Tuesday, September 4, 2012

မန္တလေးမြို့ပေါ်တွင် စံချိန်တင် ရေကြီးမူ

ယနေ့ မွန်းလွဲ(၂)နာရီ(၃၀)မိနစ်ကစတင်
ရွာသွန်းခဲ့သည့် မိုးကြောင့် မန္တလေးမြို့ရှိ လူသုံးအများဆုံးအဓိကလမ်းမကြီးများဖြစ်
သော လမ်း ၈၀ နှင့် ၇၈ လမ်းတို့တွင် ရေကြီးရေ
လျှံမှုများ နာရီဝက်အတွင်းဖြစ်ပေါ်ခဲ့သည်။


အခြားလမ်းအချို့လည်းရေကြီးနစ်မြှုပ်မှုဖြစ်ပွားခဲ့သည်။ လမ်းပေါ်ရေကြီးရေလျှံမှုကြောင့် ဆိုင်ကယ်နှင့်ကားများပျက်ခြင်း၊ချို့င့်ခွက်များကိုမမြင်၍ ဆိုင်ကယ်နှင့်စက်ဘီးများ လဲခြင်းတို့ဖြစ်ပေါ်နေသည်ကိုတွေ့ရသည်။



 ကျောင်းဆင်းရုံးဆင်းချိန်ဖြစ်သောကြောင့် ယာဉ်ကြောပိတ်ဆို့မှုများလည်းကြုံ
တွေ့နေရသည်။

မန္တလေးမြို့တွင် ယခုနှစ်မိုးရာသီအစမှ စ၍ ယနေ့ကဲ့သို့ မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်း
မရှိခဲ့ကြောင်း မြို့ခံတစ်ဦးကပြောသည်။




ယနေ့ရွာသွန်းသည့်မိုးသည် တိုက်ဆိုင်စွာပင် မန္တလေးတွင် ပြုလုပ်နေသည့် ဆန္ဒဖော်ထုတ်ပွဲများ
 ပြီးဆုံးချိန်တွင် ရွာသွန်းခဲ့ခြင်းဖြစ်သည်။




ဓာတ်ပုံ-ညီညီဇော်

ဓါက်ပုံ The Voice weekly

သတင်း 7 day news

ဘကြီးသက်
Unknown at 9:18 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပုဇွန်တောင်မြို့နယ်တွင် ကျူရှင်ဆရာမ တစ်ဦး လုယက်ခံရ

ရန်ကုန်မြို့တော်၏ လူနေထပ်သောမြို့နယ်
 တစ်ခုဖြစ်သည့် ပုဇွန်တောင် မြို့နယ်တွင် စာသင်ပြီး နေအိမ်သို့ ပြန်လာသော အသက်
၃၀ကျော် အရွယ် ကျူရှင်ဆရာမ တစ်ဦး

စက်တင်ဘာလ ၁ရက်နေ့ ည၁၀နာရီ ကျော်ကျော်တွင် ရွှေနှင့် လက်ကိုင်အိတ်
လုယက် ခံခဲ့ရကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ စုံစမ်း
သိရှိရသည်။

အဆိုပါ ကျူရှင်ဆရာမမှာ ဒေါ်ခင်ချိုဝင်းဖြစ်ပြီး၊ ယင်းမြို့နယ် ၇ ရပ်ကွက်၊ မဟာသုခလမ်း၊
အမှတ်၁၇ ၊ ၄လွှာ တွင်နေထိုင်သူဖြစ်ကြောင်း၊ ယင်းနေ့က မင်္ဂလာတောင်ညွန့် ဘက်မှ
စာသင်ပြီး ပြန်လာခဲ့ရာ တိုက်ခန်းရှေ့ လှေကားတွင် သော့ဖွင့်နေစဉ် အသက်၂၅ နှစ်အရွယ်၊ အမျိုးသား နှစ်ဦးက သော့ကူ ဖွင့်ပေးကြောင်း ယင်းနောက် သော့ပြန်တောင်းပြီး လှေကားပေါ်
သို့ တက်ရာ ၎င်းတို့ပါ လိုက်တက် လာကြောင်း၊

ဒုတိယထပ် အတက်တွင် တစ်ဦးက လက်မောင်းကို လှမ်းဆွဲလိုက်ပြီး၊ လှေကားပေါ်မှ လဲကျစဉ် ယင်းအမျိုးသား နှစ်ဦးက ဒေါ်ခင်ချိုဝင်း၏ မျက်နှာနှင့် ဦးခေါင်းတို့ကို ရိုက်နှက်ပြီး၊လည်ပင်းတွင် ဆွဲထားသော ရွှေဆွဲကြိုးနှင့် လက်ကိုင်အိတ် အတွင်းမှ လက်ကိုင်ဖုန်း အပါအ၀င် နိုင်ငံသား စိစစ်ရေးကဒ် နှင့် ငွေသုံးသောင်းကျော်ခန့် ယူသွားကြောင်း၊ အဆိုပါ အမျိုးသမီး၏
တိုင်ကြားချက်အရ သိရသည်။

ဒေါ်ခင်ချိုဝင်းမှာ အရိုက်ခံရသောကြောင့် ဦးခေါင်း ဘယ်ဘက် နှင့် အနောက်ဘက်တွင်
ဖူးယောင် ဒဏ်ရာ၊ ညာဘက်နားနှင့် ပါးမျက်လုံးအောက်တွင် ဖူးယောင်ညိုမဲ ဒဏ်ရာနှင့်
ဘယ်ဘက်ပါးရိုး နာကျင်ဒဏ်ရာများ ရရှိ သောကြောင့် ရန်ကုန် ဆေးရုံကြီးတွင် ပြင်ပလူနာ
 အဖြစ် ကုသမှု ခံယူနေကြောင်း၊ ယင်းမြို့နယ် ရဲစခန်း ၏ ထုတ်ပြန်ချက် အရ သိရသည်။

အဆိုပါ လုယက်မှုကို ပုဇွန်တောင် မြို့နယ်ရဲစခန်း (ပ)၂၅၅/၁၂ ပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့်
 ထားကြောင်း ယင်းရဲစခန်း ထံမှ သိရသည်။
 http://shwemyanmarmediagroup.blogspot.com/2012/09/blog-post_4437.html
ဘကြီးသက်
Unknown at 9:16 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြောက်ပိုင်းလူသတ်မှု အမှုမှန်ပေါ်ရေး ဥက္ကဋ္ဌဟောင်းကမ်းလှမ်း

ရန်ကုန် (မဇ္ဈိမ) ။          ။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF တွင်း လွန်ခဲ့သော အနှစ် ၂၀ က ဖြစ်ပွားခဲ့သည့် မြောက်ပိုင်းလူသတ်မှုနှင့် ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ရန် ကိုယ်တိုင် ဦးဆောင် လုပ်ဆောင်သွားမည်ဟု ဥက္ကဋ္ဌဟောင်း ဦးထွန်းအောင်ကျော်က ပြောဆိုခဲ့သည်။

တနင်္လာနေ့ ရန်ကုန်မြို့ ယုဇန ဟိုတယ်တွင်ပြုလုပ်သည့် အမိမြေငြိမ်းချမ်းရေးလုပ်ငန်း သတင်းစာရှင်းလင်းပွဲတွင် “မြောက်ပိုင်းကိစ္စနှင့်ပတ်သက်ပြီး အမှန်တရားပေါ်ပေါက်ရေးကို ကျွန်တော်ကိုယ်တိုင် ဦးဆောင်ပြီး ပါဝင်မယ် ” ဟု ဦးထွန်းအောင်ကျော်က ဆိုသည်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီလိုလားသော ဆန္ဒပြသူများကို စစ်တပ်ကပစ်ခတ်ဖြိုခွင်းကာ အာဏာသိမ်းပြီးနောက် လက်နက်စွဲကိုင်တော်လှန်ရန် နယ်စပ်သို့တိမ်းရှောင်သွားသည့် ကျောင်းသားများဖြင့် ဖွဲ့စည်းခဲ့သည့် ABSDF အတွင်း လူသတ်မှုကျူးလွန်သည်ဆိုခြင်းမှာ လွဲမှားနေသည့် ခေါင်းဆောင်တချို့၏ အာဏာရူးမှု၊ အတွေ့အကြုံ မရင့်ကျက်မှု များကြောင့် ဖြစ်သည်ဟု သူက ပြောသည်။

ကချင်ပြည်နယ်မြောက်ပိုင်း ပါဂျောင်ဒေသတွင် ၁၉၉၂ ခုနှစ်အစောပိုင်းက ဖြစ်ပွားခဲ့သော ညှင်းပန်းသတ်ဖြတ်မှုများ
နှင့် ပတ်သက်၍ လွတ်မြောက်လာသူများနှင့် မိသားစုဝင်များက သတ်ဖြတ်မှုကျူးလွန်သူများကို တရားစွဲဆိုသွားမည်ဟု ထုတ်ဖော်ပြောဆိုထားကြသည်။

ဦးထွန်းအောင်ကျော် ဦးမိုးသီးဇွန်အပါအဝင် အမိမြေ ငြိမ်းချမ်းရေး လုပ်ငန်းတွင် ပါဝင်သူတို့အနေနှင့် မြန်မာနိုင်ငံသို့
ရောက်ရှိလာစဉ် အချိန်အတွင်း ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် ကိစ္စများ၊ ကချင်ပြည်နယ်အတွင်း စစ်ဖြစ်နေ သည့် ကိစ္စရပ်များကို အစိုးရနှင့် ဆွေးနွေးရန် ဆန္ဒရှိနေပြီး လုပ်နိုင်သမျှ လုပ်ဆောင်သွားနိုင်ရန် မျှော်မှန်းထားကြောင်း ABSDF အဖွဲ့ဝင်ဟောင်း ဦးကိုကိုလေးက သတင်းစာရှင်းလင်းပွဲတွင် မဇ္ဈိမကို ပြောသည်။

“ကျွန်တော်တို့ မြန်မာနိုင်ငံကို ခုရောက်လာပြီး ဘာလုပ်နိုင်လဲလို့မေးရင် အစိုးရပိုင်းမှာ ဒီအတွက် အစီအစဉ်တွေ ရှိပါတယ်၊ နောက်ပြီး မြန်မာနိုင်ငံကို ခဏခဏ ဝင်လို့ရအောင် ဝန်ကြီးက လုပ်ပေးထားတဲ့ အစီအစဉ်တွေလည်း ရှိတယ်၊ နောက်ပြီး အမြဲတမ်းနေထိုင်ခွင့်ရသူ (Permenent Resident) အဖြစ်နဲ့ နေခွင့်ရအောင် လုပ်ပေးမယ့် အစီအစဉ်တွေလည်း ရှိပါတယ်” ဟု ဦးကိုကိုလေးက ဆိုသည်။

သမ္မတဦးသိန်းစိန်၏ Black List စာရင်းမှ ပယ်ဖျက်ပေးမှုအပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့် ဦးမိုးသီးဇွန် အပါအဝင် အဆိုပါပုဂ္ဂိုလ်များသည် မြန်မာနိုင်ငံတွင် နေထိုင်ခွင့်ကို ပထမ ခုနစ်ရက်ရရှိခဲ့သည့်အပြင် သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၏ စီစဉ်ပေးမှုကြောင့် သီတင်းလေးပတ်ခန့်ကြာ နေထိုင်နိုင်မည် ဖြစ်သည်။

ယခုလ ၂ ရက်နေ့က ဦးမိုးသီးဇွန်၊ ABSDF ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင်နှင့် သမ္မတရုံး ဝန်ကြီးများဖြစ်သည့် ဦးအောင်မင်း ဦးစိုးသိန်း ကမာရွတ်၊ ရွှေလီလမ်းရှိ ငြိမ်းချမ်းရေးစင်တာတွင် တွေ့ဆုံခဲ့ပြီး တိုင်းရင်းသားအရေးကိစ္စများ၊
ကျောင်းပညာရေးကိစ္စများ ဆွေးနွေးခဲ့ကြသည်။

ဘကြီးသက်
Unknown at 9:10 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒုတိယဝန်ကြီး အပြောင်းအလဲကြောင့် ဆီးဂိမ်းမတိုင်မီ (၅ဝဝဝ)တန် GSM 3G ထွက်ရှိမည်



မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဖုန်းထုတ်လုပ်ခွင့်နိုင်ငံတကာတင်ဒါခေါ်ယူသည်နှင့် တစ်ပြိုင်နက် (၅ဝဝဝ)ကျပ်တန် မိုဘိုင်း ဖုန်းများကို ပြည်သူများအတွက် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ရွှေပြည်တံခွန်ကုမ္ပဏီက သိရှိရသည်။

'' ဒီပုံစံအတိုင်းဆို အခု ဒုတိယဝန်ကြီးအသစ်က အကုန်နားလည်တတ်ကျွမ်းတဲ့သူ ဦးသောင်းတင်ဆိုတော့ မကြာခင် ၂လ ၊ ၃လအတွင်း ဆီးဂိမ်း မတိုင်ခင်မှာ ငါးထောင်တန်ဖုန်း ထွက်နိုင်လောက်ပါတယ်'' ဟု ရွှေပြည် တံခွန်မှ မန်နေဂျင်း ဒါရိုက် တာ ဦးလွင်နိုင်ဦးက ပြောသည်။

ရွှေပြည်တံခွန်ကုမ္ပဏီမှ (၅ဝဝဝ)တန် ဖုန်းထွက်ရှိရေးအတွက် လိုအပ်သည်များကို ပြင်ဆင်ပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးများကို ကနဦး စတင်ရောင်းချပေးရန် အစီအစဉ်ရှိကြောင်း ၄င်းက ဆက်ပြောသည်။

အဆိုပါ (၅ဝဝဝ)ကျပ်တန် မိုဘိုင်းဖုန်းများကို UMTS (Universal Mobile Telecommunication System စနစ်ဖြင့် ထုတ်လုပ်မည်ဖြစ်ပြီး GSM 3G ပုံစံဖြင့် ရောင်းချစီစဉ်ထားကြောင်းကိုလည်း သိရှိရသည်။

'' ထုတ်ဖြစ်မယ်ဆိုရင်တော့ Third Generation (3G) စနစ်နဲ့ထုတ်မှာပါ အင်တာနက် လိုင်းလည်း ပါပါတယ်။ GSM ပါပဲ'' ဟု ဦးလွင်နိုင်ဦးက ပြောသည်။

ဖုန်းထုတ်လုပ်ခွင့်နိုင်ငံတကာတင်ဒါခေါ်ယူခြင်းနှင့် ပတ်သက်ပြီး တင်ဒါခေါ်ယူရာတွင် လိုအပ်သော အချက်အလက်များကို ပြင်ဆင်ရွေးချယ်ခြင်းများ ပြုလုပ်နေကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သိရှိရသည်။


'' နိုင်ငံတကာတင်ဒါခေါ်ဖို့တော့ လိုပါသေးတယ် တင်ဒါခေါ်ရင် လိုအပ်တဲ့အချက်တွေကို ပြင်ဆင်ပြီး ရွေးချယ်နေတုန်း ရှိပါသေးတယ် သေချာစဉ်းစားပြီးမှ လုပ်ရမယ့်ကာလဖြစ်နေသေးလို့ပါ '' ဟု နေပြည်တော်ရှိ မြန်မာ့ဆက်သွယ်ရေးရုံးချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နေပြည်တော်ရှိ မြန်မာ့ဆက်သွယ်ရေးရုံးချုပ်သည် ဖုန်းထုတ်လုပ်ခွင့် နိုင်ငံတကာတင်ဒါခေါ်ယူခြင်းကို တစ်နှစ်အတွင်း ခေါ်ယူ နိုင်ဖွယ်ရှိကြောင်း ၄င်းက ဆက်လက်ပြောကြားခဲ့သည်။

ရွှေပြည်တံခွန်ကုမ္ပဏီသည် မြန်မာ့ဆက်သွယ်ရေးမှ ခေါ်ယူသော နိုင်ငံတကာတင်ဒါတွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဖုန်းကဒ် တစ်ကဒ်လျှင် ငါးထောင်နှုန်းဖြင့် ရောင်းချမည်ဟု ဆိုသော်လည်း ဖုန်းခေါ်ဆိုခနှုန်းထားမှာ တင်ဒါခေါ်ယူခြင်း အပေါ်၌သာ မူတည်ကြောင်း သိရှိရသည်။

