Tuesday, October 16, 2012

လူရွှင်တော် ဇာဂနာ၏ စင်္ကာပူ အာလပသလာပ ရုပ်သံဖိုင် အွန်လိုင်းစာမျက်နှာများ တွင် ပျံ့နှံ့

ဒေါ်အောင်ဆန်းစုကြည်၊ NLDလွှတ်တော် ကိုယ်စားလှယ်များနှင့် နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ အကြောင်း အာလပသလာပပြော ဆိုထားသော လူရွှင်တော် ဇာဂနာ၏ ရုပ်သံဖိုင် အွန်လိုင်းစာမျက်နှာများ တွင် ပျံ့နှံ့နေကြောင်း သိရသည်။

''ဒီအသံဖိုင်အကြောင်း ကျွန် တော်မသိဘူး။ တရားဝင်လား၊ခိုး ဖမ်းတာလားလဲ မသိဘူး။ အများသိအောင်လုပ်တဲ့ စင်ပေါ်တွေများ ပြောတာလား။ ကျွန်တော်ဘာသာ စားသောက်ဆိုင်မှာပဲဖြစ်ဖြစ် ဘတ်စ် ကားပေါ်မှာပဲ ဖြစ်ဖြစ် ပြောရင် ပြောမယ်။ ဒါ ကျွန်တော်ရဲ့ အလွတ် သဘော Private Life ပဲ။ တရားစွဲ လို့တောင်ရတယ်။ ဒါကို အသံ ခိုးဖမ်းပြီး ဖြန့်တယ်ဆိုရင်တော့ အဆင့်အတန်းနိမ့်ကျတယ်။ ကျွန် တော်လည်း မအားဘူး။ ဒါတွေကို ကြည့်နိုင်မှာ မဟုတ်ဘူး''ဟု ဦး ဇာဂနာက ပြောသည်။

ဦးဇာဂနာ ပြောကြားသော ရုပ်သံဖိုင်တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်ဦးကိုကိုကြီး၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုး မင်းသိန်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇေယျာသော်၊ အမျိုးသမီးသတ္တိဆုရှင် မဇင်မာ အောင်၊ နိုင်ငံရေး တက်ကြလှုပ်ရှား သူ ကိုမြတ်သူ၊ ကိုမျိုးရန်နောင်သိန်း အကြောင်းအရာများနှင့် DVB သတင်းဌာနနှင့် RFA သတင်းဌာန အစရှိသော အကြောင်းအရာများ လည်း ပါဝင်သည်။

အွန်လိုင်းစာမျက်နှာများတွင် ပျံ့နှံ့နေသော ရုပ်သံဖိုင်တွင် ဦးဇာဂနာနှင့် ပတ်သက်သူမျာ၏ ဓာတ်ပုံများ ပါရှိပြီး ထူးခြားချက်အနေဖြင့် အသံဖိုင်ကို စာဖြင့်ပါ ရေးပေးထားပြီး အသံဖြင့်လည်း နားထောင်၍ရကြောင်း သိရ သည်။

''အခုပြောတဲ့ ပုံသဏ္ဍာန်က ရင်းနှီးတဲ့မိတ်ဆွေနဲ့ တွေ့တဲ့အချိန် မှာ အာလာပသလာပ ပြောတဲ့ပုံ။ ကိုယ့်စိတ်ထဲမှာရှိတဲ့ အကြောင်း အရာကို ပေါ့ပေါ့ပါးပါး ပြောနေ တဲ့ ပုံစံမျိုးပါ။ ခက်တာက လူရွှင် တော် ဇာဂနာဆိုတာ ကျွန်တော် မဟုတ်ဘူး။ ခင်ဗျားလည်း မဟုတ် ဘူး။ ဆိုလိုတာက လူသိများပြီး ကျော်ကြားတဲ့ လူတစ်ယောက် ဖြစ် နေတယ်။ သူ့နှုတ်ထွက်စကားက သက်ရောက်မှု အများကြီးရှိတယ်။ ဒီလို ပြောနေတာကို အသိမပေးဘဲ ခိုးဖမ်းပြီး အွန်လိုင်းစာမျက်နှာပေါ် ဖြန့်တာလည်း မကောင်းဘူး။ လူမှု ရေးရှုထောင့်အရလည်း မလုပ်သင့် ဘူး''ဟု ပြည်တွင်းစာနယ်ဇင်း သမားတစ်ဦးက သုံးသပ်ပြောကြား သည်။

လူရွှင်တော်ဇာဂနာသည် ဗိုလ်ချုပ်ရုပ်ရှင် ဖြစ် မြောက်ရေးနှင့် ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး ကော်မရှင်တွင်လည်း ပါဝင်သူဖြစ်ပြီး အနုပညာလောကတွင်လည်း လူကြိုက်များသော လူရွှင်တော်တစ်ဦး ဖြစ်သည်။

By Messenger News Journal





ဘကြီးသက်
Unknown at 10:53 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.