Sunday, October 14, 2012

(OIC) ရုံး မြန်မာနိုင်ငံ မှာ ဖွင့်မယ့် ကိစ္စ ပြည်သူများကို ရှင်းလင်း

Photo


မြန်မာနိုင်ငံ အနှံ့အပြား မှာ မြန်မာနိုင်ငံတွင် (OIC) ရုံး လာရောက် ဖွင့်လှစ်မယ် ဆိုတဲ့ သတင်းကြာင့် ရဟန်း သံဃာများနဲ့ လူပုဂ္ဂိုလ်များဆန္ဒဖေါ်ထုတ်မှုများ ကို ပြီးခဲ့တဲ့ အပတ် အတွင်း က စပြီး မြန်မာနိုင်ငံ နေရာ အတော် များများ မှာ လုပ်ဆောင် ခဲ့ကြပါတယ်၊ ယခု အခါ မှာ အဆိုပါ ကိစ္စ နဲ့ ပတ်သက်ပြီး ပိုမို အရှိန်ပြင်းစွာ လုပ်ဆောင် လာကြမယ့် အနေအထား များကြောင့် နိုင်ငံတော် သမ္မတကြီး အနေနဲ့ မြန်မာနိုင်ငံမှာ (OIC) ရုံး (OIC Office, OIC Branch)  ဖွင့်လှစ် ခွင့် ပြု မထားကြောင်း၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန နဲ့ MoU ရေးထိုး ထားတဲ့ ရုံးမှာ ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ရာမှာ ကာလ သတ်မှတ်ချက် နဲ့သာ ထားရှိမယ့် ယာယီ ဆက်ဆံရေးရုံး ဖြစ်ပြီး၊ (OIC) ရုံး မဟုတ်ဘူး လို့ ပြောပါတယ်။

အဲဒီ ယာယီရုံး ဖွင့်လှစ်ခွင့် ကိစ္စ ကိုပင်လျှင် ပြန်လည် ညှိနှိုင်းရန် နိုင်ငံတော် သမ္မတ ကိုယ်တိုင် လမ်း ညွှန် ထားပြီး ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာ (OIC ) ရုံး ဖွင့်လှစ်ရေး ကိစ္စနဲ့ စပ်လျဉ်းပြီး ရဟန်းသံဃာများ အပါအဝင် ပြည်သူအများ က ဆန့်ကျင်ကန့်ကွက်မှုများ ပြုလုပ်လျက် ရှိသည်ကို သိရှိရ ကြောင်း၊ ဒါကြောင့် နိုင်ငံအချင်းချင်း (သို့မဟုတ်) နိုင်ငံ အများနဲ့ ပူးပေါင်း ဆောင်ရွက်တဲ့ နားလည်မှု စာချွန် လွှာ လက်မှတ် ရေးထိုးခြင်းနဲ့ စပ်လျဉ်းပြီး နိုင်ငံတော် သမ္မတကြီးရဲ့ လမ်းညွှန်ချက် မှာ အောက် ပါအ တိုင်းဖြစ်ပါသည်-

(က) နိုင်ငံတော်၏ ဂုဏ်သိက္ခာ မထိခိုက်စေရန်၊
(ခ) အမျိုးသား အကျိုးစီးပွား မထိခိုက်စေရန်၊
(ဂ) နိုင်ငံတော်၏ အချုပ်အခြာအာဏာ မထိခိုက်စေရန်၊
(ဃ) သဘာဝ ပတ်ဝန်းကျင် မထိခိုက်စေရန်။

ဒါ့အပြင် နိုင်ငံတော် သမ္မတကြီး ဟာ အုပ်ချုပ်ရေး မဏ္ဍိုင် အနေနဲ့ပြည်သူလူထု ဗဟိုပြု ပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင် နိုင်ရန် ခိုင်မာတဲ့ မူဝါဒများ ချမှတ် ပေးထားပြီး ဖြစ်ပြီး၊ ပြည်သူများ အကြား မှာ ဖြစ်ပေါ်လျက် ရှိနေတဲ့ ဆန္ဒ သဘောထား များကို ကောင်းစွာ သိရှိ နားလည် ထားသော နိုင်ငံတော် အစိုးရ အနေနဲ့ နိုင်ငံတော်နဲ့ နိုင်ငံသား များရဲ့ ဂုဏ်သိက္ခာ၊ အကျိုးစီးပွား ထိခိုက်နစ်နာမှု မရှိစေရန် ဆောင်ရွက် သွားမှာ ဖြစ်ကြောင်း သိရှိရပြီး၊ ပြည်သူများ အနေနဲ့ စိုးရိမ် ပူပန်မှုများ မရှိကြစေရန် အသိပေးအပ်ပါသည် ဟု ဖော်ပြ ထားပါတယ်။

ရတနာပုံသတင်း


ဘကြီးသက်
Unknown at 11:10 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.