Sunday, October 14, 2012

(OIC) ရုံး မြန်မာနိုင်ငံ မှာ ဖွင့်မယ့် ကိစ္စ ပြည်သူများကို ရှင်းလင်း

Photo


မြန်မာနိုင်ငံ အနှံ့အပြား မှာ မြန်မာနိုင်ငံတွင် (OIC) ရုံး လာရောက် ဖွင့်လှစ်မယ် ဆိုတဲ့ သတင်းကြာင့် ရဟန်း သံဃာများနဲ့ လူပုဂ္ဂိုလ်များဆန္ဒဖေါ်ထုတ်မှုများ ကို ပြီးခဲ့တဲ့ အပတ် အတွင်း က စပြီး မြန်မာနိုင်ငံ နေရာ အတော် များများ မှာ လုပ်ဆောင် ခဲ့ကြပါတယ်၊ ယခု အခါ မှာ အဆိုပါ ကိစ္စ နဲ့ ပတ်သက်ပြီး ပိုမို အရှိန်ပြင်းစွာ လုပ်ဆောင် လာကြမယ့် အနေအထား များကြောင့် နိုင်ငံတော် သမ္မတကြီး အနေနဲ့ မြန်မာနိုင်ငံမှာ (OIC) ရုံး (OIC Office, OIC Branch)  ဖွင့်လှစ် ခွင့် ပြု မထားကြောင်း၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန နဲ့ MoU ရေးထိုး ထားတဲ့ ရုံးမှာ ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ရာမှာ ကာလ သတ်မှတ်ချက် နဲ့သာ ထားရှိမယ့် ယာယီ ဆက်ဆံရေးရုံး ဖြစ်ပြီး၊ (OIC) ရုံး မဟုတ်ဘူး လို့ ပြောပါတယ်။

အဲဒီ ယာယီရုံး ဖွင့်လှစ်ခွင့် ကိစ္စ ကိုပင်လျှင် ပြန်လည် ညှိနှိုင်းရန် နိုင်ငံတော် သမ္မတ ကိုယ်တိုင် လမ်း ညွှန် ထားပြီး ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာ (OIC ) ရုံး ဖွင့်လှစ်ရေး ကိစ္စနဲ့ စပ်လျဉ်းပြီး ရဟန်းသံဃာများ အပါအဝင် ပြည်သူအများ က ဆန့်ကျင်ကန့်ကွက်မှုများ ပြုလုပ်လျက် ရှိသည်ကို သိရှိရ ကြောင်း၊ ဒါကြောင့် နိုင်ငံအချင်းချင်း (သို့မဟုတ်) နိုင်ငံ အများနဲ့ ပူးပေါင်း ဆောင်ရွက်တဲ့ နားလည်မှု စာချွန် လွှာ လက်မှတ် ရေးထိုးခြင်းနဲ့ စပ်လျဉ်းပြီး နိုင်ငံတော် သမ္မတကြီးရဲ့ လမ်းညွှန်ချက် မှာ အောက် ပါအ တိုင်းဖြစ်ပါသည်-

(က) နိုင်ငံတော်၏ ဂုဏ်သိက္ခာ မထိခိုက်စေရန်၊
(ခ) အမျိုးသား အကျိုးစီးပွား မထိခိုက်စေရန်၊
(ဂ) နိုင်ငံတော်၏ အချုပ်အခြာအာဏာ မထိခိုက်စေရန်၊
(ဃ) သဘာဝ ပတ်ဝန်းကျင် မထိခိုက်စေရန်။

ဒါ့အပြင် နိုင်ငံတော် သမ္မတကြီး ဟာ အုပ်ချုပ်ရေး မဏ္ဍိုင် အနေနဲ့ပြည်သူလူထု ဗဟိုပြု ပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင် နိုင်ရန် ခိုင်မာတဲ့ မူဝါဒများ ချမှတ် ပေးထားပြီး ဖြစ်ပြီး၊ ပြည်သူများ အကြား မှာ ဖြစ်ပေါ်လျက် ရှိနေတဲ့ ဆန္ဒ သဘောထား များကို ကောင်းစွာ သိရှိ နားလည် ထားသော နိုင်ငံတော် အစိုးရ အနေနဲ့ နိုင်ငံတော်နဲ့ နိုင်ငံသား များရဲ့ ဂုဏ်သိက္ခာ၊ အကျိုးစီးပွား ထိခိုက်နစ်နာမှု မရှိစေရန် ဆောင်ရွက် သွားမှာ ဖြစ်ကြောင်း သိရှိရပြီး၊ ပြည်သူများ အနေနဲ့ စိုးရိမ် ပူပန်မှုများ မရှိကြစေရန် အသိပေးအပ်ပါသည် ဟု ဖော်ပြ ထားပါတယ်။

ရတနာပုံသတင်း


ဘကြီးသက်
Unknown at 11:10 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရခိုင်ကျောင်းသားသမဂ္ဂနှင့် လူထုတွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရှိရပါသည်။

ArakanStudent congress အားယနေ့ အောက်တိုဘာလ (၁၄)ရက် စစ်တွေမြို့ ဂြစ်ဖက်ဘုန်းကြီးကျောင်းတွင် ရခိုင်ကျောင်းသားသမဂ္ဂနှင့် လူထုတွေ့ဆုံပွဲအခမ်းအနား တစ်ရပ်ပြုလုပ်ခဲ့ရာ ရာနှင့်ချီသော လူထုများတက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ အခမ်းအနားသို့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ အထွေထွေအတွင်းရေးမှူး ဦးလှစော၊ ရဟန်းပျိုသမဂ္ဂမှ ရဟန်းတော်များ၊ စစ်တွေမြို့ မြို့မိ၊ မြို့ဖများနှင့် တက္ကသိုလ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများ လူပေါင်း(၁၀၀)ကျော်ခန့် တက်ရောက်လာကြပြီး နေ့လည် (၁)နာရီခွဲခန့်တွင် အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ကြောင်း နှင့်တက်ရောက်လာသူများကလည်း ၀မ်းသာအားရမရှိခဲ့ကြောင်းသိရှိရသည်။

"အခမ်းအနား ပြုလုပ်ရတဲ့ရည်ရွယ်ချက်ကတော့ ကျနော်တို့ ရခိုင်ပြည်မှာရှိတဲ့ တက္ကသိုလ်ကျောင်းတွေနဲ့ ကျောင်းသူ၊ ကျောင်းသားတွေ ရသင့်၊ ရထိုက်တဲ့အရာတွေကို ပြည်ထောင်စု မြန်မာနိုင်ငံတော် သမ္မတထံမှာ တောင်းဆိုသွားဖို့အတွက် ဖြစ်ပါတယ်။
အဓိက ကျနော်တို့ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေလိုချင်တဲ့ အချက်(၅)ချက်ကို တောင်းဆိုထားပါတယ်"ဟု စစ်တွေတက္ကသိုလ်ကျောင်းသားတစ်ဦးက အဆိုပါ အခန်း အနားတွင် ထည့်သွင်း ပြောကြားခဲ့ပါသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဆရာဦးလှစော၊ ကလည်းကျောင်းသားများနှင့်ပတ်သက်သည့် အတွေ့အကြုံများကိုရှင်းလင်း ခဲ့ကြောင်းသိရသည်။
ယခင်ကျောင်းသားသမဂ္ဂ တည်ထောင်ခဲ့သော အတွေ့အကြုံရှိ ၀ါရင့်ပုဂ္ဂိုလ်များနှင့် မြို့မိ၊ မြို့ဖများက ကျောင်းသား၏ လိုက်နာရမည့်စည်းများ၊ ရည်ရွယ်ချက်များနှင့် ကျောင်းသားများအနေဖြင့် ထိုသို့ နွေးထွေးစွာ ကျင်းပြလုပ်ကြသည်ကို ၀မ်းသာမိကြောင်း၊ သို့သော်လည်း လုပ်သင့်လုပ်ထိုက်သည်များကို လုပ်ဆောင်သွားကြရန်လိုအပ်ကြောင်းနှင့် တခြားလိုအပ်သည့် အကြံအဥာဏ်များပေးအပ် ပြောကြားခဲ့ကြကြောင်းသိရသည်။

