရေး လုပ်ငန်းတွေအတွက် အကျိုးတူ ပူးပေါင်းဆောင်ရွက်ဖို့ သဘော တူထားတာတွေ ရှိတယ်” ဟု ရထား ၀န်ကြီးဌာန ညွှန်ကြားရေးမှူး ဦးတင်ဝင်းအောင်က ရှင်းပြသည်။
JCCL နှင့် ကပရ တို့ ပူးပေါင်းကာ အဆင့်မြင့် ကားပြင်ဆင်ရေး၊ ၀ပ်ရှော့နှင့် ဒီပလိုမာအဆင့် ပေးနိုင်သည့် ကားပြင်ဆင်ရေး သင်တန်းကျောင်းများ ဖွင့်လှစ်ရန်လည်း သဘောတူညီထားကြောင်း၊ ကပရမှ ပြေးဆွဲမည့် ယာဉ်လိုင်းသစ်များသည် ခရီးသည်၏ ယာဉ်စီးနှင်ချိန်နှင့် ကြာမြင့်ချိန် လျှော့ချခြင်း၊ လုံခြုံမှုရှိခြင်း၊ သိက္ခာရှိမှုနှင့် သက်တောင့်သက်သာ ရှိခြင်းတို့ကို ဦးတည် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကပရ တာဝန်ရှိသူက ဆိုသည်။
သို့ရာတွင် ခရီးသည်တင် ယာဉ်လိုင်းများ တိုးချဲ့ခြင်းနှင့် ယာဉ်သစ် တင်သွင်းခွင့်များ တိုးမြှင့်ပေးနေခြင်း တို့ကြောင့် ရန်ကုန်မြို့တွင်း ယာဉ်ကျောပိတ်ဆို့မှု ပိုမိုဆိုးရွားလာမည်ကို ရန်ကုန် ဒေသခံများက စိုးရိမ်နေကြသည်။
လက်ရှိအနေအထားအရ မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများတွင် ကားတင်သွင်းမှု အများဆုံးဖြစ်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပြန်ကြားရေးဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။
သီလဝါ ဆိပ်ကမ်းအပါအဝင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ဆိပ်ကမ်းများတွင် နေ့စဉ် ထောင်ဂဏန်းနီးပါး ရှိသည့် ကားသစ် တင်သွင်းမှုများလည်း ရှိနေကြောင်း သိရသည်။
မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းကြီးကြပ်ရေး ဗဟိုကော်မတီ (မထသ) အတွင်းရေးမှူး ဦးဘမြင့်က “ကိုယ်ပိုင် ကားတွေ များလာတယ်၊ ယာဉ်အိုယာဉ်ဟောင်း ဖျက်သိမ်းပြီး ယာဉ်သစ် တင်သွင်းမှု တွေကြောင့် အိမ်နောက်ဖေး လမ်းကြားထဲမှာ ထားတဲ့ ကားဟောင်းတွေဟာ ကားသစ်တွေအဖြစ် ပြေးလာကြတယ်။ အခုလို လူတွေ တိုးလာ၊ ကားတွေ တိုးလာတဲ့အခါမှာ လမ်းတွေက ကျဉ်းလာတယ်၊ ဘေးမှာ လူနေအိမ်တွေ၊ တိုက်တာ အဆောက်အဦးတွေ ရှိတဲ့အတွက် လမ်းတွေချဲ့ဖို့ မလွယ်ဘူး” ဟု ဆိုသည်။
ရန်ကုန်မြို့နေ ခရီးသွားပြည်သူများ နေ့စဉ်ကြုံနေရသည့် အခက်အခဲသည် ယာဉ်စည်းကမ်း လမ်းစည်းကမ်း မလိုက်နာခြင်း၊
မိန်းလမ်းကြား၊ လမ်းမီးပွိုင့်များကို သေချာစွာ တွက်ချက်ထားမှု မရှိခြင်း၊ လမ်းများ ပျက်စီးနေခြင်း တို့ကြောင့် ဖြစ်ကြောင်း ၎င်းက သုံးသပ်သည်။
ဗန္ဓုလသယ်ယူပို့ဆောင်ရေး ကုမ္ပဏီ လီမိတက်မှ မန်နေဂျင်း ဒါရိုက်တာ ဦးမျိုးမြင့်ကလည်း ၎င်းကုမ္ပဏီမှ ပြေးဆွဲနေသည့် ပါရမီနှင့် အဓိပတိ ခရီးသည်တင် ယာဉ်များ၊ တက္ကစီများကို ထပ်မံ တိုးချဲ့ချင်ကြောင်း၊ ရန်ကုန်လူဦးရေ အနေအထားအရ ခရီးသည်တင် ယာဉ်များ တိုးချဲ့ရန် လိုအပ်ကြောင်း၊ သို့သော် CNG ဓာတ်ငွေ့ကိစ္စ အခက်အခဲ ရှိသဖြင့် လတ်တလော တိုးချဲ့ရန် မလွယ်ကူသေးကြောင်း ပြောသည်။
“စီးပွားကူးသန်းက CNG ကား တင်သွင်းမယ်ဆိုရင် စွမ်းအင်ဝန်ကြီးဌာနရဲ့ CNG ထောက်ခံချက် ပေးပါလို့ပြောတယ်၊ စွမ်းအင်
ဝန်ကြီးဌာနက CNG ထောက်ခံချက်မပေးနိုင်ဘူး။ ရန်ကုန်မြို့ လူဦးရေ အနေအထားနဲ့ လက်ရှိကား အနေအထားနဲ့ဆို ထပ်တိုး
ရအုံးမယ်။ တဖြည်းဖြည်း တိုးချဲ့သွားမှာပါ” ဟု သူက ဆိုသည်။
ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့ ခြင်းကြောင့် ခရီးသွားပြည်သူများ နေ့စဉ် ကြုံတွေ့နေရသည့် အခက်အခဲများကို သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံး စုပေါင်း ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ လတ်တလော ဆောင်ရွက်နိုင်မှု မရှိသေးခင် စည်းကမ်းလိုက်နာ ရမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“လက်ရှိအခြေအနေအရ မြန်မာနိုင်ငံဟာ အာဆီယံမှာ ကားအများဆုံး သွင်းတဲ့နိုင်ငံ ဖြစ်နေတယ်။ အနာဂတ် ယာဉ်ကြော
ပိတ်ဆို့မှု အန္တရာယ်ကို ကာကွယ်နိုင်ဖို့ ရန်ကုန်မြို့တွင်း ကုန်းကျော်တံတား ၄ ဆင်း ဆောက်နေတယ်။ ပလက်ဖောင်းတွေ
ပြင်တယ်၊ လမ်းတွေချဲ့နေပါတယ်” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပြန်ကြားရေး ဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး မထသ သည် ယာဉ်လိုင်း ကော်မတီ ၁၈ ခုဖြင့် ယာဉ်လိုင်းပေါင်း ၅၁၃ လိုင်းကို ထိန်းသိမ်း ကြီးကြပ် လျှက်ရှိသည်။ ဗန္ဓုလ သယ်ယူ ပို့ဆောင်ရေးကို ၂၀၀၀ ပြည့်နှစ်တွင် စတင် တည်ထောင်ခဲ့ပြီး လက်ရှိအချိန်တွင် ခရီးသည်တင် ယာဉ်လိုင်း ၁၈ လိုင်းဖြင့် ယာဉ်အစီးပေါင်း ၄၇၀၊ ပါရမီ တက္ကစီ အစီး ၅၀၀ ကျော်ဖြင့် ရန်ကုန်မြို့တွင် ပြေးဆွဲလျှက် ရှိကြောင်း သိရသည်။
ကပရ ဌာနကို စစ်ကျန် ခရီးသည်တင်ကားများ၊ ကားအို ကားဟောင်းများဖြင့် ၁၉၆၅ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို လုပ်ကိုင်ခဲ့သည်။
 http://burma.irrawaddy.org
ဘကြီးသက်
Unknown at 10:11 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ယခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆု(အကယ်ဒမီ) ချီးမြှင့်ခြင်းကို ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံ၌ ပြုလုပ်မည်


