Sunday, October 14, 2012

အသက် ရှစ်နှစ်အရွယ် မိန်းကလေးတစ်ဦးအား အဓ္ဓမပြုကျင့်ခဲ့သူကို စစ်ဆေးလျက်ရှိ


အသက် ရှစ်နှစ်အရွယ် မိန်းကလေးတစ်ဦးအား အဓမ္မပြုကျင့်ခဲ့သူကို ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
အောက်တိုဘာလ ၁၁ ရက်နေတွင် အဓမ္မပြုကျင့်ခံရသည့် အသက် ရှစ်နှစ်အရွယ် မိန်းကလေး၏ မိခင်ဖြစ်သူမှာ အထည်ချုပ်စက်ရုံတစ်ခုတွင် အလုပ်ဆင်းနေသည့်အတွက် ဗိုလ်ချုပ်ကျေးရွာ သန်လျင်မြို့နယ်ရှိ နေအိမ်၌ သမီးဖြစ်သူကို တစ်ဦးတည်းထားခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ ကျောက်တန်းမြို့နယ်ရှိ အထည်ချုပ်စက်ရုံတွင် အလုပ်လုပ်နေစဉ် သမီးဖြစ်သူမှာ နေအိမ်မှရွာတောင်ပိုင်းရှိ ဘုန်းကြီးကျောင်းသို့ သွားရောက်ရာ လေးအိမ်ကျော်အရောက်တွင်နေထိုင်သူ အသက် ၄၃ အရွယ်ရှိ အမျိုးသားတစ်ဦးက အသက်ရှစ်နှစ်အရွယ် သမီးဖြစ်သူကို ခေါ်ပြီး ၎င်း၏နေအိမ်အခန်းအတွင်း၌ အဓမ္မပြုကျင့်ခဲ့ကြောင်း သိရှိရသည်။
ယင်းကဲ့သို့ ပြုကျင့်ချိန်တွင် နေအိမ်ရှေ့မှ အဒေါ်ဖြစ်သူက လှမ်းခေါ်သံကြားခဲ့သဖြင့် ပြစ်မှုကျူးလွန်သူမှာ ၎င်း၏နေအိမ်ပေါ်မှ ဆင်းပြေးသွားခဲ့ကြောင်း သတင်းရရှိသည်။
ပြစ်မှုကျူးလွန်သူကို သန်လျင် ရဲစခန်း(ပ)၁၂၈၆/၂၀၁၂၊ ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ပြီး ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဘကြီးသက်
Unknown at 8:48 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.