Sunday, October 14, 2012

ကမ္ဘောဇဘဏ်က ဝယ်ယူထားသော ငွေတိုက်စာချုပ်များတန်ဖိုး၏ ၆၀ ရာခိုင်နှုန်းကို ဗဟိုဘဏ်မှ ချေးယူခဲ့ရ


ကောလဟာလစတင်ထွက်ပေါ်သော တနေ့တည်းတွင် အပ်ငွေပမာဏထက် ထုတ်ငွေပမာဏကျပ်၉ဘီလီယံနီးပါး ပိုမိုခဲ့သော ကမ္ဘောဇဘဏ်၏ အကြပ်အတည်းတွင် ဝယ်ယူထားသော အစိုးရငွေတိုက်စာချုပ်များတန်ဖိုး၏ ၆၀ ရာခိုင်နှုန်းကို ဗဟိုဘဏ်ထံမှ ချေးယူခဲ့ရကြောင်း အဆိုပါဘဏ် အြ
ကီး တန်းစီမံခန့်ခွဲမူ ဒါရိုက်တာ ဦးသန်းချိုက ပြောကြားသည်။

“ဒါကလဲ ကျွန်တော်တို့ငွေ ကျွန်တော်တို့ပြန်ယူတဲ့သဘောပါ။ ဗဟိုဘဏ်က စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်မှာတွေမှာတောင် ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်းလဲ ဒီနေ့ပဲပြောကြားခဲ့ပါတယ်”ဟုအောက်တိုဘာလ ၉ရက်နေ့တွင် ကမ္ဘောဇဘဏ်ဥက္ကဌ ဦးအောင်ကိုဝင်းက ပြောဆိုခဲ့သည်။

ချေးယူခဲ့ ရသောငွေပမာဏအတိအကျကိုမူလျှို့ဝှက်ကိန်းဂဏန်းများ ဖြစ်သဖြင့် ပြောဆိုနိုင်ခြင်းမရှိကြောင်း ကမ္ဘောဇဘဏ်တာဝန်ရှိသူများ ငြင်း ဆိုပြောကြားသည်။ပုဂ္ဂလိကဘဏ်များ၏ ကိစ္စအားလုံးကို ဗဟိုဘဏ်က တာဝန်ယူဖြေရှင်းပေးမည်ဖြစ်ကြောင်း၊၂၀၀၃ ခုနှစ်ဘဏ် ၃ဘဏ် ပြိုလဲခဲ့ရခြင်း တွင် ဗဟို ဘဏ်က ဝင်ရောက်ဖြေရှင်းပေးခဲ့သဖြင့် ငွေအပ်နှံထားသူ တစ်ဦးတစ်ယောက်မျှ ဆုံးရှုံးခဲ့ရခြင်းမရှိကြောင်း ဗဟိုဘဏ် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်း သော်က ဆိုသည်။

“ဗဟိုဘဏ်က ဒီလိုကူညီပေးနေမယ်ဆိုရင် ကျွန်တော်တို့လုပ်ငန်းတွေ ဘာမလုပ်နိုင်စရာအကြောင်းရှိမလဲ”ဟု ဘဏ်ဈေးကွက်၏ ၃ပုံ၁ပုံ ဝေစု ရရှိထားသူ ကမ္ဘောဇဘဏ်ဥက္ကဌ ဦးအောင်ကိုဝင်းက ပြောကြားသည်။

ကောလဟာများကြောင့် ဘဏ်မပြိုလဲစေရန် အပ်ငွေအာမခံစနစ် ပိုမိုပီပြင်လာရန်လိုအပ်ကြောင်း ဘဏ်လုပ်ငန်းပညာရှင်များက ဆိုသည်။

ယခုလက်ရှိတွင် တစ်သိန်းမှ ငါးသိန်းပမာဏ အတွင်းငွေစာရင်းများကိုသာ အပ်ငွေအာမခံစနစ် ကျင့်သုံးနိုင်သေးကြောင်း ဘဏ်လုပ်ငန်းရှင်များ ထံမှ သိရသည်။မြန်မာနိင်ငံ၏ဘဏ်စနစ်သည် ဗဟိုဘဏ်က တိုက်ရိုက်ကွက်ကဲ သောစနစ်ဖြစ်ပြီး အခြားနိုင်ငံများနှင့် မတူကြောင်း၊ ပုဂ္ဂလိကဘဏ်များ၏ ငွေအ ဝင်အထွက်စာရင်းများကို နေ့စဉ် ဗဟိုဘဏ်သို့ပေးပို့ရကြောင်း
AGD ဘဏ် မန်နေးဂျင်းဒါရိုက်တာ ဦးရဲမင်းဦးက ရှင်းပြသည်။

“ဘဏ်တွေ မဟုတ်တာလုပ်လို့မရဘူး။ လုပ်ရင် ဗဟိုဘဏ်က ချက်ချင်းသိပြီး အရေးယူလိမ့်မယ်”ဟု ၎င်းကဆိုသည်။

ကမ္ဘောဇဘဏ်၏ လက်ရှိ ရင်းနှီးမတည်ငွေမှာ ကျပ် ဘီလီယံ ၁၀၀ဖြစ်ပြီး အပ်ငွေအာမခံစနစ် ပိုမိုပီပြင်

လာရန် တွန်းအားပေး ဆောင်ရွက်နေ ကြောင်း ကမ္ဘောဇဘဏ် ဒုတိယဥက္ကဌ ဦးသန်းလွင်က ပြောကြားသည်။

SWEET

မူရင်းသတင်း-- Yangon Chronicle


ဘကြီးသက်
Unknown at 12:02 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.