Sunday, October 14, 2012

မြန်မာနိုင်ငံတွင် OIC ရုံးစိုက်မည် မဟုတ်ဟု နယ်စပ်ရေးရာ ဝန်ကြီး ဌာနဆို


နိုင်ငံများ စုပေါင်းဖွဲ့စည်းထားသော OIC (Origanization of The Islamic Cooperation) က မြန်မာနိုင်ငံတွင် ရုံးစိုက်မည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် ရန်ကုန်မြို့နှင့် ရခိုင်ပြည်နယ် စစ်တွေမြို့တို့တွင် OIC ကို ကန့်ကွက် ဆန္ဒ ဖော်ထုတ်မှုများ ဆက်တိုက် ဖြစ်ပေါ် ခဲ့သော်လည်း မြန်မာနိုင်ငံတွင် OIC ရုံးစိုက်ရန် သဘောတူညီထားခြင်း မရှိကြောင်း နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွေးလှက ပြောကြားသည်။

အဆိုပါ အဖွဲ့အစည်း မြန်မာနိုင်ငံ တွင် ရုံးခွဲ ဖွင့်လှစ်ရန် နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် OIC တို့ အကြား နား လည်မှု စာချွန်လွှာ ရေးထိုး ထားကြောင်း ပြည်ပ မီဒီယာ အချို့တွင် ဖော်ပြခဲ့သည့် အပေါ် ၄င်းက ယင်းသို့ ငြင်းဆိုလိုက် ခြင်းဖြစ်သည်။

“လူမျိုးဘာသာ မရွေး လူသားချင်း စာနာ ထောက်ပံ့ရေး အစီအစဉ်အတွက်ပဲ OIC နဲ့ နားလည်မှု စာချွန်လွှာ ရေးထိုး ထားတယ်။ ရုံးစိုက်မယ့် ကိစ္စမပါဘူး။ ဒါပေမဲ့ လိုအပ်ချက် အရ ယာယီ ရုံးစိုက် မယ်ဆိုရင် ရန်ကုန်မှာပဲ ယာယီရုံး တစ်ရုံး အချိန် အကန့်အသတ်နဲ့ ခွင့်ပြု သွားမယ်”” ဟု ၄င်းက ရှင်းပြသည်။
OIC နှင့် နားလည်မှု စာချွန်လွှာ ရေးထိုးမှုကို ၄င်းကိုယ်တိုင် လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်း ဦးထွေးလှက ဆိုသည်။

OIC သည် ရန်ကုန်မြို့နှင့် စစ်တွေ မြို့တွင် မကြာမီ ရုံးစိုက်မည်ဖြစ်ပြီး ရန်ကုန်ရုံးကို ဗီဇာကိစ္စ အပါအဝင် ထောက်ပံ့ရေး အစီစဉ်များ အတွက် ဖွင့်လှစ်မည် ဖြစ်ကာ စစ်တွေရုံးကို ထောက်ပံ့ရေး ကိစ္စများအတွက် ရုံးစိုက် သွားမည် ဖြစ်ကြောင်း၊ အစ္စလာမ် ဘာသာ၊ ဗုဒ္ဓဘာသာ မခွဲခြားဘဲ ထောက်ပံ့ ကူညီ သွားမည်ဖြစ်ကြောင်း OIC မွတ်ဆလင် လူနည်းစု ရပ်ဝန်း ဌာန ၏ ရိုဟင်ဂျာ အရေးဆိုင်ရာ တာဝန်ခံ မစ္စဒီနာမန်ဒနီ၏ ပြောကြားချက်ကို ဘီဘီစီ မြန်မာပိုင်း အစီအစဉ်တွင် အောက်တိုဘာ လ ၁၀ ရက်နေ့က ဖော်ပြခဲ့သည်။

OIC ရခိုင်ပြည်နယ်တွင် ရုံးစိုက် မည့် ကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့မှ ရခိုင်ပြည်နယ် ပဋိပက္ခ အတွင်း ယာယီ ဖွဲ့စည်းခဲ့သော သတင်း ပြန်ကြားရေး ဌာန အတွင်းရေးမှူး ဦးဝင်းမြိုင်ကို ဆက်သွယ် မေးမြန်းခဲ့ရာ OIC ကိစ္စနှင့် ပတ်သက်၍ တစ်စုံတစ်ရာ အကြောင်းကြားထားခြင်း မရှိကြောင်း ပြန်လည် ဖြေကြားသည်။
ရခိုင်ပြည်နယ် မြို့တော် စစ်တွေ မြို့တွင် အောက်တိုဘာလ ၁၀ ရက်နေ့ က အမျိုးသမီးများ အပါအဝင် ဒေသခံ ၄၀၀၀ ခန့်သည် "Get Out OIC, No
OIC, Stop OIC" စသည့် စာတန်းများ ပါဝင်သည့် အင်္ကျီများကို ဝတ်ဆင်ကာ ဆန္ဒ ဖော်ထုတ် ခဲ့ကြကြောင်း ဒေသခံ များထံမှ သိရသည်။

“OIC လို့ ကြားလိုက်တိုင်း အသည်း ကို အပ်နဲ့ဆွ နေသလို ခံစားရတယ်။ OIC ရခိုင်မှာ ရုံးစိုက်မယ် ဆိုတာ ရခိုင် တစ်မျိုးသားလုံးကို သွေးဆူအောင် လုပ်တာပဲ” ဟု စစ်တွေမြို့ ဆန္ဒ ဖော်ထုတ်မှုတွင် ပါဝင်ခဲ့သော ရခိုင် အမျိုးသမီးတစ်ဦးဖြစ်သူ ဒေါ်ညိုအေး က ရှင်းပြသည်။

ရခိုင်ပြည်နယ် အတွင်း OIC ရုံးစိုက်မည်ဟု သတင်းများ ထွက်ပေါ် လာမှု၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကော့က်ဘဇား နှင့် စစ်တကောင်း ဒေသတို့တွင် ဗုဒ္ဓ ဘာသာဝင်များ အကြမ်းဖက် ခံရမှုများ အတွက် ရန်ကုန်မြို့နှင့် ရခိုင်ပြည်နယ် တို့တွင် သံဃာတော်များ အပါအဝင် တိုင်းရင်းသားများ ဆန္ဒ ဖော်ထုတ်မှု ဆက်တိုက် ဖြစ်ပေါ်ခဲ့သည်။

REF: The Voice Weekly


ဘကြီးသက်
Unknown at 10:09 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.