Wednesday, February 15, 2012

ဒေါ်အောင်ဆန်းစုကြည် လှည်းကူးမိန့် ခွန်းကောက်နှုတ်ချက်

““ကျွန်မတို့ အဖွဲ့ချုပ်က နိုင်ငံအတွက် ဘာလုပ်ဖို့လိုလဲလို့ ဆုံးဖြတ်လိုက်တဲ့အခါမှာ ရွေးကောက်ပွဲ ရဲ့ မူဝါဒတွေထဲမှာ ရည်ရွယ်ချက်တွေထဲမှာ အချက်သုံးချက် တင်ပြထားပါတယ်။ နံပတ်တစ်ကတော့ တရားဥပဒေစိုးမိုးရေးပါ။ တချို့ပြည်သူတွေက တရားဥပဒေစိုးမိုးေ ရးဟာ ငါတို့နဲ့ ဘာဆိုင်လို့လဲလို့ မေးတာတွေလည်း ရှိပါလိမ့်မယ်။ အဲဒါဆိုလည်း ချက်ချင်းလက်ငင်းဖြစ်တဲ့ ကိစ္စတစ်ခုကို ပြောပြပါရစေ။
မနေ့ကဆိုရင် ဒီထဲက ပရိသတ်အများစုလည်း သိပြီးဖြစ်ပါလိမ့်မယ်။ ဒီဘောလုံးကွင်းကို သုံးခွင့်ပြုပြီးကာမှ သုံးပိုင်ခွင့်ကို ပြန်လည်ရုပ်သိမ်းပါတယ်လို့ ဖြစ်လာတယ်။ အဲဒီတော့ ဖြစ်လာတဲ့အခါကျတော့ ကျွန်မတို့အဖွဲ့ချုပ်က တရားဥပဒေစိုးမိုးရေးကို ယုံကြည်တဲ့အလျောက် ကျွန်မတို့အဖွဲ့ချုပ်တာဝန်ခံများက ရွေးကောက်ပွဲကော်မရှင်ကို ဒီကိစ္စကိုတင်ပြပါတယ်။ တင်ပြတဲ့အခါကျတော့ မှန်မှန်ကန်ကန်ဆုံးဖြတ်လိုက်တာက မူလခွင့်ပြုချက်အတိုင်း ရရှိစေရမယ်။ ဆက်ပြီးလုပ်စေရမယ်။ ဒါကြောင့် ဒီလိုစုစည်းနိုင်တာ။ ဒါ ဥပဒေစိုးမိုးရေးပဲ””
(ဒေါ်အောင်ဆန်းစုကြည်က လှည်းကူးမြို့နယ်အားကစားကွင်းတွင် ငါးသောင်းခန့်ရှိသော ပြည်သူလူထုကြီးအား ပြောကြားခဲ့သောမိန့်ခွန်းမှ ကောက်နှုတ်ချက်ဖြစ်ပါသည်။)
ဒေါ်အောင်ဆန်းစုကြည် နှင့် လှည်းကူးလူထု
 
7Day News Journal
Unknown at 4:00 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု မဖြစ်ဖြစ်အောင် ပြုလုပ်သွားမည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄
ပြည်ပနိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုများရှိခဲ့သောကြောင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုကို မဖြစ်ဖြစ်အောင် ပြုလုပ်သွားရမ ည် ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ က ပြောသည်။
ဂျာမနီနိုင်ငံ စီးပွားရေးပူး ပေါင်း ဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုး တက်မှုဝန်ကြီးဌာန ဝန်ကြီးနှင့် ဥရောပကော်မရှင်မှ ဖွံ့ဖြိုးရေးလုပ် ငန်းဆိုင်ရာ မဟာမင်းကြီးတို့နှင့်   ဖေဖော်ဝါ ရီလ ၁၃ ရက်နေ့တွင် ပြည်သူ့လွှတ်တော်၌ တွေ့ဆုံစဉ် ၄င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း  ဖြစ်သည်။”လွှတ်တော်မရှိခဲ့တဲ့ ကျွန် တော်တို့မြန်မာနိုင်ငံမှာ အခြေအ   နေဘယ်လိုရှိတယ်ဆိုတာ အ ဆွေတော်တို့ ကျွန်တော်တို့အား လုံး အသိဖြစ်ပါတယ်။ လွှတ် တော်မရှိခဲ့တဲ့အတွက် ကျွန်တော် တို့နိုင်ငံကို အခြားနိုင်ငံများကဖိနှိပ် တဲ့အ တွက်စီးပွားရေးပိတ်ဆို့အရေးယူမှုတွေ ရှိကောင်းရှိတယ် ဆိုတာလည်း မှန်ကောင်းမှန်နိုင်တဲ့ ကိစ္စတစ်ခုဖြစ်နိုင်ပါတယ်။ အခုတော့ လွှတ်တော်ကိုဖွဲ့စည်းပြီး ဒီမိုကရေစီ စနစ် ရှင်သန်ဖွံ့ဖြိုးရေးအတွက် မိမိ တို့လွှတ်တော်က အစွမ်းကုန်ကြိုးစား ဆောင်ရွက်လျက်ရှိပါတယ်”ဟုပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြောသည်။ထို့ကြောင့် ဥရောပေ က်ာမရှင်နာ (ဂျာမနီ) အဖွဲ့မှ ယူရိုသန်း ၁၅ဝ ကို ထောက်ပံ့ပေးမည်ဖြစ်ပြီး မြန်မာ နိုင်ငံအရေးကို အထူးစိတ်ဝင်စား လျက်ရှိကြောင်း ၄င်းအဖွဲ့က ပြောကြားခဲ့သည်။အဆို ပါတွေ့ဆုံဆွေးနွေးပွဲတွင် အကျဉ်းသားများ လွတ်ငြိမ်းခွင့် ပေးခြင်းနှင့် ထပ်မံလွှတ်ပေးနိုင်မည့် အခြေအနေများကို အပြန်အလှန် ဆွေးနွေး ပြောကြားခဲ့ပြီး ဂျာမနီ နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ လွှတ် တော်ဆိုင်ရာ ကိစ္စရပ်များအား လိုအပ်သည့်အကူအညီများပေးရန် သဘောတူညီမှုများရရှိခဲ့ကြောင်း ဆွေးနွေးပွဲ၏ရလဒ်အရ သိရ သည်။ ”အခုလို အားပေးကူညီတဲ့ နေရာမှာ ဒီမိုကရေစီစနစ် ပြောင်း လဲမှုကို တကယ်လုပ်မှာလား ဆိုရင် မိမိတို့တွေက တကယ် မဖြစ် ဖြစ်အောင် လုပ်မယ်”ဟု ပြည်သူ့လွှတ်ေ တာ်ဥက္ကဋ္ဌက ဆို သည်။ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ က ဂျာမနီနိုင်ငံ(အဖွဲ့)အား ပြည် ထောင်စုလွှတ်တော် အစည်းအ ဝေးခန်းမသို့ ဝင်ရောက်လေ့လာ ခွင့်ပေးခဲ့သည်။
အောင်ထက် (NYK) ပေါ်ပြူလာဂျာနယ်
Unknown at 3:59 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

GW လှုပ်ရှားမှုနဲ့ အဆိုတော် ၂ ဦး




လင်းနစ် နဲ့ အောင်လ (ဓာတ်ပုံများ - Generation Wave)

မနေ့တုန်းက GW ခေါ် Generation Wave ရဲ့ လှုပ်ရှားမှုမှာ Reason, Wanted တီးဝိုင်းတို့နဲ့ အဆိုတော် ၂ ဦးကို တွေ့ရပါတယ်။

သူတို့ကတော့ သီချင်းတွေရေး သီချင်းတွေဆိုတဲ့၊ "ရင်ဘတ်ထဲက အိပ်မက်ဟောင်း" စီးရီးနဲ့ ဂီတလောကထဲ ရောက်လာတဲ့၊ "ဒီဇင်ဘာည" သီချင်း နဲ့ ထင်ရှားတဲ့ လင်းနစ်၊

ပြော၊ တောင်းပန်တယ်၊ အချိန်လွန်ငှက် စတဲ့ သီချင်းကောင်းလေးတွေ သီဆိုခဲ့တဲ့ တေးရေးတေးဆို အောင်လတို့ ဖြစ်ပါတယ်။
လင်းနစ် facebook fan page - http://www.facebook.com/pages/Linnith-Vocalist/185087744896539?sk=info
အောင်လ
facebook fan page - http://www.facebook.com/pages/Aung-La-Reason-/104024153015972?sk=info
Reason အဖွဲ့

Wanted အဖွဲ့

Wanted အဖွဲ့

မနေ့က ကန်တော်ကြီး၊ ရွှေတိဂုံဘုရားတို့မှာ ပြုလုပ်ခဲ့တဲ့ GW ရဲ့ "ကျည်ဆံတွေအစား ပန်းများပွင့်စေ ငါတို့ချစ်တဲ့ မြန်မာပြေ" လှုပ်ရှားမှုမှာ ၈၈ မျိုးဆက်တချို့လည်း ပါဝင်ခဲ့ပါတယ်။




၈၈ မျိုးဆက် မမီးမီး နဲ့ ခရီးသည် ၂ ဦး




Unknown at 3:48 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

စတီးချိုင့်




လူသုံးများတဲ့ မြင်းကျားတံဆိပ် စတီးချိုင့်

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေ ပြည်တော်ပြန်တဲ့အခါ အိမ်အတွက်၊ လက်ဆောင်ပေးဖို့အတွက် သယ်သွားကြတဲ့ပစ္စည်းကတော့ မြင်းကျားတံဆိပ် စတီးချိုင့်ပါပဲ တဲ့။
ဘန်ကောက်ပို့စ် http://www.bangkokpost.com/business/economics/278609/steely-resolve မှာ ရေးထားတာပါ။

"ကျနော်တို့လုပ်တဲ့ ထမင်းချိုင့်က မြန်မာပြည်က အလုပ်သမားတွေကြားထဲမှာ အရမ်း ပေါ်ပြူလာဖြစ်ပါတယ်။ အိမ်ပြန်ရင် သူတို့ တလုံးနှစ်လုံးလောက်တော့ ၀ယ်သွားကြတာပဲ" တဲ့။ မီးဖိုဆောင်သုံး မြင်းကျားတံဆိပ် စတီးပစ္စည်း ထုတ်လုပ်ရေးက ဒုတိယ အမှုဆောင်အရာရှိချုပ် Ekachai Youngvanich က သို့ကလို ခပ်ကြွားကြွား ဆိုလာပါတယ်။

ပစ္စည်းတခု နာမည်ကြီးရင် အင်တွေ ပေါ်လာတဲ့ ထုံးစံအတိုင်း မြင်းကျားတံဆိပ် စတီးချိုင့်လည်း အင်တွေ ရှိတယ်။ အင်တွေက ဈေးပိုသက်သာတယ်၊ မြန်မာပြည်မှာဝယ်နိုင်တယ်၊ မြင်းကျားကိုယ်စားလှယ်တွေကတောင် ဖြန့်ပေးတာ ရှိတယ် တဲ့။

"၀ယ်တဲ့သူတွေကတော့ သိပါတယ်ဗျာ၊ ဘယ်ဟာက မြင်းကျားတံဆိပ် အစစ်လည်း ဆိုတာ၊ ဒီတော့ကာ သူတို့ ကြိုက်တာကို သူတို့ဝယ်ရုံပေါ့။ ဒီလိုဖြစ်နေတာကို ကျနော်တို့ သိပါတယ်။ ပုံမှန်အားဖြင့်တော့ ပစ္စည်းအတုတွေ ဗြောင်ရောင်းတာမျိုး မလုပ်ဖို့ပဲ သတိပေးနိုင်တာပေါ့လေ" လို့ Ekachai Youngvanich က ဆိုပါတယ်။

Rayong ခရိုင်ထဲက စက်ရုံကနေ စတီးပစ္စည်းတွေ ထုတ်နေတာ အလျဉ်မမီနိုင်အောင်ပါပဲ တဲ့။ အရောင်းသွက်လွန်းလို့တော့ မဟုတ်ပါဘူး၊ စက်ရုံဝန်ထမ်းအင်အား နည်းလာလို့ပါ တဲ့။ လက်ရှိ ၀န်ထမ်း ၇၀၀ ၀န်းကျင် ခန့်ထားပေမယ့် သိပ်မကြာခင် တချို့ခရိုင်တွေက နေ့တွက်ခ ဘတ် ၃၀၀ (၁၀ ဒေါ်လာ) ပေးကြတော့မှာဆိုတော့ စက်ရုံကနေ အနည်းနဲ့အများ ထွက်ကြဖွယ်ရှိတဲ့သဘောပါ။

ဒါကြောင့် အထွက်တိုးဖို့ အလုပ်ကို ၂ ဆိုင်း ခွဲလုပ်မယ်၊ စက်ရုပ်တွေ ဆင်နေပြီ ဆိုပဲ။ နောက်ထပ် မှတ်သားစရာကောင်းတဲ့အချက်ကတော့ အနာဂတ်မှာ စက်ရုံလည်ပတ်ဖို့ နေရောင်ခြည်စွမ်းအင်သုံးရေး စဉ်းစားနေတယ်၊ လောလောဆယ် မီတာခ သက်သာအောင် လျှပ်စစ်ဓာတ်အားသိပ်မဆွဲတဲ့ မီးချောင်းတွေ ပြောင်းပြီး သုံးနေတယ် တဲ့ အဲဒီ မြင်းကျားတံဆိပ် စတီးပစ္စည်း စက်ရုံမှာ။

ဒီသတင်းမှာ ရေးထားချက်အရဆိုရင် နယ်စပ်လမ်းကြောင်းတွေ ဖြစ်တဲ့ ဘုရားသုံးဆူ၊ မြ၀တီ-မဲဆောက်ကို ဖြတ်ပြီး မြင်းကျားတွေ မြန်မာပြည်ဘက်သွင်းနေတာ အနှစ် ၃၀ ကျော်လာပါပြီ။

စတီးချိုင့် တံဆိပ်စုံရှိတဲ့ထဲက မြင်းကျားတံဆိပ်က မြန်မာတွေနဲ့ ပိုပြီးရင်းနှီးပါတယ်။ ဒန်၊ ပလပ်စတစ်၊ မယ်လမင်းတို့နဲ့ လုပ်ထားတဲ့ ချိုင့်တွေထက် ပိုခိုင်ပြီး၊ ဆွဲဆောင်မှုရှိ၊ ဈေးကြီးတဲ့ စတီးချိုင့်ကို ဆွဲပြီး စတိုင်ကျကျ ကျောင်းသွား ရုံးသွားကြသူတွေ မနည်းပါဘူး။

ဈေးမသေးတဲ့ လူသုံးကုန်ပစ္စည်းဖြစ်တာကြောင့် ငွေလိုတဲ့အခါ အပေါင်ဆိုင်သွားရင် ဒီစတီးချိုင့်က အထိုက်အလျောက် အားကိုးရတာပါပဲ။

အိမ်အတော်များများရဲ့ ဧည့်ခန်း မှန်ဗီရိုထဲ ထည့်ထား အလှပြထားတတ်တာလည်း ဒီစတီးချိုင့်ပဲ မဟုတ်လား။

ဒီစာစုလေးရေးပြီး တင်မယ်ဆိုတော့ ဓာတ်ပုံတပုံ လိုတယ်။ ထမင်းစားခန်းထဲ သွားကြည့်လိုက်တော့ စားပွဲပေါ်မှာ စတီးချိုင့်က အိနြေ္ဒရရ ရှိနေတယ်။ ဟုတ်ပါတယ်။ မြင်းကျားတံဆိပ်ပါ။ ဒါနဲ့ပဲ ဒီချိုင့်ကို ဓာတ်ပုံရိုက်ပြီး ဒီစာစုနဲ့ တွဲတင်လိုက်ပါတယ်။
Unknown at 3:46 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