ထို့နောက် ရခိုင်ကျောင်းသား သမဂ္ဂမှ လည်း အောက်ပါအချက်(၅)ချက်အား နိုင်ငံတော်သမ္မတထံသို့ တောင်းဆိုလိုက်ကြောင်း- ထိုအချက်များမှာ-

(၁) ရခိုင်ပြည်နယ်၊ တက္ကသိုလ်အသီးသီးတွင်လိုအပ်လျှက်ရှိသော သင်ထောက်ကူပစ္စည်းများ အမြန်ဆုံးဖြည့်ဆည်းပေးရန်။

(၂) ယခုဖွင့်လှစ်ရန် စီစဉ်လျှက်ရှိသော တောင်ကုတ်မြို့နယ်၊ ဒေသကောလိပ်အား စီးပွားရေးတက္ကသိုလ်အဖြစ် ပြောင်းလဲဖွင့်လှစ်ပေးရန်။

(၃) တက္ကသိုလ်ကျောင်းသား/သူများ စိတ်အေးချမ်းစွာ ပညာသင်ယူဆည်းပူးနိုင်ရန်အတွက် ကျောင်းသွားရာလမ်းတစ်လျှောက်နှင့် ပတ်ဝန်းကျင်အနီးတစ်ဝိုက်ရှိ ဘင်္ဂလီကျေးရွာများအား အမြန်ဆုံးဖယ်ရှားပေးရန် (ဘုမေကျေးရွာ၊ ဘုမေလက်သမားကျေးရွာ ခတင်ပိုက်ကျေးရွာ)

(၄) တက္ကသိုလ်ကျောင်းအနီးတွင် လုံခြုံစိတ်ချရသော ကျောင်းသားကျောင်းသူများနေထိုင်နိုင်မည့်အဆောင်များ အမြန်ဆုံးဆောက်လုပ်ပေးရန်နှင့် ပြည်နယ်အစိုးရအနေဖြင့် ဈေးနှုန်းသက်သာသော ကျောင်းဖယ်ရီကားများကို ဆောက်ရွက်ပေးရန်။

(၅) တရားမ၀င် ၀င်ရောက်နယ်မြေလုလာသော အကြမ်းဖက်ဘင်္ဂလီကုလားများနှင့် အတူတကွပညာသင်ကြားခြင်းမှ ရပ်တန့်ပေးရန် တို့ဖြစ်ကြောင်းသိရသည်။

ရခိုင်ပြည်တက္ကသိုလ်များတွင် လိုအပ်နေတဲ့ သင်ထောက်ကူပစ္စည်း အခက်ခဲများနှင့် ပက်သက်လို့ "ကျနော်တို့ ကွန်ပျူတာကျောင်းမှာဆိုရင် အရင်ကတည်းက မီးစက်မရှိလို့ လက်တွေ့မလေ့ကျင့်ရဘူး၊ အဲဒီလိုဘဲ နည်းပညာတက္ကသိုလ်နဲ့ စစ်တွေတက္ကသိုလ်မှာဆိုရင်လည်း မိမိတို့ဘာသာရပ်နဲ့ ဆက်စပ်တဲ့ သင်ထောက်ကူပစ္စည်းတွေဘာမှ မရှိဘူး၊ ရှိခဲ့ရင်လည်း ကျောင်းသားတွေ လက်တွေ့အသုံးပြုလို့မရဘူး ဘာလို့လည်းဆိုတော့ တစ်ခုတည်းဘဲရှိလို့"ဟု အခမ်းအနားသို့ တက်ရောက်လာသော ကွန်ပျူတာကျောင်းသားဟောင်းတစ်ဦးက ပြောသည်။

ရခိုင်ကျောင်းသားသမဂ္ဂကို ရခိုင်ပြည်နယ်ရှိ ကွန်ပျူတာ တက္ကသိုလ်၊ နည်းပညတက္ကသိုလ်၊ စစ်တွေတက္ကသိုလ် (၃)ခုပေါင်းစည်းပြီး ဗဟိုကော်မတီဝင် ကျောင်းသား၊ ကျောင်းသူပေါင်း(၃၀)ကျော်ဖြင့် ဖွဲ့စည်းထားကြောင်းသိရှိရသည်။
ယင်းသို့ ဖွဲ့စည်းခြင်းသည် နှစ်ကာလကြာမြင့်စွာပျောက်ကွယ်နေသော ရခိုင် ကျောင်းသားများ၏ ဘ၀များကိုပြန်လည်ဖော်ထုတ်နိုင်ရန်နှင့် မျိုးဆက်သစ် ကျောင်းသားအနေဖြင့် ယခင် လူကြီးများ၊ကျောင်းသားစောင်းများ၏ အတွေ့ အကြုံကိုပေါင်းစပ်ကာ ဒီမိုကရေစီလမ်းကြောင်းတွင် ရခိုင်ပြည်နယ်အတွက် နိုင်သည့်အပိုင်းမှ ကူညီဖြည့်ဆည်ပေးသွားလျင် ပိုမိုကောင်းမွန်ဖြစ်ကြောင်း လည်း ဒေသခံများ သုံးသပ်ပြောဆိုကြပါသည်။

REF: Rakhine Straight Views
Posted by Admin Team-NOM

ဘကြီးသက်
Unknown at 10:56 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရမည်းသင်းမြို့ အရံမီးသတ်တပ်ဖွဲ့ ဝင် မွတ်ဆလင်များမှ ခရီးသွား ဗုဒ္ဓဘာသာဝင် နှစ်ဦးအား ဓါးများဖြင့် ထိုးခုတ်သတ်ဖြတ်

၁၃-၁၀-၂၀၁၂ ည ၁၀ နာရီခန့် တွင် ရမည်းသင်းမြို့ ဝါတိုးလယ်ရပ်နေ ဦးခင်မောင်အေး အသက်(၄၅)နှစ် နှင့် ဦးညိုစိမ့် အသက်(၃၄)နှစ်တို့ သည် အလုပ်ကိစ္စဖြင့် သိမ်ကုန်းကျေးရွာသို့ စည်ပင်သာယာလမ်း အတိုင်း ဆိုင်ကယ်ဖြင့် သွားရာ လုံခြုံရေး တာဝန်ကျ အရံမီးသတ် တပ်ဖွဲ့ ဝင် မွတ်စလင်များမှ စစ်ဆေးရန် အကြောင်းပြတားဆီးခဲ့ ကြောင်းသိရပါတယ်။