16105
ယခုနှစ်မြန်မာ့ရုပ်ရှင် ထူးချွန်ဆု(အကယ်ဒမီ)ချီးမြှင့်ခြင်းကို  ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံ၌ပြုလုပ်သွားမည်ဟု မြန်မာ့ ရုပ်ရှင်လုပ်ငန်းမှ တရားဝင်သတင်း ထုတ်ပြန်ကြေညာ ခဲ့သည်။ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို ၂၀၀၇ ခုနှစ်မှစတင်ကာ  နေပြည်တော်၌ ပြောင်းလဲ ကျင်းပခဲ့ခြင်းဖြစ်ပြီး ခြောက်ကြိမ်ကျင်းပ ပြုလုပ်ခဲ့ပြီးနောက် ယခုနှစ်တွင် ရန်ကုန်မြို့၌ ပြောင်းလဲ ကျင်းပရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ရန် အတွက် ဆန်ခါတင် စာရင်းဝင် ဇာတ်ကားများအား စိစစ်အကဲဖြတ်ခြင်းမှာ ဒုတိယအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး အောက်တိုဘာလ ပထမပတ်မှစတင်ကာ ဒုတိယအဆင့် အကဲဖြတ်မှုများကို ပြုလုပ်လျက်ရှိသည်ဟု သိရသည်။
‘‘အခုနှစ်မှာပြုလုပ်မယ့် အကယ်ဒမီပွဲကို ရန်ကုန်မှာပြောင်းလဲကျင်းပဖို့ တရားဝင်ဆုံးဖြတ်လိုက်ပါပြီ။ အဓိကတော့ ရုပ်ရှင်လောကသား အားလုံးသွားရေးလာရေး အဆင်ပြေဖို့အ တွက်၊ ပျော်ပျော်ပါးပါးနဲ့ စုံစုံညီညီ တက်ရောက်နိုင်ဖို့အတွက် အခုလို ဆုံးဖြတ်လိုက်တာပါ။ ရန်ကုန်မှာပြုလုပ်ခြင်းအားဖြင့် ရုပ်ရှင်လောကသား  အားလုံးစုံလင်စွာ တက်ရောက်နိုင်ပြီး စည်ကားသိုက်မြိုက်စွာနဲ့ ကျင်းပပြုလုပ်နိုင်ဖို့ မျှော်လင့်ထားပါတယ်။ တစ်နိုင်ငံလုံးက ပရိသတ်တွေကြည့်ရှုနိုင်ဖို့ကိုလည်း အရင်နှစ်တွေလိုပဲ စီစဉ်ပေးသွားမှာပါ’’ ဟု ရုပ်ရှင်လုပ်ငန်းမှ ညွှန်ကြားရေးမှူး ဗိုလ်မှူးသိန်းထွန်းအောင် ကရှင်းပြခဲ့သည်။
‘‘အကယ်ဒမီပွဲကို ရန်ကုန်မှာ ကျင်းပနိုင်ဖို့ဆိုတာ ကျွန်တော်တို့ရုပ်ရှင် အစည်းအရုံး အမှုဆောင်သစ် စတင် တာဝန်ထမ်းဆောင်စဉ်ကတည်းက အကြိမ်ကြိမ် ကြိုးပမ်းနေခဲ့တာပါ။ အကြောင်းအမျိုးမျိုးကြောင့် ချက်ချင်း အကောင်အထည် မဖော်နိုင်ခဲ့ပါဘူး။ ဒီရက်ပိုင်းထဲမှာတော့ တကယ့်ကို လျင်လျင်မြန်မြန် အကောင်အထည် ပေါ်လာခဲ့ပါပြီ။ ပြန်ကြားရေးဝန်ကြီး ဒုတိယ ၀န်ကြီး ကိုယ်တိုင်ကလည်း ကျွန်တော်တို့ရုပ်ရှင်လောကသား အားလုံး ရဲ့ ဆန္ဒက ဒီလိုပဲလားဆိုပြီးမေးပါတယ်။ ဒီလိုမေးမြန်းပြီးတာနဲ့ ချက်ချင်းကို အကောင်အထည်ဖော်ခဲ့တာပါ။ ဒါကိုကြည့်ချင်းအားဖြင့် ကျွန်တော် တို့လောကရဲ့ သိသာထင်ရှားတဲ့ အပြောင်းအလဲ၊ ပြန်ကြားရေးဝန်ကြီး ဌာနမှာရှိတဲ့ အဆင့်ဆင့်သော သူတွေရဲ့ အပြုသဘောဆောင်တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို တွေ့မြင်ရမှာပါ။ ဒါကို ကျွန်တော့်အနေနဲ့အင်မတန် ၀မ်းမြောက်မိပါတယ်။ ဒါကရုပ်ရှင် သဘင်စာပေဂီတ လောကတစ်ခုလုံး အတွက် အင်မတန်ဝမ်းသာစရာ ကောင်းတဲ့သတင်းတစ်ခုပါပဲ’’ ဟုမြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌဦးဇင်ဝိုင်း ကရှင်းပြခဲ့သည်။
ယခုနှစ်တွင် ပေးအပ်မည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုသည် ၂၀၁၁ ခုနှစ်အတွက် ပေးအပ်ချီးမြှင့်မည့် အကယ်ဒမီဆုဖြစ်ပြီး ဆုပေးပွဲကျင်းပမည့်စင်မြင့်နှင့် မီးအလှဆင်တင်ဒါများကိုလည်း မကြာမီခေါ်ယူသွားရန် စီစဉ်ထားသည်ဟု သိရသည်။ ၂၀၁၁ ခုနှစ်တွင် အကယ်ဒမီစာရင်းဝင် ဇာတ်ကား ၁၅  ကားရှိပြီး ယင်းဇာတ်ကားများမှာ ‘ဟော့ရှော့၃’ ဇာတ်ကား၊ ‘အလန်းဇယား’ ဇာတ်ကား၊ ‘ငါ့နှမလေးပွသွားပြီ’ ဇာတ်ကား၊ ‘လာထားအာဘွား’ဇာတ်ကား၊ ‘အိုင်လပ်ဗ်ယူ’ ဇာတ်ကား၊ ‘ဖလန်းဖလန်းဖြစ်တဲ့အချစ်’ဇာတ်ကား၊  ‘အားလုံးကဟော့မှကြိုက်တယ်’ ဇာတ်ကား၊ ‘ချောကလက် ဘေဘီ’ ဇာတ်ကား၊ ‘ချိန်း’ ဇာတ်ကား၊ ‘၀ဋ်ကြွေး’ဇာတ်ကား၊ ‘ထာဝရ အလင်းတန်းများ’ဇာတ်ကား၊ ‘ချစ်ပန်းဝေ’ ဇာတ်ကား၊ ‘အမွှေဇယား’ ဇာတ်ကား၊’ရင်ကွဲနာ’ဇာတ်ကား၊ ‘ပန်းကြာဝတ်မှုန်’ ဇာတ်ကားတို့ဖြစ် ကြသည်။
မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီချီးမြှင့်ခြင်းကို ၁၉၅၂ ခုနှစ်မှစတင်၍ ပေးအပ်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့တွင် မြို့တော်ခန်းမ၊ ၀ိဇယရုပ်ရှင်ရုံ၊ နတ်မောက်လမ်းရှိစက်မှု လက်မှုကျောင်းဝင်း၊ ရွှေတောင်ကြား လမ်းရှိ ရုပ်ရှင်မြှင့်တင်ရေးအဖွဲ့ဝင်း၊ ဘုရားလမ်းရှိ ဂျူဗလီဟောကွက်လပ်၊ ပြည်လမ်းအသံလွှင့်ရုံစတူဒီယိုအေ၊ မြန်မာ့အသံမြက်ခင်းပြင်၊ အင်းလျားကန်ဟိုတယ်၊ ရန်ကုန်မြို့အမျိုးသား ကဇာတ်ရုံ၊ သုဝဏ္ဏ မိုးလုံလေလုံအားကစားရုံများတွင် ပြုလုပ်ခဲ့သည်။ ၂၀၀၇ ခုနှစ်မှအစပြုကာ နေပြည်တော်ရှိ မြို့တော်ခန်းမ၀င်း အတွင်းတွင် ပြောင်းလဲကျင်းပခဲ့သည်။
EMG 
ဘကြီးသက်
Unknown at 10:05 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဖွဲ့စည်းပုံကို မည်သူ အဓိပ္ပာယ် ဖွင့်မည်နည်း



