Tuesday, October 16, 2012

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ကို ပြည်သူများက ပိုမိုလေးစား ချစ်ခင်လာကြ


လက်ရှိမြန်မာနိုင်ငံရဲ့ သမ္မကြီး ဦးသိန်းစိန်ကို မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာရှိတဲ့ ရဟန်းရှင်လူ ပြည်သူအများက ပိုမိုချစ်ခင် လေးစားလာကြတယ်လို့ ပြောပါတယ်။

အဲဒီလို နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ကို အများပြည်သူများ ပိုမို ချစ်ခင်လေးလာရတာဟာ ပြီးခဲ့တဲ့လအနည်းက ကချင်ပြည်နယ်မှာရှိတဲ့ မြစ်ဆုံဆည် တည်ဆောက်နေချိန်မှာ တိုင်းရင်းပြည်သူအများက လက်မခံခဲ့ခြင်းကြောင့် နိုင်ငံတဝှမ်းမှာ ဆန္ဒဖေါ်ထုတ်မှုများ ပြုလုပ်ခဲ့ကြတာကြောင့် သမ္မတကြီးက တားမြစ်ခဲ့ပြီး၊ ယခုလည်း လူထုတရပ်လုံးရဲ့ ထောက်ခံမှု မရဘဲ မြန်မာနိုင်ငံမှာ OIC ရုံးစိုက်ဖွင့်လှစ်ခွင့်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအတွင်းရှိ ရဟန်းရှင်လူများက ဆန္ဒဖေါ်ထုတ်မှုများကို ဒီရက်ပိုင်းအတွင်းမှာ အဆက်မပြတ် လုပ်ဆောင်ခဲ့ခြင်းကို နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်က ပြည်သူများရဲ့ ဆန္ဒကို ရှေ့ရှုပြီး မြန်မာနိုင်ငံအတွင်း OIC ရုံးလာရောက် ဖွင့်လှစ်မယ့် ကိစ္စကို ခွင့်မပြုခဲ့တာကြောင့် သမ္မတကြီး ဦးသိန်းစိန်ကို မြန်မာပြည်သူအများက ထောက်ခံမှု ဆက်တိုက်ရရှိလာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ကျွန်မတို့ နိုင်ငံမှာ ဒီလိုနိုင်ငံ့ခေါင်းဆောင်မျိုး တကယ်ကို ရှိသင့်တာပါ သမ္မတကြီးက တကယ်ကို ပြည်သူများရဲ့ ဆန္ဒ သဘောထားကို ရှေ့ရှုနေတယ် ဆိုတာက ဘယ်သူမှငြင်းလို့ မရပါဘူး သမ္မတကြီးကို ကျွန်မတို့ပြည်သူ တစ်ရပ်လုံး ကျန်းမာပါစေ အသက်ရာကျော်ရှည်ပါစေ ဒီထက်မက မြန်မာနိုင်ငံအတွက် လုပ်ဆောင်ပေးနိုင်ပါစေလို့လဲ ဆုတောင်းပါတယ်၊ သူများတွေလို ပါးစပ်ကပြောပြီး လက်တွေ့မပါတဲ့ အလုပ်မျိုးတွေ ကျွန်မတို့ သမ္မတကြီး မလုပ်ဘူးဆိုတာက ထင်ရှားနေပါပြီ ဒါကြောင့်မို့ သမ္မတကြီးကို ကျွန်မတို့ အသက်ရှင်နေသရွေ့ ထောက်ခံသွားမှာပါလို့” ကမာရွတ်မြို့နယ်မှာ နေထိုင်တဲ့ ဒေါ်မိမိခင်က သူ့ရင်ထဲက ခံစားချက်များကို ပြောပြခဲ့ပါတယ်။

ယခုကဲ့သို့ OIC ရုံး မြန်မာနိုင်ငံအတွင်း လာရောက်ဖွင့်လှစ်မယ့် ကိစ္စကို တစ်နိုင်ငံလုံးမှာရှိတဲ့ ရဟန်းရှင်လူများ တခဲနက် ကန့်ကွက် ဆန္ဒဖေါ်ထုတ်နေချိန်မှာ တချိန်က လူထုထောက်ခံမှု ရရှိခဲ့တဲ့ နိုင်ငံရေးပါတီများနဲ့၊ လူထုကြားမှာ တိုင်းပြည်အတွက် ဘယ်လိုကောင်းအောင် လုပ်မယ်ဆိုတဲ့ ကြွေးကြော်သံများကို အဆက်မပြတ် အော်နေကြတဲ့ လူမှုအဖွဲ့အစည်းများ ပါဝင်လာမှု အပေါ်ကိုလဲ ရဟန်းရှင်လူများက စဉ်းစားဝေဖန်ပြောဆိုမှုများ ကြားသိရပါတယ်။  
 
ရတနာပုံသတင်း

ဘကြီးသက်
Unknown at 9:41 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.