အဲဒီအချိန်မှာ ရမည်းသင်းမြို့ ပျဉ်တပ်ရပ်ကွက် နှင့် ဗမာ မွတ်စလင် ရပ်ကွက် ( ခ ) ( ဗ.မ.က )ရပ်ကွက် မှ မွတ်စလင်များ အဓိကရုဏ်း ဖြစ်ပွါးမှုကြောင့် အခြေအနေ တင်းမာ နေချိန်လည်း ဖြစ်ပွါး နေချိန် လည်း ဖြစ်ပါတယ်။

အဆိုပါ အရံမီးသတ်မှ မွတ်စလင်များ တားဆီးထားတဲ့ ဆိုင်ကယ်ကို အမှောင်တွင်းပုံးနေကြသော အပေါင်းပါမွတ်စလင်များမှ ဝိုင်းဝန်းထွက်ရိုက်ကြပြီး ဓါးများဖြင့် ထိုးခုတ်သတ်ကြသဖြင့် ဦးခင်မောင်အေး နှင့် ဦးညိုစိမ့် တို့ က အော်ဟစ်အကူညီ တောင်းရာ ပတ်ဝန်ကျင်ရှိ ဗမာများ   မှ အချိန်မှီသွားရောက် ကူညီခဲ့သဖြင့် အသက်ဘေးမှ လွတ်ခဲ့ပေမယ့် ရမည်းသင်း ဆေးရုံတွင် အရေးပေါ်လူနာများအဖြစ် ကုသလျှက်ရှိကြောင်း မျက်မြင်သက်သေတဦးက Myanmar News Now ကိုပြောပါတယ်။

မွတ်စလင်များ ဓါးဖြင့်ထိုးခုတ်ခံထားရသည့် လူနာများ၏ ဓါတ်ပုံများကြည့်ရှုလိုရန် ဒီနေရာကို နှိပ်ပါ 
မှတ်ချက်။ ။ နှလုံးရောဂါ အခံရှိသူများ မကြည့်သင့်ပါ

ယနေ့ အောက်တိုဘာလ ၁၄ ရက်နေ့ ၁၂နာရီမှာ မွတ်စလင်များ လက်ချက်ကြောင့် ဆေးရုံ တင်ထားရသော လူနာဦးညိုစိမ့်နှင့် ဦးခင်မောင်အေးတို့ အား ခရိုင်ရဲမှုးနှင့် အရာရှိ များက ဆေးရုံသို့ လာရောက် အားပေးပြီး လိုအပ်သည်များကို ကူညီပေးမည် ဖြစ်ကြောင်းနှင့် အခင်းဖြစ်ရာတွင် ပါဝင်ကြသူများကို ဖမ်းစီးထားပြီး ထိရောက်စွာ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဟု ပြောကြားသွားပါတယ်။

ထိုလူနာများအားမြို့နယ် တာဝန်ရှိသူများမှ တစ်ဦးလျှင် ငါးသောင်းကျပ်စီ လာရောက်ကူညီ သွားကြောင်းလည်းသိရပါတယ်။  

ရမည်းသင်း မြို့ နယ် ရဲတပ်ဖွဲ့ အသိုင်းဝိုင်းမှ ပြောပြချက်အရ ဒီညမှာ အရင်ညများထက် လုံခြုံရေး အင်အားနှစ်ဆ တိုးပြီးချထားမည်ဟု သိရပါတယ်။

By Myanmar News Now


မွတ်စလင်များ ဓါးဖြင့်ထိုးခုတ်ခံထားရသည့် လူနာများ

ဘကြီးသက်
Unknown at 10:30 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဆီးဂိမ်း ကျင်းပမည့်နေရာများတွင် အင်တာနက် မြန်နှုန်းများ တိုးမြှင့်ရန် ဆောင်ရွက် လျက်ရှိ




၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလမှာ ကျင်းပမယ့် ၂၇ ကြိမ်မြောက် ဆီးဂိမ်း အမှီ အင်တာနက် မြန်နှုန်းများကို ပိုမို ကောင်းမွန် စေဖို့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ပြုလုပ်လျက် ရှိတယ်လို့ သိရပါတယ်။ အခုလို ပြုလုပ်ရာမှာ ဆီးဂိမ်း ကျင်းပမယ့် အဓိက နေရာတွေ ဖြစ်တဲ့ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ ငွေဆောင် အစရှိတဲ့ နေရာတွေမှာ အဓိကထား လုပ်ဆောင် လျက်ရှိတာ ဖြစ်တယ်လို့ ဆက်သွယ်ရေး၊ စာတိုက်နဲ့ ကြေးနန်း ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ လက်ရှိမှာ အသုံးပြုနေတဲ့ အင်တာနက် မြန်နှုန်းထက် ပိုမိုမြန်ဆန်အောင် ပြုလုပ်မှုဟာ ၂၀၁၃ ခုနှစ်မှာ ဆီးဂိမ်း ရှိသလို ၂၀၁၄ ခုနှစ် မှာလည်း Asean Summit ရှိတဲ့ အတွက် နိုင်ငံတကာ စံနှုန်းနဲ့ အညီ အသုံးပြုနိုင်ဖို့ ဆောင်ရွက် လျက်ရှိတာ ဖြစ်ပါတယ်။ အင်တာနက် မြန်နှုန်းတို ယခု လက်ရှိမှာ ဆီးဂိမ်း ပြုလုပ်မယ့် နေရာတွေကို အဓိကထား လုပ်သွားမှာ ဖြစ်ပေမယ့် နောက်ပိုင်း အခြားနေရာ တွေမှာလည်း နိုင်ငံတကာ အဆင့်မီ အင်တာနက် မြန်နှုန်းများ ရရှိအောင် ပြုလုပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ပြုလုပ်တဲ့ နေရာမှာ 4G (LTE) စနစ် ကိုလည်း ဆီးဂိမ်း အမီ ရရှိနိုင်အောင် ကြိုးစားပြီး ပြုလုပ်သွားမှာ ဖြစ်တယ်လို့ မြန်မာ့ ဆက်သွယ်ရေး ၀န်ကြီးဌာနမှ အင်ဂျင်နီယာချုပ် တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

ဘကြီးသက်
Unknown at 9:28 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အမေရိကန် ကိုယ်ခံပညာပေါင်းစုံပြိုင်ပွဲတွင် မြန်မာပြည်မှ အောင်လက ပြိုင်ဘက်အား အလဲထိုး

အမေရိကန်နိုင်ငံ အရှေ့မြောက်ပိုင်း ဒီလာဝယ်ပြည်နယ်၌ ပထမဦးဆုံးအကြိမ်အဖြစ် ကျင်းပသည့် ကိုယ်ခံပညာပေါင်းစုံတိုက်ခိုက်ရေး (Mixed Martial Arts) ပြိုင်ပွဲ၊ တစ်နည်းအား ဖြင့် Cage Fury Fighting Championship (CFFC) ဟုခေါ်သော ပြိုင်ပွဲတွင် မြန်မာပြည်ဖွား ကချင်တိုင်းရင်းသား အောင်လအင်ဆန်းက အိုင်အိုဝါပြည်နယ်မှ ပြိုင်ဘက်အား လျင်မြန်စွာ အလဲထိုးအနိုင်ယူခဲ့သည်။