by ပြည်သူ့ခေတ် on Tuesday, October 16, 2012 at 12:47am ·

 ကြေးမုံ၊ မြန်မာ့အလင်း သတင်းစာများ မျက်နှာဖုံးတွင် “ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်” ဟူ၍ လည်းကောင်း၊ The New Light of Myanmar သတင်းစာတွင် USDP Chairman President U Thein Sein ဟူ၍လည်းကောင်း ဖော်ပြထားသော ခေါင်းစီးစာလုံးကြီးများ မြင်တွေ့ရသည့်အခါ ခေါင်းထဲတွင် တစ်စုံတစ်ရာ မှတ်သားထား သူတို့ အံ့အား သင့်ကြ၏။

            တချို့ကလည်း ဇဝေဇ၀ါ။
            ငါများ အမှတ်မှားသလား၊ ဟူ၍။
            ထို့ကြောင့်၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) စာအုပ်ကြီးကို လှန်လှော ကြည့်သည့်အခါ၊...
            တွေ့ပါပြီ။
            ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၆၂ တွင် နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယ သမ္မတ များသည် မည်သည့်လွှတ်တော် ကိုယ်စားလှယ်မျှ မဖြစ်စေရ၊ ဟူ၍လည်းကောင်း၊
            ပုဒ်မ ၆၃ တွင် နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများသည် လွှတ်တော် ကိုယ်စားလှယ်ဖြစ်လျှင် လွှတ်တော် ကိုယ်စားလှယ်အဖြစ်မှ လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်း ဖြစ်လျှင် နိုင်ငံ့ဝန်ထမ်းအဖြစ်မှလည်းကောင်း နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများ အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသည့်နေ့မှစ၍ နုတ်ထွက်ပြီး သို့မဟုတ် အငြိမ်းစားယူပြီး ဖြစ်သည်ဟု မှတ်ယူရမည်၊ ဟူ၍လည်းကောင်း ဖော်ပြထားတာ တွေ့ရသည်။
            သမ္မတကြီး ဦးသိန်းစိန်သည် ၂၀၁၀ နိုဝင်ဘာ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီကို ကိုယ်စားပြု၍ ဇမ္ဗူသီရိ မဲဆန္ဒနယ်၌ ၀င်ရောက်ယှဉ်ပြိုင်ကာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခြင်းခံခဲ့ရသည်။ ထို့နောက် သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခြင်း ခံရသည့်အခါ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ပြီးသကဲ့သို့ ဖြစ်သွားသဖြင့် လစ်လပ်သွားသော ဇမ္ဗူသီရိ မဲဆန္ဒနယ်နေရာအတွက် ၂၀၁၂ ဧပြီ ကြားဖြတ် ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်သစ် ရွေးချယ်ခဲ့ကြပြီး ဖြစ်သည်။
            တစ်ဖန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၆၄ တွင် နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများသည် နိုင်ငံရေးပါတီ တစ်ခုခု၏ အဖွဲ့ဝင်ဖြစ်လျှင် နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသည့်နေ့မှစ၍ မိမိတို့ ရာထူး သက်တမ်းအတွင်း ယင်းပါတီအဖွဲ့အစည်း၏ ပါတီလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်ခြင်း မပြုရဟု ဖော်ပြထားရာ ၎င်းအရဆိုလျှင် သမ္မတကြီးသည် လောလောဆယ်၌ ပြည်ခိုင်ဖြိုး ပါတီ၏ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုဟု မှတ်ယူရမည့် သဘောဖြစ်သည်။
            သတင်းစာများပါ သတင်းတွင် သမ္မတကြီးသည် ညီလာခံသို့ တက်ရောက်လာသော ပါတီ ကိုယ်စားလှယ်များအား တွေ့ဆုံနှုတ်ဆက် အားပေးကြောင်းများသာ ဖော်ပြထားရာ ပါတီ လုပ်ငန်း ဆောင်ရွက်ခြင်း မဟုတ်ဘဲ ကြွရောက် ချီးမြှင့်ခြင်းဟု ရှုမြင်စရာ ရှိပါသည်။
            သို့သော် လောလောဆယ် ပါတီလုပ်ငန်း ဆောက်ရွက်ခွင့်မပြုသော ပုဂ်္ဂိုလ်အား ပါတီ ဥက္ကဋ္ဌအဖြစ် ဖော်ပြခြင်းကမူ ပရိသတ်အတွက် နားမရှင်းစရာ ဖြစ်ပါသည်။
            သည်အတွင်း ယင်းကိစ္စနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောဆိုသံများလည်း ကြားလာရပါ သည်။
            ရှင်းလင်းချက်တစ်ခု၌ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၆၃၊ ၆၄ တို့တွင် ဖော်ပြထားချက်နှင့် စပ်လျဉ်း၍ ....
            ..... နိုင်ငံတော်သမ်္မတကြီးသည် ပါတီဥက္ကဋ္ဌဖြစ်လျှင် ပါတီဥက္ကဋ္ဌ ရာထူးမှ နုတ်ထွက် ရမည်ဟု ပြဋ္ဌာန်းထားခြင်း မရှိကြောင်း၊ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုရန်သာ ပြဋ္ဌာန်းထားခြင်း ဖြစ်ကြောင်း ဖွင့်ဆိုပြီး၊
            ..... ပါတီညီလာခံ ကျင်းပသည့်အခါ ပါတီဥက္ကဋ္ဌအနေဖြင့် သွားရောက် တွေ့ဆုံ နှုတ်ဆက်ခြင်းသာဖြစ်ပြီး၊ ပါတီညီလာခံ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုခဲ့ကြောင်း၊ လက်ရှိကာလတွင် ပါတီဥက္ကဋ္ဌအနေဖြင့် ဆက်လက် တည်ရှိနေဆဲ ဖြစ်ကြောင်း ရှင်းလင်း ဖော်ပြထားတာ တွေ့ရသည်။
            ကျိုးကြောင်းပြ ရှင်းလင်းချက်တစ်ခုအဖြစ် ဤသည်က စဉ်းစားစရာ ဖြစ်ပါသည်။
            သို့သော် အခြားမတူသော သုံးသပ်ချက်များလည်း ရှိနေသေးသည်ဖြစ်ရာ ယခုကဲ့သို့ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို အဓိပ္ပာယ်ဖွင့်ဆိုသည့် ကိစ္စမျိုးတွင် အားကိုးပြုရသည့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကို အမှတ်ရစရာ ဖြစ်သည်။
            သို့သော် လောလောဆယ်တွင် ခုံရုံးအဖွဲ့တစ်ခုလုံး နုတ်ထွက်ထားသဖြင့် သည်ကိစ္စကို တရားဝင် ရှင်းလင်းဖွင့်ဆိုပေး နိုင်မည့်သူမရှိ ဖြစ်နေရာ နောက်ထပ် ခုံရုံးအသစ် တစ်ခုတော့ ဖွဲ့စည်းခန့်အပ်ဖို့ လိုအပ်နေပြီဟု တင်ပြလိုပါသည်။  
    