၂ဝ၁၂ခုနှစ် ဇန်နဝါရီလပိုင်းတွင် ရွှေပြည်တံခွန်ကုမ္ပဏီအနေဖြင့် ၅ဝဝဝ ကျပ်တန် မိုဘိုင်းဖုန်းများ ထုတ်လုပ်မည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း မြန်မာ့ဆက်သွယ်ရေးမှ ဝန်ကြီးများက နည်းပညာနှင့်ပတ်သက်၍ မြန်မာ့ ဆက်သွယ်ရေးမှအပ အခြားသောပုဂ္ဂလိကကုမ္ပဏီများအနေဖြင့် ထုတ်လုပ်ရောင်းပိုင်ခွင့်မရှိဟု ဆိုခြင်းကြောင့် ရွှေပြည်တံခွန်ကုမ္ပဏီမှာ ငါးထောင်တန်ဖုန်းရောင်းချခွင့်ကို ရပ်ဆိုင်းခဲ့ရကြောင်း သိရှိရသည်။

ရွှေပြည်တံခွန်မှ ထုတ်လုပ်မည့် ငါးထောင်တန် မိုဘိုင်းဖုန်းထွက်ပေါ်လာရေးကို ပြည်သူအများစု မျှော်လင့်ခဲ့သော်လည်း ၂သိန်းဖုန်းသာ ထွက်ပေါ်ခဲ့သောကြောင့် ပြည်သူအများစုမှာ ဆက်လက် မျှော်လင့်ချက် မဲ့ခဲ့ရကြောင်း သိရှိရသည်။

'' ကျွန်တော်တို့ မျှော်လင့်ခဲ့တာက ငါးထောင်တန်ဖုန်းပေါ့ ဒါပေမဲ့ တန်ဖိုးနည်းဖုန်းက ထွက်မလာဘူး။ ၂သိန်းဖုန်းတော့ ထွက်နေပြီး ၊ ဆက်ြ့ပီးတော့ မျှော်လင့်နေ ဦးမှာပါ '' ဟု ၇န်ကုန်မြို့နေ ပြည်သူတစ်ဦး က ပြောသည်။
ဝင့်သင်ဇာကျော် (မြစ်မခ)
by Myit Makha Mediagroup on 4 Sep, 2012

news from.....http://myitmakhamediagroup.com/detail.php?newid=2385


ဘကြီးသက်
Unknown at 8:58 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တောင်တွင်းကြီး မြို့နယ် အုပ်ချုပ်ရေးမှူးဖလား ခိုက်ရန်ဖြစ်ပွား

မကွေးတိုင်း ဒေသကြီး တောင်တွင်းကြီး မြို့နယ် မြို့နယ် အုပ်ချုပ်ရေးမှူး ဖလား ကျေးရွာ ရပ်ကွက်ပေါင်းစုံ ဘောလုံးပြိုင်ပွဲကျင်းပရာ အုပ်စုဗိုလ်လုပွဲ ရှုံး/ထွက်ပွဲစဉ်များ ယှဉ်ပြိုင်ကစားကြရာ ၃.၉.၂၀၁၂ ရက်နေ့ ညနေ ၃နာရီ ၃၀မိနစ် အချိန်တွင် ရွှေအိုး (၁)ရပ်ကွက် ဘောလုံးအသင်းနှင့် သဖန်းကုန်းကျေးရွာ ဘောလုံးအသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြရာမှ ခိုက်ရန်ဖြစ်ပွါးခဲ့ ကြောင်းသိရပါတယ်။

ဘောလုံးပွဲ ပထမပိုင်း ယှဉ်ပြိုင် ကစားကြရာ ဘောလုံးပွဲ ပထမပိုင်းစတင်ချိန် ၁၀မိနစ် ပြည့်ချိန်တွင် ရွှေအိုး (၁)ရပ်ကွက် ဘောလုံးအသင်းမှ ဦးဆောင်ဂိုးအဖြစ် ၁ ဂိုးစတင်သွင်းနိုင်ခဲ့ပြီး ပထမပိုင်းပြီးရန် ၅၆ မိနစ်အချိန်တွင် ရွှေအိုး ၁ ရပ်ကွက်အသင်းမှ သဖန်းကုန်းကျေးရွာအသင်းအား ဦးဆောင်ဂိုး ၄ ဂိုးသွင်းနိုင်ခဲ့ပြီး နှစ်သင်းလုံး အကြိုက်အနယ် ဆက်လက် ယှဉ်ပြိုင်ကစားနေရာမှ သဖန်းကုန်းကျေးရွာ အသင်းမှ အားကစားသမားတစ်ဦး ကစားသမားချင်း မတော်တဆ ထိခိုက်မိပြီး မျက်နှာပြင် နဖူးစောင်းတွင် အနည်းငယ် ဒါဏ်ရာရရှိခဲ့ပါတယ်။

အဲဒီနောက် ပွဲကြည့် ပရိသတ်များ နှစ်ဘက်ကြည့်ရှုရာမှ တဘက်နှင့်တဘက် အပြိုင်အားပေးရာမှ ဆဲဆိုပြောဆိုပြီး ခဲဖြင့်ပစ်ပေါက်ခြင်း၊ လောက်လေးဖြင့် ပစ်ခြင်း၊ တုတ်များဖြင့် ရိုက်ခြင်း ပစ်ပေါက်ခြင်း စသည်ဖြင့် လူအင်အား (၄၀၀) ခန့်မှ တဘက်နှင့်တဘက် အပြန်အလှန် ရုံးရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ခိုက်ရန်  ဖြစ်ပွားမှုများကို  မြန်မာနိုင်ငံ ရဲတပ်ဖွဲ တာဝန်ရှိသူများ သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ လုံခြုံရေး စပ်ကော်မတီများက ၀ိုင်းဝန်းထိန်းသိမ်းခဲ့ ပါတယ်။

 ယင်းသို့ တာဝန် ရှိသူများမှ ထိန်းသိမ်းနေစဉ် တောင်တွင်ကြီးမြို့မ ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် မြင့်ဇော်၏ ၀မ်းဗိုက်သို့ လောက်လေးခဲ ထိမှန်ခဲ့သော်လည်း စိုးရိမ်ဖွယ်ရာ မရှိခဲ့ကြောင်း သိရပါတယ်။

အဆိုပါ နှစ်ဖက်ဖြစ်ပွားမှုကြောင့် ကျေးရွာသား တစ်ဦးမှာ ခေါင်းသို့ ခဲမှန်ပြီး သုံးလေးဦးမှာ ခဲ၊တုတ်များ၊ ပုလင်း ထိမှန်ခဲ့ကြောင်း စုံစမ်းသိရှိခဲ့ရသည် ။ အဆိုပါ ဖြစ်ပွားမှုမှာ တောင်တွင်းကြီးမြို့ ရွှေကြာအင်း (၁)ရပ်ကွက် အတွင်းရှိ မြို့နယ် ရန်ပယ် အားကစားကွင်း အတွင်း အပြင်များတွင် ဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ်။

ပရိသတ်အဖြစ် လာရောက်ကြည့်ရှုသူများထဲမှ (၁၁)ရွယ် ကလေးငယ်တစ်ဦး ပုလင်းကွဲမှန် ၊ လက်တွင် အရိုးထိပေါ်နေသော ဒါဏ်ရာရရှိခဲ့ကြောင်း ဘောလုံးပွဲရပ်လိုက်ရကြောင်း သိရပါတယ်။

အလယ်ပိုင်း သတင်းသမား

Myanmar News Now

ဘောလုံးပွဲ အတွင်း ခိုက်ရန် ဖြစ်ပွါးမှု မြင်ကွင်း ဓါတ်ပုံများ






ဘကြီးသက်
Unknown at 8:54 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဟင်္သာတမြို့တွင် စုံတွဲတတွဲ အသတ်ခံရ

ဧရာဝတီတိုင်း ဟင်္သာတမြို့ တက္ကသိုလ်အနီးမှာ အမျိုးသား၊ အမျိုးသမီး စုံတွဲ သေဆုံးမှုနဲ့ ပတ်သက်ပြီး တရားခံလို့ သံသယရှိသူကို ဒီနေ့ မနက် အရုဏ်မတက်ခင်မှာ ဖမ်းမိထားပြီလို့ မြို့နယ်ရဲက အတည်ပြု ပြောဆိုပါတယ်။ သေဆုံးသူတွေမှာ ဒဏ်ရာတွေ တွေ့ရတယ်လို့ ရဲက ပြောပေမယ့် ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ဘကြီးသက်
Unknown at 8:52 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အမြတ်ခွန်ဥပဒေကို ဝင်ငွေခွန်ဥပဒေဖြင့် စည်းကြပ်တော့မည်


ယခင်အမြတ်ခွန်ဥပဒေကို ဝင်ငွေခွန်ဥပဒေဖြင့် ယခုနှစ်မှ စတင်စည်းကြပ်မည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။ ဝင်ငွေခွန်အား လစာအပေါ်တွင် ကောက်ခြင်း၊ အသက်မွေးဝမ်းကျောင်းပေါ်တွင် ကောက်ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များအပေါ် ကောက်ခြင်း၊ ပစ္စည်းများ ငှားရမ်းခရသည့်အပေါ်တွင် ကောက်ခြင်း၊ အစုရှယ်ယာ အမြတ်ရသည့်အပေါ်တွင် ကောက်ခြင်း အစရှိသည်တို့ကို ကောက်သွားမည်ဖြစ်ကြောင်း သိရသည်။ ယခု ပြင်ဆင်သတ်မှတ်လိုက်သည့် လစာဝင်ငွေအပေါ် ကောက်မည့်အခွန်နှုန်းမှာ ငါးသိန်းအထိကို ၁ ရာခိုင်နှုန်းဖြစ်ပြီး၊ သိန်း ၂၀၀ အထက်ကို ၂၀ ရာခိုင်နှုန်း သမဝါယမလုပ်ငန်း၊ စီးပွားရေးလုပ်ငန်းများအပေါ် ကောက်မည့်အခွန်နှုန်းထားမှာ ယခုငါးသိန်းအထိကို နှစ်ရာခိုင်နှုန်း၊ ကျပ်သိန်း ၃၀၀ အထိကို ၂၅ ရာခိုင်နှုန်းတို့ဖြစ်ကြောင်း သိရသည်။ “အခွန်ကင်းလွတ်ခွင့် ရတဲ့ဟာတွေလဲ ရှိပါတယ်။ ဘာသာရေးအဖွဲ့အစည်းတွေရဲ့ လုပ်ငန်းတွေအပေါ်မှာ အခွန်ကင်းလွတ်ခွင့် ရှိတယ်။ ဒေသဆိုင်ရာအဖွဲ့ရဲ့ ဝင်ငွေမှာ အခွန်ကင်းလွတ်ခွင့်ရှိတယ်၊ ငွေစုဘဏ်တွေမှာ စုဆောင်းငွေပေါ်မှာ ရတဲ့အပေါ် အခွန်ကင်းလွတ်ခွင့်ရှိတယ်။ ဒါပေမယ့် နည်းဥပဒေနဲ့ ပြဋ္ဌာန်းရတဲ့ ငွေတစ်ရပ်ရပ်စုတာ ဖြစ်တဲ့အတွက် အစိုးရငွေစုဘဏ်မှာ ရတဲ့အတိုးကိုပဲ ပြောတာဖြစ်တယ်။ ပုဂ္ဂလိကဘဏ်ကရတဲ့ အတိုးအပေါ်မှာ အခွန်ကင်းလွတ်ခွင့် မရှိပါဘူး။ ပင်စင်၊ သေဆုံး (သို့မဟုတ်) ဒဏ်ရာရရှိတဲ့ လျော်ကြေး၊ အာမခံလျော်ကြေး၊ အဖန်တလဲလဲ မဟုတ်ဘဲ တစ်ခါတစ်ရံရရှိတဲ့ ငွေတွေက အခွန်ကင်းလွတ်ခွင့် ရှိတယ်” ဟု လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောသည်။ ယခင် အမြတ်ခွန်ဥပဒေကို ၁၉၇၆ ခုနှစ်မှစပြီး ပြဋ္ဌာန်းခဲ့ကာ အခွန်ကင်းလွတ်ခွင့် တစ်နှစ်လုံးကို ကျပ် ၈၀၀၀ ပေးထားခြင်း၊ ၁၉၈၉ ခုနှစ်တွင် တစ်နှစ်လုံးကို ကျပ် ၁၀၀၀၀ အထိ ကင်းလွတ်ခွင့်ပေးပြီး ၁၀၀၀၁ ကျပ်မှ စည်းကြပ်ခဲ့ကြောင်း သိရသည်။ “အဲဒီ ၁၉၈၉ တုန်းက ပြင်ခဲ့တဲ့ဟာတွေက မနှစ်ကအထိ ဒီအတိုင်းပဲ ဖြစ်တယ်။ မနှစ်ကအထိ ဒီနှုန်းအတိုင်းပဲ စည်းကြပ်ခဲ့တာ ဖြစ်တဲ့အတွက် သုံးသိန်းကျော်တာနဲ့ ၅၀ ရာခိုင်နှုန်းဆိုတော့ ငွေကြေးဖောင်းပွမှုနှုန်း အနေနဲ့က မလျော်ညီတော့ဘူး၊ ဘယ်သူမှ ပေးဆောင်ချင်တဲ့ အခွန်နှုန်းတွေ မဟုတ်တော့ဘူး။ ပွင့်လင်းလာတဲ့ခေတ်မှာ အားလုံးလိုက်နာနိုင်အောင် ဆောင်ရွက်နိုင်အောင် အခွန်နှုန်းထားတွေ ပြောင်းလဲခဲ့တာ ဖြစ်တယ်” ဟု လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောသည်။ တစ်နှစ်လုံးတွင် လုပ်ခဲ့သည့် အကျိုးအမြတ်ကို နှစ်ကုန်မှသာ သိရှိမည် ဖြစ်သည့်အတွက် ယင်းတစ်နှစ်လုံးသုံးသည့် လုပ်ငန်းအပေါ်တွင် စည်းကြပ်မည်ဖြစ်ကြောင်း၊ ယခုနှစ် စည်းကြပ်မည့်နှုန်းမှာ နှုန်းဟောင်းနှင့်ဖြစ်ပြီး ယခုနှစ်တွင် လုပ်မည့်ကိစ္စကို လာမည့်နှစ်တွင် နှုန်းအသစ်ဖြင့် စည်းကြပ်မည် ဖြစ်သည့်အတွက် ဝင်ငွေကြော်ငြာစာ တင်ရမည့်အချိန်နှင့် စည်းကြပ်ရမည့် အချိန်များဖြစ်ကြောင်း သိရသည်။ ယခု အခွန်ထမ်း လုပ်ငန်းရှင်များသည် မိမိလုပ်ငန်း၏ ဝန်ထမ်းများအပေါ်တွင် ဖြတ်တောက်ပေးသွင်းရမည့် တာဝန်ရှိသည့်အတွက် လစဉ်ဖြတ်တောက် ပေးသွင်းပြီး ဘဏ္ဍာနှစ်မကုန်မီမှာ အပိုအလို ပြန်ညှိနှိုင်းပြီး အတိုးအလျှော့ ပြုလုပ်နိုင်ကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။
 From : ခေတ်လူငယ်
ဘကြီးသက်
Unknown at 8:49 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အဖွဲ.အစည်းနှင့် ကျင့်ဝတ်သိက္ခာမဲ့ တစ်ဖက်ကန်းများအကြောင်း

အိမ်စောင့်အစိုးရ အာဏာသိမ်းတာ ၁၉၅၈ ခုနှစ်တဲ့။ အမှန်တော့ အာဏာသိမ်းတယ်လို့လည်း မဆိုလိုနိုင်ဘူး။ ဦးနုက သူတို့ပါတီထဲအကွဲအပြဲတွေဖြစ်တာ မနိုင်တော့လို့ လွှဲပေးလိုက်တာတဲ့ဗျာ။ ကျွန်တော်တို့ လူမဖြစ်သေးတဲ့ အချိန်ကာလတွေကတည်းက မြန်မာပြည်မှာ ဖြစ်နေတဲ့ အကွဲအပြဲတွေကို တဆင့်စကားနဲ့ ကြားသိရတာပဲဗျာ။ မြန်မာပြည်ကြီးရဲ. ဇာတ်လမ်းက အကွဲအပြဲနဲ့စတယ် ဆိုတာ လူတိုင်းသိကြမှာပါ။