''The Burmes Pytohon'' ဟုချစ်စနိုးခေါ်ဝေါ်ကြသော အောင်လသည် ပွဲကို ဖြည်းဖြည်းချင်းစတင်ခဲ့ရာ ပြိုင်ဘက် ဂျက်ဆင်လောက်ထံမှ မျက်နှာနှင့် ခန္ဓာကိုယ်သို့ပစ်သွင်းသည့် လက်သီးချက်များ ထိမှန်ခဲ့ရသည်။ သို့သော် အောင်လက ရှေ့ဆက်ထိုးရန် တိုက်စစ်ကို ပြင်ဆင်ခဲ့ပြီးမစ္စတာဂျက်ဆင်လောက် ထောင့်ကပ်မိချိန်တွင် အောင်လက အသည်းနေရာသို့ လက်သီးတစ်လုံးပစ်သွင်းလိုက်ရာ ဂျက်ဆင်တစ်ယောက် ရှူးရှူးရှားရှား ရှေ့တိုးလာသည်။ ထို့နောက်အောင်လက ဘယ်လက်သီးများ ဆက်တိုက်လွှတ်ထိုးရင်း ညာလက်သီးတစ်လုံးလျှပ်တစ်ပြက်ပစ်သွင်းလိုက်ရာ ပြိုင်ဘက် ဂျက်ဆင်မှာ မလှုပ်မယှက်နောက်ကောက်ကျ ဖြစ်သွားသည်။ အသက် ၂၇ နှစ်အရွယ် အောင်လက အဆိုပါလက် ဝှေ့ပွဲမှ အနိုင်ရရှိသော ထိုးကြေးနှင့် စပွန်ဆာရငွေအားလုံးကို ကချင်စစ်ဘေးဒုက္ခသည်များကို လှူဒါန်းမည်ဟု ၄င်း၏ ၀က်ဘ်ဆိုက်တွင် ကြေညာခဲ့သည်။

Photo- sherdog.com

ဘကြီးသက်
Unknown at 9:25 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာ ကစားသမားများ၏ ကစားပုံ မကြိုက်၍ ပရိသတ်များ လာအိုအသင်းသို့ ပြောင်းအားပေး

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပ နေသော ဆူဇူကီးဖလား ခြေစစ်ပွဲ၏ အုပ်စုနောက်ဆုံး ပွဲစဉ် တစ်ခုဖြစ်သော မြန်မာအသင်းနှင့် လာအို အသင်းတို့၏ ပွဲတွင် ကစားသမား အချို့၏ ကစားပုံ စနစ် မကျခြင်း၊ အပင်ပန်းခံ ကြိုးစား အားထုတ်မှု နည်းပါးခြင်းနှင့် နည်းပြဖြစ်သူ၏ လူစားလဲမှု အပေါ် မကျေနပ်ခြင်း များကြောင့် မြန်မာ ပရိသတ်များမှာ လာအိုအသင်းသို့ ပြောင်းလဲ အားပေးခဲ့ကြောင်း အဆိုပါပွဲသို့ သွားရောက် သတင်းရယူနေသည့် The Voice Weekly သတင်းထောက်မှ သတင်းပေးပို့သည်။

"ဒီနေ့ပွဲက ခက်ခဲတဲ့ ပွဲတစ်ခုပါ။ ရာသီဥတုကလဲ အရမ်းပူပါတယ်။ဒီအတွက် ကစားသမားတွေ ထင်သလောက် မကစားနိုင်တာကို ပရိသတ်တွေ နားလည်ပေးစေ ချင်ပါတယ်"ဟု မြန်မာနည်းပြ ပတ်ဆောင်ဟွာက ဆိုသည်။

ယနေ့မြန်မာအသင်းနှင့် ကစားခဲ့သော အုပ်စုနောက်ဆုံးပွဲစဉ်နှင့် ပတ်သက်၍ လာအိုအသင်း နည်းပြချုပ် ကူမာရာက" ဒီနေ့ပွဲနဲ့ ပတ်သက်လို့ ကံကောင်းတာ မကောင်းတာကို မပြောလိုတော့ပါဘူး၊ ရာသီဥတု ပူပြင်းမှု ကတော့ နှစ်သင်းလုံး ခံစားကြရတာပါပဲ။ မြန်မာပရိသတ်တွေက လာအို လာအိုလို့ ပွဲပြီးခါနီးမှာပြောင်းအားပေးတာကိုတွေ့ရတဲ့ အတွက် အံ့သြ ရတာတော့ အမှန်ပါ။ မြန်မာ အသင်းအတွက်တော့ မကောင်းဘူးပေါ့"ဟု ပွဲအပြီး သုံးသပ်ချက်တွင် ထည့်သွင်းပြောကြား သွားခဲ့သည်။

ပရိတ်သတ်များ မျှော်လင့်ထားသည့် အတိုင်း ဖြစ်မလာပါက မိမိအသင်း၏ ဆန့်ကျင်ဘက်ဖြစ်သော အသင်းသို့ပြောင်းလဲ အားပေးမှုများမှာ အခြားနိုင်ငံများတွင်လည်း ဖြစ်တက်ကြောင်းနှင့်မြန်မာအသင်း၏ ကစားသမားအချို့တွင် နည်းပညာပိုင်းနှင့် သက်လုံပိုင်းတို့၌ အားနည်းမှုများ ရှိနေသေးကြောင်း မြန်မာအသင်း နည်းပြချုပ်က ပြောကြားသည်။

မြန်မာအသင်းအနေဖြင့်လာအိုအသင်းကို သရေကစားခဲ့သည့် အတွက် သုံးပွဲနိုင် တစ်ပွဲသရေ ရမှတ် ၁ဝ မှတ်ဖြင့် အုပ်စုပထမဖြင့် ခြေစစ်ပွဲအောင်သောကြောင့် ထိုင်းနိုင်ငံ ကအိမ်ရှင် အဖြစ်လက်ခံကျင်းပမည့် ဆူဇူကီးဖလား အုပ်စုပွဲစဉ် (က)တွင် ထိုင်း၊ ဖိလစ်ပိုင် ၊ ဗီယက်နမ် တို့နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

မြန်မာအသင်းနှင့် လာအိုအသင်းတို့ ၏ ပွဲစဉ်ကို ထိုင်းအသင်း နည်းပြချုပ် ရှက်ဖာနှင့် အဖွဲ့က လာရောက်ကြည့်ရှုခဲ့ကြသည်။

REF: The Voice Weekly


ဘကြီးသက်
Unknown at 9:25 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာနိုင်ငံတွင် OIC ရုံးစိုက်မည် မဟုတ်ဟု နယ်စပ်ရေးရာ ဝန်ကြီး ဌာနဆို


နိုင်ငံများ စုပေါင်းဖွဲ့စည်းထားသော OIC (Origanization of The Islamic Cooperation) က မြန်မာနိုင်ငံတွင် ရုံးစိုက်မည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် ရန်ကုန်မြို့နှင့် ရခိုင်ပြည်နယ် စစ်တွေမြို့တို့တွင် OIC ကို ကန့်ကွက် ဆန္ဒ ဖော်ထုတ်မှုများ ဆက်တိုက် ဖြစ်ပေါ် ခဲ့သော်လည်း မြန်မာနိုင်ငံတွင် OIC ရုံးစိုက်ရန် သဘောတူညီထားခြင်း မရှိကြောင်း နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွေးလှက ပြောကြားသည်။