ပြည်သူ့ခေတ်  အယ်ဒီတာ
၁၅၊  ၁၀၊  ၁၂
 လူဗိုလ် ဟူသည် မှ
ဘကြီးသက်
Unknown at 10:02 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပလူပျံနေသော ရှားပါးဓာတ်ပုံ မဟုတ်သည့် သမ္မတကြီး ဦးသိန်းစိန်၏ ရှားပါးဓာတ်ပုံ စစ်စစ်များ







Myanmar Express

ဘကြီးသက်
Unknown at 9:44 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒေါသထွက်လွယ် တုန့်ပြန်လွယ်သူများ သတိပြုရန်---


တကယ်တော့ ဒီအဖြစ်ပျက်လေးဟာ ဟိုးး လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော်လေက်ကပါ။ သတင်းအနေနဲ့ မဟုတ်ဘဲ ဒေါသထွက်လွယ်တဲ့သူတွေအတွက် (ကျွန်တော် ထိပ်ဆုံးက) အမြဲဆင်ခြင်သင့်တဲ့ အဖြစ်အပျက်လေး မို့ ချေးခြောက်ရေးနှုးတယ် ပြောပြော ၊ ဒေါသ ထိန်းဆေးလေး ဖြစ်လိုဖြစ်ငြား တင်ပြချင်ပါတယ်။


၁))

အဲဒီတုန်းက ကျွန်တော် ၁၀ တန်းကျောင်းသားပါ။ ကျွန်တော့်မိဘတွေလည်း ရန်ကုန်ကို မပြောင်းသေး
ဘူး။ ရွာမှာပဲ ရှိတုန်းမို့ ကျွန်တော် ကျောင်းပိတ်ရင် ရွာကိုအမြဲပြန်ပါတယ်။ အညာနွေဟာ ဘယ်လောက်ပူပူ မိဘအိမ်မှာ နေရတာလောက် လုံခြုံအေးချမ်းတာတော့ မရှိဘူး။ ရွာအိမ်ရဲ့ ကပ်ရပ် အိမ်နီးခြင်းအိမ် တစ်အိမ်က ဒေါ်ရွှေကြည်တို့အိမ်ပါ။ သူ့ယောကျာင်္းက ဦးအောင်သိန်း နွားတွေကို ကန်ထရိုက်ယူ ကျောင်းပါတယ်။ ကန်ထရိုက်နွားကျောင်းသားပေါ့။ မရွှေကြည်က နေ့လည်ဆို ရွာထဲမှာ မုန့်ရောင်းပါတယ်။ ရွာမှာ စီးပွားရေး သိပ်အဆင်မပြေတဲ့ မိသားစုတွေဆိုတော့ သားသမီးတွေကို ဒီအတိုင်း လွှတ်ထားတတ်တာလည်း သဘာဝ လိုဖြစ်နေပါတယ်။

၂))

တစ်နေ့တော့ အသက်(၈)နှစ်လောက်ရှိမယ့် သူတို့သမီးလေးဟာ ရွာမြောက်ဘက်ကို ခွေးတိုးပေါက် လို့ ရွာက ခေါ်တတ်တဲ့ ရွာစည်းရိုး လူတစ်ယောက်စာဝင်ပေါက်ကနေ သူ့အပေါင်း အသင်းတွေနဲ့ ဆော့ဖော်ဆော့ဘက်တွေပေါ့ ရွာအပြင်ကို ထွက်သွားပါတယ်။ ဒါကလည်း အမြဲထွက်နေကျ သွားနေကျ ၊ အပေါင်းအသင်းတွေနဲ့ ဆော့ကစားနေကျပါ။ တစ်မနက်လုံး ရွာအပြင် တောစပ်တွေမှာ ဆော့ရင်း နေပူပူ နေ့လည် မွန်းတည့်ခါနီးရောက်တော့ အာပြဲလန်နေအောင် ငိုယိုပြီး ရွာထဲကို ပြန်ဝင်လာပါတယ်။ အဲဒီလိုပြန်လာတာကလည်း ထူးခြားတယ်လို့မဟုတ်ဘူး။ ကလေးချင်း ရန်ဖြစ်ရင် ငိုပြန်လာနေကျပါ။