စစ်သည်တဦးထံမှ ပေးစာ


သို့

အန်တီစု

ကျွန်တော်ကတော့ တပ်မတော်က စစ်သားတစ်ဦးပါ။ ကျွန်တော့ရဲ့ခံစားချက်လေးတွေကို ရင်ဖွင့်ပါရစေ။ စစ်တပ်နယ်ပယ်ရဲ့ အပြင်ဘက်မှာ ဒီမိုကရေစီရဲ့ အရိပ်ယောင်တွေ သန်းလာတာမြင်ရတော့ ကျွန်တော် အများကြီး ၀မ်းသာမိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ စစ်တပ်မှာတော့ ဒုံရင်းက ဒုံရင်းပါပဲ။ လူ့အခွင့်အရေးတို့ တရားမျှတမှုတို့ဆိုတာ ဝေလာဝေးပဲ။ ခွင့်ဆိုတာက တပ်မတော်ရဲ့ စည်းမျဉ်းစည်းကမ်း သတ်မှတ်ထားတဲ့ စာအုပ်တွေထဲမှာ တစ်နှစ်ကို ရက် ၂၀ လောက်ရပေမယ့် ကျွန်တော်တို့ အတွက်တော့ ခွင့်ဆိုတာ အဝေးကြီးပါပဲ။

တစ်နှစ်မပြောနဲ့ ကျွန်တော်နေတဲ့တပ်မှာဆို အခု ၄ နှစ်ပြည့်တော့မယ် ခွင့်ဆိုတာမရှိပါဘူး။ မင်္ဂလာဆောင်တာနဲ့ မိဘ နာရေးကလွဲရင် ခွင့်မပေးပါဘူး။ လူသားချင်း မစာနာချက်ကတော့ ရင်နင့်စရာပဲ။ တခြားလည်း ဘာအခွင့်အရေးမှ မရှိတဲ့အပြင် ကျွန်တော်တို့ရတဲ့လစာထဲက တပ်သာယာ လှပရေးအတွက်၊ တပ်ရဲ့လုပ်ငန်းကိစ္စတွေ အတွက် ထုတ်သုံးရသေးတယ်ဗျ။ မသုံးလို့က မရဘူး၊ ခိုင်းတာမပြီးရင် တပ်ရင်မှူးက လက်သီးနဲ့ မျက်နှာကို အားရအောင် အချက်ပေါင်းများစွာထိုးတယ်။ လည်ပင်းညစ်လည်း ခံရသေးတယ်လေ။

အဲဒီတော့ ရင်နာနာနဲ့ပဲ ကိုယ်လစာကို ထုတ်သုံးနေရတယ်ဗျာ။ ကိုယ်ရတဲ့လစာကို ကိုယ်အပြည့်အ၀ သုံးချင်တာပေါ့ဗျာ။ ဒါပေမယ့် တပ်လုပ်ငန်းကိစ္စတွေမှာ သုံးရတယ်ဗျ။ တပ်ကို လူကြီးတွေလာစစ်ရင် တပ်မှူး မျက်နှာပန်းလှဖို့ တပ်သာယာလှပရေးကိစ္စတွေမှာ ယာယီတာဝန်နဲ့ သွားရတဲ့အခါတွေမှာ ထုတ်သုံးရတယ်ဗျ။

အဲဒီလိုမတရားခံနေရလို့ ကျွန်တော်တို့မှာ တပ်မတော်က နှုတ်ထွက်ခွင့် ရှိသလားဆိုတော့ မရှိပြန်ဘူး။ တပ်မတော်က နှုတ်ထွက်ခွင့်ကို အထူးကြပ်မတ်ထားတယ်။ ကျွန်တော်တို့ Master ပြီးတဲ့သူတွေဆိုရင် ဘွဲ့ရပြီး ၁၀ နှစ်အတွင်း တပ်မတော်ကနေ နုတ်ထွက်ခွင့်မရှိဘူးတဲ့။ ခုမှ ၂ နှစ်ပဲရှိသေးတာ။ နည်းအမျိုးမျိုးနဲ့ချုပ်တယ်။ လူကြီးတွေရဲ့သားတွေက စစ်တပ်ကနေ ထွက်ချင်ရင်ထွက်ဖို့ လွယ်သလောက် ကျွန်တောတို့မှာတော့ နှုတ်ထွက်ခွင့်မရှိဘူး။ တချို့ မခံနိုင်တော့လို့ ထွက်ပြေးတာတောင်မှ အထက်ဌာနက မသိခင်ရအောင် ပြန်ဖမ်းပြီး တပ်ထဲမှာပဲနေခိုင်းထားတယ်ဗျာ။ ဆိုးလိုက်တာ နိုင်ငံတကာမှာတော့ ဘယ်လိုရှိသလဲမသိဘူး စစ်တပ်ဆိုတာ မြန်မာ့စစ်တပ်ကတော့ လက်ဖျားခါတယ်ဗျာ။

ကျွန်တော်တို့ တပ်ထဲဝင်တုန်းက စာချုပ်မှာ အနည်းဆုံး ၁၀ နှစ် တာဝန်ထမ်းဆောင်ပြီးရင် နုတ်ထွက်နိုင်တယ်လို့ ပါပေမယ့် ၁၀ နှစ်ကျော်လည်းထွက်မရ ၁၅ နှစ်ကျော်လည်း ထွက်မရနဲ့ တော်တော်ဆိုးပါတယ်။ အဲဒီလို နုတ်ထွက်ခွင့်မရတာကိုဘဲ အခွင့်ကောင်းယူပြီးတော့ အနိုင်ကျင့် နှိပ်စက်တော့တာပါပဲ။ ကျွန်တော်တို့ ဒီလို ညှင်ပမ်း အနိုင့်ကျင့်ခံရတာကို ဘယ်သူမှလဲ မကယ်နိုင်ပါဘူး။ တရားမျှတမှု ဆိုတာအဝေးကြီးပါပဲ။ တကယ့်လောက ငရဲပါပဲဗျာ။

အခုအပြင်မှာ လူကုန်ကူးမှုတွေ တိုက်ဖျက်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတာကြားတော့ ၀မ်းသာစရာပါပဲ။ ဒါပေမယ့် တပ်မတော်ထဲက လူကုန်ကူးမှုကိုတော့ ဘယ်သူမှ အရေးမစိုက်ကြပါဘူး။ တပ်မတော်ထဲမှာ ဘယ်လို လူကုန်ကူးမှု
ဖြစ်လဲဆိုရင် ကျွန်တော်တို့ တပ်တွေကို တိုင်း၊ တပ်မတွေက ၄ လမှာ လူသစ်ဘယ်နှစ်ယောက် စုဆောင်းနိုင်ရမယ်၊ တစ်နှစ်ကို စစ်သားသစ် ဘယ်နှစ်ယောက် (ဥပမာ - ၅ယောက်) စုဆောင်းနိုင်ရမယ် စသည်ဖြင့် ခိုင်းတယ်ဗျ။ အဲဒီအခါ လူသစ်စုဆောင်းဖို့ တာဝန်ပေးခံရတဲ့သူက စစ်သားစုဆောင်းရေး တပ်ဖွဲ့တွေမှာ တစ်ယောက်ကို တစ်သိန်းခွဲကနေ ငါးသိန်းလောက်အထိ ပေါက်ဈေးရှိတယ်ဗျ။ အဲဒါကို ကျွန်တော်တို့က ၀ယ်ရတယ်။ ဘယ်သူမှ စစ်ထဲမ၀င်ချင်တော့ဗျာ၊ ဘယ်လိုလူတွေ ရလာလဲဆိုတော့ စိတ်မမှန်တဲ့သူတွေ၊ အရူးအနှမ်းတွေ၊ အမှုပေါင်းစုံနဲ့လူတွေ ရလာရော။ မြန်မာ့စစ်တပ်ရဲ့ အနာဂတ် စဉ်းစားသာကြည့်ပေတော့။ အနာသိရင် ဆေးရှိရမယ်ဆိုပေမယ့် ဒီကိစ္စတွေကို အဖြေရှာဖို့ ပြင်ဆင်ဖို့ ဘယ်လူကြီးမှ လဲစိတ်ဝင်စားတဲ့ပုံ မပေါ်ပါဘူး။

ကျွန်တော်ထင်တယ်ခင်ဗျာ၊ တပ်မတော်ထဲမှာ ပြုပြင်ပြောင်းလဲမှုတွေ အများကြီး လုပ်ဖို့လိုပြီလို့။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ တပ်မတော်သားတွေလည်း Human ဆိုတဲ့ လူသားတွေပါပဲ။ ဒါပေမယ့် ဒဏ်ကျခံနေရတဲ့ လူသားတွေလိုပါပဲဗျာ။ လွတ်လမ်းကမရှိ။ အသက် ၆၀ ပြည့်မှ လွတ်မယ်ထင်တယ်။ နိုင်ငံနဲ့လူမျိုးကိုတော့ ချစ်ပါတယ်ဗျာ။ ဒီစိတ်ကတော့ ဘယ်တော့မှ မပြောင်းပါဘူး။ ဒါပေမယ့် ဒီအဖွဲ့အစည်းက မတရားမှုတွေ နှိပ်စက်မှုတွေက များနေတော့ ယိုင်နဲ့နေပြီ။

အခုလည်း အရာရှိတိုင်း ဦးပိုင်မှာ ငွေအနည်းဆုံး ၁၅ သိန်းရှိရမယ်၊ ၃၅သိန်းရှိရမယ်ဆိုပြီး လုပ်လာပြန်ပြီ။ ဘယ်မှာလည်း တရားမျှတမှု၊ ဘယ်မှာလဲ ဒီမိုကရေစီ။ သုံးလကို တစ်သိန်းစုရမယ်တဲ့။

သတ်မှတ်ထားတဲ့နှစ်အထိ တာဝန် ထမ်းဆောင်ပြီးတဲ့သူတွေကို ထွက်ခွင့်ပေးစေချင်ပါတယ်။ အဲဒီလိုဆို အရမ်းကောင်းမှာပဲ ပြုပြင်ပြောင်းလဲမှုတွေကိုလည်း အရပ်ဘက်နည်းတူ လုပ်ပေးစေချင်ပါတယ်။ ပြုပြင်ပြောင်းလဲရေး ဆိုတာက တရားမျှတမှု သက်သာချောင်ချိရေးနဲ့ လူ့အခွင့်အရေးကို ဆိုလိုတာပါ။

သမ္မတကြီးဦးသိန်းစိန်နဲ့ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် သိအောင်ပြောပေးစေချင်ပါတယ် ခင်ဗျား။ ကျေးဇူးအထူးတင်ပါတယ်။

အန်တီစု ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

ဧရာဝတီ 
Unknown at 3:44 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

CMP စနစ်ဖြင့်ဆောင်ရွက်သော လုပ်ငန်းများမှ နိုင်ငံခြားငွေအမျိုးအစားဖြင့် ပေးဆောင်စေသည့် ၀င်ငွေခွန် ၁၀ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းသို့ လျော့ပေါ့ သက်သာခ



ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနသည် အမိန့်ကြော်ငြာစာအမှတ် ၄၈/၂၀၁၂ ဖြင့် CMP စနစ်ဖြင့်ဆောင်ရွက်သော လုပ်ငန်းများမှ နိုင်ငံခြားငွေအမျိုးအစားဖြင့် ပေးဆောင်စေသည့် ၀င်ငွေခွန် ၁၀ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်း သို့ လျော့ပေါ့သက်သာခွင့်ပြုခြင်းကို ၁၈-၈-၂၀၁၂ နေ့အထိ ၆ လ ဆက်လက် အကျိုးသက်ရောက် စေလိုက်သည်။ ထို့ပြင် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနသည် အမိန့်ကြော်ငြာစာအမှတ် ၄၃/၂၀၁၂ နှင့် ၄၄/၂၀၁၂ ဖြင့် ဆန်၊ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်း၊ ရာဘာ၊ ရေချိုရေငန်ထွက် ရေထွက်ပစ္စည်းများ၊ တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက် ပစ္စည်းများ (ကန့်သတ်ကုန်ပစ္စည်းမှအပ)၊ သစ်၊ ၀ါး၊ ကြိမ်တို့ ဖြင့်ပြုလုပ်သည့် တန်ဖိုးမြှင့် ပစ္စည်းများ၏ ပို့ကုန်ရောင်းရငွေအပေါ် ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံခြင်းကို ၁၄-၈-၂၀၁၂ နေ့အထိ ကင်းလွတ်ခွင့် ပြုလိုက်ကြောင်း သတင်းရရှိသည်။
Unknown at 2:27 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တခြားပါတီဝင်များလည်း အန်အယ်လ်ဒီကိုမဲပေးနိုင်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

မရမ်းကုန်းမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးဖွင့်ပွ္ပဲတွင်
 ဒေါ်အောင်ဆန်းစုကြည် မိန့် ခွန်းပြောကြားနေစဉ်
ဖေဖေါ်ဝါရီ ၁၅၊ ၂၀၁၂ ၊ နံနက် ၁၁နာရီ (YPI)

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပသည့်အခါ အန်အယ်လ်ဒီပါတီဝင်များသာမက အခြားပါတီဝင်များလည်း မိမိတို့ပါတီအား မဲပေးနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယနေ့နံနက် ၁၀ နာရီတွင် မရမ်းကုန်းမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးဖွင့်ပွ္ပဲတွင် ပြောကြားလိုက်သည်။

ထိုကဲ့သို့ မဲပေးခြင်းသည်ဖြင့် မတူညီသည်များ အားလုံးပါဝင်လာသည့် သဘောဖြစ်သည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြသည်။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က ပါတီအနေဖြင့် ကိုယ်စားလှယ်လောင်းအဖြစ် ဒေါက်တာ ဒေါ်မေ၀င်းမြင့်အား ရွေးချယ်ရသည့် အကြောင်းရင်းကို ရှင်းပြရာတွင် အမျိုးသမီးဖြစ်ခြင်းနှင့် မွန်လူမျိုးဖြစ်ခြင်းတို့ကြောင့် ဖြစ်သည်ဟု ရှင်းပြကာ အမျိုးသမီးများ နိုင်ငံရေးတွင် ပါဝင်အောင်အားပေးခြင်းမှာ မြန်မာနိုင်ငံအတွက်သာမက နိုင်ငံတကာအတွက်လည်း ရည်ရွယ်သည်ဟု လည်း ပြောဆိုသည်။

ယနေ့နံနက် ၁၀ နာရီက ဒေါက်တာ ဒေါ်မေ၀င်းမြင့် ၀င်ရောက်ယှဉ်ပြိုင်မည့် မရမ်းကုန်းမြို့နယ် အန်အယ်လ်ဒီရုံးဖွင့်ပွဲကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖွင့်လှစ်ပေးပြီးနောက် လှည်းကူးမြို့သို့ထွက်ခွာလာရာတွင် မင်္ဂလာဒုံမြို့နယ် အန်အယ်လ်ဒီရုံးဖွင့်ပွဲကို နံနက် ၁၁ နာရီဝန်းကျင်တွင် ဖွင့်လှစ်ပေးပြီး ၁၁နာရီ ၁၅ တွင် လှည်းကူးမြို့နယ်သို့ မဲအောင်နိုင်ရေး ခရီးစဉ် ဆက်လက်ထွက်ခွါသွားပြီ ဟု သိရှိရသည်။

