Tuesday, October 16, 2012

“လူနာတင်ယာဉ်နှင့် နိုင်ငံတော်အဆင့်ယာဉ်များမှလွဲ၍ အရေးကြီးယာဉ်တန်း ဖြတ်သန်းခွင့်မပေးတော့၊ မီးပွိုင့်များ အချက်ပြစနစ်ဖြင့်သာ ထိန်းချုပ်မည်”

စီးပွားရေးမြို့တော် ရန်ကုန်တွင် ယာဉ်ကြောသွားလာ ရှုပ်ထွေးမှုများကြောင့် လူနာတင်ယာဉ်များနှင့် နိုင် ငံတော်အဆင့် ယာဉ်များမှလွဲ၍ အရေးကြီးယာဉ်တန်းအဖြစ် အထူးအခွင့်အရေးပေး ဖြတ်ခွင့်မပြုတော့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီမှ သတင်းရရ
ှိသည်။
ယခင်က အုပ်ချုပ်ရေးမြို့ တော်ဖြစ်ခဲ့သော ရန်ကုန်တွင် အရေးပေါ်ယာဉ်တန်းများ ဖြတ်သန်းသွားလာမှုများကြောင့် မီးပွိုင့်အချက်ပြစနစ်များတွင် လူမှ ခလုပ်နှိပ် ထိန်းချုပ်ရမှုများ ရှိခဲ့သော်လည်း ယခုအခါ နေပြည်တော်သို့ အုပ်ချုပ်ရေးယန္တရား ပြောင်းရွှေ့သွားခြင်း၊ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်တွင် ယာဉ်သွားလာမှုများ ရှုပ်ထွေးများပြားခြင်းတို့ကြောင့် အရေးပေါ်လူနာတင်ယာဉ်များနှင့် နိုင်ငံတော်အဆင့် အကြီးအကဲများ၊ နိုင်ငံတကာ အထူးဧည့်သည်တော်များ၏ ယာဉ်တန်းများမှလွဲ၍ အရေးကြီးယာဉ်တန်း ဖြတ်သန်းခွင့် မပေးတော့ဘဲ မီးပွိုင့်များအား လူမှ ထိန်းချုပ်ခြင်းအစား အချက်ပြစနစ်ဖြင့်သာ ထိန်းချ

ုပ်စေ ခြင်းကို ဆောင်ရွက်စေမည်ဟု သိရသည်။
“အရင်က လူကြီးတွေဆိုရင် အရေးပေါ်ဖြတ်တာတွေ ရှိတယ်၊ ဒီတော့ စက္ကန့်နဲ့ ထိန်းချုပ်တာကို လူကပဲ ထိန်းချုပ်တာပေါ့၊ အခု ဒီလိုမျိုး မလုပ်ခိုင်းတော့ဘူး ဆိုပေမဲ့ လုပ်နေကြတာပါပဲ၊ စည်ပင်အနေနဲ့လည်း မီးပွိုင့်တွေကို ပြင်နေပါတယ်၊ နောက်ဆိုရင် လူနာတင်ယာဉ်တွေနဲ့ အရေးကြီးယာဉ်တွေပဲ ဖြတ်ရမှာပါ၊ ခေတ်မီဖို့အတွက် ဒစ်ဂျစ်တယ်တွေ အသုံးပြုဖို့ စီစဉ်မှာပါ” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျီနီယာဌာန (လမ်းနှင့်တံတား) မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
ယင်းသို့ အရေးကြီးယာဉ်တန်းများ နည်းပါးသွားခြင်းအတွက်ကြောင့်လည်း လူမှ ခလုတ်နှိပ်၍ လိုသလို အချက်ပြနေခြင်းထက် မီးပွိုင့်များအားလုံးကို လွှမ်းခြုံထိန်းချုပ်နိုင်သော အချက်ပြစနစ်ဖြင့်သာ ခေတ်မီစနစ်တကျ ထိန်းချုပ်သွားရန် လိုအပ်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ကြသည်။
““မီးပွိုင့်ခလုတ်တွေကို ဟိုနှိပ် ဒီနှိပ်ထားတာဆိုတော့ စက္ကန့် ၆၀ က ၉၀ ဖြစ်တာတွေ၊ ၉၉ ကနေ ရုတ်တရက် နီသွားတာတွေ၊ အနီရော အစိမ်းရော ပြိုင်တူပြနေတာတွေက ယာဉ်ကြောပိတ်ဆို့ ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်စေသလို ၊ယာဉ်မတော်တဆမှုတွေလည်း ဖြစ်နိုင်ပါတယ်၊ စိမ်းပြီးရင် မ၀ါဘဲနဲ့ ရုတ်တရက် နီသွားတာတွေမှာ မီးနီဖြတ်ဒဏ်ငွေ မြင့်မားလွန်းတာကြောင့် ရုတ်တရက် ဘရိတ်အုပ်ကြတော့ မီးပွိုင့်မှာ မလိုလားအပ်ဘဲ ယာဉ်တွေ ဆင့်တိုက်မိတာတွေ ဖြစ်နိုင်ပါတယ်၊ ဒါမျိုးတွေ မရှိသင့်တော့ပါဘူး၊ အချက်ပြစနစ်မှာ သူ့ဘာသာ ချိန်ကိုက်ထားပြီးသားပါ၊ လူနဲ့ဆောင်ရွက်တာ စည်းကမ်းရှိလာပေမဲ့ ယာဉ်ကြောတစ်ကြောလုံး ကုန်အောင် ကားတွေလွှတ်ပြီးမှ နောက်ယာဉ်ကြောကို ထပ်လွှတ်တော့ အချက်ပြစနစ်ထက် ယာဉ်ကြောပိတ်ဆို့မှုတွေ ပိုဖြစ်နေပါတယ်၊ အချက်ပြစနစ်အပေါ်မှာပဲ လူအင်အားနဲ့ ကြပ်မတ်ပေးသင့်ပါ တယ်””ဟု မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ တာဝန်ရှိသူတစ်ဦးက သုံးသပ်သည်။
REF: Automobile Journal


ဘကြီးသက်
Unknown at 2:35 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.