``အမေရေ----- ကျူပ် ဘာမှ မမြင်ရတော့ဘူး အီးးးဟီးးးး ဟီးးးး``

အဲဒီလို သူ့မျက်ခွံတွေကို သူ့ဖာသာ လက်နဲ့ ဖွင့်ပြီး ငိုတာက မပြောင်းဘဲ အဲလိုပဲ ငိုနေပါတယ်။ ကျွန်တော်က အိမ်ခေါင်းရင်း အရိပ်ကောင်းတဲ့ ဂျောင်ညမ်းပင်ကြီးအောက်မှာ ထန်းပက်လက် ကုလားထိုင်နဲ့ စာထိုင်ဖတ်နေတော့ အဲဒီငိုသံကို အဆက်မပြတ်ကိုကြားနေရတာပဲ။ ခဏနေတော့ သူ့အမေ ဈေးရောင်းက ပြန်လာပါတယ်။ ဈေးရောင်းကပြန်လာကာစမို့ ပင်ပန်းတာက တစ်မျိုး ၊ နေပူလို့ စိတ်ရှုပ်နေတဲ့ သူ့အမေဟာ သူ့သမီး ငိုနေတာကို တိတ်ဘို့ အော်ငေါက်ပြောပါတယ်။ သူ့သမီးက သူ့အမေပြန်လာတော့ မတိတ်တဲ့အပြင် ပိုပြီး ငိုအားရှိလာပါတယ်။ သူ့အမေက ပထမတော့ ဘာဖြစ်တာလဲ ဘာလို့ငိုတာလဲ စသဖြင့် ဒေါနဲ့မေးပါတယ်။ မဖြေပဲ ဆက်ပြီးငိုနေတော့ စိတ်မရှည်တော့ဘဲ ဝါးခြမ်းပြားနဲ့ ရိုက်ပါတော့တယ်။ အဲလိုရိုက်ပေမယ့်လည်း ဘယ်လောက်ရိုက်ရိုက် ``အမေေ၇--- ကျုပ် ဘာမှ မမြင်ရတော့ဘူး အီးးးး ဟီးးး`` ဆိုတာကို လုံးဝမပြောင်းပဲ ထပ်ချည်းတလဲလဲ အဲလိုပဲ ငိုနေပါတယ်။ တော်တော်ကြာတယ် အမေက မေးလိုက် မဖြေပဲ ငိုနေလို ရိုက်လိုက် ။ နောက်တော့ သူ့အမေဟာ ဒေါသထွက်ပြီးရင်းထွက်လာပြီး --

``တိတ်လို့ပြောလည်းမတိတ်ဘူး ဘာဖြစ်တာလဲမေးလည်းမပြောဘူး ငါ့အိမ် ကျက်သရေတုံးတယ် သင်္ချုင်းမှာ သွားငို သွား သွား ငါ့အိမ်ထဲကထွက် ``

-- ဆိုပြီး သူ့သမီးကို တရွတ်တိုက် အိမ်ထဲက ဆွဲထုတ်ပြီး နွားချေးတွေ စုပုံထားတဲ့ နွားချေးကုန်းပေါ်ရောက်တဲ့အထိ မေးလိုက် ရိုက်လိုက် လုပ်နေပါသေးတယ်။ ကြာတော့ အိမ်အနောက်ဘက်က ဘကြီးတင်က အမြင်မတော်တော့

``ဟဲ့ ရွှေကြည် နင့်ကလေးကို စွတ်ရိုက်မနေနဲ့ သွေးရိုးသားရိုးမဟုတ်လောက်ဘူး``

လို့ဝင်ကန့်ကွက်မှ သတိဝင်သွားပြီး သမီးလုပ်သူကို သေချာကြည့်တော့ ငိုသံ လုံးဝ တိတ်သွားပြီး ဘဝတစ်ပါးကို ကူးသွားပြီ ဖြစ်ကြောင်း သိလိုက်ရပါတော့တယ်။

(မိခင်ဘက်က ဝင်ပြီး ခံစားကြည့်ပါ ။ ရူးမတတ် နောင်တရလိုက်မယ့်ဖြစ်ခြင်း။)

**** သမီးရဲ့ အမေ မရိုက်တော့ပါဘူး--- ငိုပါဦးသမီးရဲ့ အမေ မသိလို့ပါသမီးရဲ့ -- အမေမိုက်ကြီးကို ခွင့်လွှတ်တယ်လို့ ထပြောသွားပါဦး သမီးရဲ့-- ```

မှတ်ချက်။ ။ ရွာအပြင်ဘက် သစ်ခေါင်းထဲ ကလေးသဘာဝ နှိုက်ဆော့သဖြင့် သစ်ခေါင်းထဲမှ မြွေဟောက် ကိုက်လိုက်ခြင်းဖြစ်သည်။ အဆိပ်တတ်ပြီး မျက်စေ့ စကွယ်ခြင်းဖြစ်နိုင်သည်။
ကြားရတဲ့သူတွေ မြင်ရတဲ့သူတွေမှာတော့ ရင်တွေနင့်လို့။

(တစ်ခါက သေခါနီး သမီးကို ရိုက်ပြီးဆုံးမတဲ့အမေ ဆိုပြီး ဂျာနယ်မှာ ဖော်ပြခဲ့ဘူးပါတယ်)

ကိုစိုးနိုင်(မြန်မာ့အရုဏ်သစ်)

ဘကြီးသက်
Unknown at 9:42 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ကို ပြည်သူများက ပိုမိုလေးစား ချစ်ခင်လာကြ


လက်ရှိမြန်မာနိုင်ငံရဲ့ သမ္မကြီး ဦးသိန်းစိန်ကို မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာရှိတဲ့ ရဟန်းရှင်လူ ပြည်သူအများက ပိုမိုချစ်ခင် လေးစားလာကြတယ်လို့ ပြောပါတယ်။

အဲဒီလို နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ကို အများပြည်သူများ ပိုမို ချစ်ခင်လေးလာရတာဟာ ပြီးခဲ့တဲ့လအနည်းက ကချင်ပြည်နယ်မှာရှိတဲ့ မြစ်ဆုံဆည် တည်ဆောက်နေချိန်မှာ တိုင်းရင်းပြည်သူအများက လက်မခံခဲ့ခြင်းကြောင့် နိုင်ငံတဝှမ်းမှာ ဆန္ဒဖေါ်ထုတ်မှုများ ပြုလုပ်ခဲ့ကြတာကြောင့် သမ္မတကြီးက တားမြစ်ခဲ့ပြီး၊ ယခုလည်း လူထုတရပ်လုံးရဲ့ ထောက်ခံမှု မရဘဲ မြန်မာနိုင်ငံမှာ OIC ရုံးစိုက်ဖွင့်လှစ်ခွင့်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအတွင်းရှိ ရဟန်းရှင်လူများက ဆန္ဒဖေါ်ထုတ်မှုများကို ဒီရက်ပိုင်းအတွင်းမှာ အဆက်မပြတ် လုပ်ဆောင်ခဲ့ခြင်းကို နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က ပြည်သူများရဲ့ ဆန္ဒကို ရှေ့ရှုပြီး မြန်မာနိုင်ငံအတွင်း OIC ရုံးလာရောက် ဖွင့်လှစ်မယ့် ကိစ္စကို ခွင့်မပြုခဲ့တာကြောင့် သမ္မတကြီး ဦးသိန်းစိန်ကို မြန်မာပြည်သူအများက ထောက်ခံမှု ဆက်တိုက်ရရှိလာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ကျွန်မတို့ နိုင်ငံမှာ ဒီလိုနိုင်ငံ့ခေါင်းဆောင်မျိုး တကယ်ကို ရှိသင့်တာပါ သမ္မတကြီးက တကယ်ကို ပြည်သူများရဲ့ ဆန္ဒ သဘောထားကို ရှေ့ရှုနေတယ် ဆိုတာက ဘယ်သူမှငြင်းလို့ မရပါဘူး သမ္မတကြီးကို ကျွန်မတို့ပြည်သူ တစ်ရပ်လုံး ကျန်းမာပါစေ အသက်ရာကျော်ရှည်ပါစေ ဒီထက်မက မြန်မာနိုင်ငံအတွက် လုပ်ဆောင်ပေးနိုင်ပါစေလို့လဲ ဆုတောင်းပါတယ်၊ သူများတွေလို ပါးစပ်ကပြောပြီး လက်တွေ့မပါတဲ့ အလုပ်မျိုးတွေ ကျွန်မတို့ သမ္မတကြီး မလုပ်ဘူးဆိုတာက ထင်ရှားနေပါပြီ ဒါကြောင့်မို့ သမ္မတကြီးကို ကျွန်မတို့ အသက်ရှင်နေသရွေ့ ထောက်ခံသွားမှာပါလို့” ကမာရွတ်မြို့နယ်မှာ နေထိုင်တဲ့ ဒေါ်မိမိခင်က သူ့ရင်ထဲက ခံစားချက်များကို ပြောပြခဲ့ပါတယ်။

