မကွေးတိုင်း ဒေသကြီး တောင်တွင်းကြီး မြို့နယ် မြို့နယ် အုပ်ချုပ်ရေးမှူး ဖလား ကျေးရွာ ရပ်ကွက်ပေါင်းစုံ ဘောလုံးပြိုင်ပွဲကျင်းပရာ အုပ်စုဗိုလ်လုပွဲ ရှုံး/ထွက်ပွဲစဉ်များ ယှဉ်ပြိုင်ကစားကြရာ ၃.၉.၂၀၁၂ ရက်နေ့ ညနေ ၃နာရီ ၃၀မိနစ် အချိန်တွင် ရွှေအိုး (၁)ရပ်ကွက် ဘောလုံးအသင်းနှင့် သဖန်းကုန်းကျေးရွာ ဘောလုံးအသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြရာမှ ခိုက်ရန်ဖြစ်ပွါးခဲ့ ကြောင်းသိရပါတယ်။
ဘောလုံးပွဲ ပထမပိုင်း ယှဉ်ပြိုင် ကစားကြရာ ဘောလုံးပွဲ ပထမပိုင်းစတင်ချိန် ၁၀မိနစ် ပြည့်ချိန်တွင် ရွှေအိုး (၁)ရပ်ကွက် ဘောလုံးအသင်းမှ ဦးဆောင်ဂိုးအဖြစ် ၁ ဂိုးစတင်သွင်းနိုင်ခဲ့ပြီး ပထမပိုင်းပြီးရန် ၅၆ မိနစ်အချိန်တွင် ရွှေအိုး ၁ ရပ်ကွက်အသင်းမှ သဖန်းကုန်းကျေးရွာအသင်းအား ဦးဆောင်ဂိုး ၄ ဂိုးသွင်းနိုင်ခဲ့ပြီး နှစ်သင်းလုံး အကြိုက်အနယ် ဆက်လက် ယှဉ်ပြိုင်ကစားနေရာမှ သဖန်းကုန်းကျေးရွာ အသင်းမှ အားကစားသမားတစ်ဦး ကစားသမားချင်း မတော်တဆ ထိခိုက်မိပြီး မျက်နှာပြင် နဖူးစောင်းတွင် အနည်းငယ် ဒါဏ်ရာရရှိခဲ့ပါတယ်။
အဲဒီနောက် ပွဲကြည့် ပရိသတ်များ နှစ်ဘက်ကြည့်ရှုရာမှ တဘက်နှင့်တဘက် အပြိုင်အားပေးရာမှ ဆဲဆိုပြောဆိုပြီး ခဲဖြင့်ပစ်ပေါက်ခြင်း၊ လောက်လေးဖြင့် ပစ်ခြင်း၊ တုတ်များဖြင့် ရိုက်ခြင်း ပစ်ပေါက်ခြင်း စသည်ဖြင့် လူအင်အား (၄၀၀) ခန့်မှ တဘက်နှင့်တဘက် အပြန်အလှန် ရုံးရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ခိုက်ရန် ဖြစ်ပွားမှုများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ တာဝန်ရှိသူများ သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ လုံခြုံရေး စပ်ကော်မတီများက ၀ိုင်းဝန်းထိန်းသိမ်းခဲ့ ပါတယ်။
ယင်းသို့ တာဝန် ရှိသူများမှ ထိန်းသိမ်းနေစဉ် တောင်တွင်ကြီးမြို့မ ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် မြင့်ဇော်၏ ၀မ်းဗိုက်သို့ လောက်လေးခဲ ထိမှန်ခဲ့သော်လည်း စိုးရိမ်ဖွယ်ရာ မရှိခဲ့ကြောင်း သိရပါတယ်။
အဆိုပါ နှစ်ဖက်ဖြစ်ပွားမှုကြောင့် ကျေးရွာသား တစ်ဦးမှာ ခေါင်းသို့ ခဲမှန်ပြီး သုံးလေးဦးမှာ ခဲ၊တုတ်များ၊ ပုလင်း ထိမှန်ခဲ့ကြောင်း စုံစမ်းသိရှိခဲ့ရသည် ။ အဆိုပါ ဖြစ်ပွားမှုမှာ တောင်တွင်းကြီးမြို့ ရွှေကြာအင်း (၁)ရပ်ကွက် အတွင်းရှိ မြို့နယ် ရန်ပယ် အားကစားကွင်း အတွင်း အပြင်များတွင် ဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ်။
ပရိသတ်အဖြစ် လာရောက်ကြည့်ရှုသူများထဲမှ (၁၁)ရွယ် ကလေးငယ်တစ်ဦး ပုလင်းကွဲမှန် ၊ လက်တွင် အရိုးထိပေါ်နေသော ဒါဏ်ရာရရှိခဲ့ကြောင်း ဘောလုံးပွဲရပ်လိုက်ရကြောင်း သိရပါတယ်။
အလယ်ပိုင်း သတင်းသမား
Myanmar News Now

![]() |
ဘောလုံးပွဲ အတွင်း ခိုက်ရန် ဖြစ်ပွါးမှု မြင်ကွင်း ဓါတ်ပုံများ |

ဘကြီးသက်
0 မှတ်ချက်ကလေးရေးပေးနော်.:
Post a Comment
Thank you Visit my bloge