ကျပ်တည်းတဲ့ အခြေအနေ၊ အခွင့်အလမ်းနည်းပါးတဲ့ အခြေအနေမှာ အသက်ရှင်နေရတဲ့ လူတွေအတွက် တစ်ယောက်ခေါင်းပေါ် တစ်ယောက်တက်နင်းပြီး အသာစီးရတဲ့ နေရာမှာ နေချင်လာကြတယ်။ ရေထဲပြုတ်ကျတဲ့ ပုရွက်ဆိတ်အုံလိုပဲ၊ အပေါ်ရောက်အောင် နင်းရင်း တက်ရင်းနဲ့ အောက်ရောက်တဲ့ ပုရွက်ဆိတ်က ရေမွန်းပြီးသေ။
မသေချင်ရင် အပေါ်ရောက်အောင် နင်းနိုင်သမျှ ကြိုးစားနင်းတက်ရင်း သူမသာ ကိုယ်သာ (win/lose) ဂိမ်းကြီးကို ကစားတဲ့ အကျင့်ဆိုးကြီးတစ်ခု စွဲလာတာ အခုအထိပဲ ဖြစ်နေတယ်။

အဖွဲ.အစည်းနဲ့ အလုပ်တစ်ခုလုပ်မယ်ဆိုရင် အသာစီးလို့ ထင်ရတဲ့ ခေါင်းဆောင်ပိုင်းက ရာထူးတွေ၊ အခွင့်အာဏာ အသုံးပြုရတဲ့ အခြေအနေကို လိုချင်လာကြတယ်။ မြန်မာပြည်မှာက အဖွဲ့အစည်းတွေ ကြိုးနီစနစ်လိုမျိုး ရှိနေတာဖြစ်တော့ အထက်လူကြီးရာထူးရတာနဲ့ နေရထိုင်ရ သက်သာချောင်လည်တာရယ်၊ အဖွဲ့အစည်းကိုယ်တိုင်က စနစ်မကျတဲ့ ရပ်တည်မှု.ရယ် ပေါင်းစပ်ပြီး အခွင့်အာဏာကို မက်မောမှု.ဆိုတာ ဖြစ်လာတယ်။ အဖွဲ.အစည်းနဲ့ ပတ်သတ်တာရော တစ်ကိုယ်ရေ သတ်မှတ်ထားတဲ့ ရည်ရွယ်ချက်တွေ ကျင့်ဝတ်ဆိုတာမျိုးတွေ မစဉ်းစား မသတ်မှတ် နိုင်ကြတော့ဘူး။ အာဏာရဖို့ ရာထူးရဖို့ အရင်းအနှီးတွေက အချင်းချင်း ချောက်ထဲတွန်းချ တရားခံရှာဖို့ပဲ ဖြစ်ပါတယ်။ ကောင်းမွန်တဲ.ရည်ရွယ်ချက်နဲ့ အဖွဲ့အစည်းကြားထဲမှာ လုပ်ကိုင်ပြောဆိုမှု.တွေ ဖြစ်မလာပါဘူး။

စိတ်ဓါတ်အခံ အကျင့်ဆိုးကြီးက မြန်မာပြည်သူတွေရဲ. အသက်ရှင်နေထိုင်စားသောက်မှု. နေ့တဓူဝ လှုပ်ရှားမှု.တွေအထိ ဖြစ်လာပါတယ်။ အစကနေ ပြောရရင် အနီးဆုံး ဆယ်တန်း ဆယ်တန်းအောင်တဲ့ ကျောင်းသားတွေပဲ ကြည့်ပါ။ တချို.က ၀ါသနာအမှန်ကို ရွေးချယ်ဖို့ထက် အရှိန်အ၀ါ မြင့်မားတဲ့ အလုပ်အကိုင်လမ်းကြောင်း ပညာရေးဘက်ကိုဦးတည်ဖို့ ကြိုးစားကြတယ်။ ဒါလည်း ရာထူးအတွက် လူအထင်ကြီးဖို့အတွက် ငွေအတွက် ဆိုတဲ့ ရည်ရွယ်ချက် ပိုများပါတယ်။ အချို.သောကျောင်းသားတွေက ဘယ်နေရာ ဘယ်ဌာနနဲ့ ၀င်ငွေ ရပေါက်ရလမ်း ချောင်လည်တဲ့ အလုပ်ကို ၀င်ဖို့ စိတ်ကူးကြတယ်။

တိုင်းပြည်အတွက် ဆိုပြီး ခပ်ကြီးကြီးရည်မှန်းချက်ကို ထားဖို့ဝေးစွ၊ ကိုယ့်နေရာကိုယ့်ဌာန တိုးတက်ဖို့ အတွက်လည်း မရှိပါဘူး။ အဓိက အာဏာရမယ်၊ ရာထူးရမယ်၊ ငွေရမယ်။ အသိုင်းအ၀ိုင်းမှာ ဂုဏ်ရှိမယ်။ လုပ်ချင်ရာလုပ်ကိုင်နိုင်မယ် ဆိုတဲ့ စိတ်ထားတွေ ရွှေပြည်ကြီးတစ်ခုလုံး ရှိကြတယ် ဆိုပါစို့။ ဆယ်တန်းအောင်ပြီး ကျောင်းသား၊ ဘွဲရပြီးတဲ့ ကျောင်းသားတွေ တချိန်မှာ လူကြီးတွေ ဖြစ်လာတော့ သူတို့ဖြတ်သန်းလာခဲ့တဲ့ ရုန်းကန်မှု.တွေအတိုင်း နောက်လာတဲ့ လူငယ်တွေကို ဖြတ်သန်းစေချင်တဲ့ အစွဲကြီးဖြစ်လာတယ်။ ပါဝင်လုပ်ကိုင်နေတဲ့ အဖွဲ.အစည်းအတွက် တိုးတက်ဖို့ အကျိုးရှိဖို့ထက်ကို လေးစားခံချင်တယ်။ သူတို့ ကြောက်ရွံ.ခဲ.ရသလို တဖက်သားရဲ. ကြောက်ရွံ.ခြင်းကိုလည်း ခံချင်တယ်။

ကျွန်တော်တို့ ငယ်ငယ်တုန်းက အထက်တန်းကျောင်းတွေမှာ လောကနီတိသင်ကြားရေးဆိုပြီး တကယ်ကြီး သင်ခဲ့ရပါတယ်။ အထက်တန်း ကျောင်းပြီးတဲ့အချိန် အပြင်လောကထဲ ရောက်လာတော့ နိုင်ရာစား လမ်းစဉ် အထက်ဖားအောက်ဖိ လမ်းစဉ်တွေ အလေ့အကျင့်စွဲမြဲလာရင်း ပုရွက်ဆိတ်အုံရေထဲကျ ဘ၀ထဲ ကူးခတ် ရတော့တာပါပဲ။ လုပ်ဖော်ကိုင်ဘက်တွေ အချင်းချင်း အမြဲတမ်း စောင့်ကြည့်ကြတယ်။ တစ်ကွက်မှားတာနဲ့ ခြေထိုးပြီး ခလုတ်တိုက်ကျ လဲပြိုအောင် လုပ်မယ်။ အထက်လူကြီးတွေရဲ. မျက်နှာတော်ပေး စောင့်ရှောက်မှု.ကိုခံယူရင်း တစ်ဆင့်ပြီး တစ်ဆင့် ရာထူးတိုး ၀င်ငွေတိုး အခွင့်အာဏာရအောင် လုပ်မယ်ဆိုတဲ့ အိုင်ဒီယာတွေ အလိုလိုဝင်လာတာပါပဲ။

"လူကြီးသားနဲ့ ပေါင်းမလား၊ နိုင်ငံခြားညောင်းမလား" ဆိုတဲ့ စကားလည်း အလကားနေရင်း ထွက်လာတာ မဟုတ်ပါဘူး။ အထက်လူကြီးနဲ့ ဆွေမျိုးလို ဖြစ်အောင်နေရင်း အသက်ရှင်နိုင်မလား။ ဒါမှမဟုတ်ရင် ကိုယ့်အစွမ်းအစကို လွတ်လွတ်လပ်လပ် ထုတ်ဖော်နိုင်တဲ့ နေရာကို ကူးပြောင်းမလား။ ဒီလိုနဲ့ ရေကြည်ရာ မြက်နုရာတွေ ထွက်ခွါသွားကြပါတော့တယ်။

မြန်မာပြည်က လူတွေရဲ. စိတ်အခံ အလေ့အကျင့်နဲ့က အစွမ်းအစ ဘယ်လောက်ရှိရှိ မနာလိုတဲ့လူ၊ အလကားထိုင်နေရင်း အပုတ်ချချင်တဲ့လူ အတော်များပါတယ်။ ငွေရော ရာထူးရော ဘာတစ်ခုမှမဟုတ်ပဲ အလကား ပရဟိတ အလုပ်တွေ လုပ်တဲ့နေရာမှာရော အတိုက်အခိုက်တွေ မနည်းပါဘူး။ တခါတုန်းက အင်ဖိုတက်ထဲမှာ Dev Con ပွဲတစ်ခု ရှိလို့ သွားနေရင်း ပရဟိတ အွန်လိုင်းဖိုရမ်တစ်ခုက ခေါင်းဆောင်သူ အက်ဒမင်နှစ်ယောက်နဲ့ စကားဝိုင်း ထိုင်ပြောဖြစ်ခဲ့တယ်။ တကယ့်ပရဟိတအလုပ်ဖြစ်တဲ့ မိဘမဲ့ကျောင်းတွေကို ငွေတွေကောက်ခံပြီးလှူ၊ စာအုပ်တွေလှူနေတဲ့ လူတွေပါ။

ဖိုရမ်ထဲမှာ အတိုက်အခိုက်တွေ အညှော်တိုက်တာတွေ အရမ်းများနေလို့ စိတ်ညစ်နေကြတယ်တဲ့ဗျာ။ လောကနီတိ သင်ခဲ့ရပေမယ့် မတတ်မြောက်ခဲ့တဲ့ အောက်တန်းကျ ကိုယ်တော်များ အွန်လိုင်းပေါ်မှာ ပရဟိတအလုပ်တွေကို အညှော်ဝင်တိုက်နေ တတ်ကြတာ ပြောပါတယ်။ ကျွန်တော့်သူငယ်ချင်းဖြစ်တဲ့ သီဟ(မြန်မာကျူတိုရီယာယ်)က ပရဟိတ ဆိုရင်နောက်မဆုတ်တမ်းလုပ်ပါ။ မြန်မာပြည်ရဲ. အောင်မြင်ဆုံးဖြစ်တဲ့ နာရေးကူညီမှု.အသင်းဆိုလည်း အစပိုင်းမှာ အတိုက်အခိုက်တွေ မနည်းမနော ခံခဲ့ရပြီး အခုအချိန်မှာ တည်ငြိမ်အောင်မြင်တဲ့ အဖွဲ.ဖြစ်နေပြီ .. စသည်ဖြင့် အားပေးခဲ့တာ ပြန်သတိရမိတယ်။

အကျင့်တွေ ဆိုးရွားပြီး ကူးစက်နေပုံက အများအကျိုးအတွက်လုပ်တဲ့ အလုပ်တွေတောင် ပိတ်ဆို့တားဆီးတာတွေ ထိတောင် ရှိနေတတ်ပြီ။ အွန်လိုင်းပေါ်မှာ ပရဟိတအကျိုး အသိတွေ အမြင်တွေ ဖြန့်ဝေတဲ့ နေရာတွေမှာတောင် ငါဆိုတဲ့ အတ္တတွေ ရှေ့တန်းတင်လာကြပြီ။ အွန်လိုင်းကို အသုံးပြု.သူတွေ ဆိုတာ လူငယ်တွေ အတော်များပါတယ်။ မျိုးဆက်သစ် လူငယ်တွေလို့ ဆိုရင် မမှားပါဘူး။ ဒါပေမယ့် မသစ်ပဲ ဟောင်းနွမ်းနေတဲ့ အကျင့်ဆိုးတွေနဲ့ ဖြစ်နေတာဆိုတော့ အဟောင်းသံသရာထဲမှာပဲ ရှိနေပါသေးတယ်ဗျာ။

မြန်မာပြည်က အစိုးရဌာနတွေမှာ အထက်လူကြီးတွေရဲ. အလေ့အကျင့်တွေထဲက တစ်ခုက ကိုယ့်ကို အောက်လက်ငယ်သားတွေရဲ. ကြောက်ရွံ.ခြင်းကို ခံယူတတ်ကြတာပဲဗျ။ နည်းစနစ်တစ်ခုခု အသုံးပြု.ပြီး ထိတ်လန့်အောင် လုပ်တတ်ကြတယ်။ သူ့ရာထူး သူ့လုပ်ပိုင်ခွင့်အပေါ် အမြတ်ထုတ်ချင်စိတ်၊ မရိုးသားတဲ့ စိတ်ဓါတ်နဲ့ ကိုယ့်ဌာန အကျိုးစီးပွါးအတွက် ဂုဏ်သိက္ခာအတွက် ထည့်မစဉ်းစားဖြစ်ကြဘူး။ တိုင်းပြည်အတွက် အလုပ်လုပ်နေတယ်ဆိုတာမျိုးက စာရွက်စာတမ်းထဲမှာပဲ ချန်ထားရစ်ခဲ့ကြတယ်။

တစ်ခါက ကျွန်တော်အစိုးရ ရုံးတစ်ရုံးကို ခွင့်ပြုမိန့် ပါမစ်တစ်ခု လိုအပ်လို့ သွားတောင်းခဲ့ ပါသေးတယ်။ ရုံးရောက်တဲ့အခါ အထက်လူကြီးနဲ့ မတွေ့ရသေးခင် ရုံးကစာရေးမက စောင့်နေခိုင်းတယ်။ သူ့စားပွဲရှေ.မှာ ခုံနဲ့ထိုင်ခိုင်းထားပြီး ကျွန်တော့ကိုအကဲခတ်နေတယ်။ စာရွက်စာတမ်းကတော့ လူကြီးဆီကို ရောက်ပြီးသွားပြီ။ သူ့လူကြီးက အင်မတန် အလုပ်များကြောင်း မထင်ရင် မထင်သလို စိတ်တိုတတ်ကြောင်းတွေ လာပြောနေတယ်။ အမှန်က ကျွန်တော်နဲ့ သူ့အထက်လူကြီးရဲ.ဒေါသကြီးတဲ့ စရိုက်တွေ စိတ်တိုတဲ့စရိုက်တွေ ဘာမှမဆိုင်ပါ။ ပြည်သူ့တာဝန် ဌာနရဲ.တာဝန်တွေယူထားပြီး အလုပ်လုပ်နေရတဲ့ ၀န်ထမ်းဆိုတာ သူ့ဟာသူ ဒေါသဘယ်လောက်ပဲကြီးကြီး ဘယ်လောက်ပဲ စိတ်ခံစားမှု. ရှုတ်ထွေးနေပါစေ လုပ်စရာ အလုပ်တာဝန်ကို ကျေပွန်အောင် လုပ်ပေးရမှာပါပဲ။ သူ့စိတ်ခံစားမှု.ဘာဖြစ်တယ် ဘာရှိတယ်ဆိုတာ ကျွန်တော်သိအောင် သူ့စာရေးမက ပြောပြဖို့မလိုပါဘူး။ ဆိုင်မှမဆိုင်ပဲဗျာ။

လူတွေအနေနဲ့ အဖွဲ့အစည်းနဲ့ အလုပ်လုပ်ကိုင်နေပြီး တာဝန်ကျေအောင် လုပ်ဖို့မစဉ်းစားတတ်ကြတာပါပဲ။ သူ့လက်အောက်ငယ်သားတွေကို ဒေါသကြီးပြရတာမျိုး၊ မာနကြီးပြရတာမျိုး အကြောင်း တစ်ခုမဟုတ် တစ်ခုချပြတာမျိုးနဲ့ နေတတ်ကြတယ်။ အထက်စီးအနေအထားမှာ ကိုယ့်ကိုလူတွေ ကြောက်ရွံအောင် ဖန်တီးတတ်ကြတယ်။ သူတို့ထက် ရာထူးကြီးတဲ့လူကိုတွေ့ရင်တော့ ဘ၀ပျက်မတတ် ကြောက်ရွံ.တုန်လှုပ်ပြီး အကြိုက်ဆောင်ပေးတတ်ကြတယ်။