ယခုကဲ့သို့ OIC ရုံး မြန်မာနိုင်ငံအတွင်း လာရောက်ဖွင့်လှစ်မယ့် ကိစ္စကို တစ်နိုင်ငံလုံးမှာရှိတဲ့ ရဟန်းရှင်လူများ တခဲနက် ကန့်ကွက် ဆန္ဒဖေါ်ထုတ်နေချိန်မှာ တချိန်က လူထုထောက်ခံမှု ရရှိခဲ့တဲ့ နိုင်ငံရေးပါတီများနဲ့၊ လူထုကြားမှာ တိုင်းပြည်အတွက် ဘယ်လိုကောင်းအောင် လုပ်မယ်ဆိုတဲ့ ကြွေးကြော်သံများကို အဆက်မပြတ် အော်နေကြတဲ့ လူမှုအဖွဲ့အစည်းများ ပါဝင်လာမှု အပေါ်ကိုလဲ ရဟန်းရှင်လူများက စဉ်းစားဝေဖန်ပြောဆိုမှုများ ကြားသိရပါတယ်။  
 
ရတနာပုံသတင်း

ဘကြီးသက်
Unknown at 9:41 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

“လူနာတင်ယာဉ်နှင့် နိုင်ငံတော်အဆင့်ယာဉ်များမှလွဲ၍ အရေးကြီးယာဉ်တန်း ဖြတ်သန်းခွင့်မပေးတော့၊ မီးပွိုင့်များ အချက်ပြစနစ်ဖြင့်သာ ထိန်းချုပ်မည်”

စီးပွားရေးမြို့တော် ရန်ကုန်တွင် ယာဉ်ကြောသွားလာ ရှုပ်ထွေးမှုများကြောင့် လူနာတင်ယာဉ်များနှင့် နိုင် ငံတော်အဆင့် ယာဉ်များမှလွဲ၍ အရေးကြီးယာဉ်တန်းအဖြစ် အထူးအခွင့်အရေးပေး ဖြတ်ခွင့်မပြုတော့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီမှ သတင်းရရ
ှိသည်။
ယခင်က အုပ်ချုပ်ရေးမြို့ တော်ဖြစ်ခဲ့သော ရန်ကုန်တွင် အရေးပေါ်ယာဉ်တန်းများ ဖြတ်သန်းသွားလာမှုများကြောင့် မီးပွိုင့်အချက်ပြစနစ်များတွင် လူမှ ခလုပ်နှိပ် ထိန်းချုပ်ရမှုများ ရှိခဲ့သော်လည်း ယခုအခါ နေပြည်တော်သို့ အုပ်ချုပ်ရေးယန္တရား ပြောင်းရွှေ့သွားခြင်း၊ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်တွင် ယာဉ်သွားလာမှုများ ရှုပ်ထွေးများပြားခြင်းတို့ကြောင့် အရေးပေါ်လူနာတင်ယာဉ်များနှင့် နိုင်ငံတော်အဆင့် အကြီးအကဲများ၊ နိုင်ငံတကာ အထူးဧည့်သည်တော်များ၏ ယာဉ်တန်းများမှလွဲ၍ အရေးကြီးယာဉ်တန်း ဖြတ်သန်းခွင့် မပေးတော့ဘဲ မီးပွိုင့်များအား လူမှ ထိန်းချုပ်ခြင်းအစား အချက်ပြစနစ်ဖြင့်သာ ထိန်းချ

ုပ်စေ ခြင်းကို ဆောင်ရွက်စေမည်ဟု သိရသည်။
“အရင်က လူကြီးတွေဆိုရင် အရေးပေါ်ဖြတ်တာတွေ ရှိတယ်၊ ဒီတော့ စက္ကန့်နဲ့ ထိန်းချုပ်တာကို လူကပဲ ထိန်းချုပ်တာပေါ့၊ အခု ဒီလိုမျိုး မလုပ်ခိုင်းတော့ဘူး ဆိုပေမဲ့ လုပ်နေကြတာပါပဲ၊ စည်ပင်အနေနဲ့လည်း မီးပွိုင့်တွေကို ပြင်နေပါတယ်၊ နောက်ဆိုရင် လူနာတင်ယာဉ်တွေနဲ့ အရေးကြီးယာဉ်တွေပဲ ဖြတ်ရမှာပါ၊ ခေတ်မီဖို့အတွက် ဒစ်ဂျစ်တယ်တွေ အသုံးပြုဖို့ စီစဉ်မှာပါ” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျီနီယာဌာန (လမ်းနှင့်တံတား) မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
ယင်းသို့ အရေးကြီးယာဉ်တန်းများ နည်းပါးသွားခြင်းအတွက်ကြောင့်လည်း လူမှ ခလုတ်နှိပ်၍ လိုသလို အချက်ပြနေခြင်းထက် မီးပွိုင့်များအားလုံးကို လွှမ်းခြုံထိန်းချုပ်နိုင်သော အချက်ပြစနစ်ဖြင့်သာ ခေတ်မီစနစ်တကျ ထိန်းချုပ်သွားရန် လိုအပ်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ကြသည်။
““မီးပွိုင့်ခလုတ်တွေကို ဟိုနှိပ် ဒီနှိပ်ထားတာဆိုတော့ စက္ကန့် ၆၀ က ၉၀ ဖြစ်တာတွေ၊ ၉၉ ကနေ ရုတ်တရက် နီသွားတာတွေ၊ အနီရော အစိမ်းရော ပြိုင်တူပြနေတာတွေက ယာဉ်ကြောပိတ်ဆို့ ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်စေသလို ၊ယာဉ်မတော်တဆမှုတွေလည်း ဖြစ်နိုင်ပါတယ်၊ စိမ်းပြီးရင် မ၀ါဘဲနဲ့ ရုတ်တရက် နီသွားတာတွေမှာ မီးနီဖြတ်ဒဏ်ငွေ မြင့်မားလွန်းတာကြောင့် ရုတ်တရက် ဘရိတ်အုပ်ကြတော့ မီးပွိုင့်မှာ မလိုလားအပ်ဘဲ ယာဉ်တွေ ဆင့်တိုက်မိတာတွေ ဖြစ်နိုင်ပါတယ်၊ ဒါမျိုးတွေ မရှိသင့်တော့ပါဘူး၊ အချက်ပြစနစ်မှာ သူ့ဘာသာ ချိန်ကိုက်ထားပြီးသားပါ၊ လူနဲ့ဆောင်ရွက်တာ စည်းကမ်းရှိလာပေမဲ့ ယာဉ်ကြောတစ်ကြောလုံး ကုန်အောင် ကားတွေလွှတ်ပြီးမှ နောက်ယာဉ်ကြောကို ထပ်လွှတ်တော့ အချက်ပြစနစ်ထက် ယာဉ်ကြောပိတ်ဆို့မှုတွေ ပိုဖြစ်နေပါတယ်၊ အချက်ပြစနစ်အပေါ်မှာပဲ လူအင်အားနဲ့ ကြပ်မတ်ပေးသင့်ပါ တယ်””ဟု မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ တာဝန်ရှိသူတစ်ဦးက သုံးသပ်သည်။
REF: Automobile Journal


