Tuesday, September 4, 2012

မြောက်ပိုင်းလူသတ်မှု အမှုမှန်ပေါ်ရေး ဥက္ကဋ္ဌဟောင်းကမ်းလှမ်း

ရန်ကုန် (မဇ္ဈိမ) ။          ။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF တွင်း လွန်ခဲ့သော အနှစ် ၂၀ က ဖြစ်ပွားခဲ့သည့် မြောက်ပိုင်းလူသတ်မှုနှင့် ပတ်သက်၍ အမှုမှန်ပေါ်ပေါက်ရန် ကိုယ်တိုင် ဦးဆောင် လုပ်ဆောင်သွားမည်ဟု ဥက္ကဋ္ဌဟောင်း ဦးထွန်းအောင်ကျော်က ပြောဆိုခဲ့သည်။

တနင်္လာနေ့ ရန်ကုန်မြို့ ယုဇန ဟိုတယ်တွင်ပြုလုပ်သည့် အမိမြေငြိမ်းချမ်းရေးလုပ်ငန်း သတင်းစာရှင်းလင်းပွဲတွင် “မြောက်ပိုင်းကိစ္စနှင့်ပတ်သက်ပြီး အမှန်တရားပေါ်ပေါက်ရေးကို ကျွန်တော်ကိုယ်တိုင် ဦးဆောင်ပြီး ပါဝင်မယ် ” ဟု ဦးထွန်းအောင်ကျော်က ဆိုသည်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီလိုလားသော ဆန္ဒပြသူများကို စစ်တပ်ကပစ်ခတ်ဖြိုခွင်းကာ အာဏာသိမ်းပြီးနောက် လက်နက်စွဲကိုင်တော်လှန်ရန် နယ်စပ်သို့တိမ်းရှောင်သွားသည့် ကျောင်းသားများဖြင့် ဖွဲ့စည်းခဲ့သည့် ABSDF အတွင်း လူသတ်မှုကျူးလွန်သည်ဆိုခြင်းမှာ လွဲမှားနေသည့် ခေါင်းဆောင်တချို့၏ အာဏာရူးမှု၊ အတွေ့အကြုံ မရင့်ကျက်မှု များကြောင့် ဖြစ်သည်ဟု သူက ပြောသည်။

ကချင်ပြည်နယ်မြောက်ပိုင်း ပါဂျောင်ဒေသတွင် ၁၉၉၂ ခုနှစ်အစောပိုင်းက ဖြစ်ပွားခဲ့သော ညှင်းပန်းသတ်ဖြတ်မှုများ
နှင့် ပတ်သက်၍ လွတ်မြောက်လာသူများနှင့် မိသားစုဝင်များက သတ်ဖြတ်မှုကျူးလွန်သူများကို တရားစွဲဆိုသွားမည်ဟု ထုတ်ဖော်ပြောဆိုထားကြသည်။

ဦးထွန်းအောင်ကျော် ဦးမိုးသီးဇွန်အပါအဝင် အမိမြေ ငြိမ်းချမ်းရေး လုပ်ငန်းတွင် ပါဝင်သူတို့အနေနှင့် မြန်မာနိုင်ငံသို့
ရောက်ရှိလာစဉ် အချိန်အတွင်း ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် ကိစ္စများ၊ ကချင်ပြည်နယ်အတွင်း စစ်ဖြစ်နေ သည့် ကိစ္စရပ်များကို အစိုးရနှင့် ဆွေးနွေးရန် ဆန္ဒရှိနေပြီး လုပ်နိုင်သမျှ လုပ်ဆောင်သွားနိုင်ရန် မျှော်မှန်းထားကြောင်း ABSDF အဖွဲ့ဝင်ဟောင်း ဦးကိုကိုလေးက သတင်းစာရှင်းလင်းပွဲတွင် မဇ္ဈိမကို ပြောသည်။

“ကျွန်တော်တို့ မြန်မာနိုင်ငံကို ခုရောက်လာပြီး ဘာလုပ်နိုင်လဲလို့မေးရင် အစိုးရပိုင်းမှာ ဒီအတွက် အစီအစဉ်တွေ ရှိပါတယ်၊ နောက်ပြီး မြန်မာနိုင်ငံကို ခဏခဏ ဝင်လို့ရအောင် ဝန်ကြီးက လုပ်ပေးထားတဲ့ အစီအစဉ်တွေလည်း ရှိတယ်၊ နောက်ပြီး အမြဲတမ်းနေထိုင်ခွင့်ရသူ (Permenent Resident) အဖြစ်နဲ့ နေခွင့်ရအောင် လုပ်ပေးမယ့် အစီအစဉ်တွေလည်း ရှိပါတယ်” ဟု ဦးကိုကိုလေးက ဆိုသည်။

သမ္မတဦးသိန်းစိန်၏ Black List စာရင်းမှ ပယ်ဖျက်ပေးမှုအပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည့် ဦးမိုးသီးဇွန် အပါအဝင် အဆိုပါပုဂ္ဂိုလ်များသည် မြန်မာနိုင်ငံတွင် နေထိုင်ခွင့်ကို ပထမ ခုနစ်ရက်ရရှိခဲ့သည့်အပြင် သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၏ စီစဉ်ပေးမှုကြောင့် သီတင်းလေးပတ်ခန့်ကြာ နေထိုင်နိုင်မည် ဖြစ်သည်။

ယခုလ ၂ ရက်နေ့က ဦးမိုးသီးဇွန်၊ ABSDF ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင်နှင့် သမ္မတရုံး ဝန်ကြီးများဖြစ်သည့် ဦးအောင်မင်း ဦးစိုးသိန်း ကမာရွတ်၊ ရွှေလီလမ်းရှိ ငြိမ်းချမ်းရေးစင်တာတွင် တွေ့ဆုံခဲ့ပြီး တိုင်းရင်းသားအရေးကိစ္စများ၊
ကျောင်းပညာရေးကိစ္စများ ဆွေးနွေးခဲ့ကြသည်။

ဘကြီးသက်
Unknown at 9:10 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.