လူမှန် နေရာမှန် ဆိုတဲ.စကားဟာ အဖွဲ.အစည်းတွေနဲ့ လုပ်ကိုင်တဲ့နေရာမှာ မရှိမဖြစ် အနေအထားပါ။ မြန်မာပြည်အတွက်ကျတော့ နေရာမှန်၊ အလိုက်အထိုက်မှန် ဆိုတာ ပိုမှန်မယ်ထင်ပါတယ်။ ဘယ်လောက်ပဲ တော်နေတတ်နေ အစွမ်းအစရှိပါစေ။ အလိုက်အထိုက် ဖော်လံဖား လုပ်နိုင်သမျှ နေရာကောင်းရမှာ ဖြစ်ပါတယ်။

အဖွဲ့အစည်းနဲ့ လုပ်ကိုင်တဲ့နေရာမှာ လူမှန်နေရာမှန် ရှိဖို့လိုအပ်ပါတယ်။ John C. Marvell ရဲ့ Equipping စာအုပ်ထဲမှာ လူမှားနေရာမှား မဖြစ်အောင် အဖွဲ့အစည်းကို အုပ်ချုပ်တဲ့ အိုင်ဒီယာလေး ထည့်ရေးထားတယ်။ အဖွဲ့အစည်းတိုင်းမှာ တစ်နေရာစီ ကျွမ်းကျင်တဲ့ လူတွေရှိကြတယ်။ နေရာမှန်လူမှန် ဖြစ်အောင် စီစဉ်နိုင်ရင် ပြီးပြည့်စုံပြီး ကောင်းမွန်တဲ့ အဖွဲ.အစည်းဖြစ်လာမှာပါတဲ့။ အဖွဲ.အစည်း အုပ်ချုပ်မှု.က မှားယွင်းနေရင် ဒါမှမဟုတ် မှားမှားယွင်းယွင်းနဲ့ လူတွေကို နေရာချထားမိရင် စိတ်ပိုင်းဆိုင်ရာ တွေယိုယွင်းလာမယ်။ အဖွဲ.အစည်း အပေါ်မှာရော လုပ်ဖော်ကိုင်ဘက် အချင်းချင်း အပေါ်မှာရော ယုံကြည်မှု.တွေ ကျဆင်းလာမယ်။ စိတ်ညစ်လာမယ်။ ကျင့်ဝတ်တွေ မစောင့်ထိန်းနိုင်တော့ပဲ အထက်ဖား အောက်ဖိ နိုင်ရာစားတွေ ဖြစ်လာမယ်ဆိုတာ ပြောထားပါတယ်။

အခုလက်ရှိအခြေအနေကတော့ မြန်မာပြည်က ပြည်သူတွေအတွက် မျှော်လင့်ချက် ရောင်ခြည်လေး သန်းစပြု့နေတဲ့ အခြေအနေပါ။ လက်နက်မကိုင်တဲ့ အမျိုးသမီးတစ်ယောက်ရဲ. နောက်ကနေ ပြည်သူတွေ လိုက်လာပြီး ပိတ်ထားတဲ့ တံခါးတွေ တစ်ခုပြီး တစ်ခုပွင့်အောင် ဖွင့်နိုင်တာ သဘောကျနှစ်သက် ထောက်ခံစရာပါ။ ကျွန်တော်တို့ ခေတ်ဟောင်းက လူကြီးတွေရဲ.အကျင့်ဆိုးတွေ ဆက်ပြီးလက်ခံနေဦးမှာလား။ မဖြစ်နိုင်ပါဘူး။ နောင်လာမယ့် ကျွန်တော်တို့ရဲ.မျိုးဆက်တွေအတွက် အမွေဆိုးတွေ အတိတ်အိမ်မက်ဆိုးတွေ ထပ်ပြီးမကျန်ရစ် စေချင်ပါဘူး။ ကိုယ်နဲ့သက်ဆိုင်တဲ့ အဖွဲ.အစည်းအတွက် အကျိုးစီးပွါးတိုးတက်နိုင်မှု. ကိုယ်တိုင်ပြဌာန်းထားတဲ့ ကျင့်ဝတ်တွေ စောင့်ထိန်းပြီး အဆင်ပြေပြေ ဖြစ်အောင် အားလုံး ကြိုးစားရမှာပါ။ အောက်တန်းကျတဲ့ ကိုယ်တော်ကြီးတွေ ကိုကန်ချဖို့ မကြိုးစားရင်တောင်မှ အကျင့်လေးတွေပြင်ဆင်ဖို့ လောကနီတိလို ကျင့်ဝတ်မျိုး နားလည်အောင် ဆွေးနွေးပေးရမှာပါ။


ရေးသူ - SOE HTET
11:10PM, TUESDAY, 24th, APRIL, 2012,
MYANMAR.

မူရင်း - http://myrisingforces.blogspot.com/

ဘကြီးသက်
Unknown at 8:49 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကမ်းမဖြူကျေးရွာအနီး လှေတိမ်းမှောက် ၉ ဦး အသက်ရှင်ပြီး ကျန်လူများပျောက်ဆုံးနေ

ပခုက္ကူခရိုင် ပေါက်မြို့နယ် ၊ ကမ်းမဖြူကျေးရွာအနီးရှိ ကျောချောင်းတွင် ယနေ့မွန်းလွဲ ၂ နာရီခန့်က ဆိုင်ကယ် ၄ စီးနှင့် လူ ၂၀ ကျော်တင်ဆောင်လာသော လှေတစ်စီးတိမ်းမှောက်ခဲ့ရာ၊ ယခုအချိန်ထိ အသက်ရှင်ကျန်ရစ်သူ ၉ ဦး နှင့် အမျိုးသမီးတစ်ဦး၏အလောင်းကိုသာတွေ့ရှိခဲ့ပြီး ကျန် လူများမှာ ပျောက်ဆုံးလျက်ရှိကြောင်း ဒေသခံတစ်ဦး၏ The Voice Weekly သို့ဆက်သွယ်ပေးပို့ချက်အရသိရသည်။

The Voice Weekly 
ဘကြီးသက်
Unknown at 8:48 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဘူသီးတောင်မြို့နယ်တွင် အမျိုးသမီးငယ် တစ်ဦးအား ဓါးဖြင့် ခုတ်သူ အဘူကာဆိမ်းအား ရဲက ဖမ်းဆီး

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် ဟင်းသီး ဟင်းရွက် ၀ယ်၍ ပြန်လာသူ ရခိုင် အမျိုးသမီးငယ် တစ်ဦးအား ဓါဖြင့် ခုတ်သူဟု စွပ်စွဲခံထားရသူ အဘူကာဆိမ်းဆိုသူအား ရဲက ဖမ်းဆီးလိုက်ကြောင်း သတင်း ရရှိသည်။

“ ဟုတ်ကဲ့။ အဲဒီအမှုနဲ့ ပတ်သတ်ပြီး အာဘူ ကာဆိမ်းကို ဖမ်းဆီး အမှုဖွင့်ထားပါတယ်။ အခု လောလောဆယ် ၅ ယောက် ဖမ်းဆီး ထားပါတယ်။ ဒါပေမဲ့ ခုတ်တာက တယောက်တည်းဖြစ်တဲ့ အတွက် သူတစ်ယောက်တည်းကိုဘဲ ဖမ်းဆီး တရားစွဲဆိုထားပြီး တခြားသူတွေကိုတော့ သက်သေ အဖြစ် ခေါ်ထားတာ ဖြစ်ပါတယ်။ ဖမ်းလာ တာမဟုတ်ပါဘူး” ဟု ဘူးသီးတောင်ရဲစခန်းမှ တာဝန်ကျ ရဲဝန်ထမ်း တစ်ဦးက ပြောသည်။
အမှုနှင့်ပတ်သတ်ပြီး ဖမ်းဆီးထားသည့် အာဘူကာဆိမ်းမှာ အသက် ၁၉ နှစ်ဖြစ်ပြီး သူနှင့် တစ်ခြား အပေါင်းအပါ ၅ ဦးတို့အား ယမန်နေ့က ကျေးရွာသားများက ၀ိုင်းဝန်း ကူညီ ဖမ်းဆီးပေးခဲ့ကြောင်း အဆိုပါ ရဲဝန်ထမ်းမှ ပြောသည်။
ဓါးခုတ်ခံရသူ အမျိုးသမီးငယ်မှာ ရီရီသန်း ဖြစ်ပြီး ဘူးသီးတောင်မြို့နယ် ပြင်ရှည်ကျေးရွာမှ အဘ ဦး စံကျော်လှသမီး ဖြစ်သည်။ ဓါးခုတ်ခံရသဖြင့် ဘယ်ဘက်ခြေဖနှောင့် အထက်တွင် ဒဏ်ရာရရှိသွားပြီး ယခုအ ခါ ဘူသီးတောင် ဆေးရုံတွင် ဆေးကုမှု ခံယူနေရ ကြောင်း သိရသည်။
မရီရီသန်းမှာ အစ်ကိုဖြစ်သူ ကျော်သန်းလှိုင်၊ မောင်ဖြစ်သူ ကျော်သန်းဌေးတို့နှင့်အတူ စက်တင်္ဘာလ (၁) ရက်နေ့က အေရာချာ (ခမီး အမျိုးသားကျေးရွာမှ) အပြန်တွင် ယခုကဲ့သို့ ဓါးခုတ်ခံရခြင်းဖြစ် ကြောင်း ဖြစ်ပျက် ခဲ့ပုံနှင့်ပတ်သတ်ပြီး ဘူးသီးတောင်မြို့ခံ တစ်ဦးက ယခုကဲ့သို့ ပြောသည်။
“ သူတို့က အေရာချ ဆိုတဲ့ ခမီးရွာမှာ ယာတောင်ကထွက်တဲ့ ဟင်းသီးဟင်းရွက်တွေကို ၀ယ်ဖို့သွား တယ်။ အဲဒီရွာမှာ တညအိပ်ပြီး မနက်ပိုင်းမှာ ဟင်းသီးဟင်းရွက်တွေနဲ့ဆင်းလာတယ်။ အုတ်တောင် ရွာ တောင်ဘက်က ဘုန်းကြီးကျောင်းဟောင်း နေရာကို နေ့လည် ၁ နာရီ မိနစ် ၂၀ ခန့်မှာ ရောက်ပါ တယ်။ အဲဒီ နေရာကို ရောက်တဲ့အခါ ဘင်္ဂလီ ၂၀ ခန့်နဲ့တွေ့ပါတယ်။ အဲဒီမှာ ဘင်္ဂလီ လူငယ်တဦးက ရီရီသန်း နောက်က လိုက်လာပါတယ်။ ရှေ့ကသွားနေတဲ့ မောင်ဖြစ်သူနဲ့ နည်းနည်း အလှမ်းဝေးနေ တဲ့အတွက် မောင်ဖြစ်သူကို မှီအောင် အော်ပြီး ပြေးလိုက် တဲ့အခါ လဲကျသွားတယ်။ အဲဒီနေရာမှာ မရီရီသန်းကို ဘင်္ဂလီလူငယ်က ဓါးနဲ့ ခုတ်တာ ဖြစ်ပါတယ်” ဟု ပြောသည်။
မရီရီသန်းမှာ စိုးရိမ်ရသော အခြေအနေတွင် မရှိသော်လည်း ခြေထောက်တွင်ဓါးခုတ်ခံရသဖြင့် အချိန်ယူ ဆေးကုသရမည်ဟု သိရသည်။
Myanmar Express
ဘကြီးသက်
Unknown at 8:44 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဆန်ဖမ်းမယ့် စစ်ဆင်ရေး သတင်းပေါက်လို့ ပျက်



မနေ့က စစ်ဆင်ရေးအတွက် ပြင်ဆင်မှု (ဓာတ်ပုံများ ~ ဧရာဝတီ)

မြန်မာဆန်တွေ မြ၀တီကနေ မဲဆောက်ဘက် နေ့စဉ် အိတ် ၁၀,၀၀၀ နီးပါး ၀င်ရောက်နေတာကို ပိတ်ပင်ဖမ်းဆီးဘို့ မနေ့က စတင်ပြုလုပ်မယ့် စစ်ဆင်ရေး ပျက်သွားပါတယ်။

မြန်မာနဲ့ထိုင်းဆန်ကုန်သည်တွေက စစ်ဆင်ရေးအကြောင်း ကြိုတင် သတင်းရရှိ သွားတဲ့အတွက် အဲဒီစစ်ဆင်ရေး ပျက်သွားခဲ့ရတာလို့ ဆိုပါတယ်။


အဲဒီ စစ်ဆင်ရေးကို မဲဆောက်အခြေစိုက် အမှတ် ၄ ဒေသဆိုင်ရာကွပ်ကဲရေးတပ်၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့၊ မြို့နယ် အုပ်ချုပ်ရေးရုံးအဖွဲ့၊ အကောက်ခွန်ဌာန၊ လူဝင်မှုကြီးကြပ်ရေးအဖွဲ့တို့ စီစဉ်ခဲ့ကြတာပါ။


မြန်မာဆန်ဝယ်တဲ့ထိုင်းကုန်သည်တဦးက “မြ၀တီဘက်ကနေမဲဆောက်ကို ညစဉ် အိတ်ရေ တသောင်းနီးပါး ပုံမှန် ၀င်ပါတယ်။ အများစုကို ညဘက် ပို့ပြီး အချို့ကိုတော့ နေ့ဘက်မှာ ပို့ကြတာလည်း ရှိပါတယ်။

အခြေအနေပေးသလိုပဲ။ ဒီလိုဖြစ်ဘို့အတွက် နှစ်ဘက်အာဏာပိုင်တွေကို ပေးရ ကမ်းရပါတယ်။ အဲလိုမှမလုပ်နိုင်ရင် မဲဆောက်ဘက်ကို ဆန်စေ့တစေ့တောင် ၀င်ဖို့ မလွယ်ပါဘူး” လို့ ပြောပါတယ်။

တအိတ်ကို ဆန် ကီလို ၅၀ ၀င်တယ်လို့ ဆိုပါတယ်။ဒီဆန်တွေကို မဲဆောက်ဒေသ ဈေးကွက်မှာ ဘယ်လို ဖြန့်နေပါသလဲဆန်ကုန်သည်ဦးမာမက်က “အဓိကဈေးကွက်က မဲဆောက်ဒေသမှာရှိတဲ့ မြန်မာအလုပ်သမား ၂ သိန်းနဲ့ထိုင်း အစားအစာနဲ့မွေးမြူရေးလုပ်ငန်းရှင်တွေ ဖြစ်တယ်။

မဲဆောက်ဘက်မှာရှိတဲ့ အထည်ချုပ်စက်ရုံ ၂၀၀ မှာ အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမား ၁ သိန်းကျော်ကို စက်ရုံကကျွေးတဲ့ထမင်းဟာ ဗမာဆန်တွေပဲ ဖြစ်တယ်။
ဗမာဆန်ဈေးက ထိုင်းဆန်ထက်ကို သုံးချိုးတချိုး ဈေးသက်သာလို့ဖြစ်တယ်” လို့ ပြောပါတယ်။
မြန်မာဆန်ကို ထိုင်းဘက်မှာ ဆန်ခေါက်ဆွဲ၊ ဆန်မုန့်တီ၊ ဆန်ကြာဇံ ပြုလုပ်ရာမှာ သုံးကြပြီး မွေးမြူရေးလုပ်ငန်းရှင်များက တိရိစ္ဆာန်အစားအစာထုတ်လုပ်ရာမှာ အသုံးပြုကြတယ်၊ တခြားမြို့၊ တခြားခရိုင်များကိုလည်း ထပ်ဆင့် တင်ပို့တယ် လို့ ကုန်သည်တွေက ပြောပါတယ်။