ဘကြီးသက်
Unknown at 2:35 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာနိုင်ငံတက္ကသိုလ်များတွင် WiMax အင်တာနက်စနစ်တပ်ဆင်ပေးမည်





 တစ်ဖက်မှလည်း နိုင်ငံတကာ အသိအမှတ်ပြုကျောင်းများပြန် လည်ဖွင့်လှစ်ရန်ကြိုးစားနေသကဲ့သို့ တစ်ဖက်မှ လည်း မြန်မာနိုင်ငံရှိ နည်းပညာ ကျောင်းသားများသင် ကြားမှုစနစ် ပိုမိုအဆင့် မြှင့်တင်ရန် အတွက် မြန်မာနိုင်ငံရှိ နည်းပညာ တက္ကသိုလ်များတွင် မြန်မာ့ ဆက် သွယ်ရေးစာတိုက်နှင့် ကြေနန်း ၀န်ကြီးဌာနမှ Wimax အင်တာနက် စနစ်များ တပ်ဆင်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။ မြန်မာနိုင်ငံရှိ နည်းပညာ တက္ကသိုလ်များတွင် Wimax အင်တာနက် စနစ်အား တပ်ဆင် ပေးသွား မည် ဖြစ်ကြောင်း မြန်မာနိုင်ငံကွန်ပျူတာ ပညာဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ ဦးသိန်းထွန်းကပြောကြားရာတွင် “ကျွန်တော်တို့နိုင်ငံတော် အတွက် အရည်အချင်းပြည့်ဝပြီး နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင် သော လူ့စွမ်းအားအရင်းအမြစ် ရရှိစေဖို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနဲ့ သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန၊ အောက် မှာရှိနေတဲ့ တက္ကသိုလ်၊ ကောလိပ် အားလုံးကို နိုင်ငံတကာ တက္ကသိုလ် တွေရဲ့ Education Network တွေ နဲ့ ချိတ်ဆက်နိုင်စေဖို့ Broadband Education Network ကို ဖိုက် ဘာဆက်ကြောင်းတွေနဲ့ မချိတ် ဆက်နိုင်သေးခင် Wimax အင်တာနက်စနစ်နဲ့ စတင် ၀န် ဆောင်မှုပေးနိုင်ဖို့ သက်ဆိုင်ရာဝန် ကြီးဌာနတွေနဲ့ ညှိနှိုင်းဆောင်ရွက် နေပါတယ်။ မကြာသေးမီကပင် ရန်ကုန်နည်းပညာတက္ကသိုလ်ကို Wimax အင်တာနက်စနစ်စတင် တပ်ဆင်ပေးခဲ့ပြီး မကြာခင်မှာ မန္တလေး နည်းပညာတက္ကသိုလ် ရတနာပုံဆိုင်ဘာစီတီး) နှင့် မန္တလေးရတနာပုံ တက္ကသိုလ်ေ တွမှာ Wimax အင်တာနက်စနစ်တွေနဲ့ အင်တာ နက်သုံးပြီး ဆရာ၊ ဆရာ မတွေ ကျောင်းသူ ကျောင်းသားတွေကို နိုင်ငံတကာ တက္ကသိုလ်တွေနဲ့ ချိတ်ဆက်နိုင်ေ အာင် ဆောင်ရွက် ပေးသွားမှာ ဖြစ်ပါတယ်။ ဒါအပြင် ICT လူ့စွမ်းအား အရင်းအမြစ် (ICT HRD) ပြုစု ပျိုးထောင် ပေး ရေး အပိုင်းမှာ သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန အောက်မှာရှိနေတဲ့ ရန်ကုန် ကွန်ပျူတာ တက္ကသိုလ်နဲ့ မန္တလေး ကွန်ပျူတာ တက္ကသိုလ်တို့ ကို ၂၀၁၂-၂၀၁၂ ခုနှစ် စာသင်နှစ် ကစပြီး Centre Of Excellence (COE) အဖြစ်အဆင့်မြင့်တင်ပြီး သင်ကြားပေးသွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ မြန်မာနိုင်ငံ၏ပညာရေးမြှင့် တင်ပို့ဆိုလျှင် အချက် ၂ ချက်ရှိ ပြီး ပထမတစ်ချက် သည် သင် ထောက် ကူပစ္စည်း အစုံအလင်ရှိ ဖို့နှင့် ဒုတိယအချက်သည် သင်ကြား မှုစနစ်ပြောင်း လဲရန် လိုကြောင်း သိရသည်။
ဘကြီးသက်
Unknown at 7:32 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရုံးဖွင့်ခွင့် သဘောတူလက်မှတ် ရေးထိုးထားပြီး ဖြစ်ကြောင်း OIC တုန့်ပြန်

အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC  ဆက်ဆံရေးရုံးကို မြန်မာနိုင်ငံထဲမှာ ဖွင့်ခွင့်ပြုမှာ မဟုတ်ဘူးလို့ အစိုးရက သတင်းထုတ်ပြန်လိုက်ပါတယ်။ မြန်မာနိုင်ငံထဲမှာ OIC ဖွင့်ခွင့်မပြုဖို့ ဆန္ဒပြပွဲတွေ နေရာ အတော်များများမှာ ဖြစ်ပွားနေချိန်မှာပဲ အခုလို သတင်းထုတ်ပြန်လိုက်တာပါ။ OIC အဖွဲ့ကတော့ အခုလို ရုံးခန်းဖွင့်ဖို့ ပယ်ဖျက်လိုက်တဲ့အကြောင်း သူတို့ဆီကို တရားဝင်အကြောင်းကြားလာမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ဦးဝင်းမင်းက တင်ပြထားပါတယ်။

