Tuesday, September 4, 2012

အမြတ်ခွန်ဥပဒေကို ဝင်ငွေခွန်ဥပဒေဖြင့် စည်းကြပ်တော့မည်


ယခင်အမြတ်ခွန်ဥပဒေကို ဝင်ငွေခွန်ဥပဒေဖြင့် ယခုနှစ်မှ စတင်စည်းကြပ်မည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။ ဝင်ငွေခွန်အား လစာအပေါ်တွင် ကောက်ခြင်း၊ အသက်မွေးဝမ်းကျောင်းပေါ်တွင် ကောက်ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များအပေါ် ကောက်ခြင်း၊ ပစ္စည်းများ ငှားရမ်းခရသည့်အပေါ်တွင် ကောက်ခြင်း၊ အစုရှယ်ယာ အမြတ်ရသည့်အပေါ်တွင် ကောက်ခြင်း အစရှိသည်တို့ကို ကောက်သွားမည်ဖြစ်ကြောင်း သိရသည်။ ယခု ပြင်ဆင်သတ်မှတ်လိုက်သည့် လစာဝင်ငွေအပေါ် ကောက်မည့်အခွန်နှုန်းမှာ ငါးသိန်းအထိကို ၁ ရာခိုင်နှုန်းဖြစ်ပြီး၊ သိန်း ၂၀၀ အထက်ကို ၂၀ ရာခိုင်နှုန်း သမဝါယမလုပ်ငန်း၊ စီးပွားရေးလုပ်ငန်းများအပေါ် ကောက်မည့်အခွန်နှုန်းထားမှာ ယခုငါးသိန်းအထိကို နှစ်ရာခိုင်နှုန်း၊ ကျပ်သိန်း ၃၀၀ အထိကို ၂၅ ရာခိုင်နှုန်းတို့ဖြစ်ကြောင်း သိရသည်။ “အခွန်ကင်းလွတ်ခွင့် ရတဲ့ဟာတွေလဲ ရှိပါတယ်။ ဘာသာရေးအဖွဲ့အစည်းတွေရဲ့ လုပ်ငန်းတွေအပေါ်မှာ အခွန်ကင်းလွတ်ခွင့် ရှိတယ်။ ဒေသဆိုင်ရာအဖွဲ့ရဲ့ ဝင်ငွေမှာ အခွန်ကင်းလွတ်ခွင့်ရှိတယ်၊ ငွေစုဘဏ်တွေမှာ စုဆောင်းငွေပေါ်မှာ ရတဲ့အပေါ် အခွန်ကင်းလွတ်ခွင့်ရှိတယ်။ ဒါပေမယ့် နည်းဥပဒေနဲ့ ပြဋ္ဌာန်းရတဲ့ ငွေတစ်ရပ်ရပ်စုတာ ဖြစ်တဲ့အတွက် အစိုးရငွေစုဘဏ်မှာ ရတဲ့အတိုးကိုပဲ ပြောတာဖြစ်တယ်။ ပုဂ္ဂလိကဘဏ်ကရတဲ့ အတိုးအပေါ်မှာ အခွန်ကင်းလွတ်ခွင့် မရှိပါဘူး။ ပင်စင်၊ သေဆုံး (သို့မဟုတ်) ဒဏ်ရာရရှိတဲ့ လျော်ကြေး၊ အာမခံလျော်ကြေး၊ အဖန်တလဲလဲ မဟုတ်ဘဲ တစ်ခါတစ်ရံရရှိတဲ့ ငွေတွေက အခွန်ကင်းလွတ်ခွင့် ရှိတယ်” ဟု လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောသည်။ ယခင် အမြတ်ခွန်ဥပဒေကို ၁၉၇၆ ခုနှစ်မှစပြီး ပြဋ္ဌာန်းခဲ့ကာ အခွန်ကင်းလွတ်ခွင့် တစ်နှစ်လုံးကို ကျပ် ၈၀၀၀ ပေးထားခြင်း၊ ၁၉၈၉ ခုနှစ်တွင် တစ်နှစ်လုံးကို ကျပ် ၁၀၀၀၀ အထိ ကင်းလွတ်ခွင့်ပေးပြီး ၁၀၀၀၁ ကျပ်မှ စည်းကြပ်ခဲ့ကြောင်း သိရသည်။ “အဲဒီ ၁၉၈၉ တုန်းက ပြင်ခဲ့တဲ့ဟာတွေက မနှစ်ကအထိ ဒီအတိုင်းပဲ ဖြစ်တယ်။ မနှစ်ကအထိ ဒီနှုန်းအတိုင်းပဲ စည်းကြပ်ခဲ့တာ ဖြစ်တဲ့အတွက် သုံးသိန်းကျော်တာနဲ့ ၅၀ ရာခိုင်နှုန်းဆိုတော့ ငွေကြေးဖောင်းပွမှုနှုန်း အနေနဲ့က မလျော်ညီတော့ဘူး၊ ဘယ်သူမှ ပေးဆောင်ချင်တဲ့ အခွန်နှုန်းတွေ မဟုတ်တော့ဘူး။ ပွင့်လင်းလာတဲ့ခေတ်မှာ အားလုံးလိုက်နာနိုင်အောင် ဆောင်ရွက်နိုင်အောင် အခွန်နှုန်းထားတွေ ပြောင်းလဲခဲ့တာ ဖြစ်တယ်” ဟု လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောသည်။ တစ်နှစ်လုံးတွင် လုပ်ခဲ့သည့် အကျိုးအမြတ်ကို နှစ်ကုန်မှသာ သိရှိမည် ဖြစ်သည့်အတွက် ယင်းတစ်နှစ်လုံးသုံးသည့် လုပ်ငန်းအပေါ်တွင် စည်းကြပ်မည်ဖြစ်ကြောင်း၊ ယခုနှစ် စည်းကြပ်မည့်နှုန်းမှာ နှုန်းဟောင်းနှင့်ဖြစ်ပြီး ယခုနှစ်တွင် လုပ်မည့်ကိစ္စကို လာမည့်နှစ်တွင် နှုန်းအသစ်ဖြင့် စည်းကြပ်မည် ဖြစ်သည့်အတွက် ဝင်ငွေကြော်ငြာစာ တင်ရမည့်အချိန်နှင့် စည်းကြပ်ရမည့် အချိန်များဖြစ်ကြောင်း သိရသည်။ ယခု အခွန်ထမ်း လုပ်ငန်းရှင်များသည် မိမိလုပ်ငန်း၏ ဝန်ထမ်းများအပေါ်တွင် ဖြတ်တောက်ပေးသွင်းရမည့် တာဝန်ရှိသည့်အတွက် လစဉ်ဖြတ်တောက် ပေးသွင်းပြီး ဘဏ္ဍာနှစ်မကုန်မီမှာ အပိုအလို ပြန်ညှိနှိုင်းပြီး အတိုးအလျှော့ ပြုလုပ်နိုင်ကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။
 From : ခေတ်လူငယ်
ဘကြီးသက်
Unknown at 8:49 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.