မြန်မာအစိုးရအတွက် နစ်နာချက်


မြ၀တီက ဆန်ပွဲစားပြောတာက “မြန်မာဆန်ကို ဒီလို တရားမ၀င်နည်းနဲ့ထိုင်းဘက်ပို့တာ မြန်မာအစိုးရဘက်က အခွန်အတုတ်တွေ မရတာ သိပါတယ်။ ဒီနည်းကလွဲပြီး အခြားနည်းမရှိလို့ပါ။
မြန်မာဘက်က သတ်မှတ်ထားတဲ့ နယ်စပ်ကုန်သွယ်ရေး ကန့်သတ်ချက်တွေက ကုန်သည်တွေအတွက် ဘယ်လိုမှ ဖြစ်နိုင်ခြေ မရှိလို့ပါ။
အများစု လက်ခံပြီး အလုပ်ဖြစ်မယ့် အနေအထားတွေရောက်မှပဲ နယ်စပ်တွေမှာ တရားမ၀င်ကုန်သွယ်တဲ့ လုပ်ငန်းတွေ လျှော့နည်းသွားမှာဖြစ်တယ်” ဆိုပြီး သုံးသပ်ပြောဆိုပါတယ်။

မြန်မာဆန်ကုန်သည်တွေကတော့ ထိုင်းဘက်မှာ စစ်ဆင်ရေးရှိတဲ့အတွက် ဆန်တွေကို မြ၀တီဘက်က အဆင်ပြေတဲ့နေရာမှာ စုပုံထားပြီး အခြေအနေကောင်းတဲ့ အချိန်ကြမှ မဲဆောက်ဘက် ပြန်ပို့မယ်လို့ ပြောနေကြပါတယ်။


ဘကြီးသက်
Unknown at 8:42 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လမ်းဆုံ




စက်တင်ဘာလ ၁ ရက်နေ့က ကျင်းပသော စေတနာဝသန် ဂီတရန်ပုံငွေပွဲတွင် တွေ့ရသည့် ပြည်ထောင်စုဝန်ကြီးများ၊ ၈၈ မျိုးဆက်ကျောင်းသားများနှင့် ငြိမ်းချမ်းရေး အကျိုးတော်ဆောင်များ (ဓာတ်ပုံ – အံ့ဖွယ်ကျော်/Facebook)
လူတယောက်ရဲ့ ဘ၀ခရီးလမ်းမှာ လမ်းဆုံတွေ အများအပြားကို ကြုံတွေ့ဖြတ်သန်းရလေ့ ရှိပါတယ်။ တချို့လူတွေအတွက် ဘ၀ခရီးဆိုတာ အဝေးပြေးလမ်းမကြီးလိုပဲ ဖြောင့်ဖြူးချောမွေ့ နေတတ်ပေမယ့် တချို့လူတွေအတွက် ကျတော့လည်း ဘ၀ခရီးဆိုတာ အကွေ့အကောက်တွေ၊ အတားအဆီးတွေ ပြည့်နှက်နေတဲ့ ဆူးကြမ်းလမ်းကြီး ဖြစ်နေတတ်ပါတယ်။ ဘယ်လိုလမ်းပဲဖြစ်ဖြစ် သေချာတာကတော့ တနေ့နေ့မှာ ဘ၀အတွက် ရွေးချယ်မှုတွေ ပြုလုပ်ရတဲ့ လမ်းဆုံတွေကို ကြုံတွေ့ရလေ့ ရှိတယ်ဆိုတာပါပဲ။
ဒီလိုလမ်းဆုံတွေနဲ့ ကြုံတွေ့ရတဲ့အခါ ရွေးချယ်မှုတွေ ပြုလုပ်ရလေ့ရှိပါတယ်။ ဒီရွေးချယ်မှုမှာကလည်း ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ရွေးချယ်ရတာ၊ မိဘဆွေမျိုးတွေက ရွေးချယ်ပေးတာတွေ ရှိပါတယ်။ ရွေးချယ်မှုတွေ ပြုလုပ်တဲ့အခါမှာ ပထမဦးဆုံးအနေနဲ့ အခြေအနေကို ထည့်သွင်းစဉ်းစားကြရပါတယ်။ အခြေအနေဆိုတာမှာကလည်း ကိုယ်က ထိန်းချုပ်လို့ရတဲ့ အရာတွေ ရှိနေတဲ့ အခြေအနေဖြစ်နိုင်သလို၊ ကိုယ်က ထိန်းချုပ်လို့မရတဲ့ အရာတွေ ရှိနေတဲ့ အခြေအနေလည်း ဖြစ်နိုင်ပါတယ်။ ကိုယ်က ထိန်းချုပ်လို့မရတဲ့ အရာတွေ ရှိနေတဲ့ အခြေအနေမှာ ရွေးချယ်မှု လုပ်လို့မရတော့ပဲ အခြေအနေက တွန်းပို့ပေးလိုက်တဲ့လမ်းကို လျှောက်ရတာတွေလည်း ရှိတတ်ပါတယ်။

ဥပမာအားဖြင့် ကျမဆိုရင် ငယ်စဉ်ကတည်းက အထက်တန်းပညာ ၀ိဇ္ဇာဘာသာရပ်တွေဖြစ်တဲ့ ပထ၀ီ၊ သမိုင်း၊ ဘောဂဗေဒ စတာတွေကို စိတ်ဝင်စားပါတယ်။ ရှစ်တန်းအောင်ပြီးတဲ့အခါ ကိုးတန်းရောက်ရင် ၀ိဇ္ဇာလိုင်းကို ရွေးချယ်ဖို့ ခြောက်တန်းကတည်းက စဉ်းစားထားခဲ့ပါတယ်။ ဘေးပတ်ဝန်းကျင်ကလည်း ဒါကို ရိပ်မိပါတယ်။ ကျမ စာအုပ်သွားငှားနေကျ စာအုပ်ဆိုင်တွေက နိုင်ငံရေး၊ သမိုင်းစတာတွေနဲ့ပတ်သက်တဲ့ စာအုပ်တွေ၊ ဘီစီစီအိုင် အရှုပ်တော်ပုံလို စာအုပ်တွေကိုတောင် ထွက်ထွက်ချင်း ကျမ ဦးဦးဖျားဖျား ဖတ်ရအောင်ဆိုပြီး ဘေးဖယ် သိမ်းထားပေးတဲ့ အထိပါ။ ကျမ လျှောက်မယ့် ပညာရေးခရီးလမ်းဟာ ဖြောင့်ဖြူးနေသယောင် ထင်ရပါတယ်။ ဒါပေမယ့် ကျမ ရှစ်တန်းရောက်တဲ့အချိန်မှာပဲ အထက်တန်း သင်ရိုးညွှန်းတန်းက ပြောင်းသွားပါတယ်။ ၀ိဇ္ဇာနဲ့သိပ္ပံဘာသာရပ် တွေကို ပေါင်းပြီး သင်လိုက်ရပါတယ်။ ဒါဟာ ကိုယ်က ထိန်းချုပ်လို့မရတဲ့ အခြေအနေ ဖြစ်ပါတယ်။ အခြေအနေက တွန်းပို့သွားတဲ့ ၀ိဇ္ဇာလိုလို၊ သိပ္ပံလိုလို လမ်းပေါ်ကို ရောက်သွားရပါတယ်။

တခါ ဆယ်တန်းအောင်ပြီးတော့ ကျောင်းတွေက သုံးနှစ်လောက် ပိတ်သွားပြန်ပါတယ်။ ဒါကလည်း ကိုယ်က ထိန်းချုပ်လို့မရတဲ့ အခြေအနေ ဖြစ်ပါတယ်။ လမ်းဆုံတခု ထပ်ရောက်သွား ပြန်ပါတယ်။ အဝေးသင်တက်မလား၊ နိုင်ငံခြားထွက်မလား၊ ကျောင်းဖွင့်တာ စောင့်မလား ဆိုတဲ့ ရွေးချယ်မှုကို ပြုလုပ်ရတော့မယ့် အခြေအနေ ရောက်သွားပါတယ်။ ဒါကတော့ ကိုယ်က ထိန်းချုပ်လို့ရတဲ့ အခြေအနေဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီအချိန်မှာ ကျမက မိဘအုပ်ထိန်းမှုအောက်မှာပဲ ရှိနေပြီး ကိုယ်ပိုင်ဆုံးဖြတ်ခွင့် မရသေးတဲ့ အချိန်အခါ ဖြစ်တဲ့အတွက် မိဘရဲ့ ရွေးချယ်ပေးမှုကိုပဲ လိုက်နာရပြန်ပါတယ်။ ဒီလိုနဲ့မိဘရွေးချယ်ပေးလိုက်တဲ့ လမ်းကြောင်းကို လျှောက်နေစဉ်မှာပဲ အခြေအနေတခုက ကျမကို လမ်းဆုံတခုရောက်အောင် တွန်းပို့လိုက်ပြန်ပါတယ်။ ဒီအချိန်မှာတော့ ကျမဆီမှာ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ရနေပြီ ဖြစ်တဲ့အတွက် ကျမကိုယ်တိုင် ကိုယ်လျှောက်မယ့် ပညာရေးခရီးလမ်းအတွက် ရွေးချယ်မှု တခုကို ပြုလုပ်လိုက်ရပါတယ်။

ဒါကြောင့် ဘ၀လမ်းခရီးတခုကို လျှောက်လှမ်းရင်း လမ်းဆုံတခုကို ရောက်သွားတဲ့အခါ ထိန်းချုပ်လို့မရတဲ့ အရာတွေ ပါဝင်တဲ့ အခြေအနေမှာ အခြေအနေက တွန်းပို့လိုက်တဲ့ လမ်းကို လျှောက်လိုက်ရတာတွေလည်း ရှိတတ်ပြီး ထိန်းချုပ်လို့ရတဲ့ အရာတွေ ပါဝင်တဲ့ အခြေအနေ ရှိနေရင်တော့ မိဘဆွေမျိုးကဖြစ်စေ၊ ကိုယ်တိုင်ကဖြစ်စေ ရွေးချယ်မှုတွေပြုလုပ်ရလေ့ ရှိပါတယ်။ ကိုယ်တိုင် ရွေးချယ်မှုတွေ လုပ်လို့ရတဲ့ အခြေအနေ ဖြစ်တယ်ဆိုရင်တော့ မိမိကိုယ်ကို ပြဌာန်းချက်ကို ထပ်ပြီး စဉ်းစားဖို့လိုအပ်လာပါတယ်။ ဥပမာ – MBBS ဘွဲ့ရပြီးသူ တယောက်ဟာ မိမိဘ၀ပြဌာန်းချက်ကို ဆေးပညာနဲ့အသက်မွေးတဲ့ ဆရာဝန် တယောက်အဖြစ် ပြဌာန်းမှာလား၊ အသက်မွေးဝမ်းကျောင်း မပြုဘဲ ဆေးပညာဘွဲ့ရရုံ ဘွဲ့ယူထားတဲ့ ဆရာဝန်တယောက်အဖြစ် ပြဌာန်းမှာလား ဆိုတာကို ကနဦး စဉ်းစားဖို့လိုပါတယ်။ ဆေးပညာနဲ့ အသက်မွေးမယ်လို့ စဉ်းစားပြီးတဲ့အခါမှာလည်း သားဖွားမီးယပ်ဆရာဝန်၊ ခွဲစိတ်ဆရာဝန် စသဖြင့် စဉ်းစားပြီး ဆက်လျှောက်မယ့်လမ်းကို ရွေးချယ်ရပါတယ်။

အလားတူပါပဲ။ နိုင်ငံရေးဘွဲ့နဲ့ ကျောင်းပြီးသွားသူ တယောက်ဟာလည်း နိုင်ငံရေးပါတီကို ၀င်ပြီး၊ Politician အဖြစ် မိမိဘ၀ကို ပြဌာန်းမှာလား၊ Political activist အဖြစ် လွှတ်တော်ပြင်ပ နိုင်ငံရေးလောကကို ၀င်မှာလား၊ Political Researcher အဖြစ် နိုင်ငံရေးသုတေသန လုပ်မှာလား၊ ဘွဲ့နဲ့မသက်ဆိုင်တဲ့ အခြားအလုပ်တွေကို လုပ်မှာလားဆိုတဲ့ မိမိကိုယ်ကိုယ် ပြဌာန်းချက်နဲ့ပတ်သက်ပြီး စဉ်းစားရွေးချယ်ရမှာ ဖြစ်ပါတယ်။ ဒီလိုပါပဲ။ စီးပွားရေးဘွဲ့ ရပြီးသွားသူ တယောက်ဟာလည်း အခြေအနေပေးမှုအပေါ်မှာ မူတည်ပြီး မိမိဘ၀ပြဌာန်းချက်ကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ အခြား နယ်ပယ်တွေမှာလည်း အလားတူ မိမိဘ၀ပြဌာန်းချက်ကို စဉ်းစားပြီး ရွေးချယ်မှုတွေ ပြုလုပ်ရပါတယ်။

အခြေအနေနဲ့ ပြဌာန်းချက်ကို စဉ်းစားပြီးတဲ့အခါမှာတော့ အချိန်အခါကို ထပ်ပြီး စဉ်းစားဖို့ လိုအပ်ပါသေးတယ်။ အချိန်အခါက ရွေးချယ်မှုတခုခုကို ချက်ချင်းမဖြစ်မနေ လုပ်ဖို့လိုအပ်နေသလား၊ လမ်းဆုံမှာပဲ ခေတ္တ ရပ်နေလို့ရသေးသလား ဆိုတာပါပဲ။ အချို့ လမ်းဆုံတွေမှာက ရပ်ဆိုင်းပြီး Time buying လုပ်လို့ရပါတယ်။ အချို့လမ်းဆုံတွေကျတော့လည်း လမ်းတခုခုကိုတော့ ချက်ချင်းလက်ငင်း မဖြစ်မနေ ရွေးမှ ရပါတယ်။ ဒီလို အခြေအနေ၊ ပြဌာန်းချက်နဲ့အချိန်အခါတွေဟာ လူတယောက်ရဲ့ ဘ၀ခရီးလမ်းဆုံတွေမှာတင် အရေးကြီးတာ မဟုတ်ပါဘူး။ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေကနေ နောက်ဆုံးနိုင်ငံတနိုင်ငံရဲ့ ဖြတ်သန်းမှု ခရီးလမ်းတွေ အတွက်ပါ ထည့်သွင်းစဉ်းစားရမယ့် အချက်တွေ ဖြစ်ပါတယ်။

အခုဆိုရင် ကျမတို့ မြန်မာနိုင်ငံဟာ သမိုင်းဖြတ်သန်းမှု လမ်းဆုံတခုကို ရောက်ရှိသွားပြီ ဖြစ်ပါတယ်။ အစိုးရ၊ တပ်မတော်၊ အတိုက်အခံ၊ ပြည်သူလူထု အားလုံးတို့ရဲ့ ရှေ့ဆက်တိုးကြမယ့် ခြေလှမ်းတိုင်းဟာ တိုင်းပြည်တခုရဲ့ အနာဂတ်ကို အဆုံးအဖြတ် ပေးလာတော့မှာ ဖြစ်ပါတယ်။ ထိန်းချုပ်လို့မရတဲ့ အရာတွေ ပါဝင်နေတဲ့ အခြေအနေတွေ ပေါ်ထွက်လာသလို ထိန်းချုပ်လို့ရတဲ့ အရာတွေ ပါဝင်နေတဲ့ အခြေအနေတွေလည်း ပေါ်ပေါက်လာပါတယ်။ ဒီလို အခြေအနေပေးမှုတွေအပေါ်မှာ တဦးချင်းအနေနဲ့ရော၊ သက်ဆိုင်ရာ အစုအဖွဲ့များ အနေနဲ့ပါ လမ်းဆုံမှာ ရွေးချယ်မှုတွေ မမှားကြဖို့ လိုအပ်ပါတယ်။

