Wednesday, February 15, 2012

တခြားပါတီဝင်များလည်း အန်အယ်လ်ဒီကိုမဲပေးနိုင်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

မရမ်းကုန်းမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးဖွင့်ပွ္ပဲတွင်
 ဒေါ်အောင်ဆန်းစုကြည် မိန့် ခွန်းပြောကြားနေစဉ်
ဖေဖေါ်ဝါရီ ၁၅၊ ၂၀၁၂ ၊ နံနက် ၁၁နာရီ (YPI)

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပသည့်အခါ အန်အယ်လ်ဒီပါတီဝင်များသာမက အခြားပါတီဝင်များလည်း မိမိတို့ပါတီအား မဲပေးနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယနေ့နံနက် ၁၀ နာရီတွင် မရမ်းကုန်းမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးဖွင့်ပွ္ပဲတွင် ပြောကြားလိုက်သည်။

ထိုကဲ့သို့ မဲပေးခြင်းသည်ဖြင့် မတူညီသည်များ အားလုံးပါဝင်လာသည့် သဘောဖြစ်သည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြသည်။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က ပါတီအနေဖြင့် ကိုယ်စားလှယ်လောင်းအဖြစ် ဒေါက်တာ ဒေါ်မေ၀င်းမြင့်အား ရွေးချယ်ရသည့် အကြောင်းရင်းကို ရှင်းပြရာတွင် အမျိုးသမီးဖြစ်ခြင်းနှင့် မွန်လူမျိုးဖြစ်ခြင်းတို့ကြောင့် ဖြစ်သည်ဟု ရှင်းပြကာ အမျိုးသမီးများ နိုင်ငံရေးတွင် ပါဝင်အောင်အားပေးခြင်းမှာ မြန်မာနိုင်ငံအတွက်သာမက နိုင်ငံတကာအတွက်လည်း ရည်ရွယ်သည်ဟု လည်း ပြောဆိုသည်။

ယနေ့နံနက် ၁၀ နာရီက ဒေါက်တာ ဒေါ်မေ၀င်းမြင့် ၀င်ရောက်ယှဉ်ပြိုင်မည့် မရမ်းကုန်းမြို့နယ် အန်အယ်လ်ဒီရုံးဖွင့်ပွဲကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖွင့်လှစ်ပေးပြီးနောက် လှည်းကူးမြို့သို့ထွက်ခွာလာရာတွင် မင်္ဂလာဒုံမြို့နယ် အန်အယ်လ်ဒီရုံးဖွင့်ပွဲကို နံနက် ၁၁ နာရီဝန်းကျင်တွင် ဖွင့်လှစ်ပေးပြီး ၁၁နာရီ ၁၅ တွင် လှည်းကူးမြို့နယ်သို့ မဲအောင်နိုင်ရေး ခရီးစဉ် ဆက်လက်ထွက်ခွါသွားပြီ ဟု သိရှိရသည်။

ယခုခရီးစဉ်သည် ဒေါ်အောင်ဆန်းစုကြည်၏ စတုတ္ထမြောက် စည်းရုံးရေး နှင့် မဲအောင်နိုင်ရေး ခရီးစဉ် ဖြစ်သည်။ ယခင်လနှောင်းပိုင်းမှစတင်ကာ ထားဝယ်၊ ပုသိမ်၊ ကော့မှူးမြို့များသို့ သွားရောက်ခဲ့ရာတွင် မြို့ခံလူထုပရိသတ်က သောင်းနှင့်ချီ ကြိုဆိုခဲ့ကြသည်။

လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် လွတ်လပ်၍ တရားမျှတမှုရှိစေရေး အတွက် နိုင်ငံတကာ အစိုးရများနှင့် အဖွဲ့အစည်းများက သမ္မတ ဦးသိန်းစိန်အစိုးရအား တိုက်တွန်းပြောဆိုလျှက်ရှိရာတွင် မဲပေးသည့် နေ့ရက်သာမဟုတ်ပဲ မဲဆွယ်ကာလတွင်လည်း လွတ်လပ်၍ တရားမျှတမှုရှိရန် လိုသည်ဟု တိုက်တွန်းပြောဆိုလျှက်ရှိသည်။ ။
Unknown at 2:23 PM
Share

0 မှတ်ချက်ကလေးရေးပေးနော်.:

Post a Comment

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.