အဆိုပါ အဖွဲ့အစည်း မြန်မာနိုင်ငံ တွင် ရုံးခွဲ ဖွင့်လှစ်ရန် နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် OIC တို့ အကြား နား လည်မှု စာချွန်လွှာ ရေးထိုး ထားကြောင်း ပြည်ပ မီဒီယာ အချို့တွင် ဖော်ပြခဲ့သည့် အပေါ် ၄င်းက ယင်းသို့ ငြင်းဆိုလိုက် ခြင်းဖြစ်သည်။

“လူမျိုးဘာသာ မရွေး လူသားချင်း စာနာ ထောက်ပံ့ရေး အစီအစဉ်အတွက်ပဲ OIC နဲ့ နားလည်မှု စာချွန်လွှာ ရေးထိုး ထားတယ်။ ရုံးစိုက်မယ့် ကိစ္စမပါဘူး။ ဒါပေမဲ့ လိုအပ်ချက် အရ ယာယီ ရုံးစိုက် မယ်ဆိုရင် ရန်ကုန်မှာပဲ ယာယီရုံး တစ်ရုံး အချိန် အကန့်အသတ်နဲ့ ခွင့်ပြု သွားမယ်”” ဟု ၄င်းက ရှင်းပြသည်။
OIC နှင့် နားလည်မှု စာချွန်လွှာ ရေးထိုးမှုကို ၄င်းကိုယ်တိုင် လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်း ဦးထွေးလှက ဆိုသည်။

OIC သည် ရန်ကုန်မြို့နှင့် စစ်တွေ မြို့တွင် မကြာမီ ရုံးစိုက်မည်ဖြစ်ပြီး ရန်ကုန်ရုံးကို ဗီဇာကိစ္စ အပါအဝင် ထောက်ပံ့ရေး အစီစဉ်များ အတွက် ဖွင့်လှစ်မည် ဖြစ်ကာ စစ်တွေရုံးကို ထောက်ပံ့ရေး ကိစ္စများအတွက် ရုံးစိုက် သွားမည် ဖြစ်ကြောင်း၊ အစ္စလာမ် ဘာသာ၊ ဗုဒ္ဓဘာသာ မခွဲခြားဘဲ ထောက်ပံ့ ကူညီ သွားမည်ဖြစ်ကြောင်း OIC မွတ်ဆလင် လူနည်းစု ရပ်ဝန်း ဌာန ၏ ရိုဟင်ဂျာ အရေးဆိုင်ရာ တာဝန်ခံ မစ္စဒီနာမန်ဒနီ၏ ပြောကြားချက်ကို ဘီဘီစီ မြန်မာပိုင်း အစီအစဉ်တွင် အောက်တိုဘာ လ ၁၀ ရက်နေ့က ဖော်ပြခဲ့သည်။

OIC ရခိုင်ပြည်နယ်တွင် ရုံးစိုက် မည့် ကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့မှ ရခိုင်ပြည်နယ် ပဋိပက္ခ အတွင်း ယာယီ ဖွဲ့စည်းခဲ့သော သတင်း ပြန်ကြားရေး ဌာန အတွင်းရေးမှူး ဦးဝင်းမြိုင်ကို ဆက်သွယ် မေးမြန်းခဲ့ရာ OIC ကိစ္စနှင့် ပတ်သက်၍ တစ်စုံတစ်ရာ အကြောင်းကြားထားခြင်း မရှိကြောင်း ပြန်လည် ဖြေကြားသည်။
ရခိုင်ပြည်နယ် မြို့တော် စစ်တွေ မြို့တွင် အောက်တိုဘာလ ၁၀ ရက်နေ့ က အမျိုးသမီးများ အပါအဝင် ဒေသခံ ၄၀၀၀ ခန့်သည် "Get Out OIC, No
OIC, Stop OIC" စသည့် စာတန်းများ ပါဝင်သည့် အင်္ကျီများကို ဝတ်ဆင်ကာ ဆန္ဒ ဖော်ထုတ် ခဲ့ကြကြောင်း ဒေသခံ များထံမှ သိရသည်။

“OIC လို့ ကြားလိုက်တိုင်း အသည်း ကို အပ်နဲ့ဆွ နေသလို ခံစားရတယ်။ OIC ရခိုင်မှာ ရုံးစိုက်မယ် ဆိုတာ ရခိုင် တစ်မျိုးသားလုံးကို သွေးဆူအောင် လုပ်တာပဲ” ဟု စစ်တွေမြို့ ဆန္ဒ ဖော်ထုတ်မှုတွင် ပါဝင်ခဲ့သော ရခိုင် အမျိုးသမီးတစ်ဦးဖြစ်သူ ဒေါ်ညိုအေး က ရှင်းပြသည်။

ရခိုင်ပြည်နယ် အတွင်း OIC ရုံးစိုက်မည်ဟု သတင်းများ ထွက်ပေါ် လာမှု၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကော့က်ဘဇား နှင့် စစ်တကောင်း ဒေသတို့တွင် ဗုဒ္ဓ ဘာသာဝင်များ အကြမ်းဖက် ခံရမှုများ အတွက် ရန်ကုန်မြို့နှင့် ရခိုင်ပြည်နယ် တို့တွင် သံဃာတော်များ အပါအဝင် တိုင်းရင်းသားများ ဆန္ဒ ဖော်ထုတ်မှု ဆက်တိုက် ဖြစ်ပေါ်ခဲ့သည်။

REF: The Voice Weekly


ဘကြီးသက်
Unknown at 10:09 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဘင်္ဂါလီတက္ကသိုလ်ကျောင်းသားများအားပြန်လည်စာမေးပွဲစစ်ရန် စီစဉ်ထား

 
ဘင်္ဂါလီတက္ကသိုလ်ကျောင်းသားများအားပြန်လည်စာမေးပွဲစစ်ရန် စီစဉ်ထား ကြောင်းသိရသည်။
ပြီးခဲ့ သောတက္ကသိုလ်စာမေးပွဲများတွင်ဖြေဆိုခွင့်မရခဲ့ကြသော စစ်တွေတက္ကသိုလ်မှ ဘင်္ဂါလီတက္ကသိုလ်ကျောင်းသားများအား ပြန်လည်၍စာမေးပွဲစစ်ဆေးပေးရန် စီစဉ်နေကြောင်း တက္ကသိုလ်ကျောင်းနှင့်နီးစပ်အသိုင်းအဝိုင်းမှကြားသိရသည်။

မေးခွန်းများကို လည်းပြီးခဲ့သောစာမေးပွဲကမေးခွန်းများအတိုင်း စစ်ဆေးမည်ဖြစ်ပြီး ကုလားများနေထိုင်ရာ ဘုမေရပ်ကွက်၊ သဲချောင်းရပ်ကွက်၊ အင်ပါလာရပ်ကွက် နှင့် မောင်တောမြို့တို့တွင် စာစစ်ဌာနများဖွင့်လှစ်၍ စစ်ဆေးပေးသွာမည်ဖြစ်ကြောင်းသိရသည်။ ယင်းကျောင်းသားများမှာ ပြီးခဲ့သောတက္ကသိုလ်စာမေးပွဲအတွင်းဖြေဆိုရန် ပါမောက္ခချုပ်မှပိတ်ပင်ခံခဲ့ရသော ကုလားကျောင်းသားများဖြစ်ကြောင်း၊ ပြင်ပသို့သတင်းမပေါက်ကြားစေရန်ဝန်ထမ်းများအားဖိအားပေးထားကြောင်း ခိုင်မာသောသတင်းရပ်ကွက်များမှသိရှိရသည်။
ယင်းသို့တရားမ၀င် စာမေးပွဲများပြုလုပ်ခြင်းသည် လုံးဝမဖြစ်နိုင်ကြောင်း နှင့် မြန်မာနိုင်ငံတွင် ဥပဒေမရှိတော့ဘူးလားဟု တက္ကသိုလ်ဆရာများမှ ပြောပါ သည်။
ယင်းအတွက် အထူးကန့်ကွက်ကြရန်လိုအပ်ကြောင်းလည်း ရခိုင်လူငယ်များ နှင့်ကျောင်သူ သားများပြောပါသည်။