မြန်မာနိုင်ငံဟာ အိန္ဒိယ သမုဒ္ဒရာမှာ စစ်ရေး၊ နိုင်ငံရေးအရ အရေးပါတဲ့ နိုင်ငံတနိုင်ငံ ဖြစ်နေပါတယ်။ အင်အားကြီးနိုင်ငံကြီးတွေရဲ့ ပါဝါဂိမ်းကစားပွဲထဲမှာ အရုပ်တရုပ်ဖြစ်နေတဲ့ နိုင်ငံတခု ဖြစ်တယ်။ ကိုလိုနီစနစ်နဲ့ အုပ်ချုပ်ထားခြင်းခံခဲ့ရဖူးတဲ့အတွက် ကိုလိုနီစနစ်ဆိုးရဲ့ အမွေဆိုးတွေ ကျန်ရစ်နေခဲ့တဲ့ နိုင်ငံတနိုင်ငံ ဖြစ်တယ်။ ပြည်တွင်းစစ်ရဲ့ဒဏ်၊ သဘာဝဘေးအန္တရာယ်ဒဏ်၊ အတွေးအခေါ် ပဋိပက္ခတွေရဲ့ဒဏ်၊ လူမျိုးရေး ပဋိပက္ခတွေရဲ့ ဒဏ်၊ ဘာသာရေး ပဋိပက္ခတွေရဲ့ဒဏ်၊ အိမ်ကြက်ချင်း အိုးမဲသုပ်ခွပ်ခိုင်းတာကို အဟုတ်မှတ်ပြီး ခွပ်နေကြတဲ့ ဒဏ်အားလုံးကို ဆယ်စုနှစ်ပေါင်းများစွာ ခံထားခဲ့ရတဲ့ နိုင်ငံဖြစ်တယ်။ ဒါကြောင့် ဘယ်လိုမှ ထိန်းချုပ်လို့မရနိုင်တဲ့ အရာတွေရော၊ ထိန်းချုပ်လို့ရနိုင်တဲ့ အရာတွေ ပါဝင်နေတဲ့ ရောပြွန်းရှုပ်ထွေးသော အခြေအနေတွေဟာ မြန်မာနိုင်ငံမှာ ရှိနေပါတယ်။

ဒီအခြေအနေတွေအတွင်းမှာ ထိန်းချုပ်လို့ရတဲ့ အရာတွေနဲ့ ထိန်းချုပ်လို့မရတဲ့ အရာတွေကို ဘယ်လိုခွဲထုတ်ပြီး အတည်ငြိမ်ဆုံးဖြစ်အောင် လုပ်ဆောင်မလဲ။ တိုင်းပြည်ရဲ့ ပြဌာန်းချက်ကို ဘယ်လိုဖြစ်စေလိုသလဲ။ ရှိပြီးသား ပြဌာန်းချက်ကို လက်ခံနိုင်မလား။ လက်မခံနိုင်ရင် ပြုပြင်မလား၊ ဆန့်ကျင်မလား။ ကိုယ်လိုလားတဲ့ ပြဌာန်းချက်ရဲ့ တောင်းဆိုမှုတွေက ဘာတွေလဲ။ ဒီတောင်းဆိုမှုတွေထဲက ဘယ်လို အရာကို ကိုယ်က ဖြည့်ဆည်းပေးနိုင်သလဲ။ မိမိကိုယ်ကို ဘယ်လို ပြဌာန်းချက်နဲ့ဒီအရာတွေကို ဖြည့်ဆည်း ပေးမလဲ။ မိမိရဲ့ ပြဌာန်းချက်၊ မိမိအစုအဖွဲ့ရဲ့ ပြဌာန်းချက်၊ မိမိပါတီရဲ့ ပြဌာန်းချက်ဟာ ပြည်သူအများလက်ခံတဲ့ တိုင်းပြည်ရဲ့ ပြဌာန်းချက်နဲ့မသွေဖည် သွားအောင် ဘယ်လို လုပ်ဆောင်မလဲ။ လမ်းဆုံမှာ ရှိသင့်တဲ့ အချိန်အခါ တခုကို ဘယ်လောက် အချိန်သတ်မှတ်ထားမလဲ။ ချက်ချင်းလုပ်ဆောင်ကြမလား၊ စောင့်ဆိုင်းကြမလား။

သေချာတာတခုကတော့ လမ်းဆုံမှာ ရွေးချယ်မှု တခုခုကို အနှေးနဲ့အမြန် ကျမတို့တွေ လုပ်ကြရတော့မယ် ဆိုတာပါပဲ။ ဒီလို ရွေးချယ်တဲ့အခါမှာ ကိုယ့်မိတ်ဆွေ၊ ကိုယ့်ဆွေမျိုးအသိုင်းအ၀ိုင်း၊ ကိုယ်နဲ့ရင်းနှီးသူ၊ ကိုယ်ကလေးစားသူ၊ ကိုယ်နဲ့အလုပ်အတူတွဲလုပ်ဖူးသူ၊ ကိုယ်ပါဝင်ထားတဲ့ အဖွဲ့အစည်း စတာတွေက ရွေးချယ်လို့လိုက်လံ ရွေးချယ်ရတာ မဟုတ်ပဲ၊ ကိုယ်ဖြစ်စေချင်တဲ့ တိုင်းပြည်ရဲ့ ပြဌာန်းချက်ကို မိမိကိုယ်ကို ဘယ်လို ပြဌာန်းချက်နဲ့ဖြည့်ဆည်းပေးမလဲ ဆိုတာ မိမိဘာသာ ရွေးချယ်ဆုံးဖြတ်ဖို့ လိုအပ်ပါတယ်။

ရွေးချယ်ပြီးတဲ့အခါမှာ ကိုယ်ရွေးချယ်တဲ့ လမ်းမှာ ရည်ရွယ်ချက်တူသူတွေနဲ့လက်တွဲဖို့ လိုပါတယ်။ အဲဒီအခါမှာ လက်တွဲရတဲ့ လက်တွေဟာ လမ်းဆုံကို မရောက်ခင်က တွဲခဲ့တဲ့ လက်တွေလည်း ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ ဒါတွေကလည်း တွေ့ဆုံကြုံခွဲ၊ လောကဓမ္မတာလို့ပဲ ဆိုရမယ် ထင်ပါတယ်။ ကျမ ကျောင်းသားဘ၀မှာတုန်းက သိပ်ချစ်ရတဲ့ သူငယ်ချင်း တချို့ ရှိခဲ့ပါတယ်။ အတူစား၊ အတူသွားရင်း ကျောင်းသားဘ၀ကို အတူဖြတ်သန်းခဲ့ကြဖူးပါတယ်။ အလုပ်ခွင်ထဲ ရောက်တော့လည်း ဒီလိုပါပဲ။ သိပ်ခင်ရတဲ့ မိတ်ဆွေတချို့ ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘ၀ခရီးလမ်းက လမ်းဆုံတွေမှာ အခြေအနေအရ ပြဌာန်းချက်တွေ မတူတော့တဲ့အခါ လမ်းခွဲခဲ့ရတာပါပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီလို မတူညီမှုတွေမှာ လမ်းခွဲရပေမယ့် ဘယ်အချိန်ပြန်တွေ့တွေ့ ခင်မင်ရင်းနှီးစွဲ ရှိသူတွေနဲ့ကတော့ အမြဲ ရင်းနှီးနေတာပဲ ဖြစ်ပါတယ်။ လမ်းဆုံဆိုတာ ဒီလို ပေါင်းစည်းခြင်းနဲ့လမ်းခွဲခြင်းတို့ရဲ့ သင်္ကေတလို့ သတ်မှတ်လို့ရပါတယ်။

သို့ပေမယ့် လမ်းဆုံတွေကို ရန်ပြုခြင်းရဲ့ သင်္ကေတခု မဖြစ်သွားအောင်တော့ ခံစားချက်ကို ဥာဏ်ပညာ၊ အသိတရားတွေနဲ့ ထိန်းချုပ်ဖို့ လိုအပ်ပါတယ်။ အချို့လူတွေမှာ ထူးဆန်းတဲ့ အတ္တလေးတွေ ရှိတတ်ပါတယ်။ ငါနဲ့မတူ ငါ့ရန်သူလို့ သတ်မှတ်ခြင်း ဖြစ်ပါတယ်။ တကယ်တော့ လျှောက်တဲ့လမ်း မတူရုံနဲ့ တဘက်နဲ့တဘက် တိုက်ခိုက်ကြ၊ သွားပုပ်လေလွင့် ပြောကြ၊ စွပ်စွဲကြ လုပ်နေကြတာက လမ်းဆုံတွေကို ရန်ပြုခြင်းရဲ့ သင်္ကေတအဖြစ် တွန်းပို့လိုက်တာနဲ့ အတူတူပါပဲ။ အတူတကွ လက်တွဲပါမယ်လို့ ကတိပေးထားကြတဲ့ အိမ်ထောင်ဘက်တွေတောင် မိမိကိုယ်ကို ပြဌာန်းချက်တွေ မတူညီတဲ့အခါ၊ ညှိနှိုင်းလို့လည်း မရတဲ့အခါ လမ်းခွဲရတာပဲ ဖြစ်ပါတယ်။ ဘယ်သူကမှ ဘယ်သူနဲ့ တသက်လုံး လက်တွဲသွားပါမယ်လို့ ကတိသစ္စာ ပြုလို့ မရပါ။ ကိုယ်မွေးသွားတဲ့ သားသမီးတွေတောင် အချိန်တန်ရင် သူ့လမ်းသူလျှောက်ကြတာပါ။ ကိုယ်နဲ့တသက်လုံး နေမယ်လို့ဘယ်သူ့ကိုမှ မျှော်လင့်ချက်ထားလို့မရပါ။ လမ်းဆုံတခု ရောက်ချိန်မှာ လမ်းခွဲကြရစမြဲပါပဲ။

ဒီလို လောကဓမ္မတွေကို မဆင်ခြင်ဘဲ ကိုယ်နဲ့လမ်းခွဲသွားရင် သစ္စာဖောက်၊ အတူ တွဲမလုပ်တော့ရင် ငါ့မိတ်ဆွေ စာရင်းထဲက ဖြုတ်၊ ငါနဲ့မတည့်သူနဲ့ သူတွဲရင် ငါ့ရန်သူ ဆိုပြီးသာ လုပ်နေကြမယ်ဆိုရင် လမ်းဆုံတွေကနေ ဘယ်လမ်းကိုမှ ဆက်မလျှောက်ဖြစ်ကြတော့ပဲ ၀ိုင်းကြီးပတ်ပတ် ဒူဝေေ၀နဲ့ရန်ဖြစ်ရင်းသာ အချိန်ကုန်နေမှာ ဖြစ်ပါတယ်။ ဒီလိုဖြစ်လာရင် သက်ဆိုင်သူတွေသာမက အခြားလူတွေအတွက်ပါ ကြားရ၊ နားဝ မချမ်းသာ ဖြစ်တတ်ပါတယ်။ မိမိရဲ့ လမ်းခရီးကို အနှောင့်အယှက် ဖြစ်စေရုံသာမက အခြားသူတွေကိုပါ စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ အချိန်ကုန်၊ လူပမ်းပြီး ဘယ်သူ့ အတွက်မှ အကျိုး မရှိတဲ့ အလုပ်တွေပါပဲ။ ပထမ လမ်းဆုံတခုမှာ လမ်းခွဲပြီး လျှောက်ကြပေမယ့် အဲဒီလမ်းနှစ်ခုက တနေရာမှာ ပြန်ဆုံနေတာ မဖြစ်နိုင်ဘူးလို့လည်း ဘယ်သူမှ သေချာတပ်အပ် မသိနိုင်ပါဘူး။ ဒီလို ပြန်ဆုံချိန်မှာ လမ်းတခုတည်းကိုပဲ အတူဆက်လျှောက်ဖို့ ပေါင်းစည်းခြင်း အနေနဲ့ဆုံတာ ဖြစ်နိုင်သလို၊ ခေတ္တခဏ ကြုံကြိုက်တာလည်း ဖြစ်နိုင်ပါတယ်။

နိဂုံးချုပ်ဆိုရရင် လမ်းဆုံဆိုတာ လူ့ဘ၀မှာ မလွဲမသွေ ကြုံရမယ့် အရာတခု ဖြစ်ပြီး၊ ရွေးချယ်မှုတွေ ပြုလုပ်ရပါတယ်။ ဒီလို ရွေးချယ်မှုတွေ ပြုလုပ်တဲ့အခါ အခြေအနေ၊ ပြဌာန်းချက်နဲ့အချိန်အခါတွေကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်လှပါတယ်။ တိုင်းပြည်အရေးဆောင်ရွက်ဖို့ စိတ်အားထက်သန်တယ် ဆိုရင်တော့ ကိုယ်ဖြစ်စေချင်တဲ့ တိုင်းပြည်ရဲ့ ပြဌာန်းချက်ကို မိမိကိုယ်ကို ဘယ်လို ပြဌာန်းချက်နဲ့ဖြည့်ဆည်းပေးမလဲ ဆိုတာ မိမိဘာသာ ရွေးချယ်ဆုံးဖြတ်ဖို့ လိုအပ်ပါတယ်။ ရွေးချယ်မှုတွေ ပြုလုပ်ပြီးရင်လည်း လမ်းကြောင်းတူသူတွေနဲ့ လက်တွဲရ ပါတယ်။ ဒီလို လက်တွဲတဲ့အခါမှာ လမ်းဆုံမရောက်ခင်က လက်တွဲခဲ့သူတွေနဲ့လည်း လက်တွဲဖြုတ်ပြီး လမ်းခွဲခဲ့ရတာတွေ ရှိတတ်ပါတယ်။ ဒါကြောင့် လမ်းဆုံဟာ ပေါင်းစည်းခြင်းရဲ့ သင်္ကေတဖြစ်သလို၊ လမ်းခွဲခြင်းရဲ့ သင်္ကေတတခုလည်း ဖြစ်တယ်လို့ဆိုနိုင်ပါတယ်။ သို့ပေမယ့် လမ်းဆုံကို ရန်ပြုခြင်းရဲ့ သင်္ကေတတခု မဖြစ်အောင်တော့ ဆင်ခြင်တုံတရား၊ အသိဥာဏ်တွေနဲ့ထိန်းသိမ်းဖို့ လိုအပ်လှပါကြောင်း ရေးသားတင်ပြအပ်ပါတယ်။
မြန်မာ့ရေးရာ သတင်းစုံ-dawnmanhon.com 
ဘကြီးသက်
Unknown at 8:41 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

နိုင်ငံပိုင်သတင်းစာများတွင် ပြည်သူ့ ဗဟိုပြု သတင်းများ ဦးစားပေး ဖော်ပြမည်

 
နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာနှင့် ကြေးမုံ သတင်းစာတွင် ပြည်သူများကို အသိပညာ၊ ဗဟုသုတ၊ ဖျော်ဖြေမှုနှင့် ရသစုံလင်စွာ ပေးစွမ်းနိုင်ရန် ပြည်သူ့ ဗဟိုပြု သတင်းများကို ဦးစားပေး ဖော်ပြ သွားမည် ဖြစ်ကြောင်း စက်တင်ဘာလ ၁ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာနှင့် ကြေးမုံ သတင်းစာတွင် ရေးသား ထားသည်။

ထို့ပြင် ဌာနဆိုင်ရာများ၊ လူမှု အဖွဲ့အစည်းများ ၊ ပြည်တွင်းပြည်ပ ကုမ္ပဏီများ အနေနှင့် ပြည်သူအများ သိစေလိုသော ထုတ်ပြန်ချက် သတင်းများ သတင်းစာ ရှင်းလင်းပွဲများ ပြုလုပ်ပါက မြန်မာ့အလင်းနှင့် ကြေးမုံ သတင်းစာ
တိုက်များသို့ ငွေကြေးပေးရန် မလိုဘဲ ဖိတ်ကြားနိုင်ပြီး နိုင်ငံနှင့် ပြည်သူ အကျိုးပြုမည့် သတင်းများကို ဦးစားပေး ဖော်ပြနိုင်မည် ဖြစ်ကြောင်းနှင့် ထူးခြားဖြစ်စဉ် သတင်းများ၊ သတင်းဆောင်းပါးများ၊ ကာတွန်းများကို လည်း ပေးပို့ နိုင်ကြောင်း စက်တင်ဘာလ ၁ ရက်နေ့က အဆိုပါ သတင်းစာများ တွင် ဖိတ်ခေါ်ထားသည်။

ယင်းဖိတ်ခေါ်စာမှာ ပြည်ထောင်စု ဝန်ကြီးများ အပြောင်းအလဲဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ်ဦးအောင်ကြည်အား ခန့်အပ်ပြီးနောက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကာ ယခင်ကျောဖုံး၌ ဖော်ပြခဲ့သော လွှတ်တော် သတင်းများလည်း ရှေ့ဖုံး၌ ဦးစားပေး ဖော်ပြလာသည်ကို မြန်မာ့အလင်း သတင်းစာနှင့် ကြေးမုံသတင်းစာတို့တွင် တွေ့ရသည်။

ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်က အရပ်ဘက် လူ့အဖွဲ့အစည်းများကို စည်းမျဉ်းစည်းကမ်းများ ပြဌာန်း၍ ချုပ်ချယ်သွားမည် မဟုတ်ကြောင်း နှင့် မိမိဘာသာ ပြဌာန်း၍ မိမိဘာသာ စောင့်ထိန်းနိုင်သော သိက္ခာရှိ အဖွဲ့အစည်းများ ဖြစ်အောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း စက်တင်ဘာလ ၂ ရက်နေ့က ရုပ်ရှင် အစည်းအရုံးတွင် ပြုလုပ်သော တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

ပြည်တွင်း မီဒီယာ သမားများ ကြားတွင်လည်း ပုဂ္ဂလိကပိုင် သတင်းစာများ ထုတ်ဝေခွင့်ပြုရေး မျှော်လင့်လျှက် ရှိသည်။မြန်မာ့အလင်း သတင်းနှင့် ကြေးမုံသတင်းစာ နှစ်ခုမှာ ဦးနေဝင်း ဦးဆောင်သော မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တွင် ပြည်သူပိုင် သိမ်းခံခဲ့ရပြီး တပ်မတော် အစိုးရ လက်ထက်တွင် တပ်မတော်၏ လှုပ်ရှား ဆောင်ရွက်မှု သတင်းများကို ဦးစားပေး ဖော်ပြခဲ့သည်။

ဘကြီးသက်
Unknown at 1:16 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ABSDF ကျောင်းသားတွေ ဒီလို အသတ်ခံလိုက်ရတယ်

· မိုးသီးဇွန်က ဌေးနိုင် (၁၉၈၈ တွင် သင်္ချာံ နောက်ဆုံးနှစ်ကျောင်းသား၊ လက်ရွေးစဉ် ဘောလီဘောသမား၊ ရန်ကုန် တက္ကသိုလ်)ကို စစ်တပ်သူသျှို အဖြစ် စွပ်စွဲပြီး ဖမ်းဆီခဲ့ပါတယ်။
 · နည်းပေါင်းဆုံနဲ့ တရိစ္ဆန်တကောင် လို ရက်ရက်စက်စက် စစ်ဆေးခဲ့တယ်။
 · ထိုင်လို့ ထလို့ မရတဲ့ မြေကြီးကျွင်းထဲ မှာ လပေါင်းများစွာ ထားခဲ့ တဲ့အတွက် ဌေးနိုင်တကိုယ်လုံး ခေါင်းမှအစ ခြေထောက်ထိ ပွေးများဆွဲ ပြီး တကိုယ်လုံးနူခဲ့ ရပါတယ်။


 ဌေးနိုင်ကို ထဲ့ထားတဲ့ အချုပ်ကျွင်း ကိုဆောင့်ရတဲ့ ABSDF ကျောင်းသားလေး က "ကိုဌေးနိုင်က မျက်ရည် တွေကျပြီး သူကို သတ်ပြစ်ပေးဘို့ သူ့ကိုတောင်းပန်ခဲ့တယ်" လို့ ပြန်ပြောပြခဲ့ဘူးပါတယ်။ · မိုးသီးဇွန်က ဌေးနိုင်ကို လွယ်လွယ်ဖြင့် သေခွင့် မပေး ခဲ့ပါဘူး။ အချိန်ကြာမြင့်စွာ အားရအောင် ညှင်းဆဲပြီး နောက်ဆုံး စခန်းပြောင်းရသည့် အချိန်ကြမှ သတ်ပစ်ခဲ့ ပါတယ်။ ဌေးနိုင်ကို သိကြတဲ့ သူများအားလုံးက ဌေးနိုင်ဟာတော်တော် သတ္တိကောင်း ပြီး စိတ်ခိုင်မာတဲ့ သူ ဖြစ်တယ်ဆိုတာ ကို သိကြ ပါတယ်။ ဌေးနိုင်ရဲ့ ညီအကို မောင်နှမ အားလုံးဟာ ၁၉၈၈ အရေးအခင်းကြီးမှာ ပါဝင် ခဲ့ ကြသူတွေပါ။

နိုင်အောင် (ယခု မြန်မာပြည်ရောက်နေသူ) နှင့် အောင်နိုင်(ထိုင်းနိုင်ငံ) တို့ ခေါင်းဆောင်ပြီး
ကျောင်းသား ကျောင်းသူ ၁၀၀ ခန့် ကို အစိုးရသူသျှို များအဖြစ် စွတ်စွဲပြီး ဖမ်းဆီးခဲ့ပါတယ်။ ·
 လပေါင်း များစွာ တော်ရုံလူ မကြားဝံ့ရဲလောက် အောင် ယုတ်မာရက်စက်သော နည်းလမ်း များဖြင့် ညှင်းပန်းနိုပ်ဆက်ပြီး ၃၈ ယောက်ကို သတ်ဖြတ်ခဲ့ပါတယ်။ · အများစုဟာခေါင်းဖြတ်သတ်ခြင်းခံရပါတယ်။
ခင်ချိုဦး
 အသက် ၁၉နှစ်အရွယ်တွင် တောခိုခဲ့သော ကျောင်းသူ မခင်ချိုဦးအား မသတ်ခင် ညှင်းပန်းသော ကာလများ အတွင်း သတ်ဖြတ်ခံရသော ကျောင်းသားတဦး၏ ရုပ်လောင်းအား လူအများရှေ့တွင် ကာမဆက် ရှက်ခိုင်းခြင်း၊ ·
 မခင်ချိုဦး၏ မိန်းမ အင်္ဂါံအတွင်း ဒုတ်ဖြင့်ထိုးကာ ရှာဖွေခြင်း၊
 ပါးစပ်အတွင်း ဒါးမြောင် ဖြင့်ထိုးမွေကာ စစ်ဆေး ခဲ့ပါသည်။

 · ဖမ်းဆီးခံ ကျောင်းသားများ၏ ခြေ လက်များတွင် မိုင်းဗုံးများ ချီနှောင်၍ ပြေးခိုင်းခြင်း။

· လက် ချောင်းများဖြတ်၍ လည်ပင်းတွင် ပြန်ဆွဲခိုင်းထားခြင်း၊

လက်ကိုခုတ်ဖြတ်၍ ပါးစပ်တွင် ပြန်ကိုက်ခိုင်းခြင်း။ ·

 ခေါင်းဖြတ်၍သတ်ခံရသည့် သူ၏ လည်ပင်းပြတ်မှထွက်သော သွေးကို တခြားဖမ်းဆီးခံ ကျောင်းသား တစ် ယောက်အား သောက်ခိုင်းခြင်း

 တို့အပြင် အခြားနည်းလမ်းပေါင်းဆုံဖြင့် မသတ်ခင် လပေါင်းများစွာ ညှင်း စဲခဲ့ပါတယ်။


အဆိုးဆုံးက သူတို့ သားသမီးတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ မိုးသီးဇွန် နှင့် နိုင်အောင်တို့ က သူရဲကောင်းတွေလို မြန်မာပြည် ပြန်ရောက်လာကာ ဒီမိုကရေစီ နှင့် လူအခွင့်ရေး အကြောင်းတွေ ပြောနေ ကြပြီး အစိုးရကိုယ်တိုင် အပြင် မီဒီယာတွေ နဲ့ ဒီမိုကရေစီသမား ဆိုသူတွေ က ချီးမြောက် ဆက်ဆံနေတာကို တွေတဲ့အခါမှာ သူတို့ ဘယ်လောက် အားငယ်မလည်း၊ ဒီမိုကရေစီ အတွက်ဆိုပြီး သူတို့ရင်ခွင်က ထွက်သွားခဲ့ တဲ့ သတ်ဖြတ်ခံခဲ့ရတဲ့ သူတို့သားသမီးတွေ အတွက် ဘယ်လောက် ယူကြုံးမရ ဖြစ်ကြမလဲ၊ ဘယ်လောက် ခံစားကြရမလဲ။

အဲဒီတော့ ပြည်တွင်းမှာ အနေဖြင့် သတ်ခံခဲ့ရတဲ့ ကျောင်းသား ကျောင်းသူ အားလုံး၊ သူတို့မိဘများ၊ မိသားစုများ မျက်နှာထောက်ပြီး ဒီ နိုင်အောင် နှင့် မိုးသီးဇွန် ဆိုတဲ့ လူသတ် သမား များကို အသိအမှတ်ပြုပြီး မဆက်ဆံ ဘို့ တိုက်တွန်းချင်ပါတယ်။

ဘကြီးသက်
Unknown at 1:04 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မိုးသီးဇွန် နိုင်အောင် အောင်နိုင် တို့ သတ်ဖြတ်ခဲ့သောကျောင်းသား ကျောင်းသူ စာရင်း

၁။ ရင်း(၆)တွင်သေဆုံး
1.ရန်ရှင်း(မြင်းခြံ)
2.ပေါသွပ် (ခေါ်) အောင်မြင့်ထွန်း (ကသာ)

 ၂။ စစ်ကြောရေး (ဗဟို)  သေဆုံး
3.ပြည့်စိုးနိုင် (ရန်ကုန်)
4.ခင်မောင်စိုး (အင်းတော်)
5.ဇော်ဝင်းချစ် (ဗန်းမော်)
6.ဝင်းသိန်း (ဝန်းသို)
7.ကျော်ကျော်ဦး (ကသာ)
8.ကျော်ဌေး (မန္တလေး)
9.ရာကွပ် (မင်းမင်း ထမင်းဆိုင်၊ရင်ကျန်း)

၃။ စစ်ကြောရေး ဒါဏ်(ဗဟို) သေ
10.ဦးစိန် (ရန်ကုန်)
11.အားစိုက် (ခေါ်) တင်မောင်အေး(ကသာ)

 ၄။ တချက်လွတ် အမိန့်ဖြင့် ဓါးဖြင့်ခုတ်ခံရသူ- သေ
12.စိုးဝင်းသန်း (မန္တလေး)

 ၅။ သွေးပျက်အောင် ခေါင်းဖြတ်ပြခံရသူ- သေ
13.ကျော်ဝေ (မန္တလေး)

၆။ ထောင်မှူးရဲ့ နံချပ်ကူ စမ်းသပ်ခံရသူ-
14.အောင်မင်း (မန္တလေး)

၇။ စစ်ကြောရေး(ဗန်းမော်) သေဆုံး
15.စိုးမင်းအောင် (မန္တလေး)
16.အေးကျော် (မန္တလေး)
17.တင့်လွင် (မြစ်ကြီးနား)

 ၈။ ခြေထောက်မီးဖုတ်ခံထားရသဖြင့် စခန်းရွှေ့စဉ် ပစ်သတ်  သေဆုံး
18.ဝင်းနောင် (ရန်ကုန်)

 ၉။ ရင်းမှူး မူးပြီးသေနတ်ရမ်း  သေဆုံး
19.ဦးအောင်ကိုး (ဗန်းမော်)

 ၁၀။ ပြည်ထောင်စုနေ့ ခေါင်းဖြတ်ပွဲ  သေဆုံး
(၁၅)မှ 20.ကိုချိုကြီး (မန္တလေး)
21.ဦးသောင်းမြင့် (တန့်ဆည်)
22.ဗိုလ်သာဓု (မိုးကောင်း)
23.ဗိုလ်တူးတူး (မြစ်ကြီးနား)
24.မခင်ချိုဦး (ရန်ကုန်)
25.ရန်အောင်(ခေါ်) ထွန်းအောင်ကျော် (မန္တလေး)
26.ဌေးမြင့်ဝင်း (ရန်ကုန်)
27.သက်နိုင် (ရန်ကုန်)
28.အေးမြင့် (ကသာ)
29.မောင်မောင် (ကသာ)
30.ကျော်ကျော်မင်း (ကန့်ဘလူ)
31.ဇော်ကြီး (ခေါ်) လှမြင့် (တပ်ကုန်း) 32.အောင်ဖိုး(ခေါ်) အေးသက်လတ် (ရန်ကုန်) 33.မောင်မောင်ကြွယ် (ရန်ကုန်)
၁၁။ (၅၅)ယောက်ထွက်ပြေးစဉ် လမ်းတွင် သေဆုံး
34.အောင်ကျော်မြင့် (ရန်ကုန်)

၁၂။ NB ဖြစ်မြောက်ရေး အသက်သေဆုံး
35.လွှမ်းမိုး (ခေါ်) ကိုမြင့် (မိုးကောင်း)
36.အောင်ကျော် (ရန်ကုန်)

၁၃။ စစ်ကိုင်းတိုင်း ဖြစ်မြောက်ရေး အစုလိုက်သေဆုံး
37.ဦးကျော်ကျော်အုန်း (တန့်ဆည်)
38.သိန်းသန်း (ကောလင်း)
39.ကြည်မိုး (ကျွန်းလှ)
40.စိုးကြီး (ကောလင်း)
41.ကိုဦး (ကောလင်း)
42.ဇော်ကို (ကောလင်း)

 ၁၄။ သီးခြားသေဆုံး
43.မြတ်ကိုကို (မန္တလေး)



ဘကြီးသက်
Unknown at 1:02 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာပြည်ရောက် ချယ်ရီ မီနီမှာ ကျောက်ဂွမ်းပါမပါ နှင့် ကာကွယ်ရန်


https://fbcdn-sphotos-f-a.akamaihd.net/hphotos-ak-snc6/200458_340016162756685_586630143_n.jpg
လက်တလော ချယ်ရီရဲ့ သတင်းဆိုးကြောင့် မြန်မာပြည် ချယ်ရီကားဈေး ကွက်ကို ထိခိုက်သွားပါတယ်။

နဂိုကတည်းက လူပြောများတဲ့ ချယ်ရီမီနီ ပြန်လည်သိမ်းဆည်းရတဲ့ သတင်းကြောင့် ချယ်ရီဆို သတိထားနေကြပါပြီ။ ဘရာဇီး၊ ဥရုဂွေး၊ ချီလီ၊ အာဂျင်တီးနား၊ စင်ကာပူ စတဲ့ နိုင်ငံများကို တင်သွင်းတဲ့ Chery ရဲ့  ကား brand တစ်မျိုးကို ပြန်လည် ခေါ်ယူစေတာဖြစ်ပါတယ်။ အမျိုးအစားကတော့ Chery Tiggo ဖြစ်ပါတယ်။ ပါဂျဲရိုးတို့လို SUV ကားကြီးအမျိုးအစား ဖြစ်ပါ တယ်။ ချယ်ရီမီနီမဟုတ်ပါဘူး။ အစီးရေကတော့ ၁၈၈၇၅ စီး ဖြစ်ပါတယ်။

ဂရိတ်ဝေါတို့လို တရုတ်နာမည်ကြီးကားကုမ္မဏီက သြစတေးလျမှာ နာမည်ပျက်ပြီးနောက် ချယ်ရီက နောက်ဆက်တွဲ ဖြစ်ပါတယ်။ သိမ်းဆည်း ရတဲ့အကြောင်းအရင်းက ကားအစိတ်အပိုင်းများမှာ ကျောက်ဂွမ်း ပါဝင် မှုကြောင့် ဖြစ်ပါတယ်။

ကျောက်ဂွမ်း (Asbestos) ကို အကြမ်းဖျင်း အရင်သိအောင်မိတ်ဆက်ရပါအုံးမယ်။ Asbestos ကတော်တော်ကို အသုံးများတဲ့ ကျောက်တစ်မျိုး ဖြစ်ပါတယ်။ ကျောက်ဆိုလို့ တန်ဖိုးတဲ့ ကျောက်များကိုပဲ ကျောက်လို့ခေါ်ဆိုခြင်းမဟုတ်ပါ။ လမ်းပေါ်မှာ ခင်းတာ ကျောက်တုံးလို့ ခေါ်သလို သတ္တု Asbestos ကိုလည်း ကျောက်ဂွမ်းလို့ပဲ ခေါ်ပါတယ်။ အိမ်သုံး-ဖာနစ်ရှာတွေများ ပိုများပါတယ်။ ပိုက်တွေမှာလည်း သုံးပါတယ်။ List အတိုင်းသာဆိုရင် - လျှပ်စစ်ပစ္စည်း၊ သံပစ္စည်း၊ မော်တော်ယာဉ်အစိတ်အပိုင်း၊ မီးငြိမ်းသတ် ပစ္စည်း အစရှိသဖြင့် အပူဒဏ်ခံရမယ့် နေရာတွေမှာ အသုံးများပါတယ်။