ယခုခရီးစဉ်သည် ဒေါ်အောင်ဆန်းစုကြည်၏ စတုတ္ထမြောက် စည်းရုံးရေး နှင့် မဲအောင်နိုင်ရေး ခရီးစဉ် ဖြစ်သည်။ ယခင်လနှောင်းပိုင်းမှစတင်ကာ ထားဝယ်၊ ပုသိမ်၊ ကော့မှူးမြို့များသို့ သွားရောက်ခဲ့ရာတွင် မြို့ခံလူထုပရိသတ်က သောင်းနှင့်ချီ ကြိုဆိုခဲ့ကြသည်။

လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လွတ်လပ်၍ တရားမျှတမှုရှိစေရေး အတွက် နိုင်ငံတကာ အစိုးရများနှင့် အဖွဲ့အစည်းများက သမ္မတ ဦးသိန်းစိန်အစိုးရအား တိုက်တွန်းပြောဆိုလျှက်ရှိရာတွင် မဲပေးသည့် နေ့ရက်သာမဟုတ်ပဲ မဲဆွယ်ကာလတွင်လည်း လွတ်လပ်၍ တရားမျှတမှုရှိရန် လိုသည်ဟု တိုက်တွန်းပြောဆိုလျှက်ရှိသည်။ ။
Unknown at 2:23 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ယနေ့နံနက် ၁၀ နာရီခန့်တွင် မရမ်းကုန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ရုံး၌ ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သော မိန့်ခွန်း ကောက်နှုတ်ချက်

““ကြားဖြတ်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်တဲ့နေရာမှာ အရည်အတွက်နဲ့ မဆိုင်ပါဘူး။ အရည်အချင်းနဲ့ပဲဆိုင်ပါတယ်။ တချို့က ၄၈ နေရာ နည်းတယ်ပြောကြတယ်။ အဲဒါနည်းတယ်ဆိုရင် ၄၈ နေရာစလုံးကိုမဲပေးကြပါလို့ တောင်းဆိုချင်ပါတယ်။ ရွေးကောက်ပွဲဆိုတာ ပြည်သူတွေက ကိုယ်လိုချင်တဲ့ အပြောင်းအလဲရဖို့အတွက် အေးအေးချမ်းချမ်းနဲ့ ရွေးချယ်လိုက်တဲ့ နည်းပဲဖြစ်ပါတယ်။သန်းခြောက်ဆယ်ရှိတဲ့ ပြည်သူအားလုံးအစိုးရတက်လုပ်မယ်ဆိုရင် တော့ တော်တော်ပြဿနာများသွားမယ်(ရယ်လျက်)””
(ယနေ့နံနက် ၁၀ နာရီခန့်တွင် မရမ်းကုန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ရုံး၌ ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သော မိန့်ခွန်း ကောက်နှုတ်ချက်ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ယခု ထောက်ကြန့်လမ်းဆုံသို့ထွက်ခွာနေပြီဖြစ်ပြီး လှည်းကူးမြို့နယ်သို့ ဆက်လက်သွားရောက်မည်ဖြစ်သည်။) (ဓာတ်ပုံ-ဝေယံ)
7Day News Journal
Unknown at 2:22 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

၅၀၀၀ တန် ဖုန်းကဒ်ရနိုင်မရနိုင်၏ အဓိကသော့ချက်

 
 
နိုင်ငံရေးအရထင်ရှားကျော်ကြားသူများ အကျဉ်ထောင်အသီးသီးမှ လွတ်မြောက်လာသည့် သတင်းများနည်းတူ အများစိတ်ဝင်စားသော အခြားကိစ္စတစ်ခုမှာ ၅၀၀၀ တန် မိုဘိုင်းတယ်လီဖုန်းကိစ္စ သတင်းဖြစ်သည် ။ ဒေသတွင်းနိုင်ငံများအတွင်း တယ်လီဖုန်း sim Card များကိုဈေးကြီးပေးဝယ်နေ ရသော မြန်မာနိုင်ငံ ပြည်သူများအဖို့ အထူးတစ်လည်စိတ်ဝင်တစားရှိကြသည်မှာလည်း အဆန်း မဟုတ်ပါပေ။

ထိုတယ်လီဖုန်းစီမံကိန်းကို တာဝန်ယူမည့် ရွှေပြည်တံခွန်ကုမ္ပဏီကလည်း ဖြစ်အောင်လုပ်မည် ၊ နည်းပညာအရ ဖြစ်နိုင်သည် ရကိုရမည် ၊ နိုင်ငံတော်ကခွင့်ပြုသည်နှင့် မတ်လတွင် စပြီးမိတ်ဆက်တော့မည် ဇွန်လတွင်ကဒ်များစရောင်းမည်  ၊ ပထမအဆင့်တွင် ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးများတွင် အကောင်အထည်ဖေါ်မည် ။နောက်ပိုင်းတစ်နိုင်ငံလုံး ဆောင်ရွက်မည် ၊ ဒေါ်လာသန်း ၈၀၀ ခန့် ရင်းနှီးမြှုတ်နှံမည် ၊ မြန်မာ့ဆက်သွယ်ရေးနှင့်မပတ်သက် ၊  အစရှိသဖြင့် အာမခံရဲရဲဖြင့် တာထွက်လာသောကြောင့် ပြည်သူအများက ၀မ်းသာကြလေသည် ။

ဝမ်းသာသည့်စိတ်နှင့်အတူ ဒီလောက် ပြည်သူတွေအတွက် ကောင်းတဲ့အစီအစဉ်တွေကို အစိုးရက ဘာလို့ လက်တုန့်ဆိုင်းနေရတာလဲ ၊ သူတို့အတွက် အကျိုးအမြတ်မရှိလို့ မလုပ်တာနေမှာပေါ့ ၊ သူ့ဟာသူလုပ်မှာကို ဘာလို့ လက်နှေးနေရတာလဲ ၊ အစရှိသဖြင့် အပြစ်တင်ကြလေသည် ။ ထိုအတောအတွင်း မြန်မာ့ ဆက်သွယ်ရေးက အင်ဂျင်နီယာချုပ်ဦးဇော်မင်းဦးက မြန်မာ့ဆက်သွယ်ရေးနှင့် အဆက်အသွယ် မလုပ်ပဲ မြန်မာ့ဆက်သွယ်ရေးမှ ထုတ်ပေးထားသော တယ်လီဖုန်းများနှင့်ဆက်သွယ်ရန် နည်းပညာအရ မဖြစ်နိုင်ပါကြောင်း ၊ ပြည်ပနိုင်ငံများနှင့်ဆက်သွယ်ရန် မြန်မာ့ ဆက်သွယ်ရေး နှင့် မဖြစ်မနေဆက်သွယ် ရမှာ ဖြစ်ကြောင်း ၊ မိုဘိုင်းနက်ဝပ်တည်ဆောက်ရန်မှာ နေ့ချင်းညချင်း မဖြစ်နိုင်ပါကြောင်းပြောကြားခဲ့သဖြင့် ဦးဇော်မင်းဦးကို ၀ိုင်းဝန်းအပြစ်တင်ကြသူများ အများအပြားလည်းပေါ်ပေါက်လာလေ၏ ။

ပြည်တွင်းပြည်ပမှ နည်းပညာနှင့်နီးစပ်သူများ ကလည်း အခြားတိုင်းပြည်များရှိဈေးနှုံးများ ၊ နည်းပညာများကို ကိုးကား၍ လုပ်ရင် ရနိုင်ကြောင်း ၊ သူများရလျင်ကိုယ်ရရမှာဖြစ်ကြောင်းစသည်တို့ကို နည်းပညာ အကိုးအကား အချက်အလက်အကိုးအကား များဖြင့် ထောက်ခံသည့်ဘက်မှ ရေးသားကြ သည်များတွေ့ရသဖြင့် ပြည်သူများ၏ မျှော်လင့်ချက်သည် ပိုမို လာကာ အစိုးရတာဝန်ရှိသူများကို အပြစ်ဆိုသည် များလည်း ပို၍ ပို၍ တိုးလာလေတော့သည် ။

ဗမာလို ရိုးရိုးလေးတွေးကြည့်မိပါသည် အခြားနိုင်ငံများတွင် နည်းပညာအရ ရလျှင် ကျွန်တော်တို့နိုင်ငံတွင်လည်း ရနိုင်ရမည်သာ ဖြစ်ပါသည် ။ အခြားနိုင်ငံများတွင် ဈေးသက်သက်သာသာနှင့် ရနိုင်လျှင် မြန်မာနိုင်ငံတွင်လည်း ရနိုင်ရမည်သာ ဖြစ်လေသည် ။ အဓိက ပြသနာမှာ နည်းပညာပိုင်း ၊ Sim Card ၏ဈေးနှုန်းပိုင်းမဟုတ်ပါ  ၊ အဓိကသော့ချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည် ။



ယခင်အစိုးရလက်ထက်တွင်ရော ယခုအစိုးရလက်ထက်တွင်ပါ ဆက်သွယ်ရေးကဏ္ဍ၏ မိုဘိုင်းတယ်လီဖုန်းလုပ်ငန်းများတွင် ရင်းနှီးမြှုတ်နှံလိုသူအများအပြား လာရောက်ဆွေးနွေးဘူးပါသည် ။ကမ္ဘာနှင့် ဒေသတွင်းမှ မိုဘိုင်းတယ်လီဖုန်း ကုမ္ပဏီကြီးများအပါအ၀င် ဖြစ်ပါသည် ။ပြည်တွင်းလုပ်ငန်းရှင်ကြီးများမှတစ်ဆင့်လည်း သက်ဆိုင်ရာကို ချဉ်းကပ်ဆက်သွယ်မှုများလည်းရှိပါသည် ။သက်ဆိုင်ရာကုမ္ပဏီများက ၁၀၀% ငွေကြေးရင်းနှီးမြှုတ်နှံမည် ၊ အကျိုးအမြတ်ကို နိုင်ငံတစ်ကာစံနှုန်းများ အတိုင်း နိုင်ငံတော်နှင့် ရင်းနှီးမြှုတ်နှံမှု ပြုလုပ်သည့်ကုမ္ပဏီတို့ ခွဲဝေယူကြမည် ။ ဒီအထိအဆင်ပြေပါသည် ။အဆင်မပြေသည့်အဆင့်မှာ သက်ဆိုင်ရာကုမ္ပဏီကြီးများက ၄င်းတို့ ရင်းနှီးမြှုတ်နှံထားသည့်ငွေများကို အမေရိကန်ဒေါ်လာနှင့် ပြန်လိုချင်သည့်ကိစ္စဖြစ်လေသည် ။


ဥပမာဆိုကြပါစို့ ယခုရင်းနှီးမြှုတ်နှံမည်ဟု နာမည်ကြီးနေသော ရွှေပြည်တံခွန်ကုမ္ပဏီသည်  မိုဘိုင်းတယ်လီဖုန်း စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ ရင်းနှီးမြှုတ်နှံကာ တယ်လီဖုန်း အလုံး ၂ သန်းကို မြန်မာပြည်သူတွေကို မရောင်းပဲအလကားပေးလိုက်သည် ဆိုကြပါစို့  ထိုဖုန်းအလုံး ၂ သန်းကိုရသွားကြကုန်သော မြန်မာတို့သည် တစ်သက်လုံး ချုပ်တီးထားသမျှ အတိုးနှင့်ပြောကြပေတော့မည် ။တစ်နေ့ကို ပျမ်းမျှ ဖုန်းတစ်လုံးသည် ၀.၅ ဒေါ်လာနှင့်ညီမျှသည့် မြန်မာငွေတန်ဘိုးပဲ ပြောသည်ဆိုကြပါစို့ ၊ အဆိုပါ ကုမ္ပဏီသည် တစ်နေ့အမေရိကန်ဒေါ်လာ ၁သန်း နှင့်ညီမျှသည့်ကျပ်ငွေများဝင်ငွေရှိလေသည် ။တစ်လ အမေရိကန်ဒေါ်လာ သန်း ၃၀နှင့် ညီမျှသော မြန်မာကျပ်ငွေများဝင်ငွေရှိလေသည် ။ တစ်နှစ်ဆိုလျှင် ဒေါ်လာ သန်း  ၃၆၀ နှင့်ညီမျှသော မြန်မာကျပ်ငွေများ ၀င်လာလေတော့သည် ။ ၃ နှစ်ဆိုလျှင် သူတို့အရင်းကျေလေပြီ....။ ထိုမြန်မာကျပ်ငွေနှင့်ဝင်လာသော ဖုန်းပြောခများကို သက်ဆိုင်ရာကုမ္ပဏီများက အစိုးရထံသွင်းပြီး အစိုးရထံမှ အမေရိကန်ဒေါ်လာ ပြန်လိုချင်ကြလေသည် ။ဒီမှာတင် အစိုးရက စဉ်းစားရလေပြီ ။မစဉ်းစား၍မရတော့ ၊ ပြည်သူတွေများများပြောလေ အစိုးရက ဒေါ်လာများများ ရှာရလေဖြစ်လာတော့မည် ။ ဒီနေရာမှာ အဆင်မပြေဖြစ်ကြလေသည် ။


တယ်လီဖုန်းပြောသည့် ကိစ္စတစ်ခုတည်းအတွက် တစ်နှစ်ကို ဒေါ်လာ သန်း ၃ ၊ ၄ ရာရှာရမည်မှာ မြန်မာနိုင်ငံ ကဲ့သို့နိုင်ငံငယ်အဖို့ မလွယ်လှ ၊ ယခင်က ယခုကဲ့သို့ ဒေါ်လာတရားဝင်လဲလှယ်သည့် နေရာများလည်းမပေါ်သေး ၊ ယခုပေါ်နေသော်လည်း လိုသလောက်လဲ၍မရနိုင် ထောင်ဂဏန်းလဲသည်ကိုပင်အဆင်မပြေလှသေး အကန့်အသတ်များရှိနေဆဲ၊ အခက်အခဲများရှိနေဆဲဖြစ်သည် ။ ငွေကြေးဈေးကွက်များပေါ်ပေါက်လာနိုင်ရေး ကြိုးစားနေရဆဲဖြစ်သည် ။ 

အချုပ်အားဖြင့်ဆိုရသော် ၅၀၀၀ တန်ဖုန်း စီမံကိန်းလုပ်မည်ဆိုသော ကုမ္ပဏီသည် အစိုးရထံမှ ဒေါ်လာကိုမည်သည့်နည်းနှင့်မျှ ပြန်မတောင်းလျှင်အဆင်ပြေပါမည် ၊ ပြန်တောင်းလျှင် အဆင်မပြေနိုင်ပါ ၊ အဖြေကဒါပဲဖြစ်မည်ဟုယူဆပါသည် ။ ပြည်တွင်းသတင်းမီဒီယာများအနေဖြင့် ဤမေးခွန်းကို ရွှေပြည်တံခွန်ကုမ္ပဏီ၏  MD ဦးလွင်နိုင်ဦးကို မေးစေလိုပါသည်  ၊ သူတို့ရင်းနှီးမြှုတ်နှံ ထားမှုအတွက် အစိုးရထံမှ တနည်းနည်းဖြင့် ဒေါ်လာပြန်ယူလို မယူလို သာမေးစေလိုပါသည်၊ သူ၏ အဖြေသည် ပြည်သူများစိတ်ဝင်စားနေသည့်  ၅၀၀၀ တန်ဖုန်း ဖြစ်နိုင် မဖြစ်နိုင် ၏ အဖြေဖြစ်မည် ထင်ပါသည် ။ဒေါ်လာ ပြန်ယူမည်ဆိုလျှင်မဖြစ်နိုင်ပါ ၊ဒေါ်လာ ပြန်မယူဘူး ဆိုလျှင် ဖြစ်နိုင်ပါမည် ။

 Voice Of Myanmar
Unknown at 11:11 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေးနှင့် အရအသုံးဆိုင်ရာ ဥပဒေကြမ်းများကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် လွှတ်တော်၌ဆွေးနွေးမည်


