Tuesday, September 4, 2012

မြန်မာနိုင်ငံ ပညာရေးစနစ်အား အကြီးစား ပြုပြင်ပြောင်းလဲရန် လိုအပ်နေ


မြန်မာနိုင်ငံ ဘူမိသိပ္ပံ အသင်းမှ ကြီးမှူးပြီး ဒေါက်တာ ဦးသိန်းမှ အကြီးစား ပြုပြင် ပြောင်းလဲဖို့ လိုအပ်နေတဲ့ မြန်မာနိုင်ငံ ပညာရေး စနစ် အကြောင်း
ဟောပြောပွဲကို စက်တင်ဘာလ ၁ ရက်နေ့မှာ ရန်ကုန်မြို့ UMFCCI မှာ ကျင်းပပြုလုပ် ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ဟောပြောပွဲမှာ ဒေါက်တာ ဦးသိန်းမှ လွန်ခဲ့တဲ့ နှစ် ၅၀ ကျော်က မြန်မာ့ ပညာရေးဟာ အရှေ့တောင် အာရှမှာ ထိပ်ဆုံးပိုင်းက ရှိနေခဲ့ပေမယ့် လက်ရှိ ကာလမှာ စင်္ကာပူ၊ မလေးရှား၊ ထိုင်းတို့ နောက်ကို ရောက်နေပြီး မြန်မာနိုင်ငံရဲ့ ပညာရေးဟာ အားလျော့ နေတာ ဖြစ်ပါတယ်။

ဒီလို မြန်မာ့ ပညာရေးမှာ နောက်ကျနေတဲ့ အတွက် ပညာရေးကို အဆင့်မြှင့်တင်ဖို့ လိုအပ်ပြီး သက်ဆိုင်ရာ ပညာရေးဌာန တွေမှာ မြှင့်တင်ဖို့ ကြိုးစားနေ ပေမယ့် စနစ်ဟောင်းက ခံယူချက်များတဲ့ အတွက် အခက်အခဲများ ရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ပညာရေး မြှင့်တင်ဖို့ လိုအပ်တာဟာ စီးပွားရေး လုပ်ငန်းများ အတွက် အရည်အချင်း ရှိတဲ့ လူအရင်းအမြစ်များ၊ တတ်သိ ကျွမ်းကျင် စီမံခန့်ခွဲ အုပ်ချုပ် တက်သူများ၊ ပညာရှင်များ၊ မျိုးဆက်သစ် ခေါင်းဆောင်များ အစရှိတဲ့ ပုဂ္ဂိုလ်များ မွေးထုတ် ပေးရန် လိုအပ်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၅ မှာ နိုင်ငံသား တစ်ဦးချင်း ၀င်ငွေ သုံးဆ တိုးလာခဲ့ပါက စီးပွားရေး အခြေခံ အဆောက်အအုံနဲ့ ပညာရေး အပေါ်ယံ အဆောက်အအုံ တို့ဟာ ရေမြင့် ကြာတင့်တဲ့ သဘော ဖြစ်လာမှာ ဖြစ်တယ်လို့ ဒေါက်တာ ဦးသိန်းရဲ့ ပြောကြားချက် အရ သိရပါတယ်။



ဘကြီးသက်
Unknown at 12:44 AM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.