Sunday, October 14, 2012

ရခိုင်ကျောင်းသားသမဂ္ဂနှင့် လူထုတွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရှိရပါသည်။

ArakanStudent congress အားယနေ့ အောက်တိုဘာလ (၁၄)ရက် စစ်တွေမြို့ ဂြစ်ဖက်ဘုန်းကြီးကျောင်းတွင် ရခိုင်ကျောင်းသားသမဂ္ဂနှင့် လူထုတွေ့ဆုံပွဲအခမ်းအနား တစ်ရပ်ပြုလုပ်ခဲ့ရာ ရာနှင့်ချီသော လူထုများတက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ အခမ်းအနားသို့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီမှ အထွေထွေအတွင်းရေးမှူး ဦးလှစော၊ ရဟန်းပျိုသမဂ္ဂမှ ရဟန်းတော်များ၊ စစ်တွေမြို့ မြို့မိ၊ မြို့ဖများနှင့် တက္ကသိုလ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများ လူပေါင်း(၁၀၀)ကျော်ခန့် တက်ရောက်လာကြပြီး နေ့လည် (၁)နာရီခွဲခန့်တွင် အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ကြောင်း နှင့်တက်ရောက်လာသူများကလည်း ၀မ်းသာအားရမရှိခဲ့ကြောင်းသိရှိရသည်။

"အခမ်းအနား ပြုလုပ်ရတဲ့ရည်ရွယ်ချက်ကတော့ ကျနော်တို့ ရခိုင်ပြည်မှာရှိတဲ့ တက္ကသိုလ်ကျောင်းတွေနဲ့ ကျောင်းသူ၊ ကျောင်းသားတွေ ရသင့်၊ ရထိုက်တဲ့အရာတွေကို ပြည်ထောင်စု မြန်မာနိုင်ငံတော် သမ္မတထံမှာ တောင်းဆိုသွားဖို့အတွက် ဖြစ်ပါတယ်။
အဓိက ကျနော်တို့ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေလိုချင်တဲ့ အချက်(၅)ချက်ကို တောင်းဆိုထားပါတယ်"ဟု စစ်တွေတက္ကသိုလ်ကျောင်းသားတစ်ဦးက အဆိုပါ အခန်း အနားတွင် ထည့်သွင်း ပြောကြားခဲ့ပါသည်။

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဆရာဦးလှစော၊ ကလည်းကျောင်းသားများနှင့်ပတ်သက်သည့် အတွေ့အကြုံများကိုရှင်းလင်း ခဲ့ကြောင်းသိရသည်။
ယခင်ကျောင်းသားသမဂ္ဂ တည်ထောင်ခဲ့သော အတွေ့အကြုံရှိ ၀ါရင့်ပုဂ္ဂိုလ်များနှင့် မြို့မိ၊ မြို့ဖများက ကျောင်းသား၏ လိုက်နာရမည့်စည်းများ၊ ရည်ရွယ်ချက်များနှင့် ကျောင်းသားများအနေဖြင့် ထိုသို့ နွေးထွေးစွာ ကျင်းပြလုပ်ကြသည်ကို ၀မ်းသာမိကြောင်း၊ သို့သော်လည်း လုပ်သင့်လုပ်ထိုက်သည်များကို လုပ်ဆောင်သွားကြရန်လိုအပ်ကြောင်းနှင့် တခြားလိုအပ်သည့် အကြံအဥာဏ်များပေးအပ် ပြောကြားခဲ့ကြကြောင်းသိရသည်။

ထို့နောက် ရခိုင်ကျောင်းသား သမဂ္ဂမှ လည်း အောက်ပါအချက်(၅)ချက်အား နိုင်ငံတော်သမ္မတထံသို့ တောင်းဆိုလိုက်ကြောင်း- ထိုအချက်များမှာ-

(၁) ရခိုင်ပြည်နယ်၊ တက္ကသိုလ်အသီးသီးတွင်လိုအပ်လျှက်ရှိသော သင်ထောက်ကူပစ္စည်းများ အမြန်ဆုံးဖြည့်ဆည်းပေးရန်။

(၂) ယခုဖွင့်လှစ်ရန် စီစဉ်လျှက်ရှိသော တောင်ကုတ်မြို့နယ်၊ ဒေသကောလိပ်အား စီးပွားရေးတက္ကသိုလ်အဖြစ် ပြောင်းလဲဖွင့်လှစ်ပေးရန်။