ပြည်ထောင်စု အစိုးရအဖွဲ့မှ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထားသည့် ၂၀၁၂ ခုနှစ် နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့် ၂၀၁၂-၂၀၁၃ ခုနှစ် ပြည်ထောင်စု ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းများကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်တွင် စတင်ဆွေးနွေးသွားမည်ဖြစ်ကြောင်း  သိရှိရသည်။ ပြည်ထောင်စု လွှတ်တော်သို့ ၂၀၁၂ ခုနှစ် ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်း၊ ၂၀၁၂ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်းတို့ကို ပြည်ထောင်စုအစိုးရ အဖွဲ့ကိုယ်စား ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့ပြီး အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များအား ဆွေးနွေးအကြံပြုရန် ဖိတ်ကြားခဲ့သည်။ “ပြည်ထောင်စုလွှတ်တော် ရုံးအဖွဲ့ကနေ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေထံ ဘတ်ဂျက် ခွဲဝေသုံးစွဲရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ထုတ်ပြန်ပေးထားတာ ရှိပါတယ်။ ၂၀၁၂ ခုနှစ် နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းအတွက် အဆိုတင်သွင်းမှုကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့အထိ နောက်ဆုံးထားပြီးလည်းကောင်း၊ ၂၀၁၂ ခုနှစ် ဘဏ္ဍာငွေ ရသုံးဆိုင်ရာ ဥပဒေကြမ်းအတွက် အဆိုတင်သွင်းမှုကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နောက်ဆုံးထားပြီး တင်သွင်းဖို့ ညွှန်ကြားထားပါတယ်။ ဒါတွေပြီးလို့ နောက်သုံးရက်ကြာရင် ပြည်ထောင်စုလွှတ်တော်မှာ ဘတ်ဂျက်ဥပဒေတွေနဲ့ ပတ်သက်ပြီး စတင်ဆွေးနွေးမှာ ဖြစ်ပါတယ်”ဟု ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောကြားခဲ့သည်။ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က “ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ် အများစုဟာ ဘဏ္ဍာရေး ကျွမ်းကျင်သူ ပညာရှင်တွေ၊ စီးပွားရေးပညာရှင်တွေ မဟုတ်ပါဘူး။ ဟိုခေတ် ၁၉၄၈ ကနေ ၁၉၆၂ ပါလီမန်မှာ အခုလို ၀န်ကြီးဌာနတွေက အသုံးစရိတ်တင်ရင် လွှတ်တော် ကိုယ်စားလှယ်တွေက ဖြတ်တောက်ရေးအဆို တင်လေ့ရှိတယ်။ အထူးသဖြင့် အတိုက်အခံ အမတ်တွေပေါ့။ ဘာလို့ ဖြတ်တောက်လဲဆိုရင် ဥပမာ အဲဒီကာလမှာ လူသတ်မှုတွေ၊ ခိုးမှုတွေ၊ မုဒိန်းမှုတွေ များတယ်ဆိုရင် ပြည်ထဲရေးဝန်ကြီးဌာနမှာ တာဝန်ရှိတယ်။ ဒါ့ကြောင့် ပြည်ထဲရေးဝန်ကြီးဌာနကို တစ်ကျပ် ဖြတ်တောက်ရေးအဆိုကို တင်လေ့ရှိတယ်။ အခုလွှတ်တော်မှာ အဲဒီလို ဖြတ်တောက်ရေး အဆိုတွေကို အခုအချိန်အထိ အစီအစဉ်ထဲမှာ မတွေ့ရသေးဘူး။ အဲဒီတော့ ပညာရှင် ဆွေးနွေးနည်းနဲ့ ဆွေးနွေးမလား။ လူထုဆန္ဒ၊ ပြည်သူ့ဆန္ဒ ရပ်တည်ချက်ကို ကိုယ်စားပြုပြီး ဆွေးနွေးမလား ဆိုတာတော့ အခု ဘတ်ဂျက် လွှတ်တော်မှာ အဖြူအမဲ သဲသဲကွဲကွဲ သိရမှာပါ။ အစိုးရကနေ ပြည်သူတွေကို ဘဏ္ဍာငွေ ဘယ်လောက်ရလို့ ဘယ်လောက် သုံးတယ် ဆိုတာကို မတင်ပြခဲ့တဲ့နှစ်တွေက နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်တဲ့အတွက် အခုလို တင်ပြတာကိုပဲ လွှတ်တော်နိုင်ငံရေးကြောင့် ပေါ်ပေါက်လာတဲ့ ရလဒ်လို့ သဘောထားပါတယ်” ဟု ပြောကြားခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။
Unknown at 10:55 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒါဖတ်ပြီးမှ ငါးထောင်တန်ဖုန်း အိပ်မက် ဆက်မက်ပါ

 

( ၅၀၀၀ တန်ဖုန်း အိမ်မက်မက်ရင်း အိမ်မက်ထဲကနေ ဆက်သွယ်ရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို မေတ္တာပို့နေတဲ့ ပြည်သူတွေအတွက် ကိုစစ်အောင်ရဲ့ ဆောင်းပါးကိုဖေါ်ပြလိုက်ပါတယ် )

"ငါးထောင်တန်အိပ်မက်"
 
နိုင်ငံရေး အကျဉ်းသားတွေ လွှတ်လိုက်တာ အပြီး နောက်ထပ် လူပြော သူပြော အများဆုံးက ငါးထောင်တန်း ဆင်းကဒ်ဆိုတဲ့ အကြောင်းပဲ။ ဖုန်းတစ်လုံး ငါးသိန်းဆိုလို့ စိတ်ပျက်သူ များနေတဲ့ မြန်မာ နိုင်ငံမှာ ငါးထောင် ဆိုတာနဲ့ အုန်းအုန်း ထသွားလိုက်တာ ဆက်သွယ်ရေးက ရှင်းပြတာတောင် မရတော့ဘဲ Campaign လုပ်မယ် ဆိုတဲ့ ဘ၀တောင် ရောက်ပါလေရော။ ထုံးစံအတိုင်း လူကြမ်း မင်းသားကတော့ ဆက်သွယ်ရေးပေါ့။

ကျွန်တော်ကတော့ ငါးထောင်ဖုန်း ကိုင်ရမယ် ဆိုတော့ ပျော်တယ်။ ဒါပေမယ့် ရွှေပြည်တံခွန် ကုမ္ပဏီရဲ့ ရှင်းလင်းချက်မှာ လုပ်ခွင့်ရပြီ ဆိုတာနဲ့ အစု ရှယ်ယာတွေ ထုတ်ရောင်းမယ် ဆိုတဲ့ စကား ပါလာတော့ နားရွက် ထောင်သွားတယ်။ အဖေတို့က အရင်းမဆုံး ငါးထောင်ဆိုတဲ့ ထီကိစ္စ၊ ပင်လုံထိပ်ထား အတိုးတို့နဲ့ ရေတိမ် နစ်ခဲ့ဘူးတော့ စတော့ ဈေးကွက် မရှိတဲ့ နိုင်ငံမှာ ရှယ်ယာဆိုရင် သွေးလန့် နေတာကိုး။ ဒါနဲ့ သတိ ထားကြဦးနော် ဆိုပြီး Comment ရေးတော့လည်း ထောက်ခံမယ့်လူ မရှိဘူး။ ဒါ့ကြောင့် ပို့စ်ရေးတင်ဖို့ အတွက် ခိုင်ခိုင်မာမာ အချက်တွေ ရှာပြီး ရေးပြလိုက်တာပါ။ အားလုံး စဉ်းစားနိုင်ဖို့ပေါ့၊ မင်း ဂျာနယ် သွားရေး ပါလားလို့တော့ မပြောနဲ့ဦး။ ဒင်းတို့ကပါ ငါးထောင် အိပ်မက် မက်နေတော့ အယ်ဒီတာမင်းများက စကားတောင် အစမခံဘူးဗျာ။ ဒါ့ကြောင့် ကိုယ်ပိုင်တဲ့ အဖေ့ဘုတ်မှာပဲ ၀င်အုပ်ရတာ။


စီးပွားရေး အဆိုပြုချက် တစ်ခုကို ကြားပြီဆိုရင် ပထမဆုံး စဉ်းစားသင့်တာက ဘယ်သူ လုပ်မှာလဲ ဆိုတာပဲ။ အင်္ဂလိပ် စကားမှာ Ponzi scheme ဆိုတာ ရှိတယ်။ ၁၉၂၀ ခုနှစ်မှာ Charle  Ponzi ဆိုတဲ့လူက အမေရိကန် နိုင်ငံ ဘော့စတွန်မြို့မှာ လုပ်စားခဲ့တာ။ သူက သူ့ကုမ္ပဏီမှာ ရင်းနှီး မြှပ်နှံသူတွေကို ၄၅ ရက်အတွင်း အမြတ် ၅၀% ပေးမယ် ဆိုပြီး လုပ်စား သွားတယ်။ တကယ်တော့ သူက အဲဒီအချိန်မှာ ချက်လက်မှတ် အတုထိုးမှုနဲ့ ထောင်က ထွက်လာပြီး ဘိုင်ကျနေတဲ့လူ၊ သူ့ကို မကြားဘူးတဲ့ ဘော့စတွန်မြို့မှာ လာပြီး လိမ်သွားတာ။ အဲဒီကစပြီး လူတွေကို မက်လုံးပေး၊ ငွေယူ၊ နောက်လူပေးတဲ့ ငွေနဲ့ အရင် အပ်တဲ့လူကို အတိုးပေး၊ များလာတော့ လစ်ပြေး ဆိုတဲ့ လိမ်နည်း မှန်သမျှကို Ponzi scheme လို့ ခေါ်တော့ တာပဲ။


အခု ငါးထောင်တန် ဆင်းကဒ်ကို လုပ်မယ့် ရွှေပြည်တံခွန် ဆိုတာ တခါမှ မကြားဖူးဘူး။ (ကျွန်တော့် အတွက်) ပိုင်ရှင်ဆိုတဲ့ လူကလည်း မြန်မာပြည်ရဲ့ ခေတ်ပျက် သူဌေးခေါ်ခေါ် ဘီလျံနာ ခေါ်ခေါ် အဲဒီ လူတွေထဲမှာ မပါဘူး။ ဒါနဲ့ ဘယ်ကတုံးလို့ စုံစမ်း လိုက်တော့ အခုလို တွေ့သဗျာ၊ ဘယ်လို နည်းများ သုံးသလဲလို့ အထင်ကြီး မသွားနဲ့၊ ကုမ္ပဏီများ မှတ်ပုံတင်ရုံးမှာ သွားမေးရင် ရတယ်။ ဘယ်သူမှ မေးဖို့ စိတ်မကူးလို့ ရှာပြီး တင်ပြလိုက်တာ။

ရွှေပြည်တံခွန် ကုမ္ပဏီကို ၂၀၁၁ သြဂုတ်လ ၂၅ မှာ ဖွဲ့တယ်။ ၂၀၁၂ ဇန်န၀ါရီလ ၁၆ ရက်နေ့မှာ စီမံ/ စီးပွားက မှတ်ပုံတင် ခွင့်ပြုတယ်။ ဒီတော့ ၅၀၀၀ တန် ဆင်းကဒ် အကြောင်း ပြောတဲ့ အချိန်မှာ မှတ်ပုံတင်တောင် မကျသေးဘူး။  
ဒါရိုက်တာ အဖွဲ့မှာ ဦးလွင်နိုင်ဦးက အုပ်ချုပ်မှု ဒါရိုက်တာ၊ ဒေါ်စုစုလွင် (သူ့ဇနီး) က ဒါရိုက်တာ၊ ဒေါ်ဝင်းဝင်းကြည် (သူ့အမေ) က ဒါရိုက်တာ သုံးဦးနဲ့ ဖွဲ့ထားတယ်။ ဖြစ်ပုံများ။

ရုံးခန်းက အောက်ကြည့်မြင်တိုင်လမ်း၊ ရွှေဂုံသူ ကွန်ဒိုမှာ Media-Tech ဆိုတဲ့ တစ်ခြား ကုမ္ပဏီတစ်ခုနဲ့ တွဲဖွင့်ထားတယ်။ကျွန်တော်တို့ရဲ့ ကုမ္ပဏီ သူဌေး ဦးလွင်နိုင်ဦးက အမှတ် ၃၇/အေ လှိုင်မြစ်လမ်း၊ ၁ ရပ်ကွက်၊ လှိုင်မြို့နယ်မှာ အခန်းငှား နေတယ်။ ဘေးနားမှာ စုံစမ်းကြည့်တော့ ဇာတိက ပျဉ်းမနား၊ အဖေက စက်မှု လယ်ယာက စက်ကြီးမောင်း ခေါင်းဆောင် တဲ့။ စီးတဲ့ကား စူပါကက်စတန်က ငှားထားတာ။

ကဲ ဒါလောက်ဆိုရင် ရွှေပြည်တံခွန်ရဲ့ ခိုင်မာမှုကို ခင်ဗျားတို့ မှန်းလို့ရပြီ။ မီဒီယာတွေနဲ့ တွေ့တုံးကတော့ ရွှေပြည်တံခွန် ကနေ အာရှတံခွန် ဖြစ်အောင် လုပ်မယ်လို့ ပြောတယ်။ ကဲ စဉ်းစားကြည့်ဗျာ၊ အစု ရှယ်ယာ တစ်ခုကို တစ်သိန်းနဲ့ ရှယ်ယာ တစ်သောင်း ရောင်းရင်လည်း ကုန်မှာပဲ၊ ဘာဖြစ်လို့လည်း ဆိုတော့ ငါးထောင်နဲ့ ဆိုရင် အနည်းဆုံး ဖုန်းတစ်သန်းတော့ ရောင်းရမှာပဲ၊ မြတ်မှာကွ ဆိုပြီး ၀င်ဝယ်မယ့် လူတွေချည်းပဲ။ နောက်ပြီး ဆင်းကဒ်ဖိုး ကြိုသွင်း ရမယ် ဆိုရင်လည်း ငါးထောင်နဲ့ သွင်းမယ့် လူတွေ မနည်းမနော ဖြစ်လာမှာ သေချာတယ်။ လျှောက်လွှာ တစ်စောင်ကို ငါးရာနဲ့ ရောင်း၊ ငွေငါးထောင် ကြိုသွင်း၊ အင်း ဒါပေမယ့် တစ်လလောက် အရောင်းဖွင့်ပြီးလို့ လစ်သွားမယ် ဆိုရင် နောက်ထပ် Ponzi တစ်ယောက်နဲ့ ခင်ဗျားတို့ တွေ့မှာ သေချာတယ်။ ဟိုတစ်လောက နံမည်ကြီး မြန်မာဆေး လုပ်ငန်းက သမီးက စက်ရုံ တိုးချဲ့မယ်၊ အရင်း ထည့်ကြ၊ တစ်လကို ငါးကျပ်တိုး ဆိုပြီး သုတ်သွားတာ ထက်တောင် ငွေများ သွားနိုင်တယ်။


လူကို ကြည့်ပြီးတော့ နည်းပညာကို လေ့လာရအောင်။ အင်တာနက်မှာ ၀င်ရှာတော့ သူပြောတဲ့ UMTS စနစ်ဆိုတာ Universal Mobile Telecommunications System (UMTS) ဖြစ်ပါတယ်။ အဲဒါက ဘာလဲ ဆိုတော့ နည်းပညာ ကျွမ်းကျင်သူ မဟုတ်တဲ့ အတွက် ၀ီကီမှာ ရေးထားတဲ့ အချက် တစ်ချို့ကိုပဲ ကူးတင် ပေးလိုပါတယ်။


Universal Mobile Telecommunications System (UMTS) is a third generation mobile cellular technology for networks based on the GSM standard.

Unlike EDGE (IMT Single-Carrier, based on GSM) and CDMA2000 (IMT Multi-Carrier), UMTS requires new base stations and new frequency allocations.