အဓိက ရည်ရွယ်ချက်ကိုက အပူဒဏ်ခံစေဖို့ဖြစ်ပါတယ်။ ဒီတော့ မော်တော် ယာဉ်တွေလည်း မဖြစ်မနေသုံးခဲ့ကြပါတယ်။ အဓိကအသုံးပြု တဲ့နေရာ ကတော့ ပုံမှာပြထားတဲ့အတိုင်း တကယ့် အပူဒဏ်အကြီး ကြီးခံရမယ့် အစိတ်အပိုင်းမှာ အသုံးပြုထားပါတယ်။ ဘရိတ်၊ Gasket လို့ခေါ်တဲ့ လေ လုံပိတ်၊ မီးမကူး ကြားခံ ပစ္စည်း၊ အပူကာ၊ ဗားကွင်း၊ အပိတ်၊ ကလပ်၊ လိုင်နာ အပူခံ၊ အစရှိသဖြင့် နေရာစုံအသုံးပြုပါတယ်။

ဒီတော့ ဖြစ်လာတဲ့အကျိုးဆက်က ဒီလိုပါ အပူဒဏ်ဆက်တိုက်ခံရတဲ့ ယင်းကျောက်ဂွမ်းများက မီးလောင်ပြီးတော့ အငွေ့ထွက်ပါတယ်။ ယင်းထွက် လာတဲ့အငွေ့ကို ရှုရှိုက်နေရတဲ့အခါ ရေရှည်ဟာ အဆုပ်ကင်ဆာ တစ်မျိုးဖြစ် ပါတယ်။ တကယ်ကြားရခဲတဲ့ အဆုပ်ကင်ဆာ တစ်မျိုးဖြစ်တဲ့ mesothelioma အမျိုးအစား ဖြစ်ပါတယ်။ ဒီထက်မက အခြား ကျန်းမာရေး ပြဿနာ များစွာလည်း ရှိနေပါသေးတယ်။ ရောဂါက အချိန်ခဏတာ ရှုရှိုက်သူများအတွက်တော့ မသိသာပါဘူး။ သို့ပေမယ့် နှစ်လရှည်ကြာ ရှုရှိုက်မိရင်တော့ ကြိမ်းသေ ရောဂါလဏ္ခနာ ပြမှာ ဖြစ်ပါတယ်။

ဒါကြောင့် ၁၉၈၀ နောင်းပိုင်း ကမ္ဘာတစ်လွှားမှာ မော်တော်ယာဉ် အစိတ်အပိုင်းများတွင် ကျောက်ဂွမ်းအသုံးပြုခြင်းအား နည်းဥပဒေအမျိုးမျိုးနဲ့ တားဆီးခဲ့ပါတယ်။ သေချာတာကတော့ အမေရိကန်မှာ မသုံးတော့ပါ ဘူး။ ပြီးတော့ ဖွံ့ဖြိုးပြီးနိုင်ငံများရှိ စက်ရုံအများစုမှာ အသုံးမပြုတော့ပါဘူး။ သို့ပေမယ့် အကန့်အသတ်နဲ့ ခွင့်ပြုပြီး အသုံးပြုခြင်းကိုတော့ တရုတ်ပြည်မှာ ပြုလုပ်ဆဲ ဖြစ်တယ်လို့ သိရပါတယ်။

အခုတော့ ချယ်ရီ ပြဿနာတက်ပါပြီ။ ဒီတော့ ချယ်ရီ မီနီမှာ ကျောက်ဂွမ်း သုံးမသုံး စဉ်းစားစရာ တွေဖြစ်လာပါတယ်။ မီနီကို အဓိက ပို့တဲ့နိုင်ငံများ ကတော့ အီရန်၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ တောင်အာဖရိက၊ ထိုင်း၊ ချီလီ၊ ဗီယက်နမ်၊ ပါကစ္စတန်၊ သီရိလင်္ကာ တို့ ဖြစ်ပါတယ်။ မြန်မာပြည်ပို့ တယ်ဆိုတာ ယင်းနိုင်ငံများကို ပို့တာထက် အစီးရေ နည်းနေ ပါသေးတယ်။ ဒီတော့ အဲဒီမှာ စင်္ကာပူတို့လို နိုင်ငံကြီးပါဝင်နေပါတယ်။ Gitto SUV တုန်းက စင်္ကာပူ၊ ချီလီ တို့ recall ပြန်လုပ်ခိုင်းပါတယ်။ ချယ်ရီ မီနီလည်း သူတို့ဆီမှာ ရှိနေပါတယ်။ ဒီတော့ ချယ်ရီ မီနီမှာ ကျောက်ဂွမ်းမပါဘူးလားလို့ စိတ်ဖြေချင်စရာ ဖြစ်လာပါတယ်။

သို့ပေမယ့် ကျောက်ဂွမ်းပါမပါဆိုတာကတော့ သက်ဆိုင်ရာ အစိုးရက တာဝန်ယူ စစ်ဆေးပေးသင့်ပါတယ်။ တကယ်ပါမပါကတော့ မြန်မာပြည် ဆိပ်ကမ်းကပ်လာတဲ့ မီနီတိုင်းကို လိုက်ကြည့်မှ သိမယ်ထင်ပါတယ်။ လက်ရှိလည်း မီနီနဲ့ တက္ကစီဆွဲနေသူပေါင်း မြောက်များစွာ ရှိပါတယ်။ သူတို့အားလုံးရဲ့ ကျန်းမာရေး အသက်အန္တရာယ်အပြင် လိုက်ပါစီးနင်းသူများ ရဲ့  အသက်အန္တရာယ်နဲ့လည်း နီးစပ်နေလို့ ဖြစ်ပါတယ်။ နိုင်ငံခြားမှာဆိုရင် အခွန်အခကြီးလို့ ကားတစ်စီးကို ကြာကြာမစီးပါဘူး။ မြန်မာပြည်မှာတော့ ကားတစ်စီးဆိုရင် နှစ်အတော်ကြာ ခိုင်းစားမှ တွက်ချေကိုက်တဲ့ အနေအထားမှာ ရှိပါတယ်။ ယခုလို နေ့စဉ် လုပ်ကိုင်စားသောက်နေ တဲ့ နိုင်ငံသားတွေရဲ့ ကျန်းမာရေးအတွက် ချယ်ရီမှာ ကျောက်ဂွမ်းပါမပါဟာ စိုးရိမ်စရာ ဂရက်တစ်ခုဖြစ် ရိုက်ခတ်နေပါတယ်။

ဒီတော့ ပါမပါ ကိုယ်တိုင် စစ်ဆေးတာ အကောင်းဆုံး ဖြစ်ပါတယ်။ ပုံမှာ ပြထားတဲ့ အစိတ်အပိုင်းများကိုပဲ အဓိက စစ်ဆေးပေးရပါ မယ်။ ကျောက်ဂွမ်းအသုံးပြုထားတဲ့ အစိတ်ပိုင်းများကို ဝပ်ရှော့မှာ သွားရောက်စစ်ဆေး နိုင်ပါတယ်။

ကျောက်ဂွမ်းဟာ အဖြူတစ်မျိုးတည်းမဟုတ်ပါဘူး။ ကားမှာအသုံးများတာက အညိုရောင်ကျောက်ဂွမ်း ဖြစ်ပါတယ်။ Gasket မှာဆိုရင်လည်း သေချာ ထွင်းထားတဲ့ ကျောက်ဂွမ်းအဝိုင်းကို မြင်တွေ့ရပါမယ်။ သို့ပေမယ့် တကယ် ကျောက်ဂွမ်းဟုတ်မဟုတ် စစ်ဆေးမှုကိုတော့ စာရေးသူလည်း ဝပ်ရှော့မှာ လုပ်ကိုင်သူ၊ သတ္တုအမျိုးအစား အသေးစိတ်နားလည်သူ မဟုတ်တဲ့အတွက် တပ်အပ်မပြောရဲပါဘူး။ သေချာလည်း မလေ့လာရသေး ပါဘူး။ တကယ် သိတတ် နားလည်သူများရဲ့ အကူအညီ ကို တောင်းပြီး ကျောက်ဂွမ်းပါတဲ့အစိတ်အပိုင်းများကို အစားထိုးတပ်ဆင်တာ အကောင်းဆုံး ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ငွေအကုန် အကျ နှစ်ခုထဲက တစ်ခုတော့ ရွေးရ မှာ ဖြစ်ပါတယ်။ ငွေအကုန်မခံနိုင် ရင်တော့ ကျောက်ဂွမ်း နဲ့နဲ့ ဆက်လက် လုပ်ကိုင်နေရပါမယ်။

ဒီတော့ စာဖတ်သူများလည်း မိမိစီးတဲ့ ကားမှာ ကျောက်ဂွမ်းပါမပါ စစ်ဆေးပြီး ကျောက်ဂွမ်းမသုံးတဲ့ စပယ်ယာ အစိတ်အပိုင်းများအား အစားထိုးအသုံးပြုရန် တိုက်တွန်းလိုက်ရပါတယ်။
----
အောင်ခမ်း (TSJ Tech Team)
http://techspacejournal.blogspot.com/2012/09/blog-post_8518.html
ဘကြီးသက်
Unknown at 12:55 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာနိုင်ငံ ပညာရေးစနစ်အား အကြီးစား ပြုပြင်ပြောင်းလဲရန် လိုအပ်နေ


မြန်မာနိုင်ငံ ဘူမိသိပ္ပံ အသင်းမှ ကြီးမှူးပြီး ဒေါက်တာ ဦးသိန်းမှ အကြီးစား ပြုပြင် ပြောင်းလဲဖို့ လိုအပ်နေတဲ့ မြန်မာနိုင်ငံ ပညာရေး စနစ် အကြောင်း
ဟောပြောပွဲကို စက်တင်ဘာလ ၁ ရက်နေ့မှာ ရန်ကုန်မြို့ UMFCCI မှာ ကျင်းပပြုလုပ် ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ဟောပြောပွဲမှာ ဒေါက်တာ ဦးသိန်းမှ လွန်ခဲ့တဲ့ နှစ် ၅၀ ကျော်က မြန်မာ့ ပညာရေးဟာ အရှေ့တောင် အာရှမှာ ထိပ်ဆုံးပိုင်းက ရှိနေခဲ့ပေမယ့် လက်ရှိ ကာလမှာ စင်္ကာပူ၊ မလေးရှား၊ ထိုင်းတို့ နောက်ကို ရောက်နေပြီး မြန်မာနိုင်ငံရဲ့ ပညာရေးဟာ အားလျော့ နေတာ ဖြစ်ပါတယ်။

ဒီလို မြန်မာ့ ပညာရေးမှာ နောက်ကျနေတဲ့ အတွက် ပညာရေးကို အဆင့်မြှင့်တင်ဖို့ လိုအပ်ပြီး သက်ဆိုင်ရာ ပညာရေးဌာန တွေမှာ မြှင့်တင်ဖို့ ကြိုးစားနေ ပေမယ့် စနစ်ဟောင်းက ခံယူချက်များတဲ့ အတွက် အခက်အခဲများ ရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ပညာရေး မြှင့်တင်ဖို့ လိုအပ်တာဟာ စီးပွားရေး လုပ်ငန်းများ အတွက် အရည်အချင်း ရှိတဲ့ လူအရင်းအမြစ်များ၊ တတ်သိ ကျွမ်းကျင် စီမံခန့်ခွဲ အုပ်ချုပ် တက်သူများ၊ ပညာရှင်များ၊ မျိုးဆက်သစ် ခေါင်းဆောင်များ အစရှိတဲ့ ပုဂ္ဂိုလ်များ မွေးထုတ် ပေးရန် လိုအပ်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၅ မှာ နိုင်ငံသား တစ်ဦးချင်း ၀င်ငွေ သုံးဆ တိုးလာခဲ့ပါက စီးပွားရေး အခြေခံ အဆောက်အအုံနဲ့ ပညာရေး အပေါ်ယံ အဆောက်အအုံ တို့ဟာ ရေမြင့် ကြာတင့်တဲ့ သဘော ဖြစ်လာမှာ ဖြစ်တယ်လို့ ဒေါက်တာ ဦးသိန်းရဲ့ ပြောကြားချက် အရ သိရပါတယ်။



ဘကြီးသက်
Unknown at 12:44 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ABSDF ဗဟို ဥက္ကဋ္ဌ ဟောင်းများ မြန်မာနိုင်ငံ တွင်း အမြဲတမ်း နေထိုင်ခွင့် ရရှိရန် ကြိုးပမ်း




မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး လုပ်ငန်းများ ပါဝင် ဆောင်ရွက်နိုင်ရန်တွက် အမြဲတမ်းနေ ထိုင် ခွင့် PR (Permanent Resident ) ရ ရှိအောင် ကြိုးပမ်းသွားမည် ဖြစ် ကြောင်း လက်ရှိ အမေရိကန် နိုင်ငံ သား ခံယူထားသူ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF ဗဟို ဥက္ကဋ္ဌဟောင်း နှစ်ဦြး
ဖစ်သော ဦးမိုးသီးဇွန် နှင့် ဦးထွန်းအောင်ကျော် တို့ က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ယုဇန ဟိုတယ်တွင် စက်တင်ဘာလ ၃ ရက်နေ့၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

“ကျွန်တော် တို့ အခုလာရတာ ဗီဇာက ၂၁ ရက် ပဲ ရတယ် ။အဲ့ဒီ အချိန်နဲ့ ကျွနတော် လုပ် ချင်တာ တွေ မလုပ် နိုင်ဘူးဆိုတာလည်း ကျွန်တော် တို့ သိတယ်။ အမြဲ တမ်း နေ ထိုင် ခွင့် ရဖို့ တွက် အစိုးရ ပေါ် မူတည်ပါတယ် “ဟု ဦးထွန်းအောင်ကျော် ကပြော ဆိုသည်။

ABSDF အဖွဲ့ ဝင်များ သည် လက်နက် ကိုင် တပ် ဖွဲ့ ဝင် များ၊ တိုင်း ရင်း သား လက်နက် ကိုင်ခေါင်း ဆောင်၏ များ ပြသနာ၊ အခက်ခဲများ နှင့် အစိုး ရအပေါ် ထားရှိ သည့် သဘော ထာား ကို နား လည် သိရှိ သော ကြောင့် ပြည် တွင်း စစ် ရပ် ဆဲရေး နှင့် ငြိမ်း ချမ်း ရေး လုပ် ငန်း စဉ်များတွင် ဝင်ရောက် ကူညီ လုပ် ကိုင် ရန် မြန် သို့ ပြန်လည်ရောက် ရှိ လာခြင်းဖြစ်ကြောင်း ဦးမိုးသီးဇွန် ကပြောသည်။

ပြည်ပ မှာရှိတဲ့ အတိုက်ခံများပြန်လာရန် သဘောတူထားပြီးဖြစ်ကြောင်း၊ ပညာရှင်အားလုံးအား ဖိတ်ခေါ်မည်ဖြစ်ကြောင်း၊ တိုင်းရင်းသားတွေနှင့်လည်း အမြန်ဆုံး ငြိမ်းချမ်းရေး ရရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးရေး အတွက် အမြန်ဆုံး လုပ်ကိုင်ဆောင်ရွက်သွားဖြစ်ကြောင်း ဦးမိုးသီးဇွန်က ဆက်လက်ပြောကြားခဲ့သည်။

အစိုးရမှ အမည်ပျက်စာရင်း Black List သတ်မှတ်ခံထားရသူများကို စာရင်းမှပယ်ဖျက်ပေးခဲ့ရာ ABSDF ဗဟို ဥက္ကဌဟောင်းများဖြစ်သည့် ဒေါက်တာနိုင်အောင်၊ ဦးမိုးသီးဇွန်နှင့် ဦးထွန်းအောင်ကျော်တို့ ၉ဦးအဖွဲ့သည် သြဂုတ်လ ၃၁ ရက်နေ့နှင့် စက်တင် ဘာလ၁ရက်နေ့တို့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာ ခဲ့ကြသည်။
Myanmar Express

ဘကြီးသက်
Unknown at 12:41 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.