Tuesday, October 16, 2012

မြန်မာနိုင်ငံတက္ကသိုလ်များတွင် WiMax အင်တာနက်စနစ်တပ်ဆင်ပေးမည်





 တစ်ဖက်မှလည်း နိုင်ငံတကာ အသိအမှတ်ပြုကျောင်းများပြန် လည်ဖွင့်လှစ်ရန်ကြိုးစားနေသကဲ့သို့ တစ်ဖက်မှ လည်း မြန်မာနိုင်ငံရှိ နည်းပညာ ကျောင်းသားများသင် ကြားမှုစနစ် ပိုမိုအဆင့် မြှင့်တင်ရန် အတွက် မြန်မာနိုင်ငံရှိ နည်းပညာ တက္ကသိုလ်များတွင် မြန်မာ့ ဆက် သွယ်ရေးစာတိုက်နှင့် ကြေနန်း ၀န်ကြီးဌာနမှ Wimax အင်တာနက် စနစ်များ တပ်ဆင်ပေးသွားမည်ဖြစ် ကြောင်း သိရသည်။ မြန်မာနိုင်ငံရှိ နည်းပညာ တက္ကသိုလ်များတွင် Wimax အင်တာနက် စနစ်အား တပ်ဆင် ပေးသွား မည် ဖြစ်ကြောင်း မြန်မာနိုင်ငံကွန်ပျူတာ ပညာဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ ဦးသိန်းထွန်းကပြောကြားရာတွင် “ကျွန်တော်တို့နိုင်ငံတော် အတွက် အရည်အချင်းပြည့်ဝပြီး နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင် သော လူ့စွမ်းအားအရင်းအမြစ် ရရှိစေဖို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနဲ့ သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန၊ အောက် မှာရှိနေတဲ့ တက္ကသိုလ်၊ ကောလိပ် အားလုံးကို နိုင်ငံတကာ တက္ကသိုလ် တွေရဲ့ Education Network တွေ နဲ့ ချိတ်ဆက်နိုင်စေဖို့ Broadband Education Network ကို ဖိုက် ဘာဆက်ကြောင်းတွေနဲ့ မချိတ် ဆက်နိုင်သေးခင် Wimax အင်တာနက်စနစ်နဲ့ စတင် ၀န် ဆောင်မှုပေးနိုင်ဖို့ သက်ဆိုင်ရာဝန် ကြီးဌာနတွေနဲ့ ညှိနှိုင်းဆောင်ရွက် နေပါတယ်။ မကြာသေးမီကပင် ရန်ကုန်နည်းပညာတက္ကသိုလ်ကို Wimax အင်တာနက်စနစ်စတင် တပ်ဆင်ပေးခဲ့ပြီး မကြာခင်မှာ မန္တလေး နည်းပညာတက္ကသိုလ် ရတနာပုံဆိုင်ဘာစီတီး) နှင့် မန္တလေးရတနာပုံ တက္ကသိုလ်ေ တွမှာ Wimax အင်တာနက်စနစ်တွေနဲ့ အင်တာ နက်သုံးပြီး ဆရာ၊ ဆရာ မတွေ ကျောင်းသူ ကျောင်းသားတွေကို နိုင်ငံတကာ တက္ကသိုလ်တွေနဲ့ ချိတ်ဆက်နိုင်ေ အာင် ဆောင်ရွက် ပေးသွားမှာ ဖြစ်ပါတယ်။ ဒါအပြင် ICT လူ့စွမ်းအား အရင်းအမြစ် (ICT HRD) ပြုစု ပျိုးထောင် ပေး ရေး အပိုင်းမှာ သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာန အောက်မှာရှိနေတဲ့ ရန်ကုန် ကွန်ပျူတာ တက္ကသိုလ်နဲ့ မန္တလေး ကွန်ပျူတာ တက္ကသိုလ်တို့ ကို ၂၀၁၂-၂၀၁၂ ခုနှစ် စာသင်နှစ် ကစပြီး Centre Of Excellence (COE) အဖြစ်အဆင့်မြင့်တင်ပြီး သင်ကြားပေးသွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ မြန်မာနိုင်ငံ၏ပညာရေးမြှင့် တင်ပို့ဆိုလျှင် အချက် ၂ ချက်ရှိ ပြီး ပထမတစ်ချက် သည် သင် ထောက် ကူပစ္စည်း အစုံအလင်ရှိ ဖို့နှင့် ဒုတိယအချက်သည် သင်ကြား မှုစနစ်ပြောင်း လဲရန် လိုကြောင်း သိရသည်။
ဘကြီးသက်
Unknown at 7:32 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.