Structure of UMTS Network

 
 
အဲဒီတော့ လူပြိန်း အတွေးနဲ့ ပြောရရင် အခု ဆက်သွယ်ရေးက လုပ်နေတဲ့ စနစ်ကို မသုံးဘူးဆိုရင် သူ့ဘာသာသူ ထပ်ဆင့်လွှင့်တဲ့ စက်ရုံတွေ ဆောက်ရမယ်၊ Exchange ရုံတွေ လုပ်ရမယ်။ အဲဒါကို သုံးလနဲ့ ခြောက်လအတွင်း ပြီးအောင် လုပ်မယ် ဆိုတာတော့ အတော် ယုံရခက်တဲ့ ကိစ္စပဲ၊ ရွှေပြည်တံခွန် ကုမ္ပဏီ ရှင်းပြတဲ့ အထဲမှာ အရင်းအနှီး ဘယ်က လာမယ် ဆိုတာ ရေရေရာရာ ပြောထားတာ မရှိဘူး။ အခန်းတောင် ငှားနေရတဲ့ လူတစ်ယောက်က အဲဒီလောက် ကြီးမားတဲ့ စီမံကိန်းကြီးကို လုပ်ဖို့ ငွေကြေး၊ နိုင်ငံတကာ အဆက်အသွယ် ရှိနိုင်သလား ဆိုတာ ပထမဆုံး မေးရမယ့် မေးခွန်းပဲ။ ဒီစနစ်အတွက် သုံးရမယ့် လွှင့်စက်ဆိုတာ GSM Repeator လို ခေါင်မိုးပေါ် လွယ်လွယ်နဲ့ တက်တပ်လို့ ရမယ်မထင်ဘူး။ ဖုန်းအလုံးပေါင်း သိန်း၊ သောင်း ချီသုံးမယ့် ကွန်ယက် တစ်ခုအတွက် တိုင်တွေ ထောင်တာ၊ အဲဒီအတွက် လိုအပ်တဲ့ Power Supply တွေ၊ ကိုင်တွယ်မယ့် ၀န်ထမ်းတွေ စသည်ဖြင့် စဉ်းစားစရာ အများကြီး ရှိသေးတယ်။ အဲဒါကို အိမ်မှာ Wi Fi ထောင်သလို လွယ်လွယ်လေး ပြောနေတာကတော့ လိုက်မမီပေါင်ဗျာလို့ ပြောရမှာပဲ။

ချုပ်ပြောလိုက်ရင်တော့ ဆက်သွယ်ရေးက ဖုန်းဈေးတွေ များလွန်းတာလည်း အမှန်ပဲ။ ဒါနဲ့ ပတ်သက်လို့ ဆန်းစစ်ရမှာက တစ်ပိုင်း၊ အခုလည်း လွှတ်တော်မှာ ပြောဆို နေတာတွေ ရှိတယ်။ နောက်ပြီး နိုင်ငံခြား ကုမ္ပဏီတွေ လာရင်းနှီး မြှပ်နှံရင် ရတဲ့ ဆင်းကဒ်ခကတော့ သက်သာမယ်၊ ဒါပေမယ့် ဖုန်းပြောခတွေကို ဒေါ်လာနဲ့ ပြန်ထုတ် ပေးရမယ့် ကိစ္စလည်း ရှိသေးတယ်၊ အခု အချိန်မှာ ဖုန်းပြောခတွေကို တစ်နှစ် ဒေါ်လာ သန်းနှစ်ရာ၊ သုံးရာ ဒေါ်လာနဲ့ လဲပြီး အစိုးရက အမြတ် ခွဲပေးဖို့ရော လုပ်နိုင်ပြီလား ဆိုတာလည်း စဉ်းစားရမယ်။ နောက်ပြီး အခု စနစ်သစ်အရ အစိုးရ စီးပွားရေး လုပ်ငန်းတွေက ကိုယ့်ငွေ ကိုယ်ရှာ၊ ကိုယ်သုံး လုပ်ရမယ် ဆိုတာလည်း ရှိရဲ့။  ဒါတွေ အားလုံးကို စဉ်းစားလိုက်ရင် လက်ရှိ အခြေအနေအရ ဘယ်လောက် ဖြစ်သင့်တယ် ဆိုတော့ အမတ်မင်းများက ဆွေးနွေး ပေးကြဖို့ လိုပါတယ်။


သို့သော် ဆက်သွယ်ရေး ဈေးများ နေတာကြောင့် ကျွန်တော်တို့ တစ်တွေ Ponzi လိမ်ကွက်တွေထဲ ကျမသွားဖို့ လိုတယ်။ ဒါ့ကြောင့် တတ်ကျွမ်းသူများ ငါးထောင် ကိစ္စကို ကုမ္ပဏီရဲ့ ခိုင်မာမှု၊ နည်းပညာအရ လိုအပ်မှု၊ အရင်းအနှီး ရနိုင်မှု စသည်ဖြင့် ထောင့်ပေါင်းစုံက စဉ်းစားပြီး ရေးပြရင် ကောင်းမယ်။ ဂျာနယ်တွေလည်း ပွဲဆူတယ်၊ ဂျာနယ် အရောင်း တက်တယ် ဆိုပြီး ရွှေပြည်တံခွန်ကို စင်တင် ပေးနေကြတာ၊ တော်ကြာ ရွှေပြည်တံခွန်နဲ့ အမှုတွဲ ဖြစ်သွားမယ့် အရေးကိုလည်း ဂရုစိုက်ကြပါဦး။

ကျွန်တော်တော့ ငါးထောင်ဖုန်းထက် သုံးသိန်းဖုန်း အိပ်မက်ဘဲ မက်လိုက်ဦးမယ်။

ဒေါက်တာဆိတ်ဖွား မှကူးယူဖော်ပြပါသည်။
(စစ်အောင်)

Unknown at 10:50 AM 1 မှတ်ချက်ကလေးရေးပေးနော်.
Share

နိုင်ငံရေး အသိအမြင် ဗဟုသုတအတွက် ဝက်ဘ်ဆိုက်လွှင့်တင်


From : ခေတ်လူငယ်
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အခြေခံသည့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကိုယ်စားလှယ်အဖွဲ့မှ www.myanmaraffairs.com ကို လွှင့်တင်ခဲ့သည်။ အဆိုပါ ဝက်ဘ်ဆိုက်သည် ပြည်သူများအတွက် နိုင်ငံရေးအသိအမြင်များနှင့် ဗဟုသုတများ ကြွယ်ဝလာစေရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ နိုင်ငံတော်အစိုးရ စီမံကိန်းများအတွက် စစ်တမ်းများ၊ ကုလသမဂ္ဂအတွက် စစ်တမ်းများနှင့် အန်ဂျီအိုများအတွက် စစ်တမ်းများကို ကောက်ယူပေးနေသည့် ကိုယ်စားလှယ်အဖွဲ့ဖြစ်ပြီး ပြည်သူလူထုအမြင်များကိုလည်း စစ်တမ်းကောက်ယူခဲ့သည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် လုပ်ကိုင်ဆောင်ရွက်နေရင်းမှ နိုင်ငံရေးအသိအမြင် ဝက်ဘ်ဆိုက်ကို ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။ ပြည်သူ့စစ်တမ်းအား ၂၀၁၀ ခုနှစ် နိုဝင်ဘာ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက ကောက်ယူခဲ့ခြင်းဖြစ်ကြောင်း ဝက်ဘ်ဆိုက်သည် ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေးကိုပါ အထောက်အကူပြုရန် ရည်ရွယ်ထားကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။
Unknown at 9:37 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လစဉ်သွင်းငွေ ကျပ်ငါးသောင်းတန် အိမ်ခန်းများ ပါဝင်သည့် အိမ်ရာစီမံကိန်းကြီး တည်ဆောက်ရန် အဆိုပြုထား

လူဦးရေ သိပ်သည်းလာမှု ဖြေရှင်းနိုင်ရန် လစဉ်သွင်းငွေ ကျပ်ငါးသောင်းဖြင့် အိမ်တစ်ခန်း ရရှိစေနိုင်မည့် အခန်းပေါင်း ၆၀၀၀၀ ရှိ ဧက ၂၀၀ ကျော် ကျယ်ဝန်းသော စင်ကာပူစတိုင် အဆင့်မြင့် အိမ်ရာစီမံကိန်းကြီး တစ်ခုကို  ဆောက်လုပ်ရေးကုမ္ပဏီကြီး တစ်ခုက စတင် လုပ်ဆောင်နိုင်ရန် အဆိုပြုထားပြီး ဖြစ်ကြောင်း ၈-၂-၂၀၁၂ ရက်က သိရသည်။ စင်ကာပူစတိုင် အဆင့်မြင့် အိမ်ရာစီမံကိန်းကြီးတွင် အထပ်မြင့် အိမ်ရာကြီးများ၊ ခြောက်ထပ်ဝန်းကျင် တိုက်ခန်းများနှင့် အခြားသော အိမ်ရာစီမံကိန်းများ ပါဝင်မည်ဟု သိရသည်။
 အဆိုပါ အိမ်ရာစီမံကိန်းကြီးတွင် လစဉ်သွင်းငွေ ကျပ်ငါးသောင်းဖြင့် ငါးနှစ်စာ တိုက်ခန်းများ၊ လစဉ်သွင်းငွေ ကျပ်တစ်သိန်း၊ နှစ်သိန်း၊ သုံးသိန်း စသည်ဖြင့် ငါးနှစ် အရစ်ကျသွင်းသည့် တိုက်ခန်းများလည်း ပါဝင်ကြောင်း သိရကာ အဆင့်မြင့်အိမ်ရာအတွက် တစ်လကို ကျပ်သိန်း ၂၀ သွင်းပြီး ငါးနှစ်ဆပ်ရမည့် ပုံစံများ ပါဝင်ကြောင်း သိရသည်။
 “ဒီစီမံကိန်းအတွက် သက်ဆိုင်ရာကို တင်ပြထားပါတယ်။ ဒီလထဲမှာ အဖြေသိရပါမယ်။ စီမံကိန်းကို လုပ်ခွင့်ရခဲ့ရင် နှစ်ကုန်ပိုင်းမှာ  စတင်မယ်” ဟု တော်ဝင် ဆောက်လုပ်ရေးကုမ္ပဏီမှ ဥက္ကဋ္ဌ ဦးကိုကိုထွေးက ပြောကြားသည်။ “ဒီစီမံကိန်းထဲမှာ စာသင်ကျောင်းတွေ၊ စားသောက်ဆိုင်တွေ၊ ကလေး ထိန်းသိမ်း စောင့်ရှောက်ရေးတွေ၊ ထမင်းချက်တဲ့ စက်ရုံတွေနဲ့ ရပ်ကွက်ကြီးတစ်ခု၊ ဒါမှမဟုတ် မြို့နယ်တစ်ခု ပုံစံမျိုး လုပ်သွားမှာ၊ စီမံကိန်းကာလက သုံးနှစ်ကြာမယ်။ “မုဒိတာ၃” လို့ အမည်ပေးလို့” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
 “ဒီအထဲမှာ နေမယ့်သူတွေက အရက်သေစာ သောက်စားမူးယစ်ပြီး ဖြစ်သလို နေထိုင်မယ့်သူတွေ မပါစေချင်ဘူး။ ဒီစီမံကိန်းရဲ့ စည်းမျဉ်း၊ စည်းကမ်းတွေကို လိုက်နာနိုင်ရမယ်။ အကုန်လုံး အရစ်ကျစနစ်နဲ့ သွားမှာ၊ အရင် Down Payment တွေက ၂၀ ရာခိုင်နှုန်း ပေးချေထားရမယ်။ ပြီးမှ အရစ်ကျသွားမှာ။ ကမ္ဘောဇဘဏ်က အဓိက ကျောထောက်နောက်ခံ ယူပေးထားတယ်၊ ၂၀ ရာခိုင်နှုန်းက အပြောင်းအလဲတော့ ရှိသွားနိုင်တယ်” ဟု ဆက်လက် ပြောကြားသည်။ လစဉ်သွင်းငွေ ကျပ်ငါးသောင်းတန်က Hall Type ပုံစံနဲ့ စတုရန်းပေ ၂၂၀ လောက် ရှိမယ်။ ကျပ်ငါးသောင်း၊ တစ်သိန်း၊ နှစ်သိန်း၊ သုံးသိန်း တိုက်ခန်း အရေအတွက်က ပိုများမယ်။ အဆင့်မြင့် အိမ်ရာက နည်းမယ်။ ကျပ်တစ်သိန်း၊ နှစ်သိန်း၊ သုံးသိန်းတွေကတော့ အိပ်ခန်းနှစ်ခန်း ပါမယ်။ ဓာတ်လှေကားတွေလည်း ပါမယ်။ ဒီစီမံကိန်းကြီး တစ်ခုတည်းမှာပဲ ဘုရားကျောင်း၊ စေတီ၊ ပန်းခြံ၊ အားကစားကွင်း တွေ အတော်များများ ပါဝင်မယ်။ စင်ကာပူစတိုင် အိမ်ရာဆိုပြီး ပြီးစလွယ်လုပ်မယ့် ပုံစံမျိုး သွားလို့မရဘူး။ တကယ့်ကို အဆင့်မြင့်အိမ်ရာတွေနဲ့ သီးသန့် မြို့တစ်မြို့ ပုံစံ သွားမှာ” ဟု ဦးကိုကိုထွေးက ပြောကြားသည်။
 “မြေနေရာကတော့ ရန်ကုန်မြို့ရဲ့ မြောက်ပိုင်းဧရိယာထဲမှာလို့ပဲ မှတ်ထားစေချင်တယ်။ နေရာ အတိအကျ မပြောချင်သေးဘူး။ ဒီအတွက် ဝန်ကြီးဌာနကို တင်ပြထားတယ်။ စင်ကာပူစတိုင် အိမ်ရာစီမံကိန်းအတွက် စင်ကာပူနိုင်ငံသား ဒီဇိုင်းသမားတွေ မသုံးပါဘူး။ မြန်မာတွေပဲ ဆွဲမှာပါ။ စင်ကာပူစတိုင် ဆိုပေမယ့် မြန်မာဆွဲတဲ့ အဆင့်မီ စင်ကာပူစတိုင် အိမ်ရာစီမံကိန်း ဖြစ်မှာပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ ၎င်း၏ စီမံကိန်းအရ အခန်းပေါင်း ၆၀၀၀၀ အထိ ပိုမို တိုးပွားလာမည်ဖြစ်ပြီး အခြေခံ လူတန်းစားအတွက် ရည်ရွယ်သော လစဉ်သွင်းငွေ ကျပ်ငါးသောင်းတန် အိမ်မှာ ငါးနှစ် အရစ်ကျအတွက် အိမ်တန်ကြေး ကျပ်သိန်း ၃၀ နှင့် ဘဏ်တိုးငွေ ကျပ်သုံးသိန်းခွဲဝန်းကျင် ကျသင့်မည်ဖြစ်ကြောင်း သိရကာ နိုင်ငံတော်ပိုင်းက ပိုမိုအားပေး ပါဝင်စေလိုကြောင်း ၎င်းက ပြောကြားသည်။
 အေဝိုင်အီး(ပြည်မြန်မာ)
Unknown at 9:36 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အင်တာနက်ဆိုင်များ ည ၁၁ နာရီ နောက်ဆုံးထား ပိတ်ရမည်