နိုင်ငံပေါင်း ၅၇နိုင်ငံပါဝင်တဲ့ အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ ဆက်ဆံရေးရုံး ကို မြန်မာနိုင်ငံမှာ ဖွင့်ခွင့်မပြုဘူးလို့ ည ၈နာရီ မြန်မာရေဒီယိုနဲ့ ရုပ်မြင်သံကြားတွေ က ကြေညာလိုက်ပါတယ်။ OIC ဆက်ဆံရေးရုံးဖွင့်ခွင့်မပြုဖို့ ရခိုင်ပြည်နယ် စစ်တွေမြို့နဲ့ မန္တလေးမြို့ကြီးတွေအပါအဝင် အခြားမြို့အနည်းငယ်မှာ ဆန္ဒပြပွဲတွေ ဒီရက်ပိုင်းအတွင်းကစ ဖြစ်လာခဲ့ပြီး အချိန်မှာ မြန်မာအစိုးရဘက်က ပြည်သူလူထုရဲ့ ဆန္ဒနဲ့ မကိုက်ညီလို့ အခုလို ဆုံးဖြတ်ရတာလို့ဆိုပါတယ်။


အခုလို OIC ရုံးဖွင့်ဖို့ကို မြန်မာအစိုးရရဲ့ နယ်စပ်ရေးရာဝန်ကြီး ဦးသိန်းဌေးနဲ့ OIC အဖွဲ့ရဲ့ ကိုယ်စားလှယ်တွေကြား ပြီးခဲ့တဲ့ စက်တင်ဘာကပဲ ရခိုင်ပြည်နယ်က ဒုက္ခသည်တွေ ကူညီရေး နားလည်မှု စာချွန်လွှာတခု လက်မှတ်ရေးထိုးပြီး သဘောတူခဲ့ကြတယ်လို့ OIC အဖွဲ့ ပြန်ကြားရေးဌာနက Ms. Maha အခုလို ပြောပါတယ်။


“သဘောတူညီမှုဟာ မြန်မာအစိုးရဘက်က နယ်စပ်ရေးရာဝန်ကြီးနဲ့ OIC ကိုယ်စားလှယ်တို့ကြား ပြီးခဲ့တဲ့လ စက်တင်ဘာလက လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။ ရုံးခွဲနှစ်ခု ဖွင့်ခွင့်ပြုဖို့ ရန်ကုန်နဲ့ ရခိုင် စစ်တွေမှာပါ။”


အခုလိုလက်မှတ်ရေးထိုးခဲ့တဲ့ ဒီနားလည်မှု စာချွန်လွှာထဲမှာ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ မူဆလင်နဲ့ ဗုဒ္ဓဘာသာဝင်ရခိုင်တွေကြား ဖြစ်ခဲ့တဲ့ ပဋိပက္ခနဲ့ လူသားချင်းဆိုင်ရာ ကူညီမှုတွေကို ညှိနှိုင်းဖြေရှင်းစောင့်ကြည့်ပေးဖို့ အခုလိုရုံးခွဲဖွင့်ဖို့ ထည့်သွင်းခဲ့တာလို့ ဆိုပါတယ်။ ဒါပေမယ့် အခုလို ရုံးခွဲဖွင့်ဖို့ မပြုတော့တဲ့ ဆုံးဖြတ်ချက်ကို တရားဝင်အကြောင်းကြားစာ အနေနဲ့ မရရှိသေးဘူးလို့ OIC ပြန်ကြားရေးဌာနက Ms. Mahar က ဆက်ပြောပါတယ်။


“ကျမတို့အနေနဲ့ မြန်မာအစိုးရထံက အဲ့ဒီ့ကိစ္စနဲ့ပတ်သက်လို့ တရားဝင်အကြောင်းကြားတာမျိုး  လက်ခံရရှိခြင်း မရှိသေးပါဘူး။ ဒါပေမယ့်လို့ ကျမတို့ဆီမှာ ရှိတဲ့အချက်ကတော့ OIC နဲ့ မြန်မာအစိုးရကြား လက်မှတ်ရေးထိုးထားတဲ့ သဘောတူညီမှုပါ။ OIC ရုံးခွဲတွေ ဖွင့်ခွင့်ပြု မယ်ဆိုတဲ့ သဘောတူညီမှု ဖြစ်တာမို့ အခုလိုဖွင့်ခွင့်မပြုနိုင်ဘူးလို့ ပြောလာတာကို ကျမတို့ နားမလည်နိုင်ပါဘူး။ သဘောတူညီမှု လက်မှတ်ရေးထိုးထားပြီးသားပါ။”


တချိန်တည်းမှာ RNDP ခေါ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီခေါင်းဆောင်နဲ့ လွှတ်တော်အမတ် ဒေါက်တာအေးမောင်ကတော့ OIC အနေနဲ့ ဘာသာရေးအဖွဲ့ဖြစ်တဲ့အတွက် တိုက်ရိုက်ရုံးဖွင့်ခွင့်ပေးတာထက် စာရင် မြန်မာအစိုးရကတဆင့် စိစစ်ပြီး အကူအညီတွေကို ရောက်သင့်တဲ့နေရာကို ပို့သင့်တယ်လို့ဆိုပါတယ်။


“ကာလတခုအထိ လာပြီးကာမှ ကိုယ်တိုင်ပါဝင်လုပ်ဆောင်မယ်ဆိုတဲ့ အပိုင်းကြည့်တဲ့အခါမှာ ကျနော်တို့ ပွင့်ပွင့်လင်းလင်းပြောရင် လူတွေက ဘယ်သူတွေ ဘာညာဆိုတာ ကျနော်တို့က သေချာသိနိုင်တဲ့ သဘောမဟုတ်တဲ့အခါကျတော့ အင်မတန်ကြောက်စရာကောင်းတယ်ဗျ။ ဘာတွေကို ယူသွားမလဲ။ ဘာတွေကို ဖော်ထုတ်မလဲ။  မဟုတ်တဲ့ဟာကို ဘယ်လိုဝါဒဖြန့်မလဲ ဆိုတာလည်းရှိတယ်။ အဲ့တာကြောင့် အစိုးရအဖွဲ့ကတဆင့် ကူပေးတာ လက်ခံတယ်။”


တကယ်တော့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဇွန်လကစပြီး ရခိုင်နဲ့မူဆလင်တွေကြား ပဋိပက္ခတွေ ဖြစ်လာခဲ့အပြီးမှာ လူပေါင်းအနည်းဆုံး ၇၀ကျော်သေဆုံးခဲ့ရပြီး အခုလို ရခိုင်ပြည်နယ်အတွင်းမှာလည်း မူဆလင်နဲ့ ဗုဒ္ဓဘာသာ ဒုက္ခသည်ပေါင်း ရှစ်သောင်းပတ်ဝန်းကျင် ဖြစ်လာခဲ့ရတာပါ။ 


ဘကြီးသက်
Unknown at 1:52 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.