Sunday, October 14, 2012

ဆီးဂိမ်း ကျင်းပမည့်နေရာများတွင် အင်တာနက် မြန်နှုန်းများ တိုးမြှင့်ရန် ဆောင်ရွက် လျက်ရှိ




၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလမှာ ကျင်းပမယ့် ၂၇ ကြိမ်မြောက် ဆီးဂိမ်း အမှီ အင်တာနက် မြန်နှုန်းများကို ပိုမို ကောင်းမွန် စေဖို့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ပြုလုပ်လျက် ရှိတယ်လို့ သိရပါတယ်။ အခုလို ပြုလုပ်ရာမှာ ဆီးဂိမ်း ကျင်းပမယ့် အဓိက နေရာတွေ ဖြစ်တဲ့ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ ငွေဆောင် အစရှိတဲ့ နေရာတွေမှာ အဓိကထား လုပ်ဆောင် လျက်ရှိတာ ဖြစ်တယ်လို့ ဆက်သွယ်ရေး၊ စာတိုက်နဲ့ ကြေးနန်း ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောပြချက် အရ သိရပါတယ်။ လက်ရှိမှာ အသုံးပြုနေတဲ့ အင်တာနက် မြန်နှုန်းထက် ပိုမိုမြန်ဆန်အောင် ပြုလုပ်မှုဟာ ၂၀၁၃ ခုနှစ်မှာ ဆီးဂိမ်း ရှိသလို ၂၀၁၄ ခုနှစ် မှာလည်း Asean Summit ရှိတဲ့ အတွက် နိုင်ငံတကာ စံနှုန်းနဲ့ အညီ အသုံးပြုနိုင်ဖို့ ဆောင်ရွက် လျက်ရှိတာ ဖြစ်ပါတယ်။ အင်တာနက် မြန်နှုန်းတို ယခု လက်ရှိမှာ ဆီးဂိမ်း ပြုလုပ်မယ့် နေရာတွေကို အဓိကထား လုပ်သွားမှာ ဖြစ်ပေမယ့် နောက်ပိုင်း အခြားနေရာ တွေမှာလည်း နိုင်ငံတကာ အဆင့်မီ အင်တာနက် မြန်နှုန်းများ ရရှိအောင် ပြုလုပ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ပြုလုပ်တဲ့ နေရာမှာ 4G (LTE) စနစ် ကိုလည်း ဆီးဂိမ်း အမီ ရရှိနိုင်အောင် ကြိုးစားပြီး ပြုလုပ်သွားမှာ ဖြစ်တယ်လို့ မြန်မာ့ ဆက်သွယ်ရေး ၀န်ကြီးဌာနမှ အင်ဂျင်နီယာချုပ် တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

ဘကြီးသက်
Unknown at 9:28 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.