(၃) တက္ကသိုလ်ကျောင်းသား/သူများ စိတ်အေးချမ်းစွာ ပညာသင်ယူဆည်းပူးနိုင်ရန်အတွက် ကျောင်းသွားရာလမ်းတစ်လျှောက်နှင့် ပတ်ဝန်းကျင်အနီးတစ်ဝိုက်ရှိ ဘင်္ဂလီကျေးရွာများအား အမြန်ဆုံးဖယ်ရှားပေးရန် (ဘုမေကျေးရွာ၊ ဘုမေလက်သမားကျေးရွာ ခတင်ပိုက်ကျေးရွာ)

(၄) တက္ကသိုလ်ကျောင်းအနီးတွင် လုံခြုံစိတ်ချရသော ကျောင်းသားကျောင်းသူများနေထိုင်နိုင်မည့်အဆောင်များ အမြန်ဆုံးဆောက်လုပ်ပေးရန်နှင့် ပြည်နယ်အစိုးရအနေဖြင့် ဈေးနှုန်းသက်သာသော ကျောင်းဖယ်ရီကားများကို ဆောက်ရွက်ပေးရန်။

(၅) တရားမ၀င် ၀င်ရောက်နယ်မြေလုလာသော အကြမ်းဖက်ဘင်္ဂလီကုလားများနှင့် အတူတကွပညာသင်ကြားခြင်းမှ ရပ်တန့်ပေးရန် တို့ဖြစ်ကြောင်းသိရသည်။

ရခိုင်ပြည်တက္ကသိုလ်များတွင် လိုအပ်နေတဲ့ သင်ထောက်ကူပစ္စည်း အခက်ခဲများနှင့် ပက်သက်လို့ "ကျနော်တို့ ကွန်ပျူတာကျောင်းမှာဆိုရင် အရင်ကတည်းက မီးစက်မရှိလို့ လက်တွေ့မလေ့ကျင့်ရဘူး၊ အဲဒီလိုဘဲ နည်းပညာတက္ကသိုလ်နဲ့ စစ်တွေတက္ကသိုလ်မှာဆိုရင်လည်း မိမိတို့ဘာသာရပ်နဲ့ ဆက်စပ်တဲ့ သင်ထောက်ကူပစ္စည်းတွေဘာမှ မရှိဘူး၊ ရှိခဲ့ရင်လည်း ကျောင်းသားတွေ လက်တွေ့အသုံးပြုလို့မရဘူး ဘာလို့လည်းဆိုတော့ တစ်ခုတည်းဘဲရှိလို့"ဟု အခမ်းအနားသို့ တက်ရောက်လာသော ကွန်ပျူတာကျောင်းသားဟောင်းတစ်ဦးက ပြောသည်။

ရခိုင်ကျောင်းသားသမဂ္ဂကို ရခိုင်ပြည်နယ်ရှိ ကွန်ပျူတာ တက္ကသိုလ်၊ နည်းပညတက္ကသိုလ်၊ စစ်တွေတက္ကသိုလ် (၃)ခုပေါင်းစည်းပြီး ဗဟိုကော်မတီဝင် ကျောင်းသား၊ ကျောင်းသူပေါင်း(၃၀)ကျော်ဖြင့် ဖွဲ့စည်းထားကြောင်းသိရှိရသည်။
ယင်းသို့ ဖွဲ့စည်းခြင်းသည် နှစ်ကာလကြာမြင့်စွာပျောက်ကွယ်နေသော ရခိုင် ကျောင်းသားများ၏ ဘ၀များကိုပြန်လည်ဖော်ထုတ်နိုင်ရန်နှင့် မျိုးဆက်သစ် ကျောင်းသားအနေဖြင့် ယခင် လူကြီးများ၊ကျောင်းသားစောင်းများ၏ အတွေ့ အကြုံကိုပေါင်းစပ်ကာ ဒီမိုကရေစီလမ်းကြောင်းတွင် ရခိုင်ပြည်နယ်အတွက် နိုင်သည့်အပိုင်းမှ ကူညီဖြည့်ဆည်ပေးသွားလျင် ပိုမိုကောင်းမွန်ဖြစ်ကြောင်း လည်း ဒေသခံများ သုံးသပ်ပြောဆိုကြပါသည်။

REF: Rakhine Straight Views
Posted by Admin Team-NOM

ဘကြီးသက်
Unknown at 10:56 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.