ဘကြီးသက်
Unknown at 9:36 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာပြည်တွင်အလွန်စွမ်းပကားထက်မြတ်သော လက်နက်တစ်မျိုးထုတ်လုပ်နိုင်ပြီ





 ကျွန်ုပ်တို့ မြန်မာပြည်တွင် အလွန်စွမ်းပကားထက်မြက်သော လက်နက်တစ်မျိုးကို ထုတ်လုပ် နိုင်ပြီဖြစ်ကြောင်း သိရှိရပါသည်။
  ဤလက်နက်၏စွမ်းပကားကြောင့် 

 - များစွာသော ခပ်သိမ်းသူအပေါင်းတို့သည် အချင်းချင်းစိတ်ဝမ်းကွဲကြကုန်၏။ - နှစ်ရှည်လများလက်တွဲလုပ်ကိုင်ခဲ့ကြသော ရဲဘော်ရဲဘက်များအကြားစိတ်ဝမ်းကွဲကြကုန်၏။
 - အစိုးရအုပ်ချုပ်မှုယန္တရားအတွင်း ယုံထင်ကြောင်ထင်သံသယ၀င်စေကုန်၏။ 
- အစိုးရနှင့်လွှတ်တော်၊ လွှတ်တော်နှင့် ခုံရုံးများအကြား ပဋ္ဋိပက္ခများကို ဖြစ်စေကုန်၏။ 
- မဏ္ဍိုင်ကြီး ၃ ရပ်အား မတည်မငြိမ်ဖြစ်အောင် စွမ်းဆောင်နိုင်ကုန်၏။ 
- လွှတ်တော်များအတွင်း တိုက်ခိုက်မှုများကို ဖြစ်စေကုန်၏။ 
- ပါတီတစ်ခုနှင့် တစ်ခုအကြား ရန်စောင်မှုများကို ဖြစ်စေကုန်၏။ 
- ပါတီများအတွင်းတွင်လည်း အချင်းချင်း ခွက်စောင်းခုတ်ကြကုန်၏။ - အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြားတွင်လည်း ရင်ကြားစေ့မရအောင် သွေးခွဲနိုင်ကုန်၏။ - တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအတွင်းတွင်လည်းမညီမညွတ်ပျက်စီးခြင်းသို့ရောက်ရှိ အောင် စွမ်းဆောင်ကြကုန်၏။ 
- ၎င်းလက်နက်သုံးစွဲသူအချင်းချင်းပင်လျင် ကွဲပြားမှုများကို ဖြစ်စေကုန်၏။ 
- လူမျိုးရေး၊ ဘာသာရေး မုန်းတီးမှုများကို ပိုမိုကြီးထွားစေကုန်၏။ - နိုင်ငံရေးတက်ကြွသူများအကြား မြှောက်ထိုးပင့်ကော်ရန်တိုက်မှုကို ပြုလုပ်နိုင်ကုန်၏။
 - ယုတ်စွအဆုံး ၄င်းလက်နက်ဖြင့် တိုက်ခိုက်ခံရသူ၏ကိုယ်နှင့် စိတ်မှာပင် မသင့်မြတ်တော့ပေ။ 

ဤလက်နက်၏အမည်ကား ``မီဒီယာလက်နက်´´ ဟု ခေါ်တွင်လေသည်။

 ဤလက်နက်ကို စိတ်ရင်းစေတနာဆိုးရွားသော သာကူးအချို့က သုံးစွဲကြကုန်၏။ ဤလက်နက်ကို သုံးစွဲသူတို့အနေဖြင့် ရရှိနိုင်သောဘေးထွက်ဆိုးကျိုးများမှာ `` ကုန်းတိုက်စကားဆိုသူတို့ခံရမည့်အပြစ်များ အတိုင်းခံရမည့် အတိုင်းပင်တည်း။ သို့ဖြစ်၍ မိတ်ဆွေအပေါင်းတို့အနေဖြင့် ဤလက်နက်ဖြင့် တိုက်ခိုက်ခံရခြင်းမှ ဂရုပြုရှောင်ရှား နိုင်ရေး သတိပေးနှိုးဆော်အပ်ပါကြောင်း။ 

Myanmar Express
ဘကြီးသက်
Unknown at 8:51 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အသက် ရှစ်နှစ်အရွယ် မိန်းကလေးတစ်ဦးအား အဓ္ဓမပြုကျင့်ခဲ့သူကို စစ်ဆေးလျက်ရှိ


အသက် ရှစ်နှစ်အရွယ် မိန်းကလေးတစ်ဦးအား အဓမ္မပြုကျင့်ခဲ့သူကို ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
အောက်တိုဘာလ ၁၁ ရက်နေတွင် အဓမ္မပြုကျင့်ခံရသည့် အသက် ရှစ်နှစ်အရွယ် မိန်းကလေး၏ မိခင်ဖြစ်သူမှာ အထည်ချုပ်စက်ရုံတစ်ခုတွင် အလုပ်ဆင်းနေသည့်အတွက် ဗိုလ်ချုပ်ကျေးရွာ သန်လျင်မြို့နယ်ရှိ နေအိမ်၌ သမီးဖြစ်သူကို တစ်ဦးတည်းထားခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ ကျောက်တန်းမြို့နယ်ရှိ အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်နေစဉ် သမီးဖြစ်သူမှာ နေအိမ်မှရွာတောင်ပိုင်းရှိ ဘုန်းကြီးကျောင်းသို့ သွားရောက်ရာ လေးအိမ်ကျော်အရောက်တွင်နေထိုင်သူ အသက် ၄၃ အရွယ်ရှိ အမျိုးသားတစ်ဦးက အသက်ရှစ်နှစ်အရွယ် သမီးဖြစ်သူကို ခေါ်ပြီး ၎င်း၏နေအိမ်အခန်းအတွင်း၌ အဓမ္မပြုကျင့်ခဲ့ကြောင်း သိရှိရသည်။
ယင်းကဲ့သို့ ပြုကျင့်ချိန်တွင် နေအိမ်ရှေ့မှ အဒေါ်ဖြစ်သူက လှမ်းခေါ်သံကြားခဲ့သဖြင့် ပြစ်မှုကျူးလွန်သူမှာ ၎င်း၏နေအိမ်ပေါ်မှ ဆင်းပြေးသွားခဲ့ကြောင်း သတင်းရရှိသည်။
ပြစ်မှုကျူးလွန်သူကို သန်လျင် ရဲစခန်း(ပ)၁၂၈၆/၂၀၁၂၊ ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ပြီး ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဘကြီးသက်
Unknown at 8:48 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်ဆန်လွန်းတဲ့ အင်တာနက်ခေတ်မှာ Q သောသူ နှင့် ချစ်သောသူကို ကွဲကွဲပြားပြား သိဖို့တော့လိုလိမ့်မယ်….