အင်တာနက်ဆိုင်
တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့်ကာလ နီးကပ်လာသောကြောင့် ည ၁၁ နာရီနောက်ဆုံးထား၍ အင်တာနက်ဆိုင်နှင့် ဂိမ်းဆိုင်များ ပိတ်သိမ်းရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ညွှန်ကြားထားကြောင်း သိရသည်။ ည ၁၁ နာရီ နောက်ဆုံးထား၍ အင်တာနက်ဆိုင်များအား ပိတ်သိမ်းခိုင်းခြင်းကြောင့် အင်တာနက်ကော်နက်ရှင် ကောင်းချိန်တွင် ဒေါင်းလုပ်ဆွဲချင်သူများကိုသာ အဓိကထိခိုက်မည်ဖြစ်ကြောင်း အင်တာနက်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောကြားသည်။ “အဓိက ဂိမ်းဆိုင်တွေပါ။ ဒါပေမဲ့ တချို့အင်တာနက်ဆိုင်တွေက ဂိမ်းရော၊ အင်တာနက်ရော တွဲထားတယ်ဆိုတော့ အင်တာနက်ဆိုင်တွေကိုပါ ပိတ်ခိုင်းရတာပါ” ဟု ဦးစီးရဲအရာရှိတစ်ဦးက ပြောကြားသည်။ အင်တာနက်ဆိုင်များ၊ ဂိမ်းဆိုင်များကို အချိန်ကန့်သတ်၍ ပိတ်ခိုင်းခြင်းအပြင် မိတ္တူကူးဆိုင်များကိုပါ တရားမ၀င်သည့် စာရွက်စာတမ်းများ ကူးယူခြင်းနှင့် စာမေးပွဲဖြေဆိုရာတွင် မသမာသောနည်းဖြင့် ဖြေဆိုခြင်းမပြုနိုင်ရန် ချုံ့ထားသည့် စာရွက်များကို ကူးယူခြင်းမပြုရန် ဒေသဆိုင်ရာ အာဏာပိုင်များက အမိန့်ထုတ်ထားကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ်တွင် ဖော်ပြထားပါသည်
Unknown at 9:35 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာနိုင်ငံမှာ တရုတ်ဘာသာစကားက တရားဝင် ဒုတိယ နိုင်ငံခြား ဘာသာစကား ဖြစ်လာတော့မှာလား



cl1
မန္တလေးတံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်းပိုင်း တစ်နေရာကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလက တွေ့ရစဉ်
မြန်မာနိုင်ငံတွင်  မိခင်ဘာသာ စကားဖြစ်သော မြန်မာစာပြီးပါက အင်္ဂလိပ်စာသည် အဓိကသုံးစွဲသော နိုင်ငံခြား ဘာသာစကားဖြစ်ပြီး ယခုနှစ်များအတွင်းတွင်မူ တရုတ်ဘာ သာစကားမှာ ဒုတိယ နိုင်ငံခြား ဘာသာစကားသဖွယ် ဖြစ်လာကြောင်း သတင်းရရှိပါသည်။
ယခင်က နယ်စပ်ဒေသများရှိ စီးပွားရေးလုပ်ငန်းများ၊ ဆိုင်များ၌ တရုတ်ဘာသာစကားကို မြန်မာစာနှင့် တွဲဖက်သုံးစွဲမှုရှိပြီး ယခုအခါတွင် မန္တလေးမြို့၊ ရန်ကုန်မြို့များတွင်ပါ ဒုတိယ နိုင်ငံခြား ဘာသာစကားသဖွယ် အသုံးပြုလာခြင်းဖြစ်ကြောင်း သိရှိရသည်။
cl2
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကြေညာထားသော အသိပေးစာတစ်ခု
တရုတ်နိုင်ငံနှင့် ထိစပ်နေသော ပြည်နယ်များဖြစ်သည့် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တို့တွင် တရုတ်လူမျိုးများ ရွှေ့ပြောင်းရောက်ရှိမှု၊ စီးပွားရေးလုပ်ငန်းများစွာ အခြေချလုပ်ကိုင်မှုတို့နှင့်အတူ ဘာသာ စကားသည်လည်း လွှမ်းမိုးမှုရှိလာကြောင်း တိုင်းရင်းသားများရေးရာ လေ့လာနေသူအချို့က ဆိုပါသည်။

သူတို့က စီးပွားရေးနဲ့ ၀င်လာတော့ အပေါင်းအသင်းကလည်း ကောင်းတယ်မဟုတ်လား။ သူတို့က တိုင်းရင်းသားတွေထက် သာတယ်။ ဆိုင်တွေမှာပါရေးပြီး သုံးစွဲလာတာပေါ့။ အခုအထိလည်း မူဆယ်လို နယ်စပ်မြို့မှာရှမ်းစာနဲ့ ဖော်ပြတာလုံးဝမရှိဘူး။ မြန်မာစာရယ်၊ တရုတ်စာရယ် ပူးတွဲဖော်ပြတယ်။
“သူတို့က စီးပွားရေးနဲ့ဝင်လာတော့ အပေါင်းအသင်းကလည်း ကောင်းတယ်မဟုတ်လား။ သူတို့က တိုင်းရင်းသားတွေထက် သာတယ်။ ဆိုင်တွေမှာပါရေးပြီး သုံးစွဲလာတာ ပေါ့။ အခုအထိလည်း မူဆယ်လို နယ်စပ်မြို့မှာ ရှမ်းစာနဲ့ ဖော်ပြတာ လုံးဝမရှိဘူး။ မြန်မာစာရယ်၊ တရုတ်စာရယ် ပူးတွဲဖော်ပြတယ်။ ဆိုင်တော်တော်များများကလည်း တရုတ်စာတွေနဲ့ ဖြစ်လာတယ်။  တိုင်းရင်းသား ဘာသာစကားကတော့ ပျောက်သလောက်ပေါ့။ တိုင်းရင်းသား ဘာသာစကားသင်ရင်၊ ဖော်ပြရင် အမျိုးသားရေး စိတ်ဓာတ်ရှိတယ်၊ ကျဉ်းမြောင်းတယ်လို့ အမြင်ရှိကြ တယ်။ တိုင်းရင်းသားကို ကြောက်တယ်။ တရုတ်ကိုတော့ မကြောက်ဘူး။ ရှမ်းရွာတွေဆိုလည်း အရင်က ရှမ်းစာနဲ့နာမည်ရေးကြတယ်။ အခု တော့မြန်မာစာနဲ့ပဲ ရေးထားကြတယ်” ဟု ရန်ကုန်ရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။
cl3
နိုင်ငံခြားသား ၀င်ရောက်မှုများသော ပုဂံလေဆိပ်တစ်နေရာ
မြန်မာနိုင်ငံတွင် ၂၀၀၀ ပြည့်နှစ်ကျော် ၀န်းကျင်က နိုင်ငံခြားဘာသာ စကားသင်ယူမှုတွင် အင်္ဂလိပ်ဘာသာ ပြီးပါက ဂျပန်ဘာသာသည် ဒုတိယနေရာတွင် ရှိခဲ့ပြီး နောက်ပိုင်းတွင်မူ စီးပွားရေးကူးလူးဆက်ဆံမှု၊ တွင်ကျယ်မှုများပေါ် မူတည်ကာ တရုတ်ဘာသာစကားသည် ဒုတိယနေရာသို့ ရောက်ရှိလာခဲ့သည်။
တိုင်းရင်းသားဒေသများတွင် လည်း တိုင်းရင်းသား လူငယ်များသည် တရုတ်ဘာသာစကားကို အလုပ်အကိုင် အခွင့်အလမ်းများအတွက် သင်ယူလာကြကြောင်း သိရှိရသည်။

မြန်မာစာ၊ မြန်မာစကား မတတ်၊ တိုင်းရင်းသား ဘာသာစကားလည်း မတတ်ဘဲ တရုတ်စာ၊ တရုတ်စကားပဲ တတ်တဲ့သူတွေ မြန်မာနိုင်ငံ အထက်ပိုင်းမှာ ဘယ်လောက်များနေပြီလဲဆိုတာ မြန်မာ၊ တရုတ်နှစ် ဘာသာနဲ့ ဆိုင်းဘုတ်တွေက သက်သေပြနေပါတယ်။
“မြစ်ကြီးနားမှာတော့ တရုတ် လူမျိုးတွေရဲ့ စီးပွားရေးလုပ်ငန်းတွေ တွင်ကျယ်လာတာကြာပြီပေါ့။ အခုဆို တော်တော်ပဲ လွှမ်းမိုးထားတဲ့သဘော ရှိတယ်။ စီးပွားရေး လုပ်ငန်းအကြီး တွေကအစ အလတ်စား၊ အငယ်စား တွေအထိပဲ။ ဆိုင်တွေမှာကတော့ ထုံးစံအတိုင်း မြန်မာစာရယ်၊ တရုတ်စာရယ်နဲ့ တင်ထားတာပေါ့။ ကချင် ဘာသာစကားနဲ့တော့ မရှိပါဘူး။ အခုဆို ဘာသာစကားပိုင်းမှာပါ တော်တော်လွှမ်းမိုးမှုရှိလာပြီ။ တရုတ် စီးပွားရေးလုပ်ငန်းတွေ ကများလာတော့ တရုတ်စာတတ်ဖို့ လိုလာတယ်လေ။ ကချင်တွေရော၊ ဗမာတွေရော လူငယ် လေးတွေ တရုတ်စကားကို သင်လာ ကြတယ်”ဟု ကချင်ပြည်နယ် မြစ်ကြီး နားမြို့မှ ဒေသခံတိုင်းရင်းသား တစ်ဦးက ပြောပြသည်။
ပြည်နယ်ဒေသများတွင် သာမက မန္တလေးမြို့တွင်လည်း အဓိကကျသော မြို့၏အစိတ်အပိုင်းများတွင် တရုတ် လူမျိုးများ၏ စီးပွားရေးလုပ်ငန်းများ တွင်ကျယ်မှုရှိလာကာ နာမည်ဖော်ပြမှုများတွင်ပင် တရုတ်ဘာသာစကား ကို တွဲဖက်ဖော်ပြမှုရှိနေသည်ဟု မြို့ခံ တစ်ဦးက ဆိုပါသည်။
မန္တလေးမြို့ရှိ စီးပွားရေးကြော်ငြာများတွင် မြန်မာစာနှင့် အင်္ဂလိပ် ဘာသာအပြင် အခြားဘာသာစကား များဖြင့် ထည့်သွင်းအသုံးပြုမှု များပြားလာခြင်းကြောင့် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီသည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလမှ စတင်ပြီး လုပ်ငန်းရှင်များအား ပြောင်းလဲရေးသားရန် ညွှန်ကြားခဲ့သည်။
ယခုအခါ မန္တလေးမြို့ပေါ်၌ မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာ အပြင် အခြားဘာသာစကားများဖြင့် ရေးသားထားသော စီးပွားရေးလုပ်ငန်းကြော်ငြာများ တဖြည်းဖြည်း နည်းပါးသွားပြီ ဖြစ်သော်လည်း အချို့တစ်ဝက်မှာ ဆက်လက်ကြော်ငြာထားကြဆဲပင် ဖြစ်သည်။
“မြန်မာဘာသာနဲ့ အင်္ဂလိပ်ဘာသာအပြင် တခြားဘာသာစကားတွေနဲ့ ရေးထားတဲ့ စီးပွားရေး ကြော်ငြာတွေထဲကမှ အလွန်အကျူးရေး ထားတဲ့ စာသားတွေပါဝင်တဲ့ကြော်ငြာတွေ ယဉ်ကျေးမှုအရ မသင့်လျော်တဲ့ စကားလုံးတွေပါဝင်တဲ့ ကြော်ငြာ ဆိုင်းဘုတ်တွေကို ဖြုတ်ပြီး မြန်မာ-အင်္ဂလိပ် နှစ်ဘာသာနဲ့သာ ရေးသားဖို့ စီးပွားရေးလုပ်ငန်းရှင်တွေကို ညွှန်ကြားထားပြီးပါပြီ။ နိုင်ငံတော် ဘာသာစကားဟာ မြန်မာဘာသာဖြစ်ပြီး အင်္ဂလိပ်စာကို ရုံးသုံးအနေနဲ့ အသုံးပြု တဲ့အတွက် ဒီနှစ်ဘာသာကလွဲရင် ကျန်တဲ့ဘာသာတွေကို သုံးစွဲပိုင်ခွင့်မရှိပါဘူး။ ဒါဟာ ထုတ်ပြန်စရာ မလိုတဲ့ စည်းကမ်းပါ” ဟု မန္တလေး မြို့တော်စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။
“ကျွန်တော်တို့ တရုတ်စကားပြော သင်တန်းကျောင်းနဲ့ တရုတ်စာ သင်တန်းကြော်ငြာ ဆိုင်းဘုတ်မှာ တရုတ်စာတစ်ခုတည်း အထင်အရှား ရေးထားတာမို့ စည်ပင်သာယာရေး ကော်မတီက တာဝန်ရှိသူတွေက လာပြီး မြန်မာစာနဲ့ အင်္ဂလိပ်ဘာသာ နှစ်ခုပဲ ကြော်ငြာခွင့်ရှိတယ်ဆိုပြီး ပြောင်းလဲဖို့ ညွှန်ကြားခဲ့ပါတယ်။ အဲဒါကြောင့် အခု မြန်မာစာ တစ်ခု နဲ့ပဲ သင်တန်းကြော်ငြာ ဆိုင်းဘုတ် တင်ထားတာပါ”ဟု မျက်ပါးရပ်ရှိ တရုတ်သင်တန်းကျောင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။
“ရန်ကုန်နဲ့ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်တွေမှာ တရုတ် စာတွေနဲ့ပါ ညွှန်းထားတာ၊ ဖော်ပြထားတာ တချို့တွေ့ရပါတယ်”ဟု ခရီးသွားတစ်ဦးက ပြောပြသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ လေဆိပ်ဝန်ဆောင်မှု လုပ်ငန်းကို ၂၀၁၀ ပြည့်နှစ် ဇွန်လအတွင်း က Pioneer Aerodrome Services ကုမ္ပဏီသို့ နှစ် ၃၀ ငှားရမ်း လုပ်ကိုင် ခွင့်ပြုခဲ့ကြောင်းသိရပြီး အဆိုပါ ကုမ္ပဏီသည် အေးရှားဝေါလ်ကုမ္ပဏီ ၏ ဆက်စပ်လုပ်ငန်း တစ်ခုပင်ဖြစ်ပြီး နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ် ၀န်ဆောင်မှုကိုလည်း လုပ်ကိုင်ခွင့်ရရှိထားကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတွင် ရန်ကုန်ဝင်ပေါက်၊ မန္တလေးနှင့် ပုဂံဝင်ပေါက်၊ နယ်စပ်ဝင်ပေါက်တို့မှ နိုင်ငံတကာ ခရီးသွားများ ၀င်ရောက်နေရာတွင် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်အတွင်း၌ တရုတ်လူမျိုး ခရီးသွားများသည် အာရှခရီးသွားများ အနက် ထိုင်းခရီးသွားများကို ကျော်လွန်ကာ ထိပ်ဆုံးသို့ ရောက်ရှိခဲ့သည်။
၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းအထိ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ ထုတ်ပြန်သော အချက်အလက်များအရ လေကြောင်းခရီးဖြင့် ၀င်ရောက်ခဲ့သော ခရီးသွားဦးရေ ၃၉၀၀၀၀ ကျော်တွင် အာရှခရီးသွား ဦးရေသည် ၂၅၉၀၀၀ ကျော် ပါဝင်ခဲ့သည်။ တရုတ်၊ ထိုင်း၊ မလေးရှား၊ ကိုရီးယား၊ ဂျပန်စသည့် အာရှနိုင်ငံများမှ ခရီးသွားများအနက် တရုတ် ခရီးသွားဦးရေသည် ၆၂၀၀၀ ကျော်ခဲ့ ပြီး ခရီးသွားဦးရေ စုစုပေါင်း ၏ ၁၅ ဒသမ ၈၅ ရာခိုင်နှုန်းရှိခဲ့သည်။
တရုတ်လူမျိုး ခရီးသွားများသည် မြန်မာနိုင်ငံသို့ ၀င်ရောက်မှုများပြားသော ခရီးသွားအမျိုးအစားတွင် ပါဝင်နေသော်လည်း အများစုမှာ စီးပွားရေးဆိုင်ရာ ကိစ္စရပ်များတွင်သာ လေ့လာရန် လာရောက်ကြခြင်း ဖြစ်သည့်အတွက် ခရီးသွားလုပ်ငန်းနယ်ပယ်တွင် အကျိုးအမြတ်ရရှိမှု နည်းပါးကြောင်း ခရီးသွားလုပ်ငန်းရှင်တစ်ဦး က ပြောကြားသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ မြို့ ကြီးများတွင်ပါ ဘာသာစကားပိုင်းဆိုင်ရာ လွှမ်းမိုးမှုမြင့်တက်လာနေပြီး  ယခင်က ပုဂ္ဂလိကလုပ်ငန်းများက ၎င်းတို့၏ အမည်ဖော်ပြမှုတွင် တရုတ်စာကို မြန်မာစာနှင့် တွဲဖက်ဖော်ပြခဲ့ ကြပြီး ယခုအခါ ဌာနအဆောက်အအုံများတွင်ပါ ဖော်ပြသုံးစွဲမှုရှိလာခြင်းသည် သတိပြုရန်လိုအပ်နေကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။
“ဘာသာစကားရောက်ရင် လူမျိုးရောက်တယ်။ ဘာသာစကား ပျောက်ရင် လူမျိုးပျောက်ပါတယ်။ တရုတ်ဘာသာစကားကို ပုဂ္ဂလိက နေရာတွေမှာသုံးတာ ကိစ္စမရှိပေမယ့် Official  နေရာတွေမှာပါ သုံးစွဲမယ် ဆိုရင်၊ နိုင်ငံတကာသုံး အင်္ဂလိပ် ဘာသာစကားပြီးရင် တရုတ်စာ၊ တရုတ်စကားကို မြန်မာနိုင်ငံမှာ နောက်ထပ် နိုင်ငံခြားဘာသာစကား တစ်ခုအဖြစ် သုံးတော့မယ်ဆိုရင် လွှတ်တော်မှာ တရားဝင်ဆွေးနွေး သင့်ပါတယ်။ အခုလိုလေဆိပ်တွေမှာ သုံးစွဲနေတာက တရုတ်ခရီးသွားတွေ က တကယ်ပဲ အ၀င်များနေလို့လား။ အင်္ဂလိပ်စကား မပြောတတ်လည်း ရပြီလား။ ဒါမှမဟုတ် ဧည့်လမ်းညွှန်တွေ စကားပြန်တွေ ခေါ်စရာမလိုတော့ဘူးလား။ သူတို့ဘာသာစကား နဲ့ပါ ဒီလိုဖော်ပြပြီး အဆင်ပြေအောင်တော့ သီးသန့်လုပ်ပေးဖို့ လိုမယ်မထင်ပါဘူး။ ကျွန်တော်တို့ ပြည်ထောင်စု မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုး တွေ အများကြီးပါ။ ဒီလိုဆိုရင် ပြည်နယ်မြို့တော်တွေရဲ့ အဓိကနေရာတွေ မှာ တိုင်းရင်းသား ဘာသာစကားတွေ ကိုလည်း ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲသင့်ပါတယ်”ဟု Weekly Eleven News Journal ၏အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံမှ မြန်မာနိုင်ငံတွင် တရားဝင်ရင်းနှီးမြှုပ်နှံထားမှုမှာ ၂၀၁၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၄ ဘီလျံနီးပါးရှိပြီး ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ကြသည့် နိုင်ငံ ၃၀ ၀န်းကျင်တွင် အများဆုံးဖြစ်သည်။ အဓိက အားဖြင့် လျှပ်စစ်စွမ်းအားကဏ္ဍ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ၊ သတ္တုတူး ဖော်ရေးကဏ္ဍတို့တွင် အများဆုံး ရင်းနှီးမြှုပ်နှံထားသည်။ ကချင်ပြည် နယ်တွင် ကျောက်စိမ်း၊ သစ်၊ ရခိုင် ပြည်နယ်တွင် ရေနံနှင့်သဘာဝ ဓာတ်ငွေ့နှင့် အခြားဒေသတို့တွင် သတ္တုတူး ဖော်ရေး လုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံထားကာ နိုင်ငံ၏ နေရာအတော်များများ တွင် ရေအားလျှပ်စစ်စီမံကိန်းများ ရင်းနှီးမြှုပ်နှံထားသည်ဟု သိရှိရသည်။
“ကျွန်တော်တို့မှာ လူမျိုးရေး မုန်းတီးမှုမရှိပါဘူး။ လူမျိုးရေးအမြင် ကျဉ်းမြောင်းမှုလည်း မရှိပါဘူး။ အခြေအနေတွေ မဆိုးဝါးခင် တားဆီး နိုင်ဖို့တာဝန်ရှိတဲ့ မီဒီယာအနေနဲ့ ပြတ်ပြတ်သားသား ထောက်ပြတာပါ။  တရုတ်စာ၊ တရုတ်စကားကို စိတ်ဝင်စားလာကြတာဟာ ဂလိုဘယ်လိုက်ဇေးရှင်းအရ လက်ခံနိုင်ပါတယ်။ ဒါပေမယ့် မြန်မာစာ၊ မြန်မာစကား မတတ်၊ တိုင်းရင်းသား ဘာသာစကားလည်း မတတ်ဘဲ တရုတ်စာ၊ တရုတ်စကားပဲ တတ်တဲ့သူတွေ မြန်မာနိုင်ငံ အထက်ပိုင်းမှာ ဘယ်လောက်များ နေပြီလဲဆိုတာ မြန်မာ၊ တရုတ်နှစ်ဘာသာနဲ့ ဆိုင်းဘုတ်တွေက သက်သေပြနေပါတယ်။ ဒီလိုလူမျိုးတွေ များလာတာကိုတော့ လက်ခံလို့ မဖြစ်နိုင်ပါဘူး။ မြေမျိုလို့ လူမျိုး မပျောက်ပါဘူး။ လူမျိုရင်တော့ လူမျိုးပျောက် တတ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ အဓိက တံခါးပေါက်တွေမှာ သေချာ စိစစ်သင့်ပါတယ်။ အမျိုးသားရေး တာဝန်တစ်ခုအနေနဲ့ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုမျိုး တွေ လုပ်သင့်ပါတယ်။ နိုင်ငံသား မှတ်ပုံတင် ကိုင်ဆောင်ထားသူတွေဟာ မြန်မာစကား ဒါမှမဟုတ် တိုင်းရင်းသား ဘာသာစကားတစ်ခုခု ပြောတတ်ခြင်းရှိမရှိ သေချာစစ်ဆေးသင့် ပါတယ်။ လူငယ်ထုနဲ့ ပြည်သူတစ်ရပ်လုံးကလည်း အမျိုးသားရေး တာဝန်တစ်ခုအနေနဲ့ ကူညီသင့်ပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။
Unknown at 9:21 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ငြိမ်းချမ်းရေးအားရှောင်လွှဲကာ လက်နက်ကိုင်အာဏာယစ်မူးနေကြသော ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ ( KIA ) ခေါင်းဆောင်ကြီးများ

