Tuesday, September 4, 2012

ဒုတိယဝန်ကြီး အပြောင်းအလဲကြောင့် ဆီးဂိမ်းမတိုင်မီ (၅ဝဝဝ)တန် GSM 3G ထွက်ရှိမည်



မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဖုန်းထုတ်လုပ်ခွင့်နိုင်ငံတကာတင်ဒါခေါ်ယူသည်နှင့် တစ်ပြိုင်နက် (၅ဝဝဝ)ကျပ်တန် မိုဘိုင်း ဖုန်းများကို ပြည်သူများအတွက် ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ရွှေပြည်တံခွန်ကုမ္ပဏီက သိရှိရသည်။

'' ဒီပုံစံအတိုင်းဆို အခု ဒုတိယဝန်ကြီးအသစ်က အကုန်နားလည်တတ်ကျွမ်းတဲ့သူ ဦးသောင်းတင်ဆိုတော့ မကြာခင် ၂လ ၊ ၃လအတွင်း ဆီးဂိမ်း မတိုင်ခင်မှာ ငါးထောင်တန်ဖုန်း ထွက်နိုင်လောက်ပါတယ်'' ဟု ရွှေပြည် တံခွန်မှ မန်နေဂျင်း ဒါရိုက် တာ ဦးလွင်နိုင်ဦးက ပြောသည်။

ရွှေပြည်တံခွန်ကုမ္ပဏီမှ (၅ဝဝဝ)တန် ဖုန်းထွက်ရှိရေးအတွက် လိုအပ်သည်များကို ပြင်ဆင်ပြီးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးများကို ကနဦး စတင်ရောင်းချပေးရန် အစီအစဉ်ရှိကြောင်း ၄င်းက ဆက်ပြောသည်။

အဆိုပါ (၅ဝဝဝ)ကျပ်တန် မိုဘိုင်းဖုန်းများကို UMTS (Universal Mobile Telecommunication System စနစ်ဖြင့် ထုတ်လုပ်မည်ဖြစ်ပြီး GSM 3G ပုံစံဖြင့် ရောင်းချစီစဉ်ထားကြောင်းကိုလည်း သိရှိရသည်။

'' ထုတ်ဖြစ်မယ်ဆိုရင်တော့ Third Generation (3G) စနစ်နဲ့ထုတ်မှာပါ အင်တာနက် လိုင်းလည်း ပါပါတယ်။ GSM ပါပဲ'' ဟု ဦးလွင်နိုင်ဦးက ပြောသည်။

ဖုန်းထုတ်လုပ်ခွင့်နိုင်ငံတကာတင်ဒါခေါ်ယူခြင်းနှင့် ပတ်သက်ပြီး တင်ဒါခေါ်ယူရာတွင် လိုအပ်သော အချက်အလက်များကို ပြင်ဆင်ရွေးချယ်ခြင်းများ ပြုလုပ်နေကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သိရှိရသည်။


'' နိုင်ငံတကာတင်ဒါခေါ်ဖို့တော့ လိုပါသေးတယ် တင်ဒါခေါ်ရင် လိုအပ်တဲ့အချက်တွေကို ပြင်ဆင်ပြီး ရွေးချယ်နေတုန်း ရှိပါသေးတယ် သေချာစဉ်းစားပြီးမှ လုပ်ရမယ့်ကာလဖြစ်နေသေးလို့ပါ '' ဟု နေပြည်တော်ရှိ မြန်မာ့ဆက်သွယ်ရေးရုံးချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နေပြည်တော်ရှိ မြန်မာ့ဆက်သွယ်ရေးရုံးချုပ်သည် ဖုန်းထုတ်လုပ်ခွင့် နိုင်ငံတကာတင်ဒါခေါ်ယူခြင်းကို တစ်နှစ်အတွင်း ခေါ်ယူ နိုင်ဖွယ်ရှိကြောင်း ၄င်းက ဆက်လက်ပြောကြားခဲ့သည်။

ရွှေပြည်တံခွန်ကုမ္ပဏီသည် မြန်မာ့ဆက်သွယ်ရေးမှ ခေါ်ယူသော နိုင်ငံတကာတင်ဒါတွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ဖုန်းကဒ် တစ်ကဒ်လျှင် ငါးထောင်နှုန်းဖြင့် ရောင်းချမည်ဟု ဆိုသော်လည်း ဖုန်းခေါ်ဆိုခနှုန်းထားမှာ တင်ဒါခေါ်ယူခြင်း အပေါ်၌သာ မူတည်ကြောင်း သိရှိရသည်။

၂ဝ၁၂ခုနှစ် ဇန်နဝါရီလပိုင်းတွင် ရွှေပြည်တံခွန်ကုမ္ပဏီအနေဖြင့် ၅ဝဝဝ ကျပ်တန် မိုဘိုင်းဖုန်းများ ထုတ်လုပ်မည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း မြန်မာ့ဆက်သွယ်ရေးမှ ဝန်ကြီးများက နည်းပညာနှင့်ပတ်သက်၍ မြန်မာ့ ဆက်သွယ်ရေးမှအပ အခြားသောပုဂ္ဂလိကကုမ္ပဏီများအနေဖြင့် ထုတ်လုပ်ရောင်းပိုင်ခွင့်မရှိဟု ဆိုခြင်းကြောင့် ရွှေပြည်တံခွန်ကုမ္ပဏီမှာ ငါးထောင်တန်ဖုန်းရောင်းချခွင့်ကို ရပ်ဆိုင်းခဲ့ရကြောင်း သိရှိရသည်။

ရွှေပြည်တံခွန်မှ ထုတ်လုပ်မည့် ငါးထောင်တန် မိုဘိုင်းဖုန်းထွက်ပေါ်လာရေးကို ပြည်သူအများစု မျှော်လင့်ခဲ့သော်လည်း ၂သိန်းဖုန်းသာ ထွက်ပေါ်ခဲ့သောကြောင့် ပြည်သူအများစုမှာ ဆက်လက် မျှော်လင့်ချက် မဲ့ခဲ့ရကြောင်း သိရှိရသည်။

'' ကျွန်တော်တို့ မျှော်လင့်ခဲ့တာက ငါးထောင်တန်ဖုန်းပေါ့ ဒါပေမဲ့ တန်ဖိုးနည်းဖုန်းက ထွက်မလာဘူး။ ၂သိန်းဖုန်းတော့ ထွက်နေပြီး ၊ ဆက်ြ့ပီးတော့ မျှော်လင့်နေ ဦးမှာပါ '' ဟု ၇န်ကုန်မြို့နေ ပြည်သူတစ်ဦး က ပြောသည်။
ဝင့်သင်ဇာကျော် (မြစ်မခ)
by Myit Makha Mediagroup on 4 Sep, 2012

news from.....http://myitmakhamediagroup.com/detail.php?newid=2385


ဘကြီးသက်
Unknown at 8:58 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.