Q သောသူ - ညသန်းခေါင် မင်းဆီဖုန်းဆက်ပြီး ညဥ့်နက်သည်အထိ ဖုန်းပြောတတ်တယ်။
ချစ်သောသူ - သင့်ကို ညသိပ်မနက်ဖို့ပြောလိမ့်မယ်။

 Q သောသူ - သူကမင်းကို လုပ်စရာရှိတာမလုပ်ခိုင်းဘဲ သွားလည်ဖို့ခေါ်လေ့ရှိတယ်။ 
ချစ်သောသူ - သူကမင်းကို အလုပ်ကောင်းကောင်းလုပ်ဖို့လောဆော်နေလိမ့်မယ်။

 Q သောသူ - မင်းနေမကောင်းချိန်မှာ၊ နားဝင်ချိုတဲ့စကားတွေပြောပြီး မင်းကိုဂရုစိုက်ပြလိမ့်မယ်။ ချစ်သောသူ - မင်းနေမကောင်းချိန်မှာ၊ သူ့ဂရုစိုက်မှုတွေက စိတ်ရှုပ်လောက်အောင်ကို ရှိပြီး ဆရာဝန် အတင်းသွားကြည့်ခိုင်းတတ်တယ်။ 

Q သောသူ - သူကမင်းကို စကားအကောင်းတွေပြောပြီး မင်းရဲ.နှစ်သက်မှုကိုရယူဖို့ ကြိုးစားလေ့ရှိတယ်၊ မင်းကလဲဒါကိုဘဲ မွေ့လျော်နေတတ်တယ်။ 
ချစ်သောသူ - သူပြောသမျှစကားတွေက မင်းကိုဂရုစိုက်တဲ့စကားတွေဖြစ်ပြီး အများအားဖြင့် မင်းကို အမိန့်ပေးတာမျိုးနဲ့ပြောလေ့ရှိတယ်။

 Q သောသူ - သူကမင်း အလိုကိုလိုက်တတ်ပြီး မင်းပျော်နေရင်ရပြီ။ 
ချစ်သောသူ - သူကမင်းကို အမှားအမှန်တွေ ခွဲခြားပြတတ်ပြီး မင်းကတော့သူ့ကို တော်တော်လျှာရှည်တတ်သူလို့ သတ်မှတ်တတ်တယ်။ 

 Q သောသူ - သူကမင်းကို အပျော်ဆုံးပေးမယ်လို့ ပြောလေ့ရှိတယ်။
 ချစ်သောသူ - သူကတော့ မင်းကို သူနဲ့အတူရှိနေခြင်းဟာ သူ့ရဲ. အပျော်ရွှင်ဆုံးအချိန်ဆိုတာကိုဘဲ ကတိပေးလိမ့်မယ်။ 

 Q သောသူ - သူက မင်းရဲ. လှုပ်ရှားမှု အသေးစိတ်ကို သတိထားလိမ့်မယ်၊ မင်းမှားတာလုပ်မိရင်တောင် မင်းကို ထောက်ပြမှာမဟုတ်ဘူး။ 
ချစ်သောသူ - သူက မင်းရဲ. လုပ်ပုံကိုင်ပုံ ကို သတိထားပြီးဘယ်နေရာမှာ မှားနေလဲဆိုတာကို ထောက်ပြလိမ့်မယ်။ ဘယ်နေရာမှာ ဘယ်လိုလုပ်ရမယ်၊ ဘယ်လိုလူတွေနဲ့ဆက်ဆံရမှာကို ပြောပြလေ့ရှိတယ်။ 

Q သောသူ - မင်းဘာလုပ်နေသလဲ၊ ဘယ်သူနဲ့ တွဲနေသလဲဆိုတာကို ဂရုစိုက်မှာမဟုတ်ဘူး။ 
ချစ်သောသူ - မင်းဘာတွေလုပ်နေသလဲ၊ ဘယ်သူနဲ့တွဲနေလဲ ဆိုတာကို အရမ်းအလေးထားတတ်ပြီး မင်းကို ဘယ်လိုလူတွေနဲ့ မပေါင်းသင့်ဘူးဆိုတာကို သတိပေးတတ်တယ်။ 

 Q သောသူ - သူကအခုချိန်ကိုဘဲစဉ်းစားတယ်။
ချစ်သောသူ - သူကရှေ့ရေးကိုတောင်မျှော်မှန်းနေပြီး မင်းစိတ်ချမ်းသာအောင် ဘယ်လိုကြိုးစားရမလဲဆိုတာကို တွေးခေါ်တတ်တယ်။ 

 Q သောသူ - သူက ငါမင်းကို ကြိုက်တယ်လို့ ပြောလေ့ရှိတယ်။ 
ချစ်သောသူ - သူကတော့ ငါမင်းကိုချစ်တယ် လို့ ပြောတတ်တယ်။ 

တကယ်လို့သင်သာ တစ်ယောက်ယောက်ကို ချစ်ခဲ့ဖူးတယ် သို့မဟုတ် ချစ်ခံ ခဲ့ ရဖူးတယ်ဆိုရင်တော့ ဒီစာတွေဟာသိပ်ကိုမှန်ကန်တယ်လို့ ခံစားရပါလိမ့်မယ်။
ဘကြီးသက်
Unknown at 8:35 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒေါပုံမြို့နယ်တွင် ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မှုဖြစ်ပွားခဲ့ရာ နှစ်ဦးပြင်းထန်စွာဒဏ်ရာရ

ရန်ကုန်တိုင်းဒေသကြီး ဒေါပုံ မြို့နယ်တွင်အောက်တိုဘာလ ၁၃ရက်နေ့ ည ၉နာရီ ၁၅မိနစ် အချိန်ခန့်က ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မှုဖြစ်ပွားခဲ့ရာ ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားနှစ်ဦးစလုံး ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဒေါပုံမြို့နယ် Capital Hypermarket ဘက်မှ သာကေတ အမှတ် ၁ ဈေးဘက်သို့ မင်းနန္ဒာလမ်းမကြီးအတိုင်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှင့် မျက်နှာချင်းဆိုင်ဘက်မှလာသော မော် တော်ဆိုင်ကယ်တို့ ဒေါပုံမြို့နယ် မင်းနန္ဒာလမ်းမကြီး၊အိမ်အမှတ် ၂၇၉ ရှေ့အရောက်တွင် တိုက်မိခြင်းဖြစ်ကြောင်း သိရသည်။ ယာဉ်တိုက်မှုဖြစ်စဉ်အနီးတွင်နေထိုင်သူ ကိုငြိမ်းချမ်းက''ကျွန်တော်ကအိပ်နေပါပြီ။ဝုန်းကနဲအသံကြား လိုက်ပြီး ခဏနေ အိမ်ရှေ့မှာဆူညံဆူညံအသံတွေကြားလို့ ထွက်ကြည့်တော့မှ ဆိုင်ကယ်ချင်း တိုက်မိတယ်လို့သိရတာပါ။ မောင်းတဲ့သူနှစ်ယောက်လုံး အပြင်းအထန်ဒဏ်ရာရကြပါတယ်။အရေးပေါ်လူနာတင်ယာဉ်ကားနှစ်စီး မလာခင် ၉နာရီ၄၅မိနစ် လောက်မှာ သက်ဆိုင်ရာတာဝန်ရှိသူတွေက ဆေးရုံကို တက္ကစီငှားပြီး ပို့တာကိုတွေ့ရပါတယ်''ဟုပြောပြခဲ့ပါသည်။ အခင်းဖြစ်ပွားရာနေရာတွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်အရာ ရှိတစ်ဦးကလည်း ''ဌာနဆိုင်ရာက ၀န်ထမ်းလား အရပ်သားတွေလားဆိုတာကိုတော့ စစ်ဆေးနေတုန်းပါ။လက်ရှိလူနာတွေကို ရန်ကုန် ဆေးရုံကြီးကို ပို့လိုက်ပါပြီ။ဆိုင်ကယ်ပဲစီးစီး၊ကားပဲစီးစီး ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းကို ကောင်းကောင်း နားလည်မှ စီးသင့်တယ်လို့ထင်ပါတယ်''ဟု ပြောပြခဲ့သည်။ အဆိုပါ ဆိုင်ကယ်တိုက်မှုဖြစ်စဉ်တွင် မော်တော်ဆိုင်ကယ်နှစ်စီးလုံး ဆိုးရွားစွာပျက်ဆီးခဲ့ပြီး ယင်းဆိုင်ကယ်နှစ်စီးလုံးကို သက်ဆိုင်ရာမှ ထိန်းသိမ်းသွားကြောင်းလည်း သိရသည်။

REF: EMG
Posted by Admin Team-NOM

ဘကြီးသက်
Unknown at 12:49 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကမ္ဘောဇဘဏ်က ဝယ်ယူထားသော ငွေတိုက်စာချုပ်များတန်ဖိုး၏ ၆၀ ရာခိုင်နှုန်းကို ဗဟိုဘဏ်မှ ချေးယူခဲ့ရ


ကောလဟာလစတင်ထွက်ပေါ်သော တနေ့တည်းတွင် အပ်ငွေပမာဏထက် ထုတ်ငွေပမာဏကျပ်၉ဘီလီယံနီးပါး ပိုမိုခဲ့သော ကမ္ဘောဇဘဏ်၏ အကြပ်အတည်းတွင် ဝယ်ယူထားသော အစိုးရငွေတိုက်စာချုပ်များတန်ဖိုး၏ ၆၀ ရာခိုင်နှုန်းကို ဗဟိုဘဏ်ထံမှ ချေးယူခဲ့ရကြောင်း အဆိုပါဘဏ် အြ
ကီး တန်းစီမံခန့်ခွဲမူ ဒါရိုက်တာ ဦးသန်းချိုက ပြောကြားသည်။

“ဒါကလဲ ကျွန်တော်တို့ငွေ ကျွန်တော်တို့ပြန်ယူတဲ့သဘောပါ။ ဗဟိုဘဏ်က စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်မှာတွေမှာတောင် ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်းလဲ ဒီနေ့ပဲပြောကြားခဲ့ပါတယ်”ဟုအောက်တိုဘာလ ၉ရက်နေ့တွင် ကမ္ဘောဇဘဏ်ဥက္ကဌ ဦးအောင်ကိုဝင်းက ပြောဆိုခဲ့သည်။

ချေးယူခဲ့ ရသောငွေပမာဏအတိအကျကိုမူလျှို့ဝှက်ကိန်းဂဏန်းများ ဖြစ်သဖြင့် ပြောဆိုနိုင်ခြင်းမရှိကြောင်း ကမ္ဘောဇဘဏ်တာဝန်ရှိသူများ ငြင်း ဆိုပြောကြားသည်။ပုဂ္ဂလိကဘဏ်များ၏ ကိစ္စအားလုံးကို ဗဟိုဘဏ်က တာဝန်ယူဖြေရှင်းပေးမည်ဖြစ်ကြောင်း၊၂၀၀၃ ခုနှစ်ဘဏ် ၃ဘဏ် ပြိုလဲခဲ့ရခြင်း တွင် ဗဟို ဘဏ်က ဝင်ရောက်ဖြေရှင်းပေးခဲ့သဖြင့် ငွေအပ်နှံထားသူ တစ်ဦးတစ်ယောက်မျှ ဆုံးရှုံးခဲ့ရခြင်းမရှိကြောင်း ဗဟိုဘဏ် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်း သော်က ဆိုသည်။

“ဗဟိုဘဏ်က ဒီလိုကူညီပေးနေမယ်ဆိုရင် ကျွန်တော်တို့လုပ်ငန်းတွေ ဘာမလုပ်နိုင်စရာအကြောင်းရှိမလဲ”ဟု ဘဏ်ဈေးကွက်၏ ၃ပုံ၁ပုံ ဝေစု ရရှိထားသူ ကမ္ဘောဇဘဏ်ဥက္ကဌ ဦးအောင်ကိုဝင်းက ပြောကြားသည်။

ကောလဟာများကြောင့် ဘဏ်မပြိုလဲစေရန် အပ်ငွေအာမခံစနစ် ပိုမိုပီပြင်လာရန်လိုအပ်ကြောင်း ဘဏ်လုပ်ငန်းပညာရှင်များက ဆိုသည်။

ယခုလက်ရှိတွင် တစ်သိန်းမှ ငါးသိန်းပမာဏ အတွင်းငွေစာရင်းများကိုသာ အပ်ငွေအာမခံစနစ် ကျင့်သုံးနိုင်သေးကြောင်း ဘဏ်လုပ်ငန်းရှင်များ ထံမှ သိရသည်။မြန်မာနိင်ငံ၏ဘဏ်စနစ်သည် ဗဟိုဘဏ်က တိုက်ရိုက်ကွက်ကဲ သောစနစ်ဖြစ်ပြီး အခြားနိုင်ငံများနှင့် မတူကြောင်း၊ ပုဂ္ဂလိကဘဏ်များ၏ ငွေအ ဝင်အထွက်စာရင်းများကို နေ့စဉ် ဗဟိုဘဏ်သို့ပေးပို့ရကြောင်း
AGD ဘဏ် မန်နေးဂျင်းဒါရိုက်တာ ဦးရဲမင်းဦးက ရှင်းပြသည်။

“ဘဏ်တွေ မဟုတ်တာလုပ်လို့မရဘူး။ လုပ်ရင် ဗဟိုဘဏ်က ချက်ချင်းသိပြီး အရေးယူလိမ့်မယ်”ဟု ၎င်းကဆိုသည်။

ကမ္ဘောဇဘဏ်၏ လက်ရှိ ရင်းနှီးမတည်ငွေမှာ ကျပ် ဘီလီယံ ၁၀၀ဖြစ်ပြီး အပ်ငွေအာမခံစနစ် ပိုမိုပီပြင်

လာရန် တွန်းအားပေး ဆောင်ရွက်နေ ကြောင်း ကမ္ဘောဇဘဏ် ဒုတိယဥက္ကဌ ဦးသန်းလွင်က ပြောကြားသည်။

SWEET

မူရင်းသတင်း-- Yangon Chronicle


ဘကြီးသက်
Unknown at 12:02 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.