From : ငြိမ်းချမ်းစွာနေလိုသော ကချင်ပြည်သူလူထုကိုယ်စား ( ကချင်တိုင်းရင်းသားတစ်ဦး )
ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့။


ကေအိုင်အေအဖွဲ့၏ တပ်မဟာ(၃)လက်အောက်ခံ တပ်ရင်း(၁၅)နှင့် ဘွန်ဆင်(န်) BumSen စခန်းမှ စတင်ကာ ၂၀၁၁ခုနှစ်၊ ဇွန်လ(၉)ရက်နေ့တွင် မြန်မာအစိုးရတပ်များနှင့် KIA အဖွဲ့များ ကချင်ပြည်နယ်အတွင်း စစ်ပွဲများ စတင်ဖြစ်ပွားခဲ့ကြပါတယ်။ ကချင်ပြည်နယ်အတွင်း ဒေသတည်ငြိမ်အေးချမ်းရေး ဆောင်ရွက်နိုင်ရန် အတွက် (၁၆-၆-၂၀၁၁) ရက်နေ့တွင် လိုင်ဇာမြို့၌ ပထမဆုံးအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြ ပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးမှုများအား တွေ့ဆုံဆွေးနွေးခြင်း(၃)ကြိမ်၊ စာဖြင့်အပြန်အလှန်ဆက်သွယ်ပေးပို့ ခြင်း (၂၁) ကြိမ်ကျော် ပြုလုပ်ခဲ့ကြရာ နိုင်ငံတော်အစိုးရအနေဖြင့် KIOအဖွဲ့(ညှိနှိုင်းရေးအဖွဲ့)၏ တောင်းဆိုချက် များအား အတတ်နိုင်ဆုံးလိုက်လျောပေးခဲ့သော်လည်း KIO အဖွဲ့အနေဖြင့် ပြင်ဆင်ချက်များ ထပ်မံပြုလုပ်ခြင်း၊ တစ်ဆင့်ပြီးတစ်ဆင့် ထပ်မံဖြည့်စွက်ပြောင်းလဲ အကြောင်းပြန်စာများပေးပို့ကာ ငြိမ်းချမ်းရေးရယူရန် ရှောင်လွှဲ လာခဲ့ကြပါသည်။


ယခုအချိန်သည် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့(KIA)အဖွဲ့ အနေဖြင့် နိုင်ငံတော်အစိုးရနှင့်ငြိမ်းချမ်းရေး ဆွေးနွေးမှုများပြုလုပ်ကာ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ကောင်းစားရေးအား အစိုးရနှင့်လက်တွဲပြုလုပ်ရန် အကောင်း ဆုံးအချိန်ပင် ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးကမ်းလှမ်းမှုများပြုလုပ်ကာ ဆွေးနွေးပွဲများဖြင့် အနှစ်(၆၀)ကျော် လက်နက်ကိုင်တော်လှန်ခဲ့သော KNU ကရင်အမျိုးသားအစည်းအရုံးနှင့် ပြီးခဲ့သော ဇန်န၀ါရီလ(၁၂)ရက်နေ့တွင်၎င်း ၊ ဇန်န၀ါရီလ(၁၆)ရက်နေ့တွင် ရှမ်းပြည်တပ်မတော်တောင်ပိုင်း(SSA(s)) အဖွဲ့တို့နှင့် သဘောတူလက်မှတ်ရေးထိုးကာ ဇန်န၀ါရီလ(၆)ရက်နေ့ တွင် (CNF) ချင်းအမျိုးသားတပ်ဦးနှင့် သဘောတူလက်မှတ်ရေးထိုးခဲ့ပါသည်။

(ALP) ရခိုင်လွတ်မြောက်ရေးပါတီအား ဇန်န၀ါရီလ ၊ (၂၃)ရက်နေ့တွင် အစိုးရဘက်မှ ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းခဲ့ပြီး ရခိုင်လွတ်မြောက်ရေးပါတီဘက်မှလည်း ကြိုဆိုကြောင်းနှင့် မကြာခင်ငြိမ်းချမ်းရေး အကြောင်းပြန်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ PNLO(ပအို့ဝ်အမျိုးသားလွတ်မြောက် ရေးအဖွဲ့ချုပ်)သည်လည်း အစိုးရနှင့်ဆွေးနွေးရန် အဖွဲ့ဝင်(၅)ဦးပါဝင်သော ငြိမ်းချမ်းရေးအဖွဲ့ကို ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း ဥက္ကဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာမှ အတိအလင်းပြောကြားခဲ့ပြီး နိုင်ငံတော်သမ္မတ၏ ကိုယ်စားလှယ် ရထားဝန်ကြီး ဦးအောင်မင်းနှင့် ဖေဖော်ဝါရီလထဲတွင် ဆွေးနွေးနိုင်ရန် ပြင်ဆင်နေပြီဖြစ်ပါသည်။ နိုင်ငံတော် အစိုးရအနေဖြင့် ငြိမ်းချမ်းရေးရယူနိုင်ခြင်းမရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁၁)ဖွဲ့လုံးနှင့် ထိတွေ့ ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ခဲ့ပြီး အဖွဲ့(၆)ဖွဲ့နှင့် အခြေခံသဘောတူညီမှုများကို လက်မှတ်ရေးထိုး ဆောင်ရွက်ခဲ့ ပါသည်။

ကျန်အဖွဲ့(၅)ဖွဲ့နှင့်လည်း ငြိမ်းချမ်းရေးဆွေးနွေးမှုများပြုလုပ်ကာ သဘောတူလက်မှတ်ရေးထိုးမှုများ ပြုလုပ်နေချိန်တွင် ကျွန်တော်တို့ ကချင်ဒေသခံပြည်သူများအတွက် ကချင်ပြည်နယ်အားကိုယ်စားပြုကာ တိုက်ပွဲ ၀င်နေသည်ဟု ကြွေးကြော်နေသော KIA အဖွဲ့အနေဖြင့် ဒေသခံပြည်သူလူထုများ၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ ပြည်နယ်ဖွံ့ဖြိုးတိုးတက်မှု ရပ်စဲဆုတ်ယုတ်နေသည်များအား မသိကျိုးကျွံပြုကာ ငြိမ်းချမ်းရေး ဆွေးနွေးမှုများအား ရှောင်လွဲမှုအကြိမ်ကြိမ် ပြုလုပ်နေခဲ့ပါသည်။ ယခုနောက်ဆုံးအကြိမ် လိုင်ဇာမြို့၌ ဇန်န၀ါရီ (၁၈)ရက်နေ့ နှင့် (၁၉)ရက်နေ့တွင် ဆွေးနွေးပွဲပြုလုပ်ခဲ့သော်လည်း ငြိမ်းချမ်းရေးကို အဆုံးအဖြတ် ပေးနိုင်သော KIA ခေါင်းဆောင်ကြီးများမပါဝင်ဘဲ မြန်မာစစ်တပ်များ၏ ထိုးစစ်ဆင်မှုများအား ခေတ္တရပ်တန့်စေလိုသော ရည်ရွယ်ချက်ဖြင့်သာ ငြိမ်းချမ်းရေးဆွေးနွေးမှုအား ဟန်ပြလုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။

လိုင်ဇာမြို့၌ ဇန်န၀ါရီ(၁၈)ရက်နေ့ နှင့် (၁၉)ရက်နေ့တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်နေစဉ်


ကချင်ပြည်နယ်အတွင်း ယခင်းအစိုးရတည်ဆောက်ပေးခဲ့သော လမ်းများ၊တံတားများကြောင့် ပြည်သူများ သွားလာမှုနှင့် ရောင်းဝယ်ဖောက်ကားရာတွင် လွယ်ကူအဆင်ပြေခဲ့ပါသည်။ သို့သော် မြန်မာအစိုးရစစ်တပ်နှင့် KIA အဖွဲ့တို့ တိုက်ပွဲများဖြစ်ပွားနေသည့်အချိန်မှစ၍ စစ်ရေးအကြောင်းပြချက်ဖြင့် လမ်းများ၊တံတားများအား ဖျက်ဆီးပစ်ခြင်းသည် ပြည်နယ်အတွက် ကြီးမားသောဆုံးရှုံးမှုများပင်ဖြစ်ပါသည်။ ကေအိုင်အေအဖွဲ့သည် ဇန်န၀ါရီလ(၁၇)ရက်နေ့အထိ တံတားမိုင်းခွဲသော အကြိမ်ပေါင်း (၁၁၃)ကြိမ်၊ ကားလမ်းမိုင်းခွဲသော အကြိမ်ပေါင်း (၁၅)ကြိမ်၊ မီးရထားလမ်းမိုင်းခွဲသော အကြိမ်ပေါင်း(၂၃)ကြိမ် ပြုလုပ်ခဲ့သည်ကို ပြည်နယ်အစိုးရ၏မှတ်တမ်းများ အရ သိရှိရပါသည်။
KIA အဖွဲ့၏ ဖောက်ခွဲဖျက်ဆီးမှုများအား သိရှိမြင်သာစေရန် တင်ပြရမည်ဆိုလျှင်-
၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ (၁၈)ရက်နေ့တွင် မိုးကောင်းမြို့နယ်၊ ထိုးပူနှင့်ဆားမှော်အကြား မိုင်တိုင်အမှတ် ၆၇၈/၁၁ နှင့် ၁၂ ကြားတွင် ကေအိုင်အေအဖွဲ့မှ ရထားလမ်းအား မိုင်းထောင်ဖောက်ခွဲခဲ့ကြပါသည်။ KIA အဖွဲ့ သည် မြန်မာအစိုးရစစ်တပ်မှ ဖောက်ခွဲဖျက်ဆီးခြင်းဖြစ်သည်ဟု သတင်းအမှားများထုတ်လွှင့်ကာ ပြောဆိုခဲ့သော် လည်း ဖောက်ခွဲမှုကြောင့် ရထာလမ်းဘေးတွင် သေဆုံးနေသော KIA ယူနီဖောင်းဝတ် စစ်သားနှစ်ဦးမှာ KIA အဖွဲ့၏ လုပ်ရပ်ဖြစ်ကြောင်း ပြည်သူများ မြင်တွေ့နိုင်ရန် ထာဝရဘုရားသခင်မှ ဒဏ်ခတ်ခဲ့ခြင်းပင်ဖြစ်ပါသည်။
ရထာလမ်းဘေးတွင် သေဆုံးနေသော KIA ယူနီဖောင်းဝတ် စစ်သားနှစ်ဦး

၂၀၁၁ ခုနှစ် ၊ နိုဝင်ဘာလ (၅)ရက်နေ့တွင် မိုးကောင်း- မန္တလေးသွား မီးရထားလမ်းအား KIA အဖွဲ့မှ မိုင်းထောင်ဖျက်ဆီးခဲ့ပါသည်။ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင်ကိုယ်တိုင်မှ “KIA တပ်တွေအနေနဲ့ မြန်မာအစိုးရ စစ်တပ်များအား စစ်ရေးအရှိန်မြင့်တင်ရုံမကဘဲ အရင်ကထက် ပြင်းထန်သော ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများ အား တိုးမြှင့်လုပ်ဆောင်သွားရန်”
ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပါသည်။

KIA အဖွဲ့မှ မိုင်းထောင်ဖျက်ဆီးခဲ့သော မိုးကောင်း- မန္တလေးသွား မီးရထားလမ်း

မြန်မာအစိုးရစစ်တပ်များ သွားလာရာလမ်းကြောင်းများတွင် ထိခိုက်ဆုံးရှုံးမှုများဖြစ်ပေါ်စေရန် မိုင်းထောင် ခြင်းများ ပြုလုပ်ထားရှိသော်လည်း အမှန်တကယ်ထိခိုက်သူများမှာ ပြည်နယ်အတွင်း ရိုးသားစွာလုပ်ကိုင်စား သောက်နေကြသော ဒေသခံပြည်သူများပင် ဖြစ်ပါသည်။ (၂၆-၁၁-၂၀၁၁)ရက်နေ့တွင် ကာမိုင်း-မအူပင် (၆)မိုင် ဖြတ်လမ်းဘေးတွင် ကေအိုင်အေအဖွဲ့မှ ထောင်ထားသောမိုင်းအား နင်းမိ၍ ခြေထောက်ပြတ်သွားသော ရေကာတာကျေးရွာမှမစန်းစန်းအား ပုံနှင့်တကွတွေ့မြင်နိုင်ပါသည်။ KIAအဖွဲ့မှ မဆင်မခြင် မိုင်းထောင်ဖောက်ခွဲမှု ကြောင့် ဒေသခံများမှာ တောင်ယာလုပ်ငန်းများအား ကောင်းမွန်စွာလုပ်ကိုင်နိုင်ခြင်းမရှိဘဲ စီးပွားရေးကျပ်တည်း နေခဲ့ရပါသည်။

ကေအိုင်အေအဖွဲ့မှထောင်ထားသော မိုင်းအားနင်းမိ၍ ခြေထောက်ပြတ်သွားသော ရေကာတာကျေးရွာမှမစန်းစန်း


ဒါ့အပြင် KIA အဖွဲ့သည် (၁၆-၁၀-၂၀၁၁) ရက်နေ့တွင် လုံးခင်၊ဖားကန့်၊ဆိပ်မူ ရတနာမြေများတွင်ရှိသော ကုမ္ပဏီများ၊ ကုန်စုံဆိုင်များ၊ စက်သုံးဆီဆိုင်များအား လစဉ်ဆက်ကြေးကောက်ခံမှုများပြုလုပ်နေပြီး တစ်လလျှင် ကုမ္ပဏီများသည် သိန်း (၂၀၀) မှ သိန်း (၅၀၀)ထိ၊ ကုန်စုံဆိုင်များသည် (၅)သိန်းမှ (၁၀)သိန်းအထိ ၊စက်သုံးဆီ ဆိုင်များသည် (၁)သိန်းမှ (၅)သိန်းအထိ ကောက်ခံခဲ့ကြပါသည်။ ကချင်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများ အနေဖြင့် လူနေမှုဘ၀ရပ်တည်ရေးအတွက် ပုံစံအမျိုးမျိုးဖြင့် ရုန်းကန်လုပ်ကိုင်စားသောက်နေရချိန်တွင် KIA အဖွဲ့များအနေဖြင့် လက်နက်ကိုင်ကာ ဒေသခံပြည်သူများထံမှ ငွေကြေးကောက်ခံ ရှာဖွေနေကြပါသည်။ လက်လုပ်လက်စား မိသားစုများအနေဖြင့် များစွာဆင်းရဲဒုက္ခရောက်ရသည့်အပြင် KIAအဖွဲ့အား ဆက်ကြေးပေး ဆောင်ရသဖြင့် ဆင်းရဲတွင်း နစ်သထက်နစ်နေခဲ့ရပါသည်။

ဝိုင်းမော်-ကံပိုက်တီး သွားလမ်းပေါ်တွင် KIAတပ်ဖွဲ့မှ လူစီးယာဉ်များနှင့် ကုန်ပစ္စည်းတင်ဆောင်လာသော ကားများအား ငွေကြေးတောင်းခံခြင်းများပြုလုပ်ပြီး ကားလေးတစ်စီးလျှင် ငွေကျပ်(၁)သောင်းနှင့် ကုန်ကား တစ်စီးလျှင် (၁)သိန်း တောင်းခံသောကြောင့် ကုန်သည်များအနေဖြင့် ၄င်းတို့၏ကုန်ပစ္စည်းများ အရူံးမပေါ်စေရန် လမ်းခရီးတွင် ကုန်ကျသည့်ငွေကြေးအား ထည့်သွင်းရောင်းချသဖြင့် ကုန်ဈေးနှုန်းကြီးမြင့်မှုများဖြစ်ပေါ်လာခဲ့ ပါသည်။
KIAအဖွဲ့အနေဖြင့် ပြည်နယ်လွတ်မြောက်ရေးအကြောင်းပြကာ အစိုးရတပ်များအား စစ်ပွဲများဆင်နွှဲ ရာတွင် ကချင်ပြည်နယ်အတွင်းရှိ ကျေးရွာများမှ တစ်အိမ်တစ်ယောက် လူသစ်စုဆောင်းခံကြရပါသည်။ ညဘက် များတွင် ရွာများအားလာရောက်ကာ အတင်းအဓ္ဓမလူသစ်စုခြင်းကြောင့် ရွာသားများသည် ညဘက်ရောက်လျင် တောင်ယာထဲသို့ သွားရောက်အိပ်ရပါသည်။ မလိုက်ပါက ကချင်လူမျိုး သစ္စာဖောက်ဟု စွပ်စွဲမှုများပြုလုပ်ကာ ပစ်သတ်ကြပါသည်။ ကချင်လူမျိုးကောင်းစားရေးဟု ဆိုသော်လည်း ကချင်လူမျိုးများမှာ ကောင်းစားမလာဘဲ ယခုလိုဖြစ်ရပ်များကြုံတွေ့နေရကာ KIA အဖွဲ့၏ လက်နက်ကိုင်အုပ်ချုပ်မှုအောက်တွင် ဆင်းရဲဒုက္ခမျိုးစုံခံစား နေကြရပါသည်။

မြန်မာအစိုးရနှင့် KIAအဖွဲ့တို့၏တိုက်ပွဲများကြောင့် (၆)လအတွင်း မြန်မာအစိုးရထိန်းချုပ်မှုအောက် နယ်မြေများတွင် ဒုက္ခသည် (၁၅၀၀၀)ကျော်နှင့် KIO ထိန်းချုပ်သည့်ဒေသများတွင် ဒုက္ခသည် (၃၀၀၀၀)ကျော် ရှိခဲ့ပါသည်။ KIO ထိန်းချုပ်ရေးဒေသများဖြစ်သော လိုင်ဇာဒေသတွင် (၁၃၀၀၀)ကျော်၊ မိုင်ဂျာယန်ဒေသတွင် (၁၁၀၀၀)ကျော် ၊ ဆဒုံးဒေသ(တရုတ်-မြန်မာနယ်စပ်)တွင် ဒုက္ခသည် (၆၀၀၀)ကျော်ရှိပါသည်။ လိုင်ဇာမြို့ အတွင်းရှိဒုက္ခသည်များမှာ စားဝတ်နေရေးအခက်အခဲများအား KIOအဖွဲ့ချုပ်မှ ပြေလည်အောင်ဖြေရှင်းပေး နိုင်ခြင်းမရှိသည့်အတွက် တောင်းဆိုမှုများ ပြုလုပ်လျှက်ရှိပါသည်။ ကချင်ပြည်နယ်ဝန်ကြီးချုပ်မှ ဒုက္ခသည်များ အတွက် အထောက်အပံ့ပစ္စည်းများ ပေးအပ်ခဲ့သော်လည်း လက်ခံခဲ့ခြင်းမရှိသည့်အတွက် ဒုက္ခသည်များ၏ ဘ၀ကို ကြည့်ကောင်းကောင်းဖြင့် ကြည့်နေနိုင်သူများပင်ဖြစ်ပါသည်။
ဒုက္ခသည်များအား ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများမှ ငွေကြေးထောက်ပံ့မှုများ လုံလုံလောက်လောက် ပြုလုပ်နေသော်လည်း ဒုက္ခသည်များလက်ဝယ်သို့ အကူအညီများအပြည့်အ၀ မရရှိခဲ့ကြပါ။ ကချင်လွတ်မြောက် ရေးအဖွဲ့ KIA ခေါင်းဆောင်များ၏ ချုပ်ချယ်ကွပ်ကဲမှုကြောင့် ဒုက္ခသည်များသည် အစားဆင်းရဲ၊အနေဆင်းရဲဖြင့် နေကြရပါသည်။ KIA ခေါင်းဆောင်ပိုင်းများအား ရသမျှစုဆောင်းပြီး အပွကြံနေကြသူများဟုလည်း ပြောဆိုနေကြ ပါသည်။ လက်နက်အားကိုးဖြင့် အနိုင်ကျင့်ခံနေရသည့် အသိဥာဏ်နည်းပါးသော ဒုက္ခသည်များ၏ဘ၀ကို စာနာမိ ပါသည်။

ကချင်ပြည်နယ်အတွင်းရှိစစ်ဘေးဒုက္ခသည်များ

(၁၇-၁-၂၀၁၂)တွင် KIA အဖွဲ့မှ သွားလာခွင့်ပိတ်ထားသော ကာမိုင်း-လုံးခင်-ဖားကန့် နှင့် ကံပိုက်တီး ကားလမ်းများအား ငြိမ်းချမ်းရေးဆွေးနွေးမှုကြောင့် ပြန်လည်ဖွင့်လှစ်ပေးခဲ့သဖြင့် ကုန်ပစ္စည်းသယ်ယူပို့ဆောင် မှုများမှာ ပုံမှန်အတိုင်းဖြစ်ပေါ်လာကာ စားသောက်ကုန်ပစ္စည်းဈေးနှုန်းများ ပြန်လည်ကျဆင်းသွားသဖြင့် ဒေသခံပြည်သူများအနေဖြင့် များစွာဝမ်းမြောက်နေကြပါသည်။
ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA)အတွင်းရှိ ခေါင်းဆောင်ကြီးများအနေဖြင့် အာဏာယစ်မူးကာ လက်နက်နှင့်ငြိမ်းချမ်းရေးလဲလှယ်ခြင်းအား ရှောင်လွဲပြီး ၄င်းတို့၏အကျိုးစီးပွာအတွက်သာ လုပ်ဆောင်နေခဲ့ ကြပါသည်။ ကချင်ပြည်နယ်အတွင်းရှိ ဒေသခံများ၏ အကျပ်အတည်း ၊ အခက်အခဲ ၊ လူနေမှုဘ၀နိမ့်ကျနေခဲ့ ရသည့် ဒုက္ခဆိုးများအား အနည်းငယ်မျှပင် စောင်းငဲ့မကြည့်ဘဲ ငြိမ်းချမ်းရေးလိုလားသယောင်ပြုလုပ်နေပြီး မိမိတို့၏အတ္တများကိုသာ ဦးစားပေးနေသော ကချင်လွတ်မြောက်ရေးတပ်ဖွဲ့(KIA)၏ လုပ်ရပ်များသည် ကချင် ပြည်နယ်သားများအပေါ် ငဲ့ညှာမှုမရှိသည်မှာ ပေါ်လွင်နေပါသည်။ ၄င်းတို့၏ အကျိုးစီးပွားအတွက် အာဏာ ယစ်မူးကာ လက်နက်ကိုင်အုပ်ချုပ်မှုအား မစွန့်လွှတ်ချင်သော အဖွဲ့အစည်းတစ်ခုသာဖြစ်ကြောင်း ကျိန်းသေ သတ်မှတ်ရတော့မည်ပင်ဖြစ်ပါသည်။ ကချင်ပြည်သူ/ပြည်သားများအနေဖြင့် ငြိမ်းချမ်းရေးအား အမှန်တကယ် ရရှိရန် ၀မ်းသာအားရကြိုဆိုနေချိန်တွင် KIA ခေါင်းဆောင်များသည် ငြိမ်းချမ်းရေးကိုအယောင်ပြပြီး ကိုယ်ကျိုး စီးပွားကို ရသမျှယူနေဦးမည်ဆိုသည်ကို ကချင်ပြည်သူ/ပြည်သားများ အားလုံးကို သိစေချင်ပါသည်။
Unknown at 9:19 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အမျိုးသမီး သီးသန့်ယာဉ်လိုင်း စတင်စမ်းသပ်ပြေးဆွဲ


ဖေဖော်ဝါရီ ၁၄ ရက်မှ စတင်၍ နံနက် ၇ နာရီနှင့် ၁၀ နာရီအတွင်း တစ်ချိန်၊ ညနေ ၄ နာရီမှ ၇ နာရီအထိ တစ်ချိန် ၄ ရက် စမ်းသပ်ပြေးဆွဲပြီး ရလဒ်ကိုကြည့်၍ ဆက်လက် ဆွဲသင့် မဆွဲသင့် စီစဉ်ဆုံးဖြတ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဓာတ်ပုံ - ဗိုလ်ဗိုလ်ဝင်း

7Day News Journal

Unknown at 